AA ၏ မူးယစ်ဆေးဝါးသယ်ဆောင်သော လမ်းကြောင်းတွင် PDF များ ပါဝင်ပတ်သက်နေပြီး နောက်ကွယ်တွင် စိတ်ဝမ်းကွဲပြားမှုများဖြစ်နေ

262

သန့်ဇင် (NP News) - အောက်တိုဘာလ ၁၅
AA ၏ မူးယစ်ဆေးဝါးသယ်ဆောင်သော လမ်းကြောင်းတွင် PDF များ ပါဝင်ပတ်သက်နေပြီး ပမာဏ ကြီးစွာ ဖမ်းဆီးခံရပြီးနောက် နောက်ကွယ်တွင် စိတ်ဝမ်းကွဲပြားခြင်းများဖြစ်နေကြောင်း အမျိုး သားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက အောက်တိုဘာလ (၉) ရက်တွင် ထည့်သွင်း ပြောကြားသည်။
AA အဖွဲ့များသည် ဒေသခံများအား ငွေ ကြေးမက်လုံးပေးကာ မူးယစ်ဆေးဝါးသယ်ဆောင် စေပြီး ရခိုင်ပြည်နယ်ရှိဒေသခံများထံ ရောင်းချခြင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ရေလမ်းမှတစ်ဆင့် အခြား နိုင်ငံများကို ချိတ်ဆက်ရောင်းချနေကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုသည်။
“ဒါတွေကို ဘင်္ဂလားဒေ့ရှ် နယ်ခြား စောင့် တပ် (BGB) ရဲ့ ရာမူးစစ်ဌာနချုပ်မှူးကိုယ်တိုင် စက်တင်ဘာလ (၁၅) ရက်က သတင်းစာ ရှင်းလင်းပွဲ မှာ ပြောကြားခဲ့တာကိုလည်း တွေ့ရပါတယ်။ ယခင် ကတော့ ဒီရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ မြန်မာ နိုင်ငံရဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့တွေလုံခြုံရေး ဆောင် ရွက်နေတဲ့ အခြေအနေမှာ ဒီလိုကိစ္စတွေကို ကောင်း မွန်စွာ ကိုင်တွယ်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အခုကတော့ သူတို့လွှမ်းမိုးနေတဲ့နယ်မြေမှာ AA သောင်းကျန်းသူ တပ်ဖွဲ့ဝင်တွေကိုယ်တိုင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ တခြားနိုင်ငံတွေကို မူးယစ်ဆေးဝါးတွေ အတားအဆီးမဲ့စွာ တင်သွင်းတင်ပို့နေကြောင်း တွေ့ရတာဖြစ်ပါတယ်။ ဒီလိုပို့ဆောင်ဖြန့်ဖြူးရရှိတဲ့ငွေတွေကနေ တစ်ဆင့် ရိက္ခာ၊ လက်နက် / ခဲယမ်းတွေ ဝယ်ယူနေခြင်းဖြစ် ကြောင်းလည်းတွေ့ရှိရပါတယ်”ဟု ဗိုလ်ချုပ်ဇော် မင်းထွန်းက ပြောသည်။
ထို့ပြင် PDF များသည်လည်း AA ၏မူးယစ်ဆေးဝါး သယ်ဆောင်ဖြန့်ဖြူးရာလမ်းကြောင်းတွင် ပါဝင် ပတ်သက်နေပြီး ယင်းမှရရှိလာသည့် အ ကျိုးအမြတ်များကိုမျှော်လင့်နေကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။ “AAသောင်းကျန်းသူအဖွဲ့ရဲ့ လက်ဝေခံ PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူအဖွဲ့တွေကလည်း မူးယစ်ဆေးဝါးသယ်ဆောင်ဖြန့်ဖြူးတဲ့လမ်းကြောင်းမှာ ပါဝင်ပတ်သက်နေပြီး အဲဒီကနေရရှိလာတဲ့ အကျိုးအမြတ်တွေကို မျှော်လင့်ခဲ့ရာကနေပြီးတော့ ပမာဏကြီးကြီး ဖမ်းဆီးခံလိုက်ရတဲ့အချိန်ရဲ့ နောက်ကွယ်မှာ တော့ ငွေကြေးကျပ်တည်းမှုတွေနဲ့အတူ စိတ်ဝမ်းကွဲပြားမှုတွေ၊ အလင်းဝင်ရောက်မှုတွေ၊ အချင်းချင်းစွပ်စွဲ သတ်ဖြတ်မှုတွေ ဖြစ်ပေါ်နေတာလည်း တွေ့ရပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ထို့ကြောင့် လက်ရှိတွင် PDF အဖွဲ့ဝင် (၈၂၃) ဦးအထိ ဥပဒေဘောင်အတွင်း ပြန်လည်အ လင်းဝင်လာပြီး ဆက်လက်အလင်းဝင်ရန်လည်း ချိတ် ဆက်ဆောင်ရွက်နေသည့်အဖွဲ့များရှိကြောင်း ဗိုလ် ချုပ်ဇော်မင်းထွန်းက ဆိုသည်။
“ လက်ရှိအချိန်အထိ တစ်နိုင်ငံလုံးက PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ ဝင်တွေဟာ တရားဥပဒေဘောင်အတွင်း အလင်းဝင် ရောက်လာမှု (၈၂၃) ဦးအထိ ရှိလာပြီဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း အလင်းဝင်ဖို့ ချိတ်ဆက် ဆောင်ရွက်နေတဲ့အဖွဲ့တွေလည်းရှိပါတယ်။ နိုင်ငံ တော်အစိုးရအနေနဲ့ (၂၀၁၈) ခုနှစ်ကနေ ယခုအထိ EAOs တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပေးခြင်း (၂၇ )ကြိမ် ကြေညာခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုကြောင့် အကြမ်းဖက်ဖြစ်နေတဲ့ PDF အပါအဝင် အခြားအဖွဲ့အစည်းတွေကိုလည်း ဥပဒေဘောင်အတွင်း ဝင်ရောက်ဖို့ သုံးကြိမ်တိုင် ဖိတ် ခေါ်ပြီးဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ AA ၏ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်း ချမှုသည် လွန်ခဲ့သည့် (၂၀၁၃) ခုနှစ်ကပင်စတင်ခဲ့ပြီး (၂၀၁၅) ခုနှစ်မှ လက်ရှိအချိန်အထိ ဖမ်းဆီးရမိမှု ပေါင်း (၁၆) ကြိမ်နှင့် ကျပ် (၁၂၃၃ ဒသမ ၆၇) ဘီလျံ အထိ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် AA ၏ မူးယစ်ဆေးဝါးရောင်းဝယ် မှုကို ယင်းအဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ ထွန်းမြတ်နိုင် ကိုယ်တိုင်က ခိုင်းစေခြင်းဖြစ်ပြီး ဗိုလ်ကြီးအဆင့်ရှိသူ ၊ဗိုလ်အဆင့်ရှိသူနှင့် ဒုတိယဗိုလ်အဆင့်ရှိသူများ လည်း ပါဝင်ကြောင်း သိရသည်။
ထို့ကြောင့် AA ၏ မူးယစ်ဆေးဝါးသယ် ဆောင်မှုအပါအဝင် အခြားသောမူးယစ်ဆေးဝါးသယ် ဆောင်ရောင်းချနေခြင်းကို အမျိုးသားရေးတစ်ရပ် အ နေဖြင့် နှိမ်နင်းဖို့ လိုပြီဖြစ်ကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူတစ်ဦးက ဆိုသည်။ “ပထမဆုံးတစ်ချက် အနေနဲ့ ဒါကို အမျိုးသားရေးတစ်ရပ်အနေနဲ့ နှိမ်နင်းဖို့ လိုပါတယ်။ သို့သော် အဲဒီလိုနှိမ်နင်းဖို့လိုတဲ့အခါမှာ ဘယ်သူတွေက နှိမ်နင်းမှာလဲပေါ့နော်။ Who is do ပေါ့နော်။ ဘယ်သူလုပ်မလဲ။ အဓိက လုပ်မယ့်သူတွေ က နိုင်ငံတော်အစိုးရရဲ့ အဖွဲ့အစည်းတွေပေါ့နော်။ အစိုးရရဲ့အဖွဲ့စည်းတိုင်းက အစိုးရရဲ့လက်တံတွေ အားလုံးက အစိုးရရဲ့ထုတ်ပြန်လိုက်တဲ့ အမိန့်နဲ့ညွှန် ကြားချက်တွေကို အကောင်အထည်ဖော်တဲ့အခါမှာ အဲဒါကို မဖော်ဘဲနဲ့ အဲဒါကို သူ့ရဲ့လာဘ်လာဘအတွက် အကျိုးစီးပွားအတွက် ရှိနေတယ်။ အဓိကကတော့ အဂတိလိုက်စားမှုရှိနေတယ်။ အဲဒီအခါမှာ ဒါတွေက ဘယ်တော့မှမအောင်မြင်ဘူး အဲဒီအချက်က အဓိက အကျဆုံးအချက်ဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။

Zawgyi Version:
AA ၏ မူးယစ္ေဆးဝါးသယ္ေဆာင္ေသာ လမ္းေၾကာင္းတြင္ PDF မ်ား ပါဝင္ပတ္သက္ေနၿပီး ေနာက္ကြယ္တြင္ စိတ္ဝမ္းကြဲျပားမႈမ်ားျဖစ္ေန
သန႔္ဇင္ (NP News) - ေအာက္တိုဘာလ ၁၅
AA ၏ မူးယစ္ေဆးဝါးသယ္ေဆာင္ေသာ လမ္းေၾကာင္းတြင္ PDF မ်ား ပါဝင္ပတ္သက္ေနၿပီး ပမာဏ ႀကီးစြာ ဖမ္းဆီးခံရၿပီးေနာက္ ေနာက္ကြယ္တြင္ စိတ္ဝမ္းကြဲျပားျခင္းမ်ားျဖစ္ေနေၾကာင္း အမ်ိဳး သားကာကြယ္ေရး ႏွင့္ လုံၿခဳံေရးေကာင္စီ သတင္း ထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ေအာက္တိုဘာလ (၉) ရက္တြင္ ထည့္သြင္း ေျပာၾကားသည္။
AA အဖြဲ႕မ်ားသည္ ေဒသခံမ်ားအား ေငြ ေၾကးမက္လုံးေပးကာ မူးယစ္ေဆးဝါးသယ္ေဆာင္ ေစၿပီး ရခိုင္ျပည္နယ္ရွိေဒသခံမ်ားထံ ေရာင္းခ်ျခင္း၊ ဘဂၤလားေဒ့ရွ္ႏိုင္ငံႏွင့္ ေရလမ္းမွတစ္ဆင့္ အျခား ႏိုင္ငံမ်ားကို ခ်ိတ္ဆက္ေရာင္းခ်ေနေၾကာင္း ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ဆိုသည္။
“ဒါေတြကို ဘဂၤလားေဒ့ရွ္ နယ္ျခား ေစာင့္ တပ္ (BGB) ရဲ႕ ရာမူးစစ္ဌာနခ်ဳပ္မႉးကိုယ္တိုင္ စက္တင္ဘာလ (၁၅) ရက္က သတင္းစာ ရွင္းလင္းပြဲ မွာ ေျပာၾကားခဲ့တာကိုလည္း ေတြ႕ရပါတယ္။ ယခင္ ကေတာ့ ဒီရခိုင္-ဘဂၤလားေဒ့ရွ္နယ္စပ္မွာ ျမန္မာ ႏိုင္ငံရဲ႕ နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕ေတြလုံၿခဳံေရး ေဆာင္ ႐ြက္ေနတဲ့ အေျခအေနမွာ ဒီလိုကိစၥေတြကို ေကာင္း မြန္စြာ ကိုင္တြယ္ထိန္းခ်ဳပ္ႏိုင္ခဲ့ပါတယ္။ အခုကေတာ့ သူတို႔လႊမ္းမိုးေနတဲ့နယ္ေျမမွာ AA ေသာင္းက်န္းသူ တပ္ဖြဲ႕ဝင္ေတြကိုယ္တိုင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံနဲ႔ တျခားႏိုင္ငံေတြကို မူးယစ္ေဆးဝါးေတြ အတားအဆီးမဲ့စြာ တင္သြင္းတင္ပို႔ေနေၾကာင္း ေတြ႕ရတာျဖစ္ပါတယ္။ ဒီလိုပို႔ေဆာင္ျဖန႔္ျဖဴးရရွိတဲ့ေငြေတြကေန တစ္ဆင့္ ရိကၡာ၊ လက္နက္ / ခဲယမ္းေတြ ဝယ္ယူေနျခင္းျဖစ္ ေၾကာင္းလည္းေတြ႕ရွိရပါတယ္”ဟု ဗိုလ္ခ်ဳပ္ေဇာ္ မင္းထြန္းက ေျပာသည္။
ထို႔ျပင္ PDF မ်ားသည္လည္း AA ၏မူးယစ္ေဆးဝါး သယ္ေဆာင္ျဖန႔္ျဖဴးရာလမ္းေၾကာင္းတြင္ ပါဝင္ ပတ္သက္ေနၿပီး ယင္းမွရရွိလာသည့္ အ က်ိဳးအျမတ္မ်ားကိုေမွ်ာ္လင့္ေနေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။ “AAေသာင္းက်န္းသူအဖြဲ႕ရဲ႕ လက္ေဝခံ PDF အမည္ခံအၾကမ္းဖက္ ေသာင္းက်န္းသူအဖြဲ႕ေတြကလည္း မူးယစ္ေဆးဝါးသယ္ေဆာင္ျဖန႔္ျဖဴးတဲ့လမ္းေၾကာင္းမွာ ပါဝင္ပတ္သက္ေနၿပီး အဲဒီကေနရရွိလာတဲ့ အက်ိဳးအျမတ္ေတြကို ေမွ်ာ္လင့္ခဲ့ရာကေနၿပီးေတာ့ ပမာဏႀကီးႀကီး ဖမ္းဆီးခံလိုက္ရတဲ့အခ်ိန္ရဲ႕ ေနာက္ကြယ္မွာ ေတာ့ ေငြေၾကးက်ပ္တည္းမႈေတြနဲ႔အတူ စိတ္ဝမ္းကြဲျပားမႈေတြ၊ အလင္းဝင္ေရာက္မႈေတြ၊ အခ်င္းခ်င္းစြပ္စြဲ သတ္ျဖတ္မႈေတြ ျဖစ္ေပၚေနတာလည္း ေတြ႕ရပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
ထို႔ေၾကာင့္ လက္ရွိတြင္ PDF အဖြဲ႕ဝင္ (၈၂၃) ဦးအထိ ဥပေဒေဘာင္အတြင္း ျပန္လည္အ လင္းဝင္လာၿပီး ဆက္လက္အလင္းဝင္ရန္လည္း ခ်ိတ္ ဆက္ေဆာင္႐ြက္ေနသည့္အဖြဲ႕မ်ားရွိေၾကာင္း ဗိုလ္ ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။
“ လက္ရွိအခ်ိန္အထိ တစ္ႏိုင္ငံလုံးက PDF အမည္ခံ အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕ ဝင္ေတြဟာ တရားဥပေဒေဘာင္အတြင္း အလင္းဝင္ ေရာက္လာမႈ (၈၂၃) ဦးအထိ ရွိလာၿပီျဖစ္ပါတယ္။ ဆက္လက္ၿပီးေတာ့လည္း အလင္းဝင္ဖို႔ ခ်ိတ္ဆက္ ေဆာင္႐ြက္ေနတဲ့အဖြဲ႕ေတြလည္းရွိပါတယ္။ ႏိုင္ငံ ေတာ္အစိုးရအေနနဲ႔ (၂၀၁၈) ခုႏွစ္ကေန ယခုအထိ EAOs ေတြနဲ႔ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေပးျခင္း (၂၇ )ႀကိမ္ ေၾကညာခဲ့ပါတယ္။ ဒါ့အျပင္ ႏိုင္ငံေရးအရ သေဘာထားကြဲလြဲမႈေၾကာင့္ အၾကမ္းဖက္ျဖစ္ေနတဲ့ PDF အပါအဝင္ အျခားအဖြဲ႕အစည္းေတြကိုလည္း ဥပေဒေဘာင္အတြင္း ဝင္ေရာက္ဖို႔ သုံးႀကိမ္တိုင္ ဖိတ္ ေခၚၿပီးျဖစ္ပါတယ္”ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။ AA ၏ မူးယစ္ေဆးဝါးသယ္ေဆာင္ေရာင္း ခ်မႈသည္ လြန္ခဲ့သည့္ (၂၀၁၃) ခုႏွစ္ကပင္စတင္ခဲ့ၿပီး (၂၀၁၅) ခုႏွစ္မွ လက္ရွိအခ်ိန္အထိ ဖမ္းဆီးရမိမႈ ေပါင္း (၁၆) ႀကိမ္ႏွင့္ က်ပ္ (၁၂၃၃ ဒသမ ၆၇) ဘီလ်ံ အထိ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ AA ၏ မူးယစ္ေဆးဝါးေရာင္းဝယ္ မႈကို ယင္းအဖြဲ႕၏ ေခါင္းေဆာင္ျဖစ္သူ ထြန္းျမတ္ႏိုင္ ကိုယ္တိုင္က ခိုင္းေစျခင္းျဖစ္ၿပီး ဗိုလ္ႀကီးအဆင့္ရွိသူ ၊ဗိုလ္အဆင့္ရွိသူႏွင့္ ဒုတိယဗိုလ္အဆင့္ရွိသူမ်ား လည္း ပါဝင္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ AA ၏ မူးယစ္ေဆးဝါးသယ္ ေဆာင္မႈအပါအဝင္ အျခားေသာမူးယစ္ေဆးဝါးသယ္ ေဆာင္ေရာင္းခ်ေနျခင္းကို အမ်ိဳးသားေရးတစ္ရပ္ အ ေနျဖင့္ ႏွိမ္နင္းဖို႔ လိုၿပီျဖစ္ေၾကာင္း ႏိုင္ငံေရးေလ့လာ သုံးသပ္သူတစ္ဦးက ဆိုသည္။ “ပထမဆုံးတစ္ခ်က္ အေနနဲ႔ ဒါကို အမ်ိဳးသားေရးတစ္ရပ္အေနနဲ႔ ႏွိမ္နင္းဖို႔ လိုပါတယ္။ သို႔ေသာ္ အဲဒီလိုႏွိမ္နင္းဖို႔လိုတဲ့အခါမွာ ဘယ္သူေတြက ႏွိမ္နင္းမွာလဲေပါ့ေနာ္။ Who is do ေပါ့ေနာ္။ ဘယ္သူလုပ္မလဲ။ အဓိက လုပ္မယ့္သူေတြ က ႏိုင္ငံေတာ္အစိုးရရဲ႕ အဖြဲ႕အစည္းေတြေပါ့ေနာ္။ အစိုးရရဲ႕အဖြဲ႕စည္းတိုင္းက အစိုးရရဲ႕လက္တံေတြ အားလုံးက အစိုးရရဲ႕ထုတ္ျပန္လိုက္တဲ့ အမိန႔္နဲ႔ၫႊန္ ၾကားခ်က္ေတြကို အေကာင္အထည္ေဖာ္တဲ့အခါမွာ အဲဒါကို မေဖာ္ဘဲနဲ႔ အဲဒါကို သူ႔ရဲ႕လာဘ္လာဘအတြက္ အက်ိဳးစီးပြားအတြက္ ရွိေနတယ္။ အဓိကကေတာ့ အဂတိလိုက္စားမႈရွိေနတယ္။ အဲဒီအခါမွာ ဒါေတြက ဘယ္ေတာ့မွမေအာင္ျမင္ဘူး အဲဒီအခ်က္က အဓိက အက်ဆုံးအခ်က္ျဖစ္ေနတယ္” ဟု ၎က ေျပာသည္။