ဆိုးရွားသော သဘာဝဘေးဒဏ်များကို ခံစားခဲ့ရသည့် အင်းဝမြို့ရှိ သမိုင်းဝင် မဟာဇေယျပထတံတားကြီးကို ရှေးမူမပျက် ထိန်းသိမ်းနေ

161

စော (NP News) - အောက်တိုဘာလ ၁၆
ဆိုးရွားသောသဘာဝဘေးဒဏ်များကို ခံစားခဲ့ရသည့် အင်းဝမြို့ရှိ သမိုင်းဝင် မဟာဇေယျ ပထတံတားကြီးကို ရှေးမူမပျက်ထိန်းသိမ်းလုပ်ငန်း ဆောင်ရွက်နေကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က NP News ကိုပြောသည်။
အဆိုပါတံတားသည် အင်းဝမြို့ တောင် ဘက်၊ ဟံသာဝတီတံခါးမှ တံတားဦးမြို့၊ မင်္ဂလာစေတီ ထိ တစ်မိုင်(တာ ၅၀ဝ)ခန့်ရှည်လျားကာ ပထမအင်းဝ ခေတ် ဘုရင်မင်းဆွေ (ခ) ပထမမင်းခေါင်က သစ် သားတံတားအဖြစ် စတင်ဆောက်လုပ်ခဲ့ပြီး စစ်ကိုင်း မင်းလက်ထက်တွင် နန်းမတော်မယ်နု၏ မောင် စလင်းမြို့စား ဦးအိုက ပြုပြင်ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
(၂၀၂၄) ခုနှစ်တွင် ရာဂီမုန်တိုင်းနှင့် (၂၀ ၂၅)ခုနှစ်တွင် မန္တလေးငလျင်ကြီးတို့ကြောင့် မဟာဇေ ယျပထတံတားကြီးသည် ထိခိုက်မှုများကို သိသိသာ သာခံစားခဲ့ရသည့်အတွက် အောက်တိုဘာလဆန်း ပိုင်းမှစတင်ကာ ထိန်းသိမ်းရေးလုပ်ငန်းကို ဆောင် ရွက်နေကြောင်းသိရသည်။
“ အခု အဲဒါကို ဆောက်လုပ်ရေးဝန်ကြီး ဌာနက တာဝန်ယူဆောင်ရွက်နေပါတယ်။ ဆောက် လုပ်ရေးဝန်ကြီးဌာနက ထပ်ပိုးအလွှာတွေဖုံးအုပ်နေတဲ့တံတားကိုပြန်လည်ဖယ်ပြီးတော့ တံတားအတွင်း အခင်းတွေကို ပြန်ပြီးတော့ခင်းမှာပါ။ ခင်းပြီးတဲ့အခါ မှာ ဘေးနံရံတွေ၊ အုတ်လက်ရန်းတွေပေါ်လာတဲ့အထိ ရှေးဟောင်းအထောက်အထားတွေကို ပြန်လည်ပြီး တော့ ထိန်းသိမ်းရေးလုပ်ငန်းကိုဆောင်ရွက်သွားမှာပါ”ဟု ၎င်းကပြောသည်။
ထို့ပြင် တံတားပျက်စီးရသည့်အကြောင်းအရင်းများတွင် သဘာဝဘေးအန္တရာယ်အပြင် (၃)တန်အထက်ကားကြီးများ ဝင်ရောက်ဖြတ်သန်းခြင်း၊ အိမ်ဆောက်ပစ္စည်းများကို မဆင်မခြင်ပစ်ချခြင်းများ လည်းပါဝင်ကြောင်းသိရသည်။
“ဖြတ်သန်းခွင့်ကတော့ပြုပါတယ်။ ကြီးမား တဲ့ယာဉ်တွေကိုကန့်သတ်ရတာပေါ့။ တန် (၃)တန်အထက်ယာဉ်ကြီးတွေမဝင်ရလို့ စသည့်ဖြင့် ဒါတွေတော့လုပ်ရမှာပေါ့။ နှစ်စဉ် ထပ်ထပ်ပြီးခင်းတဲ့ ဟာတွေက မြင့်မြင့်လာတော့ မူလရဲ့လက်ရာ အမွေ အနှစ်တွေက အောက်ထဲပါပြီးပျောက်ကွယ်သွားတာပေါ့။ အဲဒါလေးပြန်လည်ဖော်ပြီးတော့ ပြန်ခင်းပြီးတော့ သွားလို့ရအောင်လုပ်မှာပါ” ဟု ၎င်းကဆက်လက် ပြောသည်။
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့် ရှေးမူမပျက်ထိန်းသိမ်းရေးလုပ်ငန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆောင် ရွက်နေသည့်လုပ်ငန်းစဉ်များ ပြီးစီးသည့်နှင့် တစ်ပြိုင် နက်ဆောင်ရွက်သွားမည်ဖြစ်ပြီး သတ်မှတ်ကာလ အားဖြင့် (၆)လခန့်ကြာမြင့်နိုင်ကြောင်းသိရသည်။
“တရုတ်ပြည်က မဟာတံတိုင်းကြီးပေါ် လမ်းလျှောက်ကြည့်တဲ့အရသာမျိုးလို ဒီလိုသမိုင်းဝင် တံတားကြီးပေါ်လမ်းလျှောက်ရတဲ့အရသာမျိုးကို ပြည်တွင်းပြည်ပဧည်သည်တွေ ခံစားလို့ရအောင်လုပ် ပေးမယ်ဆိုရင် ပိုကောင်းတာပေါ့”ဟု ရှေးဟောင်း သုတေသီ၊ စာရေးဆရာ ဘိုရှိတ် (ရတနာပူရ)က အကြံပြုပြောသည်။

Zawgyi Version:
ဆိုး႐ြားေသာ သဘာဝေဘးဒဏ္မ်ားကို ခံစားခဲ့ရသည့္ အင္းဝၿမိဳ႕ရွိ သမိုင္းဝင္ မဟာေဇယ်ပထတံတားႀကီးကို ေရွးမူမပ်က္ ထိန္းသိမ္းေန
ေစာ (NP News) - ေအာက္တိုဘာလ ၁၆
ဆိုး႐ြားေသာသဘာဝေဘးဒဏ္မ်ားကို ခံစားခဲ့ရသည့္ အင္းဝၿမိဳ႕ရွိ သမိုင္းဝင္ မဟာေဇယ် ပထတံတားႀကီးကို ေရွးမူမပ်က္ထိန္းသိမ္းလုပ္ငန္း ေဆာင္႐ြက္ေနေၾကာင္း ေရွးေဟာင္းသုေတသနႏွင့္အမ်ိဳးသားျပတိုက္ဦးစီးဌာနမွ ၫႊန္ၾကားေရးမႉး ေဒါက္တာသန္းထိုက္က NP News ကိုေျပာသည္။
အဆိုပါတံတားသည္ အင္းဝၿမိဳ႕ ေတာင္ ဘက္၊ ဟံသာဝတီတံခါးမွ တံတားဦးၿမိဳ႕၊ မဂၤလာေစတီ ထိ တစ္မိုင္(တာ ၅၀ဝ)ခန႔္ရွည္လ်ားကာ ပထမအင္းဝ ေခတ္ ဘုရင္မင္းေဆြ (ခ) ပထမမင္းေခါင္က သစ္ သားတံတားအျဖစ္ စတင္ေဆာက္လုပ္ခဲ့ၿပီး စစ္ကိုင္း မင္းလက္ထက္တြင္ နန္းမေတာ္မယ္ႏု၏ ေမာင္ စလင္းၿမိဳ႕စား ဦးအိုက ျပဳျပင္ေဆာက္လုပ္ခဲ့ျခင္းျဖစ္သည္။
(၂၀၂၄) ခုႏွစ္တြင္ ရာဂီမုန္တိုင္းႏွင့္ (၂၀ ၂၅)ခုႏွစ္တြင္ မႏၲေလးငလ်င္ႀကီးတို႔ေၾကာင့္ မဟာေဇ ယ်ပထတံတားႀကီးသည္ ထိခိုက္မႈမ်ားကို သိသိသာ သာခံစားခဲ့ရသည့္အတြက္ ေအာက္တိုဘာလဆန္း ပိုင္းမွစတင္ကာ ထိန္းသိမ္းေရးလုပ္ငန္းကို ေဆာင္ ႐ြက္ေနေၾကာင္းသိရသည္။
“ အခု အဲဒါကို ေဆာက္လုပ္ေရးဝန္ႀကီး ဌာနက တာဝန္ယူေဆာင္႐ြက္ေနပါတယ္။ ေဆာက္ လုပ္ေရးဝန္ႀကီးဌာနက ထပ္ပိုးအလႊာေတြဖုံးအုပ္ေနတဲ့တံတားကိုျပန္လည္ဖယ္ၿပီးေတာ့ တံတားအတြင္း အခင္းေတြကို ျပန္ၿပီးေတာ့ခင္းမွာပါ။ ခင္းၿပီးတဲ့အခါ မွာ ေဘးနံရံေတြ၊ အုတ္လက္ရန္းေတြေပၚလာတဲ့အထိ ေရွးေဟာင္းအေထာက္အထားေတြကို ျပန္လည္ၿပီး ေတာ့ ထိန္းသိမ္းေရးလုပ္ငန္းကိုေဆာင္႐ြက္သြားမွာပါ”ဟု ၎ကေျပာသည္။
ထို႔ျပင္ တံတားပ်က္စီးရသည့္အေၾကာင္းအရင္းမ်ားတြင္ သဘာဝေဘးအႏၲရာယ္အျပင္ (၃)တန္အထက္ကားႀကီးမ်ား ဝင္ေရာက္ျဖတ္သန္းျခင္း၊ အိမ္ေဆာက္ပစၥည္းမ်ားကို မဆင္မျခင္ပစ္ခ်ျခင္းမ်ား လည္းပါဝင္ေၾကာင္းသိရသည္။
“ျဖတ္သန္းခြင့္ကေတာ့ျပဳပါတယ္။ ႀကီးမား တဲ့ယာဥ္ေတြကိုကန႔္သတ္ရတာေပါ့။ တန္ (၃)တန္အထက္ယာဥ္ႀကီးေတြမဝင္ရလို႔ စသည့္ျဖင့္ ဒါေတြေတာ့လုပ္ရမွာေပါ့။ ႏွစ္စဥ္ ထပ္ထပ္ၿပီးခင္းတဲ့ ဟာေတြက ျမင့္ျမင့္လာေတာ့ မူလရဲ႕လက္ရာ အေမြ အႏွစ္ေတြက ေအာက္ထဲပါၿပီးေပ်ာက္ကြယ္သြားတာေပါ့။ အဲဒါေလးျပန္လည္ေဖာ္ၿပီးေတာ့ ျပန္ခင္းၿပီးေတာ့ သြားလို႔ရေအာင္လုပ္မွာပါ” ဟု ၎ကဆက္လက္ ေျပာသည္။
ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာနအေနျဖင့္ ေရွးမူမပ်က္ထိန္းသိမ္းေရးလုပ္ငန္းကို ေဆာက္လုပ္ေရးဝန္ႀကီးဌာနက ေဆာင္ ႐ြက္ေနသည့္လုပ္ငန္းစဥ္မ်ား ၿပီးစီးသည့္ႏွင့္ တစ္ၿပိဳင္ နက္ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး သတ္မွတ္ကာလ အားျဖင့္ (၆)လခန႔္ၾကာျမင့္ႏိုင္ေၾကာင္းသိရသည္။
“တ႐ုတ္ျပည္က မဟာတံတိုင္းႀကီးေပၚ လမ္းေလွ်ာက္ၾကည့္တဲ့အရသာမ်ိဳးလို ဒီလိုသမိုင္းဝင္ တံတားႀကီးေပၚလမ္းေလွ်ာက္ရတဲ့အရသာမ်ိဳးကို ျပည္တြင္းျပည္ပဧည္သည္ေတြ ခံစားလို႔ရေအာင္လုပ္ ေပးမယ္ဆိုရင္ ပိုေကာင္းတာေပါ့”ဟု ေရွးေဟာင္း သုေတသီ၊ စာေရးဆရာ ဘိုရွိတ္ (ရတနာပူရ)က အႀကံျပဳေျပာသည္။