အလုပ်သမားများ၏ နေ့စဉ်လုပ်ခကို (၇၈၀၀) ကျပ်အဖြစ် သတ်မှတ်

 324

Pearl (NP News) - အောက်တိုဘာ ၁၆
အလုပ်သမားများ၏ နေ့စဉ်လုပ်ခကို (၇၈၀၀) ကျပ်အဖြစ် သတ်မှတ် ကြောင်း အနည်းဆုံး အခကြေး ငွေသတ်မှတ်ရေးဆိုင်ရာအမျိုးသားကော်မတီက သတင်းထုတ် ပြန်ထား သည်။
အစိုးရဌာနများနှင့် အဖွဲ့အစည်းများရှိ နေ့စားဝန်ထမ်းများနှင့် နေ့စားအလုပ်သမားများ၏ လုပ်ခကိုအလုပ်ချိန်တစ်နေ့ (၈)နာရီအတွက် လက်ရှိသတ်မှတ်ထားသော လုပ်ခ ကျပ် ၄,၈၀၀/- အပေါ်တွင် အပိုထောက်ပံ့ကြေး ကျပ် ၁,၀၀၀/- ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ စတင်၍ ပထမအကြိမ်အဖြစ်လည်းကောင်း၊ ထပ်မံ၍ ကျပ် ၁,၀၀၀/- ကို ၂၀၂၄ ခုနှစ် ၊ ဩဂုတ်လမှ စတင်၍ ဒုတိယအကြိမ်အဖြစ်လည်းကောင်း လစဉ်ခံစားခွင့်ပြုခဲ့ကြောင်း သိရသည်။
ယခုအခါ လက်ရှိ ထောက်ပံ့လျက်ရှိသည့် အပိုထောက်ပံ့ကြေး ကျပ် ၂,၀၀၀/- အပြင်ထပ်မံ၍ ကျပ် ၁,၀၀၀/- ကို အပိုထောက်ပံ့ကြေးအဖြစ် ခံစားခွင့်ပြုရန်ဖြစ်သဖြင့် နေ့စားအလုပ်သမားများအား နေ့စဉ်လုပ်ခကျပ် ၇,၈၀၀/- (ကျပ်ခုနစ်ထောင့်ရှစ်ရာတိတိ)ကို ခွင့်ပြု လိုက်ကြောင်း သိရသည်။
အောက်တိုဘာလ ၁ ရက်နေ့မှစ၍ လက်ရှိထောက်ပံ့လျက်ရှိသည့် အပို ထောက်ပံ့ကြေးကျပ် ၂,၀၀၀/- အပြင် ထပ်မံ၍ ကျပ် ၁,၀၀၀/- ကို အပိုထောက်ပံ့ကြေးအဖြစ် အလုပ် လုပ်သောရက်များနှင့် ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေအရ ခံစားခွင့်ပြုရန် ဖြစ်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ထုတ်ပြန်ချက်သည် အလုပ်သမား ၁၀ ဦးအောက်ရှိလုပ်ငန်းငယ်များ၊ မိသားစုတစ်ပိုင် တစ်နိုင်လုပ်ငန်းများနှင့်မသက်ဆိုင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Zawgyi Version:
အလုပ္သမားမ်ား၏ ေန႔စဥ္လုပ္ခကို (၇၈၀၀) က်ပ္အျဖစ္ သတ္မွတ္
Pearl (NP News) - ေအာက္တိုဘာ ၁၆
အလုပ္သမားမ်ား၏ ေန႔စဥ္လုပ္ခကို (၇၈၀၀) က်ပ္အျဖစ္ သတ္မွတ္ ေၾကာင္း အနည္းဆုံး အခေၾကး ေငြသတ္မွတ္ေရးဆိုင္ရာအမ်ိဳးသားေကာ္မတီက သတင္းထုတ္ ျပန္ထား သည္။
အစိုးရဌာနမ်ားႏွင့္ အဖြဲ႕အစည္းမ်ားရွိ ေန႔စားဝန္ထမ္းမ်ားႏွင့္ ေန႔စားအလုပ္သမားမ်ား၏ လုပ္ခကိုအလုပ္ခ်ိန္တစ္ေန႔ (၈)နာရီအတြက္ လက္ရွိသတ္မွတ္ထားေသာ လုပ္ခ က်ပ္ ၄,၈၀၀/- အေပၚတြင္ အပိုေထာက္ပံ့ေၾကး က်ပ္ ၁,၀၀၀/- ကို ၂၀၂၃ ခုႏွစ္၊ ေအာက္တိုဘာလမွ စတင္၍ ပထမအႀကိမ္အျဖစ္လည္းေကာင္း၊ ထပ္မံ၍ က်ပ္ ၁,၀၀၀/- ကို ၂၀၂၄ ခုႏွစ္ ၊ ဩဂုတ္လမွ စတင္၍ ဒုတိယအႀကိမ္အျဖစ္လည္းေကာင္း လစဥ္ခံစားခြင့္ျပဳခဲ့ေၾကာင္း သိရသည္။
ယခုအခါ လက္ရွိ ေထာက္ပံ့လ်က္ရွိသည့္ အပိုေထာက္ပံ့ေၾကး က်ပ္ ၂,၀၀၀/- အျပင္ထပ္မံ၍ က်ပ္ ၁,၀၀၀/- ကို အပိုေထာက္ပံ့ေၾကးအျဖစ္ ခံစားခြင့္ျပဳရန္ျဖစ္သျဖင့္ ေန႔စားအလုပ္သမားမ်ားအား ေန႔စဥ္လုပ္ခက်ပ္ ၇,၈၀၀/- (က်ပ္ခုနစ္ေထာင့္ရွစ္ရာတိတိ)ကို ခြင့္ျပဳ လိုက္ေၾကာင္း သိရသည္။
ေအာက္တိုဘာလ ၁ ရက္ေန႔မွစ၍ လက္ရွိေထာက္ပံ့လ်က္ရွိသည့္ အပို ေထာက္ပံ့ေၾကးက်ပ္ ၂,၀၀၀/- အျပင္ ထပ္မံ၍ က်ပ္ ၁,၀၀၀/- ကို အပိုေထာက္ပံ့ေၾကးအျဖစ္ အလုပ္ လုပ္ေသာရက္မ်ားႏွင့္ ၁၉၅၁ ခုႏွစ္၊ ခြင့္ရက္ႏွင့္ အလုပ္ပိတ္ရက္အက္ဥပေဒအရ ခံစားခြင့္ျပဳရန္ ျဖစ္ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ထုတ္ျပန္ခ်က္သည္ အလုပ္သမား ၁၀ ဦးေအာက္ရွိလုပ္ငန္းငယ္မ်ား၊ မိသားစုတစ္ပိုင္ တစ္ႏိုင္လုပ္ငန္းမ်ားႏွင့္မသက္ဆိုင္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.