မီးပွိုင့်တွေနဲ့ လမ်းဆိုင်းဘုတ်တွေမှာ တွဲလောင်းပုံစံနေကာ ဓာတ်ပုံရိုက်တဲ့ TikTok Trend ကို စင်ကာပူ LTA မှ သတိပေးထား

85
ရောင်နီ (NP News) - အောက်တိုဘာ ၁၅
မီးပွိုင့်တွေနဲ့ လမ်းဆိုင်းဘုတ်တွေမှာ တွဲလောင်းခိုကာ ဓာတ်ပုံ၊ ဗီဒီယိုရိုက်တဲ့ TikTok trend နဲ့ပတ်သက်ပြီး စင်ကာပူနိုင်ငံရဲ့ Land Transport Authority (LTA) က ဆိုရှယ်မီဒီယာအသုံးပြုသူတွေကို သတိပေးထားပါတယ်။
မီးပွိုင့်တွေ၊ လမ်းဆိုင်းဘုတ်တွေနဲ့ အခြားလမ်းဘေး အခြေခံ ဆိုင်းဘုတ်တွေမှ တွဲလောင်းခိုပြီး အမေရိကန် ရက်ပ်ပါ ကစ်ကူဒီရဲ့ ၂ဝဝ၈ ခုနှစ်ထွက် တေးသွား Maui Wowie နဲ့ content တွေ ဖန်တီးတဲ့ TikTok trend ကို သတိပြုမိထားတယ်လို့ LTA က အောက်တိုဘာ ၁၄ ရက်၊ Facebook မှာ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ပြောကြားခဲ့ပါ တယ်။ "ဒါက ပျော်စရာကောင်းပေမယ့် ကျွန်တော်တို့ရဲ့လမ်းအခြေခံ အဆောက်အအုံတွေက ကစားကွင်း မဟုတ်ပါဘူး။ လမ်း ခရီးသွားလာမှုကို အဆင်ပြေ ချောမွေ့စေပြီး လူတိုင်းကို ဘေးကင်းစေပါတယ်၊ အဲဒါတွေကို ဆိုရှယ်မီဒီယာအတွက် trend တစ်ခုအဖြစ်မသုံးပါနဲ့၊ လမ်းတွေကို လုံခြုံအောင်ထားပေးကြပါ" လို့ ဆိုပါတယ်။
ဒီစတန့်ကို TikTok အသုံးပြုသူ @aaronxbrownn က စတင်ခဲ့ပြီး ကြည့်ရှုသူ သန်းပေါင်းများစွာရရှိကာ trend တစ်ခု ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version:
မီးပြိဳင့္ေတြနဲ႔ လမ္းဆိုင္းဘုတ္ေတြမွာ တြဲေလာင္းပုံစံေနကာ ဓာတ္ပုံ႐ိုက္တဲ့ TikTok Trend ကို စင္ကာပူ LTA မွ သတိေပးထား
ေရာင္နီ (NP News) - ေအာက္တိုဘာ ၁၅
မီးပြိဳင့္ေတြနဲ႔ လမ္းဆိုင္းဘုတ္ေတြမွာ တြဲေလာင္းခိုကာ ဓာတ္ပုံ၊ ဗီဒီယို႐ိုက္တဲ့ TikTok trend နဲ႔ပတ္သက္ၿပီး စင္ကာပူႏိုင္ငံရဲ႕ Land Transport Authority (LTA) က ဆိုရွယ္မီဒီယာအသုံးျပဳသူေတြကို သတိေပးထားပါတယ္။
မီးပြိဳင့္ေတြ၊ လမ္းဆိုင္းဘုတ္ေတြနဲ႔ အျခားလမ္းေဘး အေျခခံ ဆိုင္းဘုတ္ေတြမွ တြဲေလာင္းခိုၿပီး အေမရိကန္ ရက္ပ္ပါ ကစ္ကူဒီရဲ႕ ၂ဝဝ၈ ခုႏွစ္ထြက္ ေတးသြား Maui Wowie နဲ႔ content ေတြ ဖန္တီးတဲ့ TikTok trend ကို သတိျပဳမိထားတယ္လို႔ LTA က ေအာက္တိုဘာ ၁၄ ရက္၊ Facebook မွာ ဗီဒီယိုဖိုင္တစ္ခုနဲ႔အတူ ေျပာၾကားခဲ့ပါ တယ္။ "ဒါက ေပ်ာ္စရာေကာင္းေပမယ့္ ကြၽန္ေတာ္တို႔ရဲ႕လမ္းအေျခခံ အေဆာက္အအုံေတြက ကစားကြင္း မဟုတ္ပါဘူး။ လမ္း ခရီးသြားလာမႈကို အဆင္ေျပ ေခ်ာေမြ႕ေစၿပီး လူတိုင္းကို ေဘးကင္းေစပါတယ္၊ အဲဒါေတြကို ဆိုရွယ္မီဒီယာအတြက္ trend တစ္ခုအျဖစ္မသုံးပါနဲ႔၊ လမ္းေတြကို လုံၿခဳံေအာင္ထားေပးၾကပါ" လို႔ ဆိုပါတယ္။
ဒီစတန႔္ကို TikTok အသုံးျပဳသူ @aaronxbrownn က စတင္ခဲ့ၿပီး ၾကည့္ရႈသူ သန္းေပါင္းမ်ားစြာရရွိကာ trend တစ္ခု ျဖစ္လာခဲ့တယ္လို႔ သိရပါတယ္။