(၂ဝ၄၇) အိန္ဒိယကို မြန်မာ့ဟန်ဖြင့် လေ့လာခြင်း

304

မျိုးမင်း (မကျည်းလဟာ) (NP News) - အောက်တိုဘာ ၁၄
(၂၀၄၇)ခုနှစ်မှာ အိန္ဒိယကို ဘယ်လိုမြင်ရမလဲ။ အာဆီယံနိုင်ငံအသီးသီးက ဂျာနယ်လစ်တွေကို ဖိတ်ခေါ်လေ့လာစေတဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အစီအစဉ်အပြီးမှာ ဝင်လာမိတဲ့အတွေးစပါ။ ခရီးစဉ်တစ်လျှောက်လုံးမှာ ဆုံခဲ့ရသမျှ တွေ့ဆုံမှုတိုင်းမှာ (၂၀၄၇)ခုနှစ်ကို အိန္ဒိယတို့ အားခဲထားတယ် ဆိုတာ သဘောပေါက်လာပါတယ်။ တစ်နည်းအားဖြင့် (၂၀၄၇) ခုနှစ်ဟာ နယ်ချဲ့ကျူးကျော်သူ ဗြိတိန် နိုင်ငံထံကနေ လွတ်လပ်ရေးရတဲ့ အမိအိန္ဒိယရဲ့ နှစ်(၁၀ဝ) ပြည့်ကာလပါပဲ။ အာဆီယံဂျာနယ်လစ်တွေရဲ့ လေ့လာရေးခရီးစဉ်ကိုတော့ မြန်မာကိုယ်စားပြုအဖြစ် စက်တင်ဘာလ(၂၂)ရက် ည(၁၁)နာရီခွဲမှာစတင်ပါ တယ်။ အာဆီယံနိုင်ငံတွေထဲက စင်ကာပူ၊ အင်ဒိုနီး ရှား၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ အရှေ့တီမောတို့က ဂျာနယ်လစ် ပေါင်း(၂၅)ဦး ပါဝင်တက်ရောက်ခဲ့ပါတယ်။ ဖိလစ်ပိုင် ကတော့ QUAD နိုင်ငံများဂျာနယ်လစ်အုပ်စုမှာ သွားရောက်ပူးပေါင်းခဲ့သလို ဘရူနိုင်းကတော့ မတက် ရောက်ဖြစ်ခဲ့ပါဘူး။ ဒီခရီးစဉ်ရှိကြောင်းကို အိန္ဒိယ သံရုံးဘက်က စက်တင်ဘာလ ပထမပတ်မှာ အသိ ပေးပြီး စတင်ပြင်ဆင်စေပါတယ်။ စက်တင်ဘာလ (၂၂)ရက် ညသန်းခေါင်အချိန်လောက်ကနေ အောက် တိုဘာလ (၂)ရက် ည(၁၀)နာရီအထိ စုစု ပေါင်း (၁၀)ရက်ခန့်ကြာမယ့်ခရီးစဉ်အတွက် မြန်မာကိုယ်စား ပြု ရွေးချယ်ပုံကိုတော့ အိန္ဒိယသံရုံးဘက်က တာဝန်ယူပါတယ်။ NP News အယ်ဒီတာချုပ်နဲ့ တခြားနှစ် ဦးအဖြစ် Global News Light of Myanmar သတင်းစာက တစ်ဦး၊ Myanmar Insider က တစ်ဦးတို့ ပါဝင်ခဲ့ကြပါတယ်။ ဘန်ကောက် လေဆိပ်ကနေ လေယာဉ်တစ်ဆင့် ပြောင်းစီးရမယ်ဆိုတဲ့အတွက် နယူး ဒေလီကို မြန်မာတို့ တိုက်ရိုက်လေကြောင်းပျံသန်းနိုင်ခြင်းမရှိမှုကို စိတ်မကောင်းဖြစ်မိပါတယ်။ သို့သော် လည်း ကောင်းကင်ပေါ်ကို လေယာဉ် ပျံတက်ပြီဆိုကတည်းက ကုန်ကျတဲ့လောင်စာဆီနဲ့ ပျံသန်းစရိတ် ဟာ ခရီးသည်မရှိဘဲ ဘယ်ကလာသလဲ ဆိုတာ နားလည်မိတဲ့အတွက် စိတ်မကောင်းဖြစ်မိတာကို မျိုသိပ် ရပါတယ်။ ပြည်ပထွက်ခွာခရီးသည်တွေကို အရစ်ကြီးရစ်တယ်လို့နာမည်ကြီးတဲ့ ရန်ကုန်လေဆိပ်ဟာ လည်း ကျွန်တော်ဖြတ်သန်းလာစဉ်မှာ သဘော ကောင်းလွန်းနေတာကိုတွေ့ရပြန်ပါတယ်။ ဘန်ကောက် လေဆိပ်မှာတော့ အချိန်(၆)နာရီ လောက် ငုတ်တုတ်ထိုင်အိပ်ငိုက်ရင်း ဖြုန်းလိုက်ရပါသေးတယ်။ စက် တင်ဘာလ(၂၃)ရက် မနက်(၇)နာ ရီခွဲလောက်မှာတော့ ဘန်ကောက်ကနေ နယူးဒေလီကို စတင်ပျံသန်း ပါတော့တယ်။ နယူးဒေလီမြေကို စနင်းနင်းချင်းမှာ ပထမဆုံးရင်ဆိုင်ရတာက SIM Card ဝယ်ယူမှု ပြဿနာပါ။ အဲဒီမတိုင်မီ လူဝင်မှုကြီးကြပ်ရေးကို ဖြတ်သန်းချိန်မှာလည်း စစ်ဆေးရေးအရာရှိက “မင်း ကဂျာနယ်လစ်ဆိုတော့ ဘာအတွက်လာတာလဲ”လို့ မေးသလို ငါတို့နိုင်ငံထဲမှာ ဘာတွေလုပ်ဖို့လဲဆိုတာ မျိုးထပ်မေးပါတယ်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ဖိတ်ကြားချက်အစီအစဉ်အရ အာဆီယံနိုင်ငံထဲက ဂျာနယ်လစ်တွေလာကြတာမှာ ငါလည်းအပါအဝင် ဖြစ်တယ်လို့ပြန်ပြောဖြစ်ခဲ့ပါတယ်။ အထောက်အ ထား ရှိသလားလို့ အရာရှိကမေးခဲ့တဲ့အတွက် ကိုယ့်မှာပါလာတဲ့ဖိတ်ကြားထားတဲ့ စာတွေ၊ တခြား အ ထောက်အထားတွေ ထုတ်ပြလိုက်ပါတယ်။ ငါနဲ့အတူ မြန်မာဂျာနယ်လစ်နှစ်ဦးလည်းပါတယ်။ တစ်ဦးက အရင်ဝင်သွားနှင့်ပြီလို့ပြောရင်း ကျွန်တော့်နောက်မှာရှိနေတဲ့ တစ်ယောက်ကိုပါ အတူတူစစ်မေးစေဖို့ အချိန်(၁၀)မိနစ်လောက်ပေးခဲ့ရပါသေးတယ်။ အဲဒီကနေပြီးတော့ လာရောက်ကြိုဆိုသူတွေနဲ့ Namaste (မင်္ဂလာပါ)လုပ်ပြီး ငွေလဲလှယ်ရေးနဲ့ SIM Card ဝယ်ယူရေးကိစ္စကို အားထုတ်ပါတယ်။ SIM Card ကိစ္စ မှာတော့ အချိန် နာရီဝက်ကျော်ပေးလိုက်ရပါတယ်။ ဒီတစ်ချက် တော့ အိန္ဒိယကိုအားမရပါဘူး။ ထိုင်း နိုင်ငံမှာ SIM Card ဝယ်ရင် Seven Eleven မှာ ပတ်စ်ပို့ကိုပြပြီး ဓာတ်ပုံအရိုက်ခံလိုက်ရင် ငါးမိနစ်တောင် မကြာပါဘူး။ ဘာကြောင့် အိန္ဒိယက အရမ်းကြာသလဲ နားမလည်ပေမယ့် ဒီဘက်ခေတ်မှာပေါ်လာတဲ့ ကျားဖျန့်နဲ့ အွန်လိုင်းလိမ်လည်မှုတွေ၊ ဆိုက်ဘာတိုက်ခိုက်မှုတွေ၊ အကြမ်းဖက်မှုတွေကြောင့် တင်းကြပ် တဲ့ပေါ်လစီထား ပြီး စနစ်တကျစာရင်းသွင်းတာမျိုးဖြစ်မယ်လို့ ဖြည့် စွက်တွေးပေးမိလိုက်ပါတယ်။ မြန်မာပြည်မှာ SIM Card တွေကို တင်းကြပ်ဖို့လုပ်ကြစဉ်က ပြည်ပြေးအုပ် စုတွေအော်ကြတာကိုလည်း သတိရသွားပြန်ပါတယ်။ တကယ်တော့ SIM Card တွေကို စနစ်တကျမလုပ်ဘဲ ဖောင်းပွစွာရောင်းချခဲ့မှု က ဒီနေ့ခေတ် မြန်မာနိုင်ငံရဲ့ ဆိုရှယ်ပလက်ဖောင်းတွေကို ထိန်းချုပ်ရခက်ခဲတာ လည်းဖြစ်စေတာပါ။ ဒီတော့ အိန္ဒိယမမှားပါဘူး။ ကြာတာလေးတစ်ခုပါပဲ။ ဒီနောက်မှာတော့ ရောက်နှင့်နေပြီးဖြစ်တဲ့ ထိုင်း ဂျာ နယ်လစ်တွေနဲ့ အသစ်ရောက်လာ တဲ့ မလေးရှားဂျာနယ်လစ်အုပ်စုတို့ကိုပါ Say Hello လုပ်ပြီး တည်းခို ရမယ့်ဟိုတယ်ဆီကို ဦးတည်လာကြပါ တယ်။ နယူးဒေလီကို နေ့လယ်ပိုင်းမှာရောက်ရှိခဲ့တာ ဖြစ်ပြီး (၂၀၁၆)ခုနှစ်တုန်းကမြင်ဖူးခဲ့တဲ့မြင်ကွင်းတွေ က တစ်ဖန်ပြန်လည်ဆီးကြိုပါတယ်။ တစ်နည်းအားဖြင့် ထူးထူးခြားခြား ပြောင်းလဲမှုမရှိသေးဘူးလို့ဆို ချင်တာပါ။ (၂၀၁၆) ခုနှစ်တုန်းက အိန္ဒိယကို နှစ်ကြိမ် တိုင် တိုင်ရောက်ခဲ့ဖူးတဲ့အတွက် နယူးဒေလီ လေဆိပ် ကနေ မြို့တွင်းတည်းခိုရာနေရာဆီကို သွားလာရာ လမ်းကြောင်းတွေဟာ အသိစိတ်ကို တစ်ကျော့ပြန်နှိုး ဆွပါတယ်။ တည်းခိုရမယ့်ဟိုတယ်ကလည်း ယခင် လာရောက်စဉ်ကတည်းခဲ့ဖူးတဲ့ ICT မောရိယ ဟို တယ်ဖြစ်နေလေတော့ အတိတ်တွေက ခပ်ရေးရေး လေးပြန်ပေါ်လာသလိုပါပဲ။ အိန္ဒိယရဲ့လမ်းတွေနဲ့ ပလက်ဖောင်းတွေဟာ နွမ်းနွမ်းလျလျရှိနေသလို ပလက်ဖောင်းပေါ်ကနေရာတချို့ဟာ အိမ်ခြေရာမဲ့တွေရဲ့အိပ်ရာခင်းဖြစ်နေသလို လမ်းပေါ်ကကားတွေ ကြားမှာ သွားလာဈေးရောင်းနေသူ၊ တောင်းရမ်းနေသူ ကလေးငယ်တွေကိုလည်း မြင်တွေ့ခဲ့ရပြန်ပါ တယ်။ (၂၀၁၆)တုန်းကအတိုင်းပါပဲ။ အိန္ဒိယမှာ မြန်မာနဲ့နီးစပ်လွန်းတဲ့ဗီဇလေးတွေမြင်နေရသလို လမ်း ဘေး ဝဲယာကတိုက်တန်းတချို့ဟာလည်း ဒီမိုကရေစီ ဆန်လွန်းနေပါတယ်။ မြန်မာရဲ့ မပြီးဆုံးနိုင်သေး တဲ့ ပြည်တွင်းကစစ်ပွဲတွေလိုမျိုး အိန္ဒိယရဲ့တိုက်တာအဆောက်အအုံတွေကလည်း ဘယ်တော့ ပြီးအောင် ဆောက်မလဲလို့ မေးရမလိုပါပဲ။ ဒေလီရဲ့လူဦးရေနဲ့ပတ်သက်ပြီး ယာဉ်မောင်းကတော့ (၂၅) သန်း ကျော် လို့ ပြောသလို မွမ်ဘိုင်းမြို့ဟာ လူဦးရေအများဆုံးလို့ပြော ပါတယ်။ ဝီကီမှာတော့ (၂၀၂၅)မှာ လူဦးရေ (၃၄)သန်းကျော်အထိနေထိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒီလောက်များပြားစွာနေထိုင်တဲ့ လူဦးရေ နဲ့ မြို့ပြကို ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံ အိန္ဒိယတို့ ဘယ်လိုထိန်းကျောင်းမလဲဆိုတာနဲ့ မတော်တဆ များ ဆူပူမှုဖြစ်ရင် ဘယ်လိုထိန်းကျောင်းမလဲဆိုတာကြီးက အတွေးထဲကို ဝင်လာပါတယ်။ လူဦးရေ သန်း (၁၄၀ဝ)ကျော်တာချင်းတူတဲ့ ကွန်မြူနစ်တရုတ်ကတော့ ခပ်ပြတ်ပြတ် ခပ်တင်းတင်းနဲ့ လူထုကို လှောင် အိမ်ထဲထည့်ထားနိုင်လို့ ပြဿနာမရှိပေမယ့် လူထုဆန္ဒကို အလေးထားတဲ့ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီ နိုင်ငံကြီးကို ဝါးအစည်းပြေသလိုမပြေအောင် အိန္ဒိယတို့ရဲ့ ထိန်းကျောင်းထား နိုင်မှုက လေ့လာစရာပါ။ သန်း (၆၀)တောင်မပြည့်သေးတဲ့မြန်မာနိုင်ငံမှာတော့ ဒီမိုကရေစီဟာ ပရမ်းပတာဖြစ်နေသလားလို့ နှိုင်း ယှဉ်စဉ်းစားမိလာတာမျိုးပါပဲ။ ဒီလိုနဲ့ အတွေးတွေက တစ် နာရီ လောက်အကြာမှာပဲ ပြတ်တောက်သွား ပါတယ်။ တည်းခိုရမယ့်ဟိုတယ်ကိုရောက်ပြီလေ။ ICT မောရိယ ဟာ လွန်ခဲ့တဲ့(၉)နှစ်ကအတိုင်း မ ပြောင်းမလဲ ကြိုဆိုလျက်ရှိနေပုံပါပဲ။ အခန်းထဲကိုရောက်တာနဲ့ ပထမဆုံးလုပ်ဖြစ်တဲ့အလုပ်က အင်တာ နက်လိုင်းချိတ်ဆက်တာနဲ့ မြန်မာပြည်ကသတင်းဌာနရုံးကို ဆက်သွယ်တာပါ။ (၂၄)နာရီလောက် ဆက် တိုက် သေသေချာချာမအိပ်စက်ခဲ့ရတာကြောင့် ခဏမှေး လိုက်သလို တစ်ရေးပြန်နိုးလာတာနဲ့ နောက် တစ်နေ့အစီအစဉ်တွေကို သေသေချာချာဖတ်လိုက်ပါတယ်။ အစီအစဉ်အရ စက်တင်ဘာ (၂၄)ရက်မှာ ပထမဆုံးသွားရောက်လေ့လာရမယ့်နေရာက RIS ဌာနပါ။ ဖွံ့ဖြိုးဆဲနိုင်ငံငယ်တွေကို သတင်းအချက် အလက် လေ့လာသုတေ သနပြုတဲ့ဌာန Research and Information System for Developing Countries (RIS) ဖြစ်သလို အဲဒီတစ်ရက်ရဲ့ ဒုတိယမြောက် လေ့လာရမယ့်အဖွဲ့အစည်းကလည်း CDRI လို့ခေါ်တဲ့ Coalition for Disaster Resilient Infrastructure ဖြစ်နေပါတယ်။ စက်တင်ဘာ(၂၄) တစ် ရက်တည်းမှာပဲ နောက်ထပ်တစ်ခုကတော့ Confederation of Indian Industry (CII) ပါပဲ။ ပြောရရင် မြန်မာနိုင်ငံက ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) လိုမျိုး စီးပွားရေးအဖွဲ့အစည်းကြီးဖြစ်ပြီး ကမ္ဘာ တစ်လွှားကို ထိုးဖောက်နေတဲ့အသင်းလို့လည်း ပြောလို့ရပါတယ်။ စက်တင်ဘာ(၂၄)ရဲ့ ညနေပိုင်းကို တော့ Dilli Haat INA နဲ့အဆုံးသတ်မှာပါ။ အစီအစဉ်တစ်ခုလုံးကို ဖတ်ရှုပြီးတော့ မနက်ဖြန်အတွက် ပြင်ဆင်စရာရှိတာပြင်ဆင်နေရသလို ည(၉)နာရီခွဲသာသာမှာ မဖြစ်မနေတင် ဆက်ပေးရမယ့် ရုပ်သံ အတွက်လည်း ပြင်ဆင်ရပါတော့တယ်။ ရန်ကုန် ရုံးကလည်း ညဘက် K Comedy ရုပ်သံ အတွက် အသင့်စောင့်နေပြီမို့ ပြင်ဆင်ရသေးသကိုး။ ဒီလိုနဲ့ပဲ ဒေလီ ပထမနေ့ကို ကုန်ဆုံးသွားပါတော့တယ်။
အပိုင်း(၂) ဆက်ရန်

Zawgyi Version:
(၂ဝ၄၇) အိႏၵိယကို ျမန္မာ့ဟန္ျဖင့္ ေလ့လာျခင္း
မ်ိဳးမင္း (မက်ည္းလဟာ) (NP News) - ေအာက္တိုဘာ ၁၄
(၂၀၄၇)ခုႏွစ္မွာ အိႏၵိယကို ဘယ္လိုျမင္ရမလဲ။ အာဆီယံႏိုင္ငံအသီးသီးက ဂ်ာနယ္လစ္ေတြကို ဖိတ္ေခၚေလ့လာေစတဲ့ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕အစီအစဥ္အၿပီးမွာ ဝင္လာမိတဲ့အေတြးစပါ။ ခရီးစဥ္တစ္ေလွ်ာက္လုံးမွာ ဆုံခဲ့ရသမွ် ေတြ႕ဆုံမႈတိုင္းမွာ (၂၀၄၇)ခုႏွစ္ကို အိႏၵိယတို႔ အားခဲထားတယ္ ဆိုတာ သေဘာေပါက္လာပါတယ္။ တစ္နည္းအားျဖင့္ (၂၀၄၇) ခုႏွစ္ဟာ နယ္ခ်ဲ႕က်ဴးေက်ာ္သူ ၿဗိတိန္ ႏိုင္ငံထံကေန လြတ္လပ္ေရးရတဲ့ အမိအိႏၵိယရဲ႕ ႏွစ္(၁၀ဝ) ျပည့္ကာလပါပဲ။ အာဆီယံဂ်ာနယ္လစ္ေတြရဲ႕ ေလ့လာေရးခရီးစဥ္ကိုေတာ့ ျမန္မာကိုယ္စားျပဳအျဖစ္ စက္တင္ဘာလ(၂၂)ရက္ ည(၁၁)နာရီခြဲမွာစတင္ပါ တယ္။ အာဆီယံႏိုင္ငံေတြထဲက စင္ကာပူ၊ အင္ဒိုနီး ရွား၊ မေလးရွား၊ ထိုင္း၊ ဗီယက္နမ္၊ ကေမာၻဒီးယား၊ လာအို၊ ျမန္မာနဲ႔ အေရွ႕တီေမာတို႔က ဂ်ာနယ္လစ္ ေပါင္း(၂၅)ဦး ပါဝင္တက္ေရာက္ခဲ့ပါတယ္။ ဖိလစ္ပိုင္ ကေတာ့ QUAD ႏိုင္ငံမ်ားဂ်ာနယ္လစ္အုပ္စုမွာ သြားေရာက္ပူးေပါင္းခဲ့သလို ဘ႐ူႏိုင္းကေတာ့ မတက္ ေရာက္ျဖစ္ခဲ့ပါဘူး။ ဒီခရီးစဥ္ရွိေၾကာင္းကို အိႏၵိယ သံ႐ုံးဘက္က စက္တင္ဘာလ ပထမပတ္မွာ အသိ ေပးၿပီး စတင္ျပင္ဆင္ေစပါတယ္။ စက္တင္ဘာလ (၂၂)ရက္ ညသန္းေခါင္အခ်ိန္ေလာက္ကေန ေအာက္ တိုဘာလ (၂)ရက္ ည(၁၀)နာရီအထိ စုစု ေပါင္း (၁၀)ရက္ခန႔္ၾကာမယ့္ခရီးစဥ္အတြက္ ျမန္မာကိုယ္စား ျပဳ ေ႐ြးခ်ယ္ပုံကိုေတာ့ အိႏၵိယသံ႐ုံးဘက္က တာဝန္ယူပါတယ္။ NP News အယ္ဒီတာခ်ဳပ္နဲ႔ တျခားႏွစ္ ဦးအျဖစ္ Global News Light of Myanmar သတင္းစာက တစ္ဦး၊ Myanmar Insider က တစ္ဦးတို႔ ပါဝင္ခဲ့ၾကပါတယ္။ ဘန္ေကာက္ ေလဆိပ္ကေန ေလယာဥ္တစ္ဆင့္ ေျပာင္းစီးရမယ္ဆိုတဲ့အတြက္ နယူး ေဒလီကို ျမန္မာတို႔ တိုက္႐ိုက္ေလေၾကာင္းပ်ံသန္းႏိုင္ျခင္းမရွိမႈကို စိတ္မေကာင္းျဖစ္မိပါတယ္။ သို႔ေသာ္ လည္း ေကာင္းကင္ေပၚကို ေလယာဥ္ ပ်ံတက္ၿပီဆိုကတည္းက ကုန္က်တဲ့ေလာင္စာဆီနဲ႔ ပ်ံသန္းစရိတ္ ဟာ ခရီးသည္မရွိဘဲ ဘယ္ကလာသလဲ ဆိုတာ နားလည္မိတဲ့အတြက္ စိတ္မေကာင္းျဖစ္မိတာကို မ်ိဳသိပ္ ရပါတယ္။ ျပည္ပထြက္ခြာခရီးသည္ေတြကို အရစ္ႀကီးရစ္တယ္လို႔နာမည္ႀကီးတဲ့ ရန္ကုန္ေလဆိပ္ဟာ လည္း ကြၽန္ေတာ္ျဖတ္သန္းလာစဥ္မွာ သေဘာ ေကာင္းလြန္းေနတာကိုေတြ႕ရျပန္ပါတယ္။ ဘန္ေကာက္ ေလဆိပ္မွာေတာ့ အခ်ိန္(၆)နာရီ ေလာက္ ငုတ္တုတ္ထိုင္အိပ္ငိုက္ရင္း ျဖဳန္းလိုက္ရပါေသးတယ္။ စက္ တင္ဘာလ(၂၃)ရက္ မနက္(၇)နာ ရီခြဲေလာက္မွာေတာ့ ဘန္ေကာက္ကေန နယူးေဒလီကို စတင္ပ်ံသန္း ပါေတာ့တယ္။ နယူးေဒလီေျမကို စနင္းနင္းခ်င္းမွာ ပထမဆုံးရင္ဆိုင္ရတာက SIM Card ဝယ္ယူမႈ ျပႆနာပါ။ အဲဒီမတိုင္မီ လူဝင္မႈႀကီးၾကပ္ေရးကို ျဖတ္သန္းခ်ိန္မွာလည္း စစ္ေဆးေရးအရာရွိက “မင္း ကဂ်ာနယ္လစ္ဆိုေတာ့ ဘာအတြက္လာတာလဲ”လို႔ ေမးသလို ငါတို႔ႏိုင္ငံထဲမွာ ဘာေတြလုပ္ဖို႔လဲဆိုတာ မ်ိဳးထပ္ေမးပါတယ္။ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ဖိတ္ၾကားခ်က္အစီအစဥ္အရ အာဆီယံႏိုင္ငံထဲက ဂ်ာနယ္လစ္ေတြလာၾကတာမွာ ငါလည္းအပါအဝင္ ျဖစ္တယ္လို႔ျပန္ေျပာျဖစ္ခဲ့ပါတယ္။ အေထာက္အ ထား ရွိသလားလို႔ အရာရွိကေမးခဲ့တဲ့အတြက္ ကိုယ့္မွာပါလာတဲ့ဖိတ္ၾကားထားတဲ့ စာေတြ၊ တျခား အ ေထာက္အထားေတြ ထုတ္ျပလိုက္ပါတယ္။ ငါနဲ႔အတူ ျမန္မာဂ်ာနယ္လစ္ႏွစ္ဦးလည္းပါတယ္။ တစ္ဦးက အရင္ဝင္သြားႏွင့္ၿပီလို႔ေျပာရင္း ကြၽန္ေတာ့္ေနာက္မွာရွိေနတဲ့ တစ္ေယာက္ကိုပါ အတူတူစစ္ေမးေစဖို႔ အခ်ိန္(၁၀)မိနစ္ေလာက္ေပးခဲ့ရပါေသးတယ္။ အဲဒီကေနၿပီးေတာ့ လာေရာက္ႀကိဳဆိုသူေတြနဲ႔ Namaste (မဂၤလာပါ)လုပ္ၿပီး ေငြလဲလွယ္ေရးနဲ႔ SIM Card ဝယ္ယူေရးကိစၥကို အားထုတ္ပါတယ္။ SIM Card ကိစၥ မွာေတာ့ အခ်ိန္ နာရီဝက္ေက်ာ္ေပးလိုက္ရပါတယ္။ ဒီတစ္ခ်က္ ေတာ့ အိႏၵိယကိုအားမရပါဘူး။ ထိုင္း ႏိုင္ငံမွာ SIM Card ဝယ္ရင္ Seven Eleven မွာ ပတ္စ္ပို႔ကိုျပၿပီး ဓာတ္ပုံအ႐ိုက္ခံလိုက္ရင္ ငါးမိနစ္ေတာင္ မၾကာပါဘူး။ ဘာေၾကာင့္ အိႏၵိယက အရမ္းၾကာသလဲ နားမလည္ေပမယ့္ ဒီဘက္ေခတ္မွာေပၚလာတဲ့ က်ားဖ်န႔္နဲ႔ အြန္လိုင္းလိမ္လည္မႈေတြ၊ ဆိုက္ဘာတိုက္ခိုက္မႈေတြ၊ အၾကမ္းဖက္မႈေတြေၾကာင့္ တင္းၾကပ္ တဲ့ေပၚလစီထား ၿပီး စနစ္တက်စာရင္းသြင္းတာမ်ိဳးျဖစ္မယ္လို႔ ျဖည့္ စြက္ေတြးေပးမိလိုက္ပါတယ္။ ျမန္မာျပည္မွာ SIM Card ေတြကို တင္းၾကပ္ဖို႔လုပ္ၾကစဥ္က ျပည္ေျပးအုပ္ စုေတြေအာ္ၾကတာကိုလည္း သတိရသြားျပန္ပါတယ္။ တကယ္ေတာ့ SIM Card ေတြကို စနစ္တက်မလုပ္ဘဲ ေဖာင္းပြစြာေရာင္းခ်ခဲ့မႈ က ဒီေန႔ေခတ္ ျမန္မာႏိုင္ငံရဲ႕ ဆိုရွယ္ပလက္ေဖာင္းေတြကို ထိန္းခ်ဳပ္ရခက္ခဲတာ လည္းျဖစ္ေစတာပါ။ ဒီေတာ့ အိႏၵိယမမွားပါဘူး။ ၾကာတာေလးတစ္ခုပါပဲ။ ဒီေနာက္မွာေတာ့ ေရာက္ႏွင့္ေနၿပီးျဖစ္တဲ့ ထိုင္း ဂ်ာ နယ္လစ္ေတြနဲ႔ အသစ္ေရာက္လာ တဲ့ မေလးရွားဂ်ာနယ္လစ္အုပ္စုတို႔ကိုပါ Say Hello လုပ္ၿပီး တည္းခို ရမယ့္ဟိုတယ္ဆီကို ဦးတည္လာၾကပါ တယ္။ နယူးေဒလီကို ေန႔လယ္ပိုင္းမွာေရာက္ရွိခဲ့တာ ျဖစ္ၿပီး (၂၀၁၆)ခုႏွစ္တုန္းကျမင္ဖူးခဲ့တဲ့ျမင္ကြင္းေတြ က တစ္ဖန္ျပန္လည္ဆီးႀကိဳပါတယ္။ တစ္နည္းအားျဖင့္ ထူးထူးျခားျခား ေျပာင္းလဲမႈမရွိေသးဘူးလို႔ဆို ခ်င္တာပါ။ (၂၀၁၆) ခုႏွစ္တုန္းက အိႏၵိယကို ႏွစ္ႀကိမ္ တိုင္ တိုင္ေရာက္ခဲ့ဖူးတဲ့အတြက္ နယူးေဒလီ ေလဆိပ္ ကေန ၿမိဳ႕တြင္းတည္းခိုရာေနရာဆီကို သြားလာရာ လမ္းေၾကာင္းေတြဟာ အသိစိတ္ကို တစ္ေက်ာ့ျပန္ႏႈိး ဆြပါတယ္။ တည္းခိုရမယ့္ဟိုတယ္ကလည္း ယခင္ လာေရာက္စဥ္ကတည္းခဲ့ဖူးတဲ့ ICT ေမာရိယ ဟို တယ္ျဖစ္ေနေလေတာ့ အတိတ္ေတြက ခပ္ေရးေရး ေလးျပန္ေပၚလာသလိုပါပဲ။ အိႏၵိယရဲ႕လမ္းေတြနဲ႔ ပလက္ေဖာင္းေတြဟာ ႏြမ္းႏြမ္းလ်လ်ရွိေနသလို ပလက္ေဖာင္းေပၚကေနရာတခ်ိဳ႕ဟာ အိမ္ေျခရာမဲ့ေတြရဲ႕အိပ္ရာခင္းျဖစ္ေနသလို လမ္းေပၚကကားေတြ ၾကားမွာ သြားလာေဈးေရာင္းေနသူ၊ ေတာင္းရမ္းေနသူ ကေလးငယ္ေတြကိုလည္း ျမင္ေတြ႕ခဲ့ရျပန္ပါ တယ္။ (၂၀၁၆)တုန္းကအတိုင္းပါပဲ။ အိႏၵိယမွာ ျမန္မာနဲ႔နီးစပ္လြန္းတဲ့ဗီဇေလးေတြျမင္ေနရသလို လမ္း ေဘး ဝဲယာကတိုက္တန္းတခ်ိဳ႕ဟာလည္း ဒီမိုကေရစီ ဆန္လြန္းေနပါတယ္။ ျမန္မာရဲ႕ မၿပီးဆုံးႏိုင္ေသး တဲ့ ျပည္တြင္းကစစ္ပြဲေတြလိုမ်ိဳး အိႏၵိယရဲ႕တိုက္တာအေဆာက္အအုံေတြကလည္း ဘယ္ေတာ့ ၿပီးေအာင္ ေဆာက္မလဲလို႔ ေမးရမလိုပါပဲ။ ေဒလီရဲ႕လူဦးေရနဲ႔ပတ္သက္ၿပီး ယာဥ္ေမာင္းကေတာ့ (၂၅) သန္း ေက်ာ္ လို႔ ေျပာသလို မြမ္ဘိုင္းၿမိဳ႕ဟာ လူဦးေရအမ်ားဆုံးလို႔ေျပာ ပါတယ္။ ဝီကီမွာေတာ့ (၂၀၂၅)မွာ လူဦးေရ (၃၄)သန္းေက်ာ္အထိေနထိုင္တယ္လို႔ ေဖာ္ျပထားပါတယ္။ ဒီေလာက္မ်ားျပားစြာေနထိုင္တဲ့ လူဦးေရ နဲ႔ ၿမိဳ႕ျပကို ကမာၻ႔အႀကီးဆုံး ဒီမိုကေရစီႏိုင္ငံ အိႏၵိယတို႔ ဘယ္လိုထိန္းေက်ာင္းမလဲဆိုတာနဲ႔ မေတာ္တဆ မ်ား ဆူပူမႈျဖစ္ရင္ ဘယ္လိုထိန္းေက်ာင္းမလဲဆိုတာႀကီးက အေတြးထဲကို ဝင္လာပါတယ္။ လူဦးေရ သန္း (၁၄၀ဝ)ေက်ာ္တာခ်င္းတူတဲ့ ကြန္ျမဴနစ္တ႐ုတ္ကေတာ့ ခပ္ျပတ္ျပတ္ ခပ္တင္းတင္းနဲ႔ လူထုကို ေလွာင္ အိမ္ထဲထည့္ထားႏိုင္လို႔ ျပႆနာမရွိေပမယ့္ လူထုဆႏၵကို အေလးထားတဲ့ ကမာၻ႔အႀကီးဆုံး ဒီမိုကေရစီ ႏိုင္ငံႀကီးကို ဝါးအစည္းေျပသလိုမေျပေအာင္ အိႏၵိယတို႔ရဲ႕ ထိန္းေက်ာင္းထား ႏိုင္မႈက ေလ့လာစရာပါ။ သန္း (၆၀)ေတာင္မျပည့္ေသးတဲ့ျမန္မာႏိုင္ငံမွာေတာ့ ဒီမိုကေရစီဟာ ပရမ္းပတာျဖစ္ေနသလားလို႔ ႏႈိင္း ယွဥ္စဥ္းစားမိလာတာမ်ိဳးပါပဲ။ ဒီလိုနဲ႔ အေတြးေတြက တစ္ နာရီ ေလာက္အၾကာမွာပဲ ျပတ္ေတာက္သြား ပါတယ္။ တည္းခိုရမယ့္ဟိုတယ္ကိုေရာက္ၿပီေလ။ ICT ေမာရိယ ဟာ လြန္ခဲ့တဲ့(၉)ႏွစ္ကအတိုင္း မ ေျပာင္းမလဲ ႀကိဳဆိုလ်က္ရွိေနပုံပါပဲ။ အခန္းထဲကိုေရာက္တာနဲ႔ ပထမဆုံးလုပ္ျဖစ္တဲ့အလုပ္က အင္တာ နက္လိုင္းခ်ိတ္ဆက္တာနဲ႔ ျမန္မာျပည္ကသတင္းဌာန႐ုံးကို ဆက္သြယ္တာပါ။ (၂၄)နာရီေလာက္ ဆက္ တိုက္ ေသေသခ်ာခ်ာမအိပ္စက္ခဲ့ရတာေၾကာင့္ ခဏေမွး လိုက္သလို တစ္ေရးျပန္ႏိုးလာတာနဲ႔ ေနာက္ တစ္ေန႔အစီအစဥ္ေတြကို ေသေသခ်ာခ်ာဖတ္လိုက္ပါတယ္။ အစီအစဥ္အရ စက္တင္ဘာ (၂၄)ရက္မွာ ပထမဆုံးသြားေရာက္ေလ့လာရမယ့္ေနရာက RIS ဌာနပါ။ ဖြံ႕ၿဖိဳးဆဲႏိုင္ငံငယ္ေတြကို သတင္းအခ်က္ အလက္ ေလ့လာသုေတ သနျပဳတဲ့ဌာန Research and Information System for Developing Countries (RIS) ျဖစ္သလို အဲဒီတစ္ရက္ရဲ႕ ဒုတိယေျမာက္ ေလ့လာရမယ့္အဖြဲ႕အစည္းကလည္း CDRI လို႔ေခၚတဲ့ Coalition for Disaster Resilient Infrastructure ျဖစ္ေနပါတယ္။ စက္တင္ဘာ(၂၄) တစ္ ရက္တည္းမွာပဲ ေနာက္ထပ္တစ္ခုကေတာ့ Confederation of Indian Industry (CII) ပါပဲ။ ေျပာရရင္ ျမန္မာႏိုင္ငံက ကုန္သည္စက္မႈအသင္းခ်ဳပ္ (UMFCCI) လိုမ်ိဳး စီးပြားေရးအဖြဲ႕အစည္းႀကီးျဖစ္ၿပီး ကမာၻ တစ္လႊားကို ထိုးေဖာက္ေနတဲ့အသင္းလို႔လည္း ေျပာလို႔ရပါတယ္။ စက္တင္ဘာ(၂၄)ရဲ႕ ညေနပိုင္းကို ေတာ့ Dilli Haat INA နဲ႔အဆုံးသတ္မွာပါ။ အစီအစဥ္တစ္ခုလုံးကို ဖတ္ရႈၿပီးေတာ့ မနက္ျဖန္အတြက္ ျပင္ဆင္စရာရွိတာျပင္ဆင္ေနရသလို ည(၉)နာရီခြဲသာသာမွာ မျဖစ္မေနတင္ ဆက္ေပးရမယ့္ ႐ုပ္သံ အတြက္လည္း ျပင္ဆင္ရပါေတာ့တယ္။ ရန္ကုန္ ႐ုံးကလည္း ညဘက္ K Comedy ႐ုပ္သံ အတြက္ အသင့္ေစာင့္ေနၿပီမို႔ ျပင္ဆင္ရေသးသကိုး။ ဒီလိုနဲ႔ပဲ ေဒလီ ပထမေန႔ကို ကုန္ဆုံးသြားပါေတာ့တယ္။
အပိုင္း(၂) ဆက္ရန္