AI နည်းပညာက အမေရိကန်တွင် အလုပ်အကိုင်ပေါင်း သန်း(၁၀ဝ)နီးပါးကို ဖယ်ရှားပစ်နိုင်နေဟုဆို

155

စော (NP News) - အောက်တိုဘာလ ၁၅
AI နည်းပညာနှင့် အလိုအလျောက်စနစ် ဆိုင်ရာနည်းပညာများသည် လာမည့်ဆယ်စုနှစ်အ တွင်း အမေရိကန်တွင် အလုပ်အကိုင်ပေါင်း သန်း (၁၀ဝ)နီးပါးကို ခြိမ်းခြောက်လာနေကြောင်း အထက် လွှတ်တော်အမတ် Bernie Sanders က ထုတ်ပြန် ခဲ့သည့် အစီရင်ခံစာတစ်ခုအရ သိရသည်။
အဆိုပါခြိမ်းခြောက်မှုသည် စိတ်ပိုင်းဆိုင် ရာအလုပ်များနှင့် ကာယလုပ်သားများ၏ အသက် မွေးဝမ်းကျောင်းလုပ်ငန်းများကို ထိခိုက်စေလိမ့်မည် ဖြစ်ကြောင်း အစီရင်ခံစာတွင် အကြံပြုရေးသား ဖော်ပြထားသည်။ AI နည်းပညာနှင့် အလိုအလျောက် စနစ်ဆိုင်ရာနည်းပညာများသည် မှတ်ပုံတင်ထားသော သူနာပြုများ၏ (၄၀)ရာခိုင်နှုန်း၊ထရပ်ကားယာဉ် မောင်းများ၏(၄၇)ရာခိုင်နှုန်း၊စာရင်းကိုင်များ၏(၆၄)ရာခိုင်နှုန်း၊ သင်ကြားရေးအကူများ၏ (၆၅)ရာ ခိုင်နှုန်းနှင့် အစားအသောက်ဝန်ဆောင်မှုပေးသည့် အလုပ်သမားများ၏ (၈၉)ရာခိုင်နှုန်းကို အစားထိုး သွားနိုင်ကြောင်း အစီရင်ခံစာတွင် ရေးသားဖော်ပြထား သည်။
အစီရင်ခံစာတွင် ]စိုက်ပျိုးရေး တော်လှန် ရေးဟာ နှစ်ထောင်ချီပြီး ပေါ်ပေါက်ခဲ့ပါတယ်။ စက်မှုတော်လှန်ရေးကတော့ ရာစုနှစ်တစ်ခုကျော် ကြာခဲ့ပါတယ်။ AI နည်းပညာလုပ်သားတွေကတော့ အနည်းဆုံး ဆယ်စုနှစ်တစ်ခုအတွင်း စီးပွားရေးကို ပြန်လည်ပုံဖော်နိုင်ပါတယ်}ဟု ရေးသားဖော်ပြ ထားသည်။
အဆိုပါသတိပေးချက်သည် AI နည်း ပညာဖွံ့ဖြိုးတိုးတက်မှုတွင် အမေရိကန်၏ ဦးဆောင် မှုကို ချန်ပီယံဖြစ်စေခဲ့သော အမေရိကန်သမ္မတ ဒေါ် နယ်ထရမ့် အုပ်ချုပ်ရေး၏ ရပ်တည်ချက်နှင့် ဆန့် ကျင်ဘက်ဖြစ်နေကြောင်းလည်းသိရသည်။ ထို့ပြင် တရုတ်နိုင်ငံနှင့် နည်းပညာပြိုင်ဆိုင်မှုတွင် ရှုံးနိမ့်ခြင်းသည် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက် မှုဖြစ်စေနိုင်ကြောင်း အမေရိကန်အစိုးရက ထုတ်ပြန် ပြောဆိုထားသည်။ အီလွန်မက်စ်၊ လာရီအယ်လီဆန်၊ ဇူကာဘတ်နှင့် ဂျက်ဘီဇော့တို့အပါအဝင် ကမ္ဘာ့ အချမ်းသာဆုံးလူအချို့သည် AI နည်းပညာတွင် အမေရိကန်ဒေါ်လာ ဘီလျံရာချီ ရင်းနှီးမြှုပ်နှံနေ ကြောင်း Bernie Sanders က မှတ်ချက်ပြုပြောဆို ထားသည်။

Zawgyi Version:
AI နည္းပညာက အေမရိကန္တြင္ အလုပ္အကိုင္ေပါင္း သန္း(၁၀ဝ)နီးပါးကို ဖယ္ရွားပစ္ႏိုင္ေနဟုဆို
ေစာ (NP News) - ေအာက္တိုဘာလ ၁၅
AI နည္းပညာႏွင့္ အလိုအေလ်ာက္စနစ္ ဆိုင္ရာနည္းပညာမ်ားသည္ လာမည့္ဆယ္စုႏွစ္အ တြင္း အေမရိကန္တြင္ အလုပ္အကိုင္ေပါင္း သန္း (၁၀ဝ)နီးပါးကို ၿခိမ္းေျခာက္လာေနေၾကာင္း အထက္ လႊတ္ေတာ္အမတ္ Bernie Sanders က ထုတ္ျပန္ ခဲ့သည့္ အစီရင္ခံစာတစ္ခုအရ သိရသည္။
အဆိုပါၿခိမ္းေျခာက္မႈသည္ စိတ္ပိုင္းဆိုင္ ရာအလုပ္မ်ားႏွင့္ ကာယလုပ္သားမ်ား၏ အသက္ ေမြးဝမ္းေက်ာင္းလုပ္ငန္းမ်ားကို ထိခိုက္ေစလိမ့္မည္ ျဖစ္ေၾကာင္း အစီရင္ခံစာတြင္ အႀကံျပဳေရးသား ေဖာ္ျပထားသည္။ AI နည္းပညာႏွင့္ အလိုအေလ်ာက္ စနစ္ဆိုင္ရာနည္းပညာမ်ားသည္ မွတ္ပုံတင္ထားေသာ သူနာျပဳမ်ား၏ (၄၀)ရာခိုင္ႏႈန္း၊ထရပ္ကားယာဥ္ ေမာင္းမ်ား၏(၄၇)ရာခိုင္ႏႈန္း၊စာရင္းကိုင္မ်ား၏(၆၄)ရာခိုင္ႏႈန္း၊ သင္ၾကားေရးအကူမ်ား၏ (၆၅)ရာ ခိုင္ႏႈန္းႏွင့္ အစားအေသာက္ဝန္ေဆာင္မႈေပးသည့္ အလုပ္သမားမ်ား၏ (၈၉)ရာခိုင္ႏႈန္းကို အစားထိုး သြားႏိုင္ေၾကာင္း အစီရင္ခံစာတြင္ ေရးသားေဖာ္ျပထား သည္။
အစီရင္ခံစာတြင္ ]စိုက္ပ်ိဳးေရး ေတာ္လွန္ ေရးဟာ ႏွစ္ေထာင္ခ်ီၿပီး ေပၚေပါက္ခဲ့ပါတယ္။ စက္မႈေတာ္လွန္ေရးကေတာ့ ရာစုႏွစ္တစ္ခုေက်ာ္ ၾကာခဲ့ပါတယ္။ AI နည္းပညာလုပ္သားေတြကေတာ့ အနည္းဆုံး ဆယ္စုႏွစ္တစ္ခုအတြင္း စီးပြားေရးကို ျပန္လည္ပုံေဖာ္ႏိုင္ပါတယ္}ဟု ေရးသားေဖာ္ျပ ထားသည္။
အဆိုပါသတိေပးခ်က္သည္ AI နည္း ပညာဖြံ႕ၿဖိဳးတိုးတက္မႈတြင္ အေမရိကန္၏ ဦးေဆာင္ မႈကို ခ်န္ပီယံျဖစ္ေစခဲ့ေသာ အေမရိကန္သမၼတ ေဒၚ နယ္ထရမ့္ အုပ္ခ်ဳပ္ေရး၏ ရပ္တည္ခ်က္ႏွင့္ ဆန႔္ က်င္ဘက္ျဖစ္ေနေၾကာင္းလည္းသိရသည္။ ထို႔ျပင္ တ႐ုတ္ႏိုင္ငံႏွင့္ နည္းပညာၿပိဳင္ဆိုင္မႈတြင္ ရႈံးနိမ့္ျခင္းသည္ အမ်ိဳးသားလုံၿခဳံေရးကို ၿခိမ္းေျခာက္ မႈျဖစ္ေစႏိုင္ေၾကာင္း အေမရိကန္အစိုးရက ထုတ္ျပန္ ေျပာဆိုထားသည္။ အီလြန္မက္စ္၊ လာရီအယ္လီဆန္၊ ဇူကာဘတ္ႏွင့္ ဂ်က္ဘီေဇာ့တို႔အပါအဝင္ ကမာၻ႔ အခ်မ္းသာဆုံးလူအခ်ိဳ႕သည္ AI နည္းပညာတြင္ အေမရိကန္ေဒၚလာ ဘီလ်ံရာခ်ီ ရင္းႏွီးျမႇဳပ္ႏွံေန ေၾကာင္း Bernie Sanders က မွတ္ခ်က္ျပဳေျပာဆို ထားသည္။