ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများ ကား ဝယ်ယူခွင့်ကြေညာချက်မှာ အတုဖြစ်

 396

စော(NP News)-အောက်တိုဘာ ၁၄
ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများ ကား ဝယ်ယူခွင့်ပြုရေးကိစ္စနှင့် စပ်လျဉ်း၍ လူမှုကွန်ယက်တွင် ပျံ့နှံ့လျက်နေသော ကြေညာချက်တစ်စောင်သည် အတုဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
အဆိုပါကြေညာချက်အတုတွင် တပ်မတော်သားအရာရှိကြီးများကို ရာထူးအဆင့်အလိုက် အချိန်ကန့်သတ်ချက်ဖြင့် အငြိမ်းစားယူရန် သတ်မှတ်ထားသည့်အတွက် စစ်မှုထမ်းကောင်းတံဆိပ် ရရှိထားသော ပင်စင်ယူ ရန် (၃) နှစ်အလိုဖြစ်သော တာဝန်ထမ်းဆောင်ဆဲ တပ်မတော်သား(အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်အဆင့် မှ ဒုတိယညွှန်ကြားရေးမှူးချုပ်အဆင့်အထိ နိုင်ငံ့ဝန်ထမ်းများနှင့် ရာထူးအဆင့်တူညီသူ) (၅၀၁)ယောက်ကို ပြည်ပက မော်တော်ယာဉ် တင်သွင်းခွင့် ဒါမှမဟုတ် ပြည်တွင်း အရောင်းပြခန်းတွေကနေ ဝယ်ခွင့်ပြုမည်ဟု ဖော်ပြထားသည်။
ပင်စင်ယူဖို ၃ နှစ်အလိုဖြစ်တဲ့ တာဝန်ထမ်းဆောင်ဆဲ တပ်မတော်သား(လက်ထောက်ညွှန်ကြားရေးမှူးအဆင့် မှရုံးအကူအဆင့်ထိ နိုင်ငံဝန်ထမ်းများနှင့် ရာထူးအဆင့်တူညီသူ) (၄၀၄၉) ယောက်ကို ပြည်တွင်းတွင် SKD စနစ်ဖြင့် ထုတ်လုပ်သော မော်တော်ယာဉ်များကို ဝယ်ယူခွင့် ပြုမည်ဟု ဖော်ပြထားသေးသည်။
အဆိုပါ ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်း များအား မော်တော်ယာဉ်ဝယ်ယူခွင့်ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လတ်တလောထုတ်ပြန်ထားခြင်း မရှိကြောင်းလည်း သိရသည်။
ဝန်ကြီးဌာနအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် နိုင်ငံတော်ပိုင်သတင်းစာများမှတစ်ဆင့် ထုတ်ပြန်ဆောင်ရွက်ခဲ့ ဖူးပြီး အဆိုပါထုတ်ပြန်ချက်အား ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ရပ်ဆိုင်းခဲ့ပြီးဖြစ်ကြောင်း ဖော်ပြထားသည်။
ယခုဆိုရှယ်မီဒီယာ၌ ဖော်ပြနေသည့် အချက်အလက်များသည် ၂၀၂၀ ပြည့်နှစ် တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်ပေါ်၌ Facebook ၏ Memory ပြန်တက်လာတဲ့အပေါ် အချက်အလက်၊ ခုနှစ် များ ပြင်ဆင်ပြီး ပြည်သူလူထုအကြား မော်တော်ကားစျေးကွက် မတည်မငြိမ်ဖြစ် စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ကြေညာချက်အတု ဖြန့်ဝေဆောင်ရွက်ခြင်းဖြစ် ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ပြည်သူ့ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူအကြား စည်းလုံးညီညွတ်မှု ပျက်ပြား စေရန် အငြင်းပွားဖွယ်ရာကိစ္စများကို သွေးထိုးလှုံ့ဆော်ပြီး ရွေးကောက်ပွဲကာလ မတိုင်ခင် နိုင်ငံရေးမတည်မငြိမ်ဖြစ်စေရန် မသမာသူတွေက လုပ်ကြံသတင်းဖြန့် ကြေညာချက်အတုထုတ်ပြန်ခြင်းဖြစ်သည်ဟု ထင်မြင်ယူဆကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောဆိုထားကြောင်းသိရ သည်။

Zawgyi Version:
ျပည္သူ႔ဝန္ထမ္းႏွင့္ ႏိုင္ငံ့ဝန္ထမ္းမ်ား ကား ဝယ္ယူခြင့္ေၾကညာခ်က္မွာ အတုျဖစ္
ေစာ(NP News)-ေအာက္တိုဘာ ၁၄
ျပည္သူ႔ဝန္ထမ္းႏွင့္ ႏိုင္ငံ့ဝန္ထမ္းမ်ား ကား ဝယ္ယူခြင့္ျပဳေရးကိစၥႏွင့္ စပ္လ်ဥ္း၍ လူမႈကြန္ယက္တြင္ ပ်ံ႕ႏွံ႔လ်က္ေနေသာ ေၾကညာခ်က္တစ္ေစာင္သည္ အတုျဖစ္ေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရသိရသည္။
အဆိုပါေၾကညာခ်က္အတုတြင္ တပ္မေတာ္သားအရာရွိႀကီးမ်ားကို ရာထူးအဆင့္အလိုက္ အခ်ိန္ကန႔္သတ္ခ်က္ျဖင့္ အၿငိမ္းစားယူရန္ သတ္မွတ္ထားသည့္အတြက္ စစ္မႈထမ္းေကာင္းတံဆိပ္ ရရွိထားေသာ ပင္စင္ယူ ရန္ (၃) ႏွစ္အလိုျဖစ္ေသာ တာဝန္ထမ္းေဆာင္ဆဲ တပ္မေတာ္သား(အၿမဲတမ္းအတြင္းဝန္၊ ၫႊန္ၾကားေရးမႉးခ်ဳပ္အဆင့္ မွ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္အဆင့္အထိ ႏိုင္ငံ့ဝန္ထမ္းမ်ားႏွင့္ ရာထူးအဆင့္တူညီသူ) (၅၀၁)ေယာက္ကို ျပည္ပက ေမာ္ေတာ္ယာဥ္ တင္သြင္းခြင့္ ဒါမွမဟုတ္ ျပည္တြင္း အေရာင္းျပခန္းေတြကေန ဝယ္ခြင့္ျပဳမည္ဟု ေဖာ္ျပထားသည္။
ပင္စင္ယူဖို ၃ ႏွစ္အလိုျဖစ္တဲ့ တာဝန္ထမ္းေဆာင္ဆဲ တပ္မေတာ္သား(လက္ေထာက္ၫႊန္ၾကားေရးမႉးအဆင့္ မွ႐ုံးအကူအဆင့္ထိ ႏိုင္ငံဝန္ထမ္းမ်ားႏွင့္ ရာထူးအဆင့္တူညီသူ) (၄၀၄၉) ေယာက္ကို ျပည္တြင္းတြင္ SKD စနစ္ျဖင့္ ထုတ္လုပ္ေသာ ေမာ္ေတာ္ယာဥ္မ်ားကို ဝယ္ယူခြင့္ ျပဳမည္ဟု ေဖာ္ျပထားေသးသည္။
အဆိုပါ ျပည္သူ႔ဝန္ထမ္းႏွင့္ ႏိုင္ငံ့ဝန္ထမ္း မ်ားအား ေမာ္ေတာ္ယာဥ္ဝယ္ယူခြင့္ကို စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနမွ လတ္တေလာထုတ္ျပန္ထားျခင္း မရွိေၾကာင္းလည္း သိရသည္။
ဝန္ႀကီးဌာနအေနျဖင့္ ၂၀၂၀ ျပည့္ႏွစ္၊ စက္တင္ဘာလ ၃၀ ရက္ေန႔တြင္ ႏိုင္ငံေတာ္ပိုင္သတင္းစာမ်ားမွတစ္ဆင့္ ထုတ္ျပန္ေဆာင္႐ြက္ခဲ့ ဖူးၿပီး အဆိုပါထုတ္ျပန္ခ်က္အား ၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၁ ရက္ေန႔တြင္ ရပ္ဆိုင္းခဲ့ၿပီးျဖစ္ေၾကာင္း ေဖာ္ျပထားသည္။
ယခုဆိုရွယ္မီဒီယာ၌ ေဖာ္ျပေနသည့္ အခ်က္အလက္မ်ားသည္ ၂၀၂၀ ျပည့္ႏွစ္ တြင္ ထုတ္ျပန္ခဲ့သည့္ ေၾကညာခ်က္ေပၚ၌ Facebook ၏ Memory ျပန္တက္လာတဲ့အေပၚ အခ်က္အလက္၊ ခုႏွစ္ မ်ား ျပင္ဆင္ၿပီး ျပည္သူလူထုအၾကား ေမာ္ေတာ္ကားေစ်းကြက္ မတည္မၿငိမ္ျဖစ္ ေစရန္ ရည္႐ြယ္ခ်က္ရွိရွိျဖင့္ ေၾကညာခ်က္အတု ျဖန႔္ေဝေဆာင္႐ြက္ျခင္းျဖစ္ ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ျပည္သူ႔ဝန္ထမ္း၊ ႏိုင္ငံ့ဝန္ထမ္းမ်ားႏွင့္ ျပည္သူအၾကား စည္းလုံးညီၫြတ္မႈ ပ်က္ျပား ေစရန္ အျငင္းပြားဖြယ္ရာကိစၥမ်ားကို ေသြးထိုးလႈံ႕ေဆာ္ၿပီး ေ႐ြးေကာက္ပြဲကာလ မတိုင္ခင္ ႏိုင္ငံေရးမတည္မၿငိမ္ျဖစ္ေစရန္ မသမာသူေတြက လုပ္ႀကံသတင္းျဖန႔္ ေၾကညာခ်က္အတုထုတ္ျပန္ျခင္းျဖစ္သည္ဟု ထင္ျမင္ယူဆေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက ေျပာဆိုထားေၾကာင္းသိရ သည္။

Related news

© 2021. All rights reserved.