နှစ်စဉ် နျူကလီးယားစစ်ရေးလေ့ကျင့်မှုကို နေတိုးအဖွဲ့ စတင်လုပ်ဆောင်

 94

Pika (NP News) - အောက်တိုဘာ ၁၅
နေတိုးအဖွဲ့ဟာ ၎င်းရဲ့နှစ်စဉ်နျူကလီးယားစစ်ရေးလေ့ကျင့်မှုကို နယ်သာလန်နိုင်ငံမှာ စတင်လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ အလားအလာရှိတဲ့ ရန်သူတွေဆီကို ပြတ်သားတဲ့အချက်ပြမှုတစ်ခုပေးပို့ဖို့အတွက် အဲဒီနျူကလီးယား စစ်ရေးလေ့ကျင့်မှုတွေကို လိုအပ်တယ်လို့လည်း နေတိုးအဖွဲ့အကြီးအကဲ မာ့ခ်ရူတီက ပြောကြားခဲ့ပါတယ်။
နေတိုးအဖွဲ့ဟာ ဥရောပတိုက်ကြီးကို စစ်လက်နက်တပ်ဆင်ပြီး ရုရှားနဲ့တိုက်ရိုက်ထိပ်တိုက်တွေ့ဆုံမှုတွေအတွက် ပြင်ဆင်နေတယ်လို့ ရုရှားဘက်က စွပ်စွဲပြောဆိုမှုတွေရှိနေချိန်မှာပဲ နေတိုးအဖွဲ့ရဲ့သီတင်းပတ်(၂)ပတ်ကြာမြင့်မယ့် Steadfast Noon လို့ အမည်ပေးထားတဲ့စစ်ရေးလေ့ကျင့်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။
အဲဒီစစ်ရေးလေ့ကျင့်မှုတွေဟာ နေတိုးအဖွဲ့ရဲ့ နျူကလီးယားအတားအဆီးတွေက တတ်နိုင်သမျှ သက်ရောက်မှု ရှိတယ်ဆိုတာကို သေချာစေဖို့ ကူညီပေးတယ်လို့လည်း မာ့ခ်ရူတီက ပြောကြားခဲ့ပါတယ်။
ယခုနှစ်မှာ လုပ်ဆောင်ခဲ့တဲ့ Steadfast Noon စစ်ရေးလေ့ကျင့်ခန်းကို နယ်သာလန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး Volkel လေတပ်စခန်းက အဓိကလည်ပတ်တဲ့နေရာတစ်ခုအဖြစ် ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် စစ်ရေးလေ့ကျင့်မှုအတွက် ထောက်ပံ့ရေးပစ္စည်းတွေဟာ ဗြိတိန်၊ ဘယ်လ်ဂျီယံ နဲ့ ဒိန်းမတ်နိုင်ငံ တို့က အခြေစိုက်စခန်းတွေမှာ တပ်စွဲထားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
အဲဒီစစ်ရေးလေ့ကျင့်မှုတွေမှာ အဖွဲ့ဝင်နိုင်ငံ(၁၄)နိုင်ငံက လေယာဉ်အစီးရေ(၇၀)ဝန်းကျင်ခန့် ပါဝင်သွားလိမ့်မယ်လို့ လည်း နေတိုးအဖွဲ့က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

Zawgyi Version:
ႏွစ္စဥ္ န်ဴကလီးယားစစ္ေရးေလ့က်င့္မႈကို ေနတိုးအဖြဲ႕ စတင္လုပ္ေဆာင္
Pika (NP News) - ေအာက္တိုဘာ ၁၅
ေနတိုးအဖြဲ႕ဟာ ၎ရဲ႕ႏွစ္စဥ္န်ဴကလီးယားစစ္ေရးေလ့က်င့္မႈကို နယ္သာလန္ႏိုင္ငံမွာ စတင္လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။ အလားအလာရွိတဲ့ ရန္သူေတြဆီကို ျပတ္သားတဲ့အခ်က္ျပမႈတစ္ခုေပးပို႔ဖို႔အတြက္ အဲဒီန်ဴကလီးယား စစ္ေရးေလ့က်င့္မႈေတြကို လိုအပ္တယ္လို႔လည္း ေနတိုးအဖြဲ႕အႀကီးအကဲ မာ့ခ္႐ူတီက ေျပာၾကားခဲ့ပါတယ္။
ေနတိုးအဖြဲ႕ဟာ ဥေရာပတိုက္ႀကီးကို စစ္လက္နက္တပ္ဆင္ၿပီး ႐ုရွားနဲ႔တိုက္႐ိုက္ထိပ္တိုက္ေတြ႕ဆုံမႈေတြအတြက္ ျပင္ဆင္ေနတယ္လို႔ ႐ုရွားဘက္က စြပ္စြဲေျပာဆိုမႈေတြရွိေနခ်ိန္မွာပဲ ေနတိုးအဖြဲ႕ရဲ႕သီတင္းပတ္(၂)ပတ္ၾကာျမင့္မယ့္ Steadfast Noon လို႔ အမည္ေပးထားတဲ့စစ္ေရးေလ့က်င့္မႈ ထြက္ေပၚလာတာျဖစ္ပါတယ္။
အဲဒီစစ္ေရးေလ့က်င့္မႈေတြဟာ ေနတိုးအဖြဲ႕ရဲ႕ န်ဴကလီးယားအတားအဆီးေတြက တတ္ႏိုင္သမွ် သက္ေရာက္မႈ ရွိတယ္ဆိုတာကို ေသခ်ာေစဖို႔ ကူညီေပးတယ္လို႔လည္း မာ့ခ္႐ူတီက ေျပာၾကားခဲ့ပါတယ္။
ယခုႏွစ္မွာ လုပ္ေဆာင္ခဲ့တဲ့ Steadfast Noon စစ္ေရးေလ့က်င့္ခန္းကို နယ္သာလန္ႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပခဲ့ၿပီး Volkel ေလတပ္စခန္းက အဓိကလည္ပတ္တဲ့ေနရာတစ္ခုအျဖစ္ ေဆာင္႐ြက္ေနတယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ စစ္ေရးေလ့က်င့္မႈအတြက္ ေထာက္ပံ့ေရးပစၥည္းေတြဟာ ၿဗိတိန္၊ ဘယ္လ္ဂ်ီယံ နဲ႔ ဒိန္းမတ္ႏိုင္ငံ တို႔က အေျခစိုက္စခန္းေတြမွာ တပ္စြဲထားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။
အဲဒီစစ္ေရးေလ့က်င့္မႈေတြမွာ အဖြဲ႕ဝင္ႏိုင္ငံ(၁၄)ႏိုင္ငံက ေလယာဥ္အစီးေရ(၇၀)ဝန္းက်င္ခန႔္ ပါဝင္သြားလိမ့္မယ္လို႔ လည္း ေနတိုးအဖြဲ႕က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.