တော်လှန်ရေးလုပ်ရင်း လင်းလင်းနဲ့ချစ်သုဝေ ဒေါ်လာငါးသိန်းတန် အိမ်ပိုင်ပြီ

 958

သုတကျော် (NP News) - အောက်တိုဘာ ၁၄

“ရောင်နီတွေနဲ့တို့အတူ အမှောင်တွေ အမှောင်တွေ ကုန်ဆုံးတဲ့ ကမ္ဘာဆီ” ဆိုသော သီချင်း စာသားကို သီဆိုပြီးနောက် “နေတတ်သလို နေပါတော့” ဟုဆိုကာ အဆိုတော် လင်းလင်းနှင့် ချစ်သုဝေ တို့ မိသားစုသည် ယခုအခါ အမေရိကန်နိုင်ငံတွင် အိမ်ဝယ်၊ အခြေချသွားခဲ့ပြီဖြစ်သည်။ ယင်းကား မြန်မာ ပြည်အရေး ဆောင်ရွက်နေပါသည်ဆိုသော ဆယ်လီနှင့် နိုင်ငံရေးသမား ပြည်ပြေးများ၏ အကြောင်း များစွာအနက်မှ တစ်ခုသာလျှင်ဖြစ်ပြီး ကျန်အဖြစ်အပျက်များစွာလည်း ရှိနေသေးသည်။ CDM လုပ်ရန် ဆွယ်ခြင်း၊ ကျောင်းမတက်ခိုင်းခြင်းတို့ကို ဦးဆောင် အသံကောင်းလွှင့်နေသူတို့၏ သား၊ သမီးများကား ပြည်ပတွင် ကျောင်းတက်နေကြလေပြီ။
CDM လုပ်ရန်အတွက် ဖြားယောင်းခဲ့ပြီး CDM မလုပ်သူများကို “ ခြံခတ်မည် ” ဟုပင် စည်းလွတ် ဘောင်လွတ်ပြောခဲ့ဖူးသောလင်းလင်းသည် (၂၀၂၁) ခုနှစ် နိုင်ငံရေးအပြောင်းအလဲကာလကပင် လက် သွက်ခြေသွက်ဖြင့် မြန်မာနိုင်ငံမှ ပိုင်ဆိုင်မှုများ ကိုရောင်းပြီး ကျပ်ငွေများကို ဒေါ်လာအဖြစ်ပြောင်းကာ အမေရိကန်နိုင်ငံသို့ လွှဲပြောင်းပြီးဖြစ်ကြောင်းသိရသည်။ လင်းလင်းတို့မိသားစုက ငွေကြေးများကို အမေ ရိကန်သို့လွှဲပြောင်းပြီး စိတ်အေးလက်အေးဖြစ်နေ ချိန်တွင် CDM လုပ်ပြီး ဘဝပျက်သွားသူများကား ဒုနှင့် ဒေးရှိခဲ့သည်။
တချိန်က ယူနီဖောင်းဝတ်ပြီးရုံးတက်သောဘဝမှ လမ်းဘေးတွင်အကြော်ရောင်းရသူများလည်းရှိ သည်။ အလုပ်မရှိ၍ ရသောအလုပ်ဝင်လုပ်နေရသူများလည်းရှိသည်။ အိမ်နီးချင်း ထိုင်းနိုင်ငံသို့ရသည့် နည်းဖြင့်ထွက်ခွာကာ ချို့ချို့ငဲ့ငဲ့နေရသူလည်း မရှားလှပါ။ “အဆင်မပြေပါဘူး။ အရင်ဘဝတော့ ပြန်လွမ်း တာပေါ့။ အကုန်လုံးက စိတ်အားထက်သန်နေတဲ့အချိန် မျှော်လင့်ချက်အမှားတွေကို ယုံမိတာ။ တကယ် ပြန်တွေးတော့ နောင်တရတယ်”ဟု လက်ရှိ ထိုင်းနိုင်ငံတွင်ရောက်ရှိပြီး စက်ရုံတွင် ဝင်ရောက်အလုပ် လုပ်ကိုင်နေသူ CDM ကျောင်းဆရာမတစ်ဦးက NP News သို့ အွန်လိုင်းမှတစ်ဆင့် ပြောကြားသည်။
လင်းလင်းတို့အကြောင်းမပြောမီ ၎င်းတို့အပိုင် ငွေများ အဘယ်သို့ရပါသနည်းဆိုခြင်းကို ဦးစွာ ဆန်း စစ်လေ့လာရန်လိုပါသည်။ NLD အစိုးရလက်ထက်တွင် နိုင်ငံရေးသမားတစ်ပိုင်း၊ ဒေါ်အောင်ဆန်းစု ကြည် ၏ အပါးတော်မြဲတစ်ပိုင်း၊ အဆိုတော်တစ်ပိုင်းအဖြစ် လူသိများသော လင်းလင်းသည် ကောင်းစွာ နိုင်ငံရေး လုပ်ခဲ့သူတစ်ဦးဟု ဆိုနိုင်သည်။ “အစတုန်းက လင်းလင်းဆိုတာ ဘာမှလည်းမဟုတ်ပါဘူး။ အခုလိုမျိုး ပိုက်ဆံချမ်းသာတာလည်း မဟုတ်ဘူး”ဟု အတွင်းသိ အနုပညာနယ်ပယ်မှ သတင်းရင်းမြစ် တစ်ဦးကဆိုသည်။ ဒေါ်အောင်ဆန်းစု ကြည်အနီးတွင် နှစ်ပေါင်းများစွာ အပါးတော်မြဲအဖြစ် ရှိခဲ့သော ဦးစိုးဝင်းနေရာတွင် အဆိုတော် လင်းလင်း ရောက်လာပြီးနောက် လင်းလင်း၏ဘဝ ပြောင်းလဲခဲ့သည်ဟု ဆိုနိုင်သည်။ ယင်းနောက် လင်းလင်းနှင့် ချစ်သုဝေတို့သည် NLD အမာခံများအဖြစ် ထင်ထင် ရှားရှားပြသခဲ့သည်။
ယင်းအချိန်က ဒေါ်အောင်ဆန်းစုကြည်အနီး ရောက်ရန် နည်းမျိုးစုံဖြင့်ကြိုးစားနေခဲ့ကြရာ ချစ်သု ဝေ၏ဖခင်သည် ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူပန်း ချီကိုရေးဆွဲရာတွင် မြတ်စွာဘုရားရှင်၏ ဥဏ္ဏလုံ မွေး ရှင်တော်ကိုထည့်သွင်းခဲ့သောကြောင့် ဝေဖန်မှုများစွာ ရှိခဲ့သည်။ ယင်းအတွက်လည်း အကျိုးမယုတ် ခဲ့ကြပါ။ NLD အစိုးရလက်ထက်တွင် လင်းလင်းတို့အတွက် အခွင့်အရေးများစွာရခဲ့သည်ဟုသိရသည်။ “ဒီကောင်တွေ လူလည်တွေ။ ကျွန်တော်သိရသလောက် NLD လက်ထက်မှာ အစိုးရလက်ထက်မှာ တင်ဒါတွေလည်း ရခဲ့တယ်။ ပရောဂျက်တွေ ရတာတွေရှိတယ်။ သူတို့အုပ်စု မောင်မောင်အေးတို့ဂရုပေါ့” ဟု သိရှိသူတစ်ဦး ကဆိုသည်။ သီးသန့် ငွေကြေးရရှိခြင်းများလည်းရှိခဲ့သည့်အပြင် အမည်ပေါက်မဟုတ် သည့် အခြားပိုင်ဆိုင်မှုများလည်းရှိနိုင်ကြောင်း ပြောကြားချက်များရှိသည်။
“ဘဏ်အကောင့်ထဲကို သီးသန့်ထည့်ပေးတာရှိတယ်။ ဘဏ်အကောင့်ထဲကဟာတွေတော့ ပိတ် ထားတာပေါ့။ ပြီးတော့ သူတို့ပိုင်ဆိုင်မှုတွေ ချိပ်ပိတ်ထား တာရှိတယ်။ ကျန်တဲ့တိုက်ခန်းတွေတော့ ရောင်းသွားတာဖြစ်မယ်”ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများက ဆိုသည်။ ထို့နောက် (၂၀၂၁) နိုင်ငံရေး အပြောင်းအလဲများဖြစ်ခဲ့ရာ ယခင် “နီ” လက်စ လင်းလင်းတို့သည် CDM လုပ်ရန်၊ ကျောင်းမတက်ရန် အတွက် ပြင်းပြင်း ထန်ထန်လှုံ့ဆော်ခဲ့သည်။ ဆန္ဒပြသူများကို ထိုသို့ ပြောပြီး အိမ်တွင်မူ ပိုင်ဆိုင်မှုများကို အမေရိကန်သို့ ရသည့်နည်းလမ်းဖြင့်ပို့ရန် တိုင်ပင်ခဲ့ကြပုံလည်းရ သည်။ လင်းလင်းတို့အနေဖြင့် မြန်မာ နိုင်ငံမှ ပိုင်ဆိုင်မှုများကိုရောင်းချကာ အမေရိကန်နိုင်ငံသို့ ငွေလွှဲလျှင် ကန့်သတ်ချက်ရှိသည်။ ထို့အတွက် ၎င်းတို့မှာ ဟွန်ဒီဖြင့် ငွေလွှဲပို့ခဲ့ခြင်းဖြစ်နိုင်သည်ဟု ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးကဆိုသည်။ “ဟွန်ဒီ လမ်းကြောင်းရတယ်။ အပြင် လမ်းကြောင်းနဲ့သွားတာဖြစ်မယ်။ အမေရိကားကိုပို့တယ်ဆိုတာက မြန်မာငွေကို ဒီမှာပေးပြီး ဟိုဘက်ကို အမေရိ ကန်ဒေါ်လာပေါ့။ ဒီလမ်းကြောင်းပဲ။ ဘဏ်လမ်း ကြောင်း ကမသွားရဲဘူး။ ဒေါ်လာတစ်သိန်းကျော်ရင် ဘာငွေလဲဆိုတာ သူတို့တိုင်းပြည်ကလည်း စစ်တယ်လေ။ ဒေါ်လာတစ်သောင်းတောင် စစ်သေးတာ။ ကျပ် ပေး၊ ဟိုက ဒေါ်လာယူပေါ့။ ဟွန်ဒီလမ်းကြောင်းက သူ့ ဈေးနဲ့သူရှိတယ်။ တစ်ဒေါ်လာနဲ့ပဲတွက်ရင် အရွက်ဈေးထက် နည်းနည်းလျော့တယ်။ ဆိုပါစို့ တစ်ဒေါ်လာ ကိုတစ်ထောင်ဆိုရင် ဟွန်ဒီက တစ်ဒေါ်လာကို ကျပ် (၉၈၀၊ ၉၆၀)လောက်သွားတယ်။ တစ်ဒေါ်လာ ကျပ် တစ်ထောင်အပြည့်တော့မရဘူး”ဟု ၎င်းကဆိုသည်။
လင်းလင်းတို့ ငွေကြေး အလွှဲ၊ အပြောင်း လုပ်ခဲ့ရာတွင် ဟွန်ဒီတစ်ခုတည်းက လုပ်ခဲ့ခြင်း မဟုတ် ဘဲ နေရာ ဖြန့်လွှဲခြင်းမျိုးလည်းဖြစ်နိုင်ကြောင်း ၎င်းကသုံး သပ်သည်။ တစ်ဖက်တွင်လည်း CDM လုပ်ရန်၊ တော်လှန်ရေးလုပ်ရန်တွန်းအားပေးနေခဲ့ပြီး လူငယ်များကို ၎င်းတို့လှုံ့ဆော်မှုနောက် ကောက်ကောက်ပါ စေရန်ကြိုးပမ်းခဲ့သည်။ ထို့ပြင် တော်လှန်ရေး ရန်ပုံငွေဟုဆိုကာ အခြားနိုင်ငံများသို့သွားရောက်ကာ ဖျော် ဖြေပွဲများပြုလုပ်သည်။ ယင်းအတွက်ရရှိသောအလှူ ငွေများကို ၎င်းတို့အခေါ် တော်လှန်ရေး၏ မည် သည့်နေရာတွင်သုံးသည်၊ မသုံးသည် မသိရသော်လည်း မင်မောင်းကောင်းကောင်းဖြင့် ပရိသတ် မျက် ရည်ကို ချူခဲ့ကြောင်းတော့သေချာသည်။
တစ်ဖက်တွင် လင်းလင်း၏မိန်းမဖြစ်သော ချစ်သုဝေ၏အကြောင်းကိုလည်း ပြောရန်လိုအပ် လာသည်။ ချစ်သုဝေအနေဖြင့် အွန်လိုင်းထက်တွင် သ နားစဖွယ်အမူအရာမျိုးလည်း ပြုလုပ် ပြလေ့ရှိ သည်။ လင်းလင်းက ထိုင်းနိုင်ငံတွင်နေထိုင်ကာ မုတ်ဆိတ် မွေး၊ ပါးသိုင်းမွေးများဖြင့် တောပုန်းအသွင်ရှိ နေချိန် ချစ်သုဝေကလည်း တော်လှန်ရေးဘက်သား စိတ်ဖိစီး မှုဒဏ်အပြည့်ဖြစ်နေသော အမျိုးသမီး တစ်ဦးအဖြစ် မြင်ရသည်။
ထို့နောက် ၎င်းတို့၏ပရိသတ်များ ထင်မှတ်မထားသောအချိန်တွင် သရုပ်ဆောင်ချစ်သုဝေက အမြွှာသမီး (၂) ဦး၏အနာဂတ်အတွက် ပြောင်းရွှေ့တော့မည်ဟုပြောကြားပြီး ကိုယ်တိုင်လည်း မျက်ရည် လည်ရွဲဖြစ်နေသော ဗီဒီယိုတစ်ခုတက်လာသည်။ ၎င်း တို့လှုံ့ဆော်သောကြောင့်အလုပ်ထွက်ခဲ့ရသော CDM မိသားစုဝင်များနှင့် ၎င်းတို့၏သားသမီးများ လမ်းပျောက်နေချိန်တွင် အမြွှာကလေးနှစ်ဦးအတွက် အမေရိကန်သို့ပြောင်းရွှေ့တော့မည့်သတင်းမှာ အံ့အားသင့်စရာလည်းဖြစ်ခဲ့သည်။ ထို့နောက် အမေရိကန် တွင် တော်လှန်ရေးရန်ပုံငွေဟုဆိုကာ ဖျော်ဖြေပွဲများပြုလုပ်နေစဉ် အိမ်ဝယ် လိုက်ပြီဖြစ်ကြောင်း သတင်း ထွက်လာသည်။ ယခုမှ ကောက်ဝယ်ခြင်းမဟုတ်ဘဲ မေလအတွင်းကဝယ်ခဲ့ခြင်းဖြစ်ပြီး လင်းလင်း ကိုယ် တိုင် အဆိုပါအိမ်နှင့် ပတ်သက်သောအချက်အလက်များကို ၎င်း၏လူမှုကွန် ရက်ဖေ့စ်ဘွတ် စာမျက်နှာ ထက်တွင် အခြားသူတစ်ဦးကိုအကြောင်းပြုကာ အောက်တိုဘာလ (၃) ရက်တွင် မှတင်ခဲ့သည်။ သို့သော် အကောင်းတင်ခဲ့ခြင်း မဟုတ်ဘဲ ရန်စွယ်ငေါငေါသဘောဖြင့်တင်ခဲ့ခြင်းဖြစ်ပြီး ယင်း အကြောင်းပြုခံရ သူက ပြန်လည်ရှင်းလင်းရာတွင် ပြန် လည်ရန်လုပ်ခဲ့သည်ကိုတွေ့မြင်ရသည်။ ယင်းသို့ ရန် လုပ်ရာတွင် လင်းလင်း၏ထုံးစံအတိုင်း “ဘယ်စွပ်စွဲမှုကိုမှ ငါက ဖြေရှင်းပေးဖို့ ဘယ်ကောင်နဲ့မှ စာချုပ် မထားဘူး”ဟု ပြန်လည်ရေးသားထားသည်။ အမေရိ ကန်ကဲ့သို့နိုင်ငံတွင် အိမ်ဝယ်သည်မှာ မထူးဆန်းသော်လည်း ထူး ဆန်းသည်က ၎င်းတို့၏အိမ်အနေအထား နှင့် ပတ်ဝန်းကျင်အခြေအနေဖြစ်သည်။ အိမ်၏တန် ဖိုးမှာ အမေရိကန်ဒေါ်လာ (၄၉၀ဝဝဝ)ဖြစ်ပြီး Texas ပြည်နယ် Katy မြို့တွင်တည်ရှိသည်။
အိမ်ကြီးအိမ်ကောင်းဟုလည်းဆိုနိုင်ပြီး နှစ် ထပ်အဆောက်အအုံတွင် အိပ်ခန်း (၄)ခန်းပါဝင်ကာ ခြံဧရိယာမှာ (ဝ.၂၉)ဧကရှိပြီး ပတ်ဝန်းကျင် တည်ငြိမ်အေးချမ်းသောကြောင့် မည်သူမဆိုလိုချင်သော နေရာမျိုးဖြစ်သည်။ အိမ်အနီးတွင် အနားယူရန်၊ အားကစား လုပ်ရန်နေရာများပါဝင်ပြီး ကလေးများ အတွက် ပညာသင်ကြားနိုင်မည့်နေရာများကလည်း မဝေးသည့်နေ ရာတွင်ရှိသောကြောင့် လင်းလင်းတို့ ရွေးချယ်ခဲ့ခြင်း ဖြစ်ဖွယ်ရှိသည်။ အိမ်အတွက် ချေးငွေဖြင့်ဝယ်ယူသည်ဟုလည်း ဆိုလေသောကြောင့် ၎င်းတို့ ပြန်ဆပ်ရမည့်ပမာဏမှာ တစ်လလျှင် ဒေါ်လာထောင့်ငါးရာနီးပါးရှိလိမ့်မည်ဟု သိရှိသူတစ်ဦးက ဆိုသော်လည်း အဆိုပါအချက်ကို သီးခြားအတည်ပြုနိုင်ခြင်းမရှိခဲ့ပေ။ လင်းလင်းတို့ ချစ်သုဝေတို့ လက်ရှိ အလုပ်ဆို၍ နာမည်ကို အသုံးပြုကာ သီချင်းထုတ်ခြင်းမှအပ အခြားအလုပ်အကိုင်ဟူ၍ကား လက်ဆုပ် လက်ကိုင်ပြသခြင်းမျိုး မရှိသေးပါ။ သို့သော် အိမ်တော့ဝယ်ထားပြီးဖြစ်သည်။ ဖြစ်နိုင်သည်မှာ တော်လှန် ရေးအတွက်ဗန်းပြကာ ဆက်လက်အလှူခံဖွယ်ရှိပြီး အမေရိကန်သို့ရောက် နှင့်လေပြီးသောငွေများကို အသုံးပြုကာ စီးပွားရေး လုပ်ခြင်း သို့မဟုတ် အခြားသောအလုပ်တစ်ခုခုကို ဆက်လုပ်ကာ ယင်းနိုင်ငံတွင် ဆက်လက်နေထိုင်သွား မည်မှာသေချာသည်။ ယင်းနှင့်ပတ်သက်၍ အမည်မဖော်လိုသော NUG ထောက် ခံသူတစ်ဦးကို NP News က ဆက်သွယ်မေးမြန်းခဲ့ရာ အိမ်ဝယ်သည်ကိုအပြစ်မမြင်သော်လည်း အမေရိ ကန် သွားမည်ဟုရည်မှန်းချက်ထားပြီးလုပ်ခဲ့သောကြောင့် စိတ်မကောင်းဖြစ်ရသည်ဟုဆိုသည်။
“အစောတည်းက အိမ်ဝယ်မယ်ပြောင်းနေဖို့ စိတ်ကူးရှိတယ်ဆိုရင်လည်း တစ်မျိုးပေါ့။ အခုက ပြည်တွင်းထဲကလူတွေကိုတော့ CDM မလုပ်လို့တို့ ဘာမလုပ်လို့တို့ပြောပြီး သူတို့က အနာဂတ်အတွက် ကြိုစီစဉ်ထားပြီးသားလေ။ ဒီမှာက ဘာမှမစီစဉ်ထားတဲ့ သူတွေကို မင်းတို့လုပ်ကြ၊ ငါတော့သွားမယ် ဆိုတာမျိုး ကိုစိတ်မကောင်းဘူး။ သာအတူ နာအတူဆိုတာမျိုးက ရဲဘော်ရဲဘက်စိတ်လို့ခေါ်ပါတယ်”ဟု ၎င်းကပြောသည်။ စိတ်မကောင်းစရာကား ယင်းသို့လုပ်သည့်တိုင် အမေရိကန်ကဲ့သို့နိုင်ငံမျိုးတွင် အိမ် ဝယ်ရလွယ်ကြောင်း လင်းလင်းတို့ဘက်ကဆင်ခြေပေးသူများပင် အွန်လိုင်းထက်ရှိနေသေး၏။ သို့သော် ၎င်းတို့မသိသည်က လင်းလင်းတို့ဝယ်ခဲ့သောအိမ်မှာ တိုက်ခန်း မဟုတ်ကြောင်းဖြစ်သည်။ ထို့ပြင် ထပ် မသိသည်မှာ CDM လုပ်ရန်ခိုင်းပြီး ခိုင်းသူက အမေရိကန်တွင် ဘဝသစ်ထူထောင်ရန် ကြိုးစားနေခြင်း ဖြစ်၏။
လင်းလင်းကား “နေတတ်သလို နေပါတော့ကွယ် နင်ရောက်ရှိတဲ့အရပ်ဆီမှာလေ နေပျော်အောင် ငါဆု တောင်းလို့ပေးပါတယ်” ဆိုသောစာသားအတိုင်း အမှန်တကယ်ကျင့်သုံးသွားလေတည်း။

Zawgyi Version:
ေတာ္လွန္ေရးလုပ္ရင္း လင္းလင္းနဲ႔ခ်စ္သုေဝ ေဒၚလာငါးသိန္းတန္ အိမ္ပိုင္ၿပီ
သုတေက်ာ္ (NP News) - ေအာက္တိုဘာ ၁၄
“ေရာင္နီေတြနဲ႔တို႔အတူ အေမွာင္ေတြ အေမွာင္ေတြ ကုန္ဆုံးတဲ့ ကမာၻဆီ” ဆိုေသာ သီခ်င္း စာသားကို သီဆိုၿပီးေနာက္ “ေနတတ္သလို ေနပါေတာ့” ဟုဆိုကာ အဆိုေတာ္ လင္းလင္းႏွင့္ ခ်စ္သုေဝ တို႔ မိသားစုသည္ ယခုအခါ အေမရိကန္ႏိုင္ငံတြင္ အိမ္ဝယ္၊ အေျခခ်သြားခဲ့ၿပီျဖစ္သည္။ ယင္းကား ျမန္မာ ျပည္အေရး ေဆာင္႐ြက္ေနပါသည္ဆိုေသာ ဆယ္လီႏွင့္ ႏိုင္ငံေရးသမား ျပည္ေျပးမ်ား၏ အေၾကာင္း မ်ားစြာအနက္မွ တစ္ခုသာလွ်င္ျဖစ္ၿပီး က်န္အျဖစ္အပ်က္မ်ားစြာလည္း ရွိေနေသးသည္။ CDM လုပ္ရန္ ဆြယ္ျခင္း၊ ေက်ာင္းမတက္ခိုင္းျခင္းတို႔ကို ဦးေဆာင္ အသံေကာင္းလႊင့္ေနသူတို႔၏ သား၊ သမီးမ်ားကား ျပည္ပတြင္ ေက်ာင္းတက္ေနၾကေလၿပီ။
CDM လုပ္ရန္အတြက္ ျဖားေယာင္းခဲ့ၿပီး CDM မလုပ္သူမ်ားကို “ ၿခံခတ္မည္ ” ဟုပင္ စည္းလြတ္ ေဘာင္လြတ္ေျပာခဲ့ဖူးေသာလင္းလင္းသည္ (၂၀၂၁) ခုႏွစ္ ႏိုင္ငံေရးအေျပာင္းအလဲကာလကပင္ လက္ သြက္ေျခသြက္ျဖင့္ ျမန္မာႏိုင္ငံမွ ပိုင္ဆိုင္မႈမ်ား ကိုေရာင္းၿပီး က်ပ္ေငြမ်ားကို ေဒၚလာအျဖစ္ေျပာင္းကာ အေမရိကန္ႏိုင္ငံသို႔ လႊဲေျပာင္းၿပီးျဖစ္ေၾကာင္းသိရသည္။ လင္းလင္းတို႔မိသားစုက ေငြေၾကးမ်ားကို အေမ ရိကန္သို႔လႊဲေျပာင္းၿပီး စိတ္ေအးလက္ေအးျဖစ္ေန ခ်ိန္တြင္ CDM လုပ္ၿပီး ဘဝပ်က္သြားသူမ်ားကား ဒုႏွင့္ ေဒးရွိခဲ့သည္။
တခ်ိန္က ယူနီေဖာင္းဝတ္ၿပီး႐ုံးတက္ေသာဘဝမွ လမ္းေဘးတြင္အေၾကာ္ေရာင္းရသူမ်ားလည္းရွိ သည္။ အလုပ္မရွိ၍ ရေသာအလုပ္ဝင္လုပ္ေနရသူမ်ားလည္းရွိသည္။ အိမ္နီးခ်င္း ထိုင္းႏိုင္ငံသို႔ရသည့္ နည္းျဖင့္ထြက္ခြာကာ ခ်ိဳ႕ခ်ိဳ႕ငဲ့ငဲ့ေနရသူလည္း မရွားလွပါ။ “အဆင္မေျပပါဘူး။ အရင္ဘဝေတာ့ ျပန္လြမ္း တာေပါ့။ အကုန္လုံးက စိတ္အားထက္သန္ေနတဲ့အခ်ိန္ ေမွ်ာ္လင့္ခ်က္အမွားေတြကို ယုံမိတာ။ တကယ္ ျပန္ေတြးေတာ့ ေနာင္တရတယ္”ဟု လက္ရွိ ထိုင္းႏိုင္ငံတြင္ေရာက္ရွိၿပီး စက္႐ုံတြင္ ဝင္ေရာက္အလုပ္ လုပ္ကိုင္ေနသူ CDM ေက်ာင္းဆရာမတစ္ဦးက NP News သို႔ အြန္လိုင္းမွတစ္ဆင့္ ေျပာၾကားသည္။
လင္းလင္းတို႔အေၾကာင္းမေျပာမီ ၎တို႔အပိုင္ ေငြမ်ား အဘယ္သို႔ရပါသနည္းဆိုျခင္းကို ဦးစြာ ဆန္း စစ္ေလ့လာရန္လိုပါသည္။ NLD အစိုးရလက္ထက္တြင္ ႏိုင္ငံေရးသမားတစ္ပိုင္း၊ ေဒၚေအာင္ဆန္းစု ၾကည္ ၏ အပါးေတာ္ၿမဲတစ္ပိုင္း၊ အဆိုေတာ္တစ္ပိုင္းအျဖစ္ လူသိမ်ားေသာ လင္းလင္းသည္ ေကာင္းစြာ ႏိုင္ငံေရး လုပ္ခဲ့သူတစ္ဦးဟု ဆိုႏိုင္သည္။ “အစတုန္းက လင္းလင္းဆိုတာ ဘာမွလည္းမဟုတ္ပါဘူး။ အခုလိုမ်ိဳး ပိုက္ဆံခ်မ္းသာတာလည္း မဟုတ္ဘူး”ဟု အတြင္းသိ အႏုပညာနယ္ပယ္မွ သတင္းရင္းျမစ္ တစ္ဦးကဆိုသည္။ ေဒၚေအာင္ဆန္းစု ၾကည္အနီးတြင္ ႏွစ္ေပါင္းမ်ားစြာ အပါးေတာ္ၿမဲအျဖစ္ ရွိခဲ့ေသာ ဦးစိုးဝင္းေနရာတြင္ အဆိုေတာ္ လင္းလင္း ေရာက္လာၿပီးေနာက္ လင္းလင္း၏ဘဝ ေျပာင္းလဲခဲ့သည္ဟု ဆိုႏိုင္သည္။ ယင္းေနာက္ လင္းလင္းႏွင့္ ခ်စ္သုေဝတို႔သည္ NLD အမာခံမ်ားအျဖစ္ ထင္ထင္ ရွားရွားျပသခဲ့သည္။
ယင္းအခ်ိန္က ေဒၚေအာင္ဆန္းစုၾကည္အနီး ေရာက္ရန္ နည္းမ်ိဳးစုံျဖင့္ႀကိဳးစားေနခဲ့ၾကရာ ခ်စ္သု ေဝ၏ဖခင္သည္ ေဒၚေအာင္ဆန္းစုၾကည္၏ ပုံတူပန္း ခ်ီကိုေရးဆြဲရာတြင္ ျမတ္စြာဘုရားရွင္၏ ဥဏၰလုံ ေမြး ရွင္ေတာ္ကိုထည့္သြင္းခဲ့ေသာေၾကာင့္ ေဝဖန္မႈမ်ားစြာ ရွိခဲ့သည္။ ယင္းအတြက္လည္း အက်ိဳးမယုတ္ ခဲ့ၾကပါ။ NLD အစိုးရလက္ထက္တြင္ လင္းလင္းတို႔အတြက္ အခြင့္အေရးမ်ားစြာရခဲ့သည္ဟုသိရသည္။ “ဒီေကာင္ေတြ လူလည္ေတြ။ ကြၽန္ေတာ္သိရသေလာက္ NLD လက္ထက္မွာ အစိုးရလက္ထက္မွာ တင္ဒါေတြလည္း ရခဲ့တယ္။ ပေရာဂ်က္ေတြ ရတာေတြရွိတယ္။ သူတို႔အုပ္စု ေမာင္ေမာင္ေအးတို႔ဂ႐ုေပါ့” ဟု သိရွိသူတစ္ဦး ကဆိုသည္။ သီးသန႔္ ေငြေၾကးရရွိျခင္းမ်ားလည္းရွိခဲ့သည့္အျပင္ အမည္ေပါက္မဟုတ္ သည့္ အျခားပိုင္ဆိုင္မႈမ်ားလည္းရွိႏိုင္ေၾကာင္း ေျပာၾကားခ်က္မ်ားရွိသည္။
“ဘဏ္အေကာင့္ထဲကို သီးသန႔္ထည့္ေပးတာရွိတယ္။ ဘဏ္အေကာင့္ထဲကဟာေတြေတာ့ ပိတ္ ထားတာေပါ့။ ၿပီးေတာ့ သူတို႔ပိုင္ဆိုင္မႈေတြ ခ်ိပ္ပိတ္ထား တာရွိတယ္။ က်န္တဲ့တိုက္ခန္းေတြေတာ့ ေရာင္းသြားတာျဖစ္မယ္”ဟု လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားက ဆိုသည္။ ထို႔ေနာက္ (၂၀၂၁) ႏိုင္ငံေရး အေျပာင္းအလဲမ်ားျဖစ္ခဲ့ရာ ယခင္ “နီ” လက္စ လင္းလင္းတို႔သည္ CDM လုပ္ရန္၊ ေက်ာင္းမတက္ရန္ အတြက္ ျပင္းျပင္း ထန္ထန္လႈံ႕ေဆာ္ခဲ့သည္။ ဆႏၵျပသူမ်ားကို ထိုသို႔ ေျပာၿပီး အိမ္တြင္မူ ပိုင္ဆိုင္မႈမ်ားကို အေမရိကန္သို႔ ရသည့္နည္းလမ္းျဖင့္ပို႔ရန္ တိုင္ပင္ခဲ့ၾကပုံလည္းရ သည္။ လင္းလင္းတို႔အေနျဖင့္ ျမန္မာ ႏိုင္ငံမွ ပိုင္ဆိုင္မႈမ်ားကိုေရာင္းခ်ကာ အေမရိကန္ႏိုင္ငံသို႔ ေငြလႊဲလွ်င္ ကန႔္သတ္ခ်က္ရွိသည္။ ထို႔အတြက္ ၎တို႔မွာ ဟြန္ဒီျဖင့္ ေငြလႊဲပို႔ခဲ့ျခင္းျဖစ္ႏိုင္သည္ဟု ဘ႑ာေရးဆိုင္ရာ ကြၽမ္းက်င္သူတစ္ဦးကဆိုသည္။ “ဟြန္ဒီ လမ္းေၾကာင္းရတယ္။ အျပင္ လမ္းေၾကာင္းနဲ႔သြားတာျဖစ္မယ္။ အေမရိကားကိုပို႔တယ္ဆိုတာက ျမန္မာေငြကို ဒီမွာေပးၿပီး ဟိုဘက္ကို အေမရိ ကန္ေဒၚလာေပါ့။ ဒီလမ္းေၾကာင္းပဲ။ ဘဏ္လမ္း ေၾကာင္း ကမသြားရဲဘူး။ ေဒၚလာတစ္သိန္းေက်ာ္ရင္ ဘာေငြလဲဆိုတာ သူတို႔တိုင္းျပည္ကလည္း စစ္တယ္ေလ။ ေဒၚလာတစ္ေသာင္းေတာင္ စစ္ေသးတာ။ က်ပ္ ေပး၊ ဟိုက ေဒၚလာယူေပါ့။ ဟြန္ဒီလမ္းေၾကာင္းက သူ႔ ေဈးနဲ႔သူရွိတယ္။ တစ္ေဒၚလာနဲ႔ပဲတြက္ရင္ အ႐ြက္ေဈးထက္ နည္းနည္းေလ်ာ့တယ္။ ဆိုပါစို႔ တစ္ေဒၚလာ ကိုတစ္ေထာင္ဆိုရင္ ဟြန္ဒီက တစ္ေဒၚလာကို က်ပ္ (၉၈၀၊ ၉၆၀)ေလာက္သြားတယ္။ တစ္ေဒၚလာ က်ပ္ တစ္ေထာင္အျပည့္ေတာ့မရဘူး”ဟု ၎ကဆိုသည္။
လင္းလင္းတို႔ ေငြေၾကး အလႊဲ၊ အေျပာင္း လုပ္ခဲ့ရာတြင္ ဟြန္ဒီတစ္ခုတည္းက လုပ္ခဲ့ျခင္း မဟုတ္ ဘဲ ေနရာ ျဖန႔္လႊဲျခင္းမ်ိဳးလည္းျဖစ္ႏိုင္ေၾကာင္း ၎ကသုံး သပ္သည္။ တစ္ဖက္တြင္လည္း CDM လုပ္ရန္၊ ေတာ္လွန္ေရးလုပ္ရန္တြန္းအားေပးေနခဲ့ၿပီး လူငယ္မ်ားကို ၎တို႔လႈံ႕ေဆာ္မႈေနာက္ ေကာက္ေကာက္ပါ ေစရန္ႀကိဳးပမ္းခဲ့သည္။ ထို႔ျပင္ ေတာ္လွန္ေရး ရန္ပုံေငြဟုဆိုကာ အျခားႏိုင္ငံမ်ားသို႔သြားေရာက္ကာ ေဖ်ာ္ ေျဖပြဲမ်ားျပဳလုပ္သည္။ ယင္းအတြက္ရရွိေသာအလႉ ေငြမ်ားကို ၎တို႔အေခၚ ေတာ္လွန္ေရး၏ မည္ သည့္ေနရာတြင္သုံးသည္၊ မသုံးသည္ မသိရေသာ္လည္း မင္ေမာင္းေကာင္းေကာင္းျဖင့္ ပရိသတ္ မ်က္ ရည္ကို ခ်ဴခဲ့ေၾကာင္းေတာ့ေသခ်ာသည္။
တစ္ဖက္တြင္ လင္းလင္း၏မိန္းမျဖစ္ေသာ ခ်စ္သုေဝ၏အေၾကာင္းကိုလည္း ေျပာရန္လိုအပ္ လာသည္။ ခ်စ္သုေဝအေနျဖင့္ အြန္လိုင္းထက္တြင္ သ နားစဖြယ္အမူအရာမ်ိဳးလည္း ျပဳလုပ္ ျပေလ့ရွိ သည္။ လင္းလင္းက ထိုင္းႏိုင္ငံတြင္ေနထိုင္ကာ မုတ္ဆိတ္ ေမြး၊ ပါးသိုင္းေမြးမ်ားျဖင့္ ေတာပုန္းအသြင္ရွိ ေနခ်ိန္ ခ်စ္သုေဝကလည္း ေတာ္လွန္ေရးဘက္သား စိတ္ဖိစီး မႈဒဏ္အျပည့္ျဖစ္ေနေသာ အမ်ိဳးသမီး တစ္ဦးအျဖစ္ ျမင္ရသည္။
ထို႔ေနာက္ ၎တို႔၏ပရိသတ္မ်ား ထင္မွတ္မထားေသာအခ်ိန္တြင္ သ႐ုပ္ေဆာင္ခ်စ္သုေဝက အႁမႊာသမီး (၂) ဦး၏အနာဂတ္အတြက္ ေျပာင္းေ႐ႊ႕ေတာ့မည္ဟုေျပာၾကားၿပီး ကိုယ္တိုင္လည္း မ်က္ရည္ လည္႐ြဲျဖစ္ေနေသာ ဗီဒီယိုတစ္ခုတက္လာသည္။ ၎ တို႔လႈံ႕ေဆာ္ေသာေၾကာင့္အလုပ္ထြက္ခဲ့ရေသာ CDM မိသားစုဝင္မ်ားႏွင့္ ၎တို႔၏သားသမီးမ်ား လမ္းေပ်ာက္ေနခ်ိန္တြင္ အႁမႊာကေလးႏွစ္ဦးအတြက္ အေမရိကန္သို႔ေျပာင္းေ႐ႊ႕ေတာ့မည့္သတင္းမွာ အံ့အားသင့္စရာလည္းျဖစ္ခဲ့သည္။ ထို႔ေနာက္ အေမရိကန္ တြင္ ေတာ္လွန္ေရးရန္ပုံေငြဟုဆိုကာ ေဖ်ာ္ေျဖပြဲမ်ားျပဳလုပ္ေနစဥ္ အိမ္ဝယ္ လိုက္ၿပီျဖစ္ေၾကာင္း သတင္း ထြက္လာသည္။ ယခုမွ ေကာက္ဝယ္ျခင္းမဟုတ္ဘဲ ေမလအတြင္းကဝယ္ခဲ့ျခင္းျဖစ္ၿပီး လင္းလင္း ကိုယ္ တိုင္ အဆိုပါအိမ္ႏွင့္ ပတ္သက္ေသာအခ်က္အလက္မ်ားကို ၎၏လူမႈကြန္ ရက္ေဖ့စ္ဘြတ္ စာမ်က္ႏွာ ထက္တြင္ အျခားသူတစ္ဦးကိုအေၾကာင္းျပဳကာ ေအာက္တိုဘာလ (၃) ရက္တြင္ မွတင္ခဲ့သည္။ သို႔ေသာ္ အေကာင္းတင္ခဲ့ျခင္း မဟုတ္ဘဲ ရန္စြယ္ေငါေငါသေဘာျဖင့္တင္ခဲ့ျခင္းျဖစ္ၿပီး ယင္း အေၾကာင္းျပဳခံရ သူက ျပန္လည္ရွင္းလင္းရာတြင္ ျပန္ လည္ရန္လုပ္ခဲ့သည္ကိုေတြ႕ျမင္ရသည္။ ယင္းသို႔ ရန္ လုပ္ရာတြင္ လင္းလင္း၏ထုံးစံအတိုင္း “ဘယ္စြပ္စြဲမႈကိုမွ ငါက ေျဖရွင္းေပးဖို႔ ဘယ္ေကာင္နဲ႔မွ စာခ်ဳပ္ မထားဘူး”ဟု ျပန္လည္ေရးသားထားသည္။ အေမရိ ကန္ကဲ့သို႔ႏိုင္ငံတြင္ အိမ္ဝယ္သည္မွာ မထူးဆန္းေသာ္လည္း ထူး ဆန္းသည္က ၎တို႔၏အိမ္အေနအထား ႏွင့္ ပတ္ဝန္းက်င္အေျခအေနျဖစ္သည္။ အိမ္၏တန္ ဖိုးမွာ အေမရိကန္ေဒၚလာ (၄၉၀ဝဝဝ)ျဖစ္ၿပီး Texas ျပည္နယ္ Katy ၿမိဳ႕တြင္တည္ရွိသည္။
အိမ္ႀကီးအိမ္ေကာင္းဟုလည္းဆိုႏိုင္ၿပီး ႏွစ္ ထပ္အေဆာက္အအုံတြင္ အိပ္ခန္း (၄)ခန္းပါဝင္ကာ ၿခံဧရိယာမွာ (ဝ.၂၉)ဧကရွိၿပီး ပတ္ဝန္းက်င္ တည္ၿငိမ္ေအးခ်မ္းေသာေၾကာင့္ မည္သူမဆိုလိုခ်င္ေသာ ေနရာမ်ိဳးျဖစ္သည္။ အိမ္အနီးတြင္ အနားယူရန္၊ အားကစား လုပ္ရန္ေနရာမ်ားပါဝင္ၿပီး ကေလးမ်ား အတြက္ ပညာသင္ၾကားႏိုင္မည့္ေနရာမ်ားကလည္း မေဝးသည့္ေန ရာတြင္ရွိေသာေၾကာင့္ လင္းလင္းတို႔ ေ႐ြးခ်ယ္ခဲ့ျခင္း ျဖစ္ဖြယ္ရွိသည္။ အိမ္အတြက္ ေခ်းေငြျဖင့္ဝယ္ယူသည္ဟုလည္း ဆိုေလေသာေၾကာင့္ ၎တို႔ ျပန္ဆပ္ရမည့္ပမာဏမွာ တစ္လလွ်င္ ေဒၚလာေထာင့္ငါးရာနီးပါးရွိလိမ့္မည္ဟု သိရွိသူတစ္ဦးက ဆိုေသာ္လည္း အဆိုပါအခ်က္ကို သီးျခားအတည္ျပဳႏိုင္ျခင္းမရွိခဲ့ေပ။ လင္းလင္းတို႔ ခ်စ္သုေဝတို႔ လက္ရွိ အလုပ္ဆို၍ နာမည္ကို အသုံးျပဳကာ သီခ်င္းထုတ္ျခင္းမွအပ အျခားအလုပ္အကိုင္ဟူ၍ကား လက္ဆုပ္ လက္ကိုင္ျပသျခင္းမ်ိဳး မရွိေသးပါ။ သို႔ေသာ္ အိမ္ေတာ့ဝယ္ထားၿပီးျဖစ္သည္။ ျဖစ္ႏိုင္သည္မွာ ေတာ္လွန္ ေရးအတြက္ဗန္းျပကာ ဆက္လက္အလႉခံဖြယ္ရွိၿပီး အေမရိကန္သို႔ေရာက္ ႏွင့္ေလၿပီးေသာေငြမ်ားကို အသုံးျပဳကာ စီးပြားေရး လုပ္ျခင္း သို႔မဟုတ္ အျခားေသာအလုပ္တစ္ခုခုကို ဆက္လုပ္ကာ ယင္းႏိုင္ငံတြင္ ဆက္လက္ေနထိုင္သြား မည္မွာေသခ်ာသည္။ ယင္းႏွင့္ပတ္သက္၍ အမည္မေဖာ္လိုေသာ NUG ေထာက္ ခံသူတစ္ဦးကို NP News က ဆက္သြယ္ေမးျမန္းခဲ့ရာ အိမ္ဝယ္သည္ကိုအျပစ္မျမင္ေသာ္လည္း အေမရိ ကန္ သြားမည္ဟုရည္မွန္းခ်က္ထားၿပီးလုပ္ခဲ့ေသာေၾကာင့္ စိတ္မေကာင္းျဖစ္ရသည္ဟုဆိုသည္။
“အေစာတည္းက အိမ္ဝယ္မယ္ေျပာင္းေနဖို႔ စိတ္ကူးရွိတယ္ဆိုရင္လည္း တစ္မ်ိဳးေပါ့။ အခုက ျပည္တြင္းထဲကလူေတြကိုေတာ့ CDM မလုပ္လို႔တို႔ ဘာမလုပ္လို႔တို႔ေျပာၿပီး သူတို႔က အနာဂတ္အတြက္ ႀကိဳစီစဥ္ထားၿပီးသားေလ။ ဒီမွာက ဘာမွမစီစဥ္ထားတဲ့ သူေတြကို မင္းတို႔လုပ္ၾက၊ ငါေတာ့သြားမယ္ ဆိုတာမ်ိဳး ကိုစိတ္မေကာင္းဘူး။ သာအတူ နာအတူဆိုတာမ်ိဳးက ရဲေဘာ္ရဲဘက္စိတ္လို႔ေခၚပါတယ္”ဟု ၎ကေျပာသည္။ စိတ္မေကာင္းစရာကား ယင္းသို႔လုပ္သည့္တိုင္ အေမရိကန္ကဲ့သို႔ႏိုင္ငံမ်ိဳးတြင္ အိမ္ ဝယ္ရလြယ္ေၾကာင္း လင္းလင္းတို႔ဘက္ကဆင္ေျခေပးသူမ်ားပင္ အြန္လိုင္းထက္ရွိေနေသး၏။ သို႔ေသာ္ ၎တို႔မသိသည္က လင္းလင္းတို႔ဝယ္ခဲ့ေသာအိမ္မွာ တိုက္ခန္း မဟုတ္ေၾကာင္းျဖစ္သည္။ ထို႔ျပင္ ထပ္ မသိသည္မွာ CDM လုပ္ရန္ခိုင္းၿပီး ခိုင္းသူက အေမရိကန္တြင္ ဘဝသစ္ထူေထာင္ရန္ ႀကိဳးစားေနျခင္း ျဖစ္၏။
လင္းလင္းကား “ေနတတ္သလို ေနပါေတာ့ကြယ္ နင္ေရာက္ရွိတဲ့အရပ္ဆီမွာေလ ေနေပ်ာ္ေအာင္ ငါဆု ေတာင္းလို႔ေပးပါတယ္” ဆိုေသာစာသားအတိုင္း အမွန္တကယ္က်င့္သုံးသြားေလတည္း။

Related news

© 2021. All rights reserved.