သီပေါမြို့ခံတို့ရဲ့ ဝမ်းသာ၊ဝမ်းနည်း အိမ်ပြန်ခရီး( မြို့အင်တာဗျူး )

 935

သုတကျော် (NPNews) - အောက်တိုဘာလ ၁၆

ရှမ်းပြည်နယ်အတွင်းမှ သာယာအေးချမ်းလှပြီး စီးပွားရေးလည်းတည်ငြိမ်သော သီပေါမြို့ သည် ရုတ်တရက်ပင် စစ်၏မွှေရမ်းခြင်းကိုခံခဲ့ရသည်။ ကျန်ခဲ့ရသူတို့မှာ TNLA တို့လက်အောက်တွင် ဖြတ်တောက်မှုများစွာဖြင့်ကြုံခဲ့ရသည့်အပြင် မြို့ခံအများစုမှာ တည်ငြိမ်ရာနေရာများသို့ စွန့်ခွာတိမ်းရှောင် ခဲ့ကြရသည်။ ယခုအခါ သီပေါမြို့ခံတို့ စိတ်အေးလက်အေးဖြင့်အိမ်ပြန်နိုင်ပေတော့မည်။ သို့သော် အချို့ မှာ မိသားစုမစုံလင်တော့။ အချို့မှာ နေစရာအိမ်ပင်မရှိတော့ပါ။ အဆိုပါအခြေအနေများနှင့်ပတ်သက်၍ မြို့ခံတစ်ဦးထံ NP News ဂျာနယ်က ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြအပ်ပါသည်။

မေး - ပထမဆုံးမေးခွန်းက အောက်တိုဘာလ (၇) ရက်အထိ နောက်ဆုံးအခြေအနေနဲ့ ဒီမတိုင်ခင်က သီပေါမြို့နယ်ကအခြေအနေကို အရင်ဆုံးပြောပြပေး ပါလား။
ဖြေ - သီပေါမှာတော့ တပ်မတော်စစ်ကြောင်းက သီပေါမြို့နဲ့ ဆယ်မိုင်လောက်အကွာကိုရောက်ပြီပေါ့။ ဆိုလိုတာက မြို့ထဲကိုသွားဖို့ဆိုတာက နည်းနည်းလေး ပဲလိုတော့တဲ့အနေအထားဖြစ်ပါတယ်။ မြို့ထဲမှာ နဂို တုန်းက အကြမ်းဖက်အားပေးအဖွဲ့အစည်းတွေ ပရ ဟိတလိုလိုအကောင်တွေရော၊ ပြီးတော့ အကြမ်းဖက် ကိုအားပေးခဲ့တဲ့ CDM တွေ၊ တချို့သောအဖွဲ့အစည်း တွေကတော့ လောက်ကိုင်ဘက်ကို ထွက်ပြေးတိမ်း ရှောင်သွားတယ်ပေါ့။ နောက်ပြီးတော့ ဒီ မြေသယ် ယာဉ်တွေနဲ့ ဆေးရုံထဲကမီးစက်တွေ၊ ထရန်စဖော်မာ တွေ၊ ဓာတ်ကြိုးတွေ၊ မီးစက်တွေ။ ဓာတ်ကြိုးဆိုတဲ့ နေရာမှာ မီးပေးတဲ့လိုင်းကြိုးတွေ နောက်ပြီးတော့ ဆိုလာပြားတွေ၊ မီးပွိုင့်ထိပ်မှာတပ်ထားတဲ့ CCTV တွေ အကုန်လုံးကို မနေ့ကတည်းက မြေသယ်ကား (၄)စီးနဲ့ စားပွဲခုံတွေကအစ နမ္မတူဘက်ကိုသယ်သွား တဲ့အနေအထား တွေ့ရပါတယ်။
မေး - ကျောက်မဲရပြီးတဲ့နောက် သီပေါမြို့ကို တပ်မတော်က ဘာကြောင့် မြန်မြန်ချဉ်းကပ်နိုင်ခဲ့တာလဲ။
ဖြေ - နံပါတ်တစ်ကတော့ ကျောက်မဲနဲ့သီပေါရဲ့ ခရီးမိုင်အကွာအဝေးက တအားကြီးဝေးလှတယ် မဟုတ်တဲ့အပြင် နယ်မြေအနေအထားကလည်း ရှမ်း ရွာတွေရှိတယ်။ SSPP ထိန်းချုပ်တဲ့ဒေသတွေလည်း ပါတယ်ပေါ့။ တိုက်ပွဲတွေဖြစ်ပွားတာသိပ်မရှိဘဲ လွယ် လွယ်ကူကူဖြတ်သန်းနိုင်တာတစ်ပိုင်း၊ နောက်ပြီးတော့ သီပေါမြို့ခံအများစုကလည်း ကြိုဆိုနေတာရှိပါတယ်။ ဒါတွေကြောင့်လည်း စစ်ကြောင်းက စောစောစီးစီး ချဉ်းကပ်နိုင်တဲ့ အနေအထားတစ်ခုရှိပါတယ်။
မေး - ပလောင်လက်အောက်မှာ သီပေါမြို့က ဘယ် လိုအပြောင်းအလဲတွေ ဖြစ်ခဲ့လဲ။
ဖြေ - တကယ်တော့ သီပေါမြို့ဆိုတာက အရင်အစိုး ရလက်ထက်မှာ ခရီးသွားကို မှီခိုတဲ့မြို့ပေါ့။ အထူး အားဖြင့် မျက်လုံးထဲမြင်အောင်ပြောရရင် ဘားအံလို မျိုးပေါ့ဗျာ။ နိုင်ငံခြားခရီးသွားတွေလာရောက်ပြီး လည်ပတ်တဲ့မြို့၊ ဒဏ္ဍာရီဆန်ဆန်များစွာရှိတဲ့မြို့။ ရှမ်းပြည်နယ်မှာဆိုရင် ဝင်ငွေတတိယအဆင့်လား မသိဘူး ရှိတဲ့မြို့။ တိုင်းရင်းသားပေါင်းစုံ ချစ်ကြည်ရင်း နှီးစွာနဲ့ ဘာပဋိပက္ခမှမရှိဘဲ နေလို့ကောင်းတဲ့မြို့ဖြစ် တယ်။ နောက်ပြီးတော့ မြေပြင်အနေအထားကလည်း သဟဇာတမျှတတယ်။ တအားကြီး အေးလွန်း၊ ချမ်း လွန်းတာမရှိဘူး။ ဒုဋ္ဌဝတီမြစ်က မြို့ရဲ့အလယ်ကနေ ဖြတ်ပြီးစီးဆင်းသွားတာ။ ရေမြေဩဇာကလည်း ကောင်းမွန်တယ်။ အင်မတန်ကိုမှ စီးပွားရေးအရရော၊ ပြည်နယ်ထောင်စုလမ်းမကြီးဘေးမှာရှိတဲ့အတွက် အဘက်ဘက်ကနေ ကောင်းမွန်တဲ့မြို့လေးဖြစ်ပါ တယ်။ ယဉ်ကျေးမှုအမွေအနှစ်လည်း ပြည့်စုံတယ် ပေါ့ဗျာ။ TNLA သိမ်းပြီးတဲ့နောက် မြို့အနေအထား က နံပါတ်တစ်ကတော့ အားလုံးက မြို့ကနေတိမ်း ရှောင်ရတယ်။ အားပေးတဲ့လူနည်းစုသာကျန်ခဲ့ရတဲ့ အနေအထားပေါ့။ မြို့ရဲ့စီးပွားရေး ဆုတ်ယုတ်သွား တယ်။ ကြက်ဥတစ်လုံးကို ထောင့်တစ်ရာအထိဖြစ် သွားတယ်။ ဆန်တစ်ပြည်ကို တစ်သောင်းရှစ်ထောင် တွေဘာတွေ ဖြစ်သွားတဲ့အနေအထားပေါ့။ ပြောရရင် လမ်းပန်းဆက်သွယ်ရေးကို Block လုပ်ထားတဲ့ အနေအထားပေါ့။ ဖုန်းလိုင်းတွေကို ပိတ်ထားတယ်။ အားလုံးလည်းသိတဲ့အတိုင်းပေါ့။ အဲဒီလိုမျိုးရှိသွား တယ်။
မေး - သူတို့လက်အောက်မှာ အဓိကဆုတ်ယုတ် သွားတာဆို ဘာဖြစ်မလဲ။
ဖြေ - အဓိကတော့ လူမှုစီးပွားရေးပေါ့။ အဘက် ဘက်ကနေနိမ့်ကျတယ်။ ကျွန်တော်တို့မြို့ကဆို ငရုတ်သီးနှမ်းကပ်ကြော်တို့၊ သီပေါခေါပုတ်တို့၊ သီပေါ ဆန်တို့ ဒါတွေ ဝယ်လိုအားမရှိဘူး။ နောက်ပြီးတော့ ရိုးရာအဝတ်အစားတွေ၊ စက်မှုလက်မှုအပိုင်းတွေ အကုန်ရပ်နားသွားတယ်။
မေး - ကျွန်တော်တို့ဂျာနယ်ထွက်ရင်တော့ တပ်မ တော်က သီပေါကို သိမ်းပြီးဖြစ်လောက်ပါတယ်။ ဒီတော့ ကြိုမေးရတာပေါ့ခင်ဗျာ။ သီပေါမြို့ကို ပြန်ထူ ထောင်မယ်ဆိုရင် ဘယ်လိုအခက်အခဲတွေရှိနိုင်လဲ။
ဖြေ - ပြန်လည်တည်ထောင်တဲ့အခါ ကျောက်မဲ လောက်တော့ ခက်ခဲမယ့်အနေအထားမှာမရှိဘူး။ ကျွန်တော်တို့ မြို့အနေအထားက ရှမ်းတိုင်းရင်းသား အများစုနေထိုင်တဲ့မြို့ဖြစ်တယ်။ ကျောက်မဲလို ပလောင် နဲ့ရောတဲ့အနေအထားလည်းမရှိဘူး။ နောက်ပြီးတော့ အေးအေးလူလူနေထိုင်ကြတဲ့လူမျိုးတွေပဲဖြစ်တယ်။ ဘာသာတရားကိုင်းရှိုင်းတယ်။ သာမန်အချိန်တောင် မြို့မှာ ဘာပွဲလမ်းပဲလုပ်လုပ် တစ်အိမ်တစ်ယောက် သွားတဲ့နှုန်းနဲ့ ညီညွတ်တဲ့မြို့တစ်မြို့ဖြစ်တယ်။ မြို့ကို ပြန်ထူထောင်တဲ့အခါ ပြည်သူလူထု၊ တပ်မတော်၊ နိုင် ငံရေးလွှတ်တော်ကိုယ်စားလှယ်လောင်းတွေပေါင်းပြီး တော့ အချိန်တိုအတွင်း ပြန်တည်ထောင်နိုင်လိမ့်မယ် လို့ ကျွန်တော်တို့ကတော့ ဒီလိုမျှော်လင့်ပါတယ်။
မေး - TNLA အုပ်ချုပ်စဉ်က သူတို့ ဘယ်လိုဖိနှိပ်ခဲ့ ပါသလဲ။
ဖြေ - အဓိကတော့ TNLA မူဝါဒက တော်လှန်ရေး ဆိုပေမယ့် တကယ်မှာကတော့ လူမျိုးကြီးဝါဒပေါ့။ သူတို့ တအာင်းစာသင်ရတယ်။ ပြီးတော့ ဗမာစကား ပြောလို့မရတာတွေ။ ပြီးတော့ သူတို့မထင်ရင်မထင် သလို ဒလန်လို့ပြောပြီးတော့ ခေါင်းတုံးတုံး ရဲစခန်း ထဲမှာ အချုပ်ချတာတွေ၊ ရိုက်နှက်တာတွေ ဒါမျိုးတွေ လည်းကြုံရတယ်ပေါ့။ အဓိကတော့ လူမျိုးရေးအရ ဖိနှိပ်မှုတွေ ကြုံရတာပါပဲ။
မေး - သီပေါက ဘယ်လိုနိုင်ငံရေးအမြင်ရှိတဲ့ ပြည် သူတွေရှိရာ မြို့အမျိုးအစားဖြစ်မလဲ။
ဖြေ - ကျွန်တော်တို့သီပေါမြို့က အစိုးရစဉ်ဆက်မှာ အနီလည်းမယိမ်းခဲ့ဘူး၊ အစိမ်းလည်းမယိမ်းခဲ့တဲ့မြို့ တစ်မြို့ပေါ့။ တိုင်းရင်းသား နိုင်ငံရေးအားကောင်းတဲ့ မြို့ပေါ့။ ရှမ်းနိုင်ငံရေးမှာဆိုရင် အင်မတန်ကိုမှနာမည် ကြီးတဲ့ စဝ်ကြာဆိုင်နဲ့ မဟာဒေဝီရှိခဲ့တဲ့မြို့ဖြစ်တယ်။ SSA မူလအစ မြို့လည်းဖြစ်တယ်ပေါ့။ မြို့သူမြို့သား တွေနဲ့ ကျွန်တော်တို့ကတော့ ကိုယ့်လူမျိုး၊ ကိုယ့်ဘာ သာရေးနဲ့ ဓလေ့ထုံးစံနဲ့သွားတဲ့မြို့ဖြစ်တယ်။ ရှမ်းပြည် နယ် ဘယ်မြို့မှာမှမတွေ့ရတဲ့ သီတင်းကျွတ်အခါ ဓလေ့မျိုးတွေ၊ ရိုးရာယဉ်ကျေးမှုတွေနဲ့ထိန်းသိမ်း ထားတဲ့မြို့တစ်မြို့ဖြစ်တဲ့အတွက် ကျွန်တော်တို့မြို့ရဲ့ အနေထားကတော့ အကြမ်းဖက်အားပေးတဲ့အင်အား စုက တစ်ရာမှာ ငါးရာခိုင်နှုန်းလောက်ပဲရှိတယ်။ ဒီငါး ရာခိုင်နှုန်းကလည်း တခြားသူတွေမဟုတ်ဘူးပေါ့ဗျာ။ ပြည်မဘက်ကနေ အကြောင်းအမျိုးမျိုးကြောင့်ရောက် လာတဲ့လူတွေများပါတယ်။ ဘာကြောင့်လဲဆိုတော့ TNLA ကို လက်ညှိုးထိုးပြီး အိမ်တွေပိတ်ခိုင်းတယ်၊ ပစ္စည်းတွေရောင်းစားတယ်။ NUG အမည်ခံပြီးလုပ် သွားတာတွေက ကျွန်တော်တို့ သီပေါမြို့ခံတစ်ယောက် မှမပါပါဘူး။ မန္တလေးဘက်ကနေပြောင်းလာတယ်၊ ရန်ကုန်ဘက်ကပြောင်းလာတယ် အဲဒီလိုလူမျိုးတွေပဲ များပါတယ် ဒါကျွန်တော်တို့တွေ့ရှိချက်ပေါ့။
မေး - တစ်ခုခုပြီးသွားတဲ့အခါမျိုးမှာ အဲဒီတုန်းက ဘယ်လိုဖြစ်ခဲ့တယ်ဆိုတဲ့အကြောင်းတွေ ပြန်ပြော လေ့ရှိကြတာပေါ့လေ။ ဆိုတော့ တိုက်ပွဲဖြစ်တုန်းက ဒေသခံတွေ ဘယ်လိုစိုးရိမ်ခဲ့ကြရလဲ။
ဖြေ - ကျွန်တော်တို့က ဆုပ်လည်း စူး၊ စားလည်း ရူး ဆိုတဲ့ အနေအထားပေါ့ဗျာ။ မြို့ကနေ ခွာလည်းခွာ ချင်တယ်။ ခွာရင်လည်း ခိုးမှာစိုးတယ်။ မခွာရင်လည်း သေဘေးရင်ဆိုင်ရမှာပေါ့ဗျာ။ အဆိုးဆုံးကတော့ ဘာ ဖြစ်သွားလဲဆိုတော့ ပလောင်တွေက လူနေအိမ်တွေ မှာ ဝင်ပြီးစခန်းချတာပေါ့။ ရုံးတွေမှာစခန်းချတဲ့အခါ လေကြောင်းတိုက်ခိုက်မှုလုပ်တော့ လူနေအိမ်တွေ ထိခိုက်မှုများတယ်။ အမှန်တကယ်က တိုက်ပွဲဖော်တာ ကလည်း မြို့ပေါ်မှာ တိုက်ပွဲဖော်တာဖြစ်တဲ့အတွက် ကျွန်တော်တို့မြို့ဟာတော့ ကျောက်မဲထက်စာရင် ပျက်စီးမှုပိုများသွားတယ်။ လူတွေရဲ့ရင်ထဲမှာတော့ ဒီတိုက်ပွဲဆိုတဲ့စကားရပ်ကြီး မကြားချင်တော့ဘူး။ ငြိမ်း ငြိမ်းချမ်းချမ်းပဲနေချင်တော့ပါတယ်။
မေး - မြို့ကနေခွာတော့ ဘယ်လိုအခက်အခဲဖြစ်ခဲ့ကြလဲ။
ဖြေ - နံပါတ်တစ်ကတော့ ကျွန်တော်တို့က ခွာကြ တယ်ဆိုတာမှာ အများစုကတော့ ရှမ်းတောင်နဲ့ မန္တလေး ပြေးကြတာပေါ့ဗျာ။ အဲဒီရှေ့တုန်းကပေါ့။ နံပါတ်တစ်ကတော့ တခြားမြို့မှာ အိမ်ငှားလို့မရတဲ့ ကိစ္စတွေ၊ နောက်ပြီးတော့ ကိုယ့်ဒေသ၊ ကိုယ့်အရပ် မဟုတ်တော့ ရှိတဲ့ပစ္စည်းလေးတွေကို ထုခွဲ၊ ရောင်း ချပြီးစားသောက်ခဲ့ရတာပေါ့ဗျာ။ တော်တော်လေး တော့ အခက်အခဲများကြပါတယ်။
မေး - မြို့ကို ပြန်ထူထောင်ရမယ်ဆိုရင် ဘယ်ကနေ စလုပ်ရမယ်ထင်ပါသလဲ။ ဘယ်အပိုင်းကကော အ ခက်ခဲဆုံးလို့ထင်ပါသလဲ။
ဖြေ - မြို့ကို ပြန်လည်ထူထောင်တဲ့အခါ မြို့ပြလို အပ်ချက်ဖြစ်တဲ့ ဆေးရုံဆေးခန်းတွေ၊ စာသင်ကျောင်း တွေ၊ ကျေးလက်ဆေးပေးခန်း၊ ရဲစခန်းပေါ့။ ပြီးတော့ ပြည်သူ့ဝန်ဆောင်မှုပေးတဲ့ ရုံးပိုင်းဆိုင်ရာတွေတည် ထောင်ဖို့က အခက်အခဲပါပဲ။ အထူးသဖြင့်ကတော့ ဆေးရုံ၊ ဆေးခန်း ပြန်တည်ထောင်ဖို့က တော်တော် လေးကိုခက်ခဲတယ်။ နောက်ပြီးတော့ လျှပ်စစ်မီးရရှိ ရေးကတော့ တော်တော်လေးကို ပြန်လုပ်ရမှာပေါ့။ ထရမ်စဖော်မာတွေပါ ပါသွားတာကိုး။ အဲဒီလိုဟာတွေ တော့ရှိပါတယ်။
မေး - ဒေသခံအတွက်တော့ အိပ်မက်ဆိုးပေါ့လေ။ ဒီ ကိုယ့်မြို့ကနေခွာနေရတဲ့ကာလမှာ မြို့ခံတွေရဲ့စီး ပွားရေး ဘယ်လိုအခက်အခဲရှိလဲ။ စီးပွားကျသွားတဲ့ သူတွေကောရှိလားခင်ဗျ။
ဖြေ - ရှိတာပေါ့။ ကျွန်တော်တို့မြို့မှာဆိုရင် ဒေသ လုပ်ငန်းရှင်ကြီး ငါးယောက်ရှိတယ်ပေါ့ဗျာ။ လုပ်ငန်း ရှင်လေးယောက်ဆိုရင် ရပ်ဆိုင်းလုမတတ်ဖြစ်သွား တယ်ပေါ့။ လုပ်ငန်းရှင်တစ်ယောက်ကတော့ မန္တလေး မှာပြောင်းဖွင့်လိုက်ရတယ်ပေါ့။ ဆိုလိုတာကတော့ ဘဝကို သုညကနေပြန်စရတဲ့အနေအထား တော် တော်လေးကြုံခဲ့ရတာပေါ့။ ဘာလို့လဲဆိုတော့ သီပေါ ကဒေသထွက်ကုန်ကိုမှီခိုပြီးတော့ စီးပွားကိုရှာရတဲ့ မြို့၊ ခရီးသွားကိုမှီပြီး စီးပွားရှာရတဲ့မြို့ဖြစ်တဲ့အတွက် အဘက်ဘက်ကနေပိတ်သွားတာကြောင့် တော်တော် လေးကို ဘေးကျပ်နံကျပ်ဖြစ်သွားတဲ့အနေအထား ရှိပါတယ်။ ဒီကြားထဲမှာ ရေဘေးကလည်း ကြုံလိုက် သေးတယ်။ တော်တော်လေးကို ဆိုးရွားတာပေါ့ဗျာ။
မေး - မြို့က အလုံးစုံပြန်ထူမတ်ဖို့ အချိန်ဘယ် လောက်ယူရဦးမယ်ထင်ပါသလဲ။
ဖြေ - နိုင်ငံတော်အစိုးရအနေနဲ့ ပြန်လည်ထိန်းချုပ် ပြီးနောက်မှာ ရွေးကောက်ပွဲကျင်းပပြီးတဲ့နောက် ခြောက်လတော့ အချိန်ယူပြီး ပြန်တည်ထောင်ရဦးမယ် လို့ထင်ပါတယ်။ လမ်းတွေ၊ တံတားတွေ ပြန်လုပ်ရ မယ်။ ခြောက်လကတော့ တော်တော်လေးတည် ဆောက်ရမယ့်အနေအထားပါ။
မေး - ပြန်ဖို့ ကြိုပြင်ဆင်နေကြပြီလား။
ဖြေ - ပြင်ဆင်နေကြပါပြီ။ အားလုံး ကျောက်မဲမှာ ရောက်နေပြီ။ မြို့ကိုရတာနဲ့ တန်းပြန်ကြမယ့်လူတွေ ချည်းပါပဲ။
မေး - တန်းပြန်ဖို့တွေးတာက ပြန်ရင် အဆင်ပြေမယ် ဆိုတဲ့ ယုံကြည်မှုတစ်ရပ် ရှိသွားတယ်ပြောနိုင်မလား။
ဖြေ - ယုံကြည်မှုတစ်ရပ်ပေါ့ဗျာ။ ကိုယ့်မြို့ကိုယ် ပြန် ရတယ်ဆိုတဲ့ယုံကြည်မှုပေါ့။ တွေ့မှာပါ တချို့ဆို ငို တောင်ငိုကြတယ်ပေါ့ဗျာ။ ဘယ်သူမဆို ကိုယ့်အိမ် ကိုယ် နှစ်နဲ့ လနဲ့ ခွဲပြီးမှ ပြန်လာရတဲ့အဖြစ်။ တချို့ဆို မိသားစုတွေမဆုံတော့တဲ့အဖြစ်ပေါ့။ ဒီလို ဝမ်းနည်း၊ ဝမ်းသာအဖြစ်တွေကတော့ မြို့ကိုပြန်ရောက်ပြီးတဲ့ အချိန် ခံစားချက်တွေဖြစ်ရဦးမှာပေါ့။
မေး - မြို့ကို ပလောင်တွေသိမ်းတုန်းက ဖိတ်စဉ် သွားရတဲ့လူအရေအတွက်ကကော ဘယ်လောက်ရှိ နိုင်မလဲ။
ဖြေ - ကျွန်တော်တို့ ခန့်မှန်းခြေအားဖြင့် အရပ်သား ပြည်သူကတော့ လေးဆယ်ထက်မနည်း ကွယ်လွန်ခဲ့ ကြတယ်ပေါ့။ ကြားထဲဖြစ်သွားတာတွေ အများကြီး ပေါ့။ တချို့ဆို သတင်းအဆက်အသွယ်မရတဲ့သူတွေ လည်းအများကြီးရှိတယ်။ ဖမ်းသွားလို့ပါသွားတာ လည်းရှိတာပေါ့။
မေး - မြို့ကိုပြန်ပြီးတော့ဝင်ကြရမယ်ဆိုတော့ တ ချို့ကတော့ အိမ်ရှိတော့မယ်မဟုတ်ဘူးပေါ့လေ။ သူတို့အတွက်ကော ဘာပြောချင်လဲ။
ဖြေ - ကျွန်တော်တို့ကတော့ ပြန်လည် ဝင်ရောက်ကြ မယ့်ဒေသခံတွေကို အစိုးရနဲ့ နိုင်ငံရေးပါတီ၊ လွှတ် တော်ကိုယ်စားလှယ်တွေကတော့ နည်းလမ်းတစ်ခုခု နဲ့စဉ်းစားပြီး ယာယီနေတာဖြစ်ဖြစ်၊ ပေါင်းနေတာပဲ ဖြစ်ဖြစ် ဆောင်ရွက်ပေးကြမှာပါပဲ။ နောင်ချိုကဲ့သို့ပေါ့။ ပြန်လည်ထူထောင်ရေးလုပ်တဲ့အခါမှာလည်း တစ် ယောက်အားနဲ့မကဘဲ ဝိုင်းဝန်းလုပ်ဆောင်ကြမယ်ဆို ရင် အချိန်တိုအတွင်းမှာပြီးစီးသွားမယ်၊ မြေကျန်ရင် ရပြီဆိုတဲ့ စိတ်တော့ထားဖို့လိုပါတယ်။
မေး - စစ်နဲ့ပတ်သက်ပြီးတော့ အခုထိ စိတ်ဒဏ်ရာ တွေရှိနေကြတုန်းပဲလား။
ဖြေ - (၁၉၆၂)ခုနှစ်ကနေစပြီးတော့ ကျွန်တော်တို့ ရှမ်းဒေသက လက်နက်ကိုင်မှုစခဲ့တာပဲ။ ဆယ်စုနှစ် မက နှစ်များစွာကြာခဲ့ပြီ။ (၂၀၁၄)ခုနှစ် ဃြဗ ထိုးပြီး တဲ့ကာလမှာ ရှမ်းပြည်ငြိမ်းချမ်းရေးက အင်မတန်မှ သိသာလာခဲ့တဲ့ပေါ့။ (၂၀၁၄)ပြီးတဲ့နောက်ကာလမှာ ကြားထဲ တိုက်ပွဲရှိပေမယ့် အဲဒီလောက်မပြင်းထန်ဘူး။ (၁၀၂၇) ပထမလှိုင်း၊ ဒုတိယလှိုင်း ခံစားပြီးတဲ့နောက် လူတွေရဲ့စိတ်ထဲမှာ စစ်ဆိုရင် ရေစစ်တောင်မှမကြား ချင်ဘူးဆိုတဲ့ စကားဖြစ်လာတယ်။ အေးအေးချမ်းချမ်း နေချင်ကြတဲ့သူတွေချည်းပဲဗျ။ ဒါကြောင့်လည်း ရှမ်း မြောက်ဒေသခံတွေက ဘယ်ဘက်မှာမှမပါဘူး။ မပါ ပေမယ့် စတေးခံလိုက်ရတာပေါ့ဗျာ။ စိတ်နာကြတာ ပေါ့။
မေး - ကိုယ်အိမ်ကနေခွာရပြီး ကိုယ်အိမ်ပေါ် တခြား သူတက်နေတာကိုသိရတဲ့ခံစားမှုက ဘယ်လိုရှိခဲ့ပါ သလဲ။
ဖြေ - အမှန်အတိုင်းပြောရရင်တော့ဗျာ TNLA က လက်ညှိုးထိုးပြီး ဒီအိမ်ကို သိန်းဘယ်လောက်၊ သိန်း ဘယ်လောက်ဆိုပြီးရောင်းစားတာပေါ့ဗျာ။ ကျွန်တော် တို့အိမ်တွေကရောင်းစားခံရတော့ မချိတင်ကဲပေါ့ဗျာ။ လက်တုံ့ပြန်ချင်ပေမယ့်လည်း အင်အားချင်းမမျှတော့ စိတ်တွေမကောင်းဘူး။ တပ်မတော်စစ်ကြောင်းလာ ပြီဆိုတော့ TNLA ကိုထောက်ခံတဲ့သူတွေအကုန် သီပေါကနေထွက်ပြေးပြီ။ ဖေ့စ်ဘွတ်ခ်က သီပေါဂရု မှာလည်းတွေ့ပါလိမ့်မယ်။ မှတ်ထားကြတာ။ ပြန်ပြီး တော့လက်စားချေနိုင်တော့မယ့်အနေအထားတွေ ပေါ့ဗျာ။ ရင်ထဲမှာ မခံချင်စိတ်တွေနဲ့ ဒေါသတရား တော့ဖြစ်မိတာပေါ့။

ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Zawgyi Version:
သီေပါၿမိဳ႕ခံတို႔ရဲ႕ ဝမ္းသာ၊ဝမ္းနည္း အိမ္ျပန္ခရီး( ၿမိဳ႕အင္တာဗ်ဴး )
သုတေက်ာ္ (NPNews) - ေအာက္တိုဘာလ ၁၆

ရွမ္းျပည္နယ္အတြင္းမွ သာယာေအးခ်မ္းလွၿပီး စီးပြားေရးလည္းတည္ၿငိမ္ေသာ သီေပါၿမိဳ႕ သည္ ႐ုတ္တရက္ပင္ စစ္၏ေမႊရမ္းျခင္းကိုခံခဲ့ရသည္။ က်န္ခဲ့ရသူတို႔မွာ TNLA တို႔လက္ေအာက္တြင္ ျဖတ္ေတာက္မႈမ်ားစြာျဖင့္ႀကဳံခဲ့ရသည့္အျပင္ ၿမိဳ႕ခံအမ်ားစုမွာ တည္ၿငိမ္ရာေနရာမ်ားသို႔ စြန႔္ခြာတိမ္းေရွာင္ ခဲ့ၾကရသည္။ ယခုအခါ သီေပါၿမိဳ႕ခံတို႔ စိတ္ေအးလက္ေအးျဖင့္အိမ္ျပန္ႏိုင္ေပေတာ့မည္။ သို႔ေသာ္ အခ်ိဳ႕ မွာ မိသားစုမစုံလင္ေတာ့။ အခ်ိဳ႕မွာ ေနစရာအိမ္ပင္မရွိေတာ့ပါ။ အဆိုပါအေျခအေနမ်ားႏွင့္ပတ္သက္၍ ၿမိဳ႕ခံတစ္ဦးထံ NP News ဂ်ာနယ္က ဆက္သြယ္ေမးျမန္းထားသည္မ်ားကို ေဖာ္ျပအပ္ပါသည္။

ေမး - ပထမဆုံးေမးခြန္းက ေအာက္တိုဘာလ (၇) ရက္အထိ ေနာက္ဆုံးအေျခအေနနဲ႔ ဒီမတိုင္ခင္က သီေပါၿမိဳ႕နယ္ကအေျခအေနကို အရင္ဆုံးေျပာျပေပး ပါလား။
ေျဖ - သီေပါမွာေတာ့ တပ္မေတာ္စစ္ေၾကာင္းက သီေပါၿမိဳ႕နဲ႔ ဆယ္မိုင္ေလာက္အကြာကိုေရာက္ၿပီေပါ့။ ဆိုလိုတာက ၿမိဳ႕ထဲကိုသြားဖို႔ဆိုတာက နည္းနည္းေလး ပဲလိုေတာ့တဲ့အေနအထားျဖစ္ပါတယ္။ ၿမိဳ႕ထဲမွာ နဂို တုန္းက အၾကမ္းဖက္အားေပးအဖြဲ႕အစည္းေတြ ပရ ဟိတလိုလိုအေကာင္ေတြေရာ၊ ၿပီးေတာ့ အၾကမ္းဖက္ ကိုအားေပးခဲ့တဲ့ CDM ေတြ၊ တခ်ိဳ႕ေသာအဖြဲ႕အစည္း ေတြကေတာ့ ေလာက္ကိုင္ဘက္ကို ထြက္ေျပးတိမ္း ေရွာင္သြားတယ္ေပါ့။ ေနာက္ၿပီးေတာ့ ဒီ ေျမသယ္ ယာဥ္ေတြနဲ႔ ေဆး႐ုံထဲကမီးစက္ေတြ၊ ထရန္စေဖာ္မာ ေတြ၊ ဓာတ္ႀကိဳးေတြ၊ မီးစက္ေတြ။ ဓာတ္ႀကိဳးဆိုတဲ့ ေနရာမွာ မီးေပးတဲ့လိုင္းႀကိဳးေတြ ေနာက္ၿပီးေတာ့ ဆိုလာျပားေတြ၊ မီးပြိဳင့္ထိပ္မွာတပ္ထားတဲ့ CCTV ေတြ အကုန္လုံးကို မေန႔ကတည္းက ေျမသယ္ကား (၄)စီးနဲ႔ စားပြဲခုံေတြကအစ နမၼတူဘက္ကိုသယ္သြား တဲ့အေနအထား ေတြ႕ရပါတယ္။
ေမး - ေက်ာက္မဲရၿပီးတဲ့ေနာက္ သီေပါၿမိဳ႕ကို တပ္မေတာ္က ဘာေၾကာင့္ ျမန္ျမန္ခ်ဥ္းကပ္ႏိုင္ခဲ့တာလဲ။
ေျဖ - နံပါတ္တစ္ကေတာ့ ေက်ာက္မဲနဲ႔သီေပါရဲ႕ ခရီးမိုင္အကြာအေဝးက တအားႀကီးေဝးလွတယ္ မဟုတ္တဲ့အျပင္ နယ္ေျမအေနအထားကလည္း ရွမ္း ႐ြာေတြရွိတယ္။ SSPP ထိန္းခ်ဳပ္တဲ့ေဒသေတြလည္း ပါတယ္ေပါ့။ တိုက္ပြဲေတြျဖစ္ပြားတာသိပ္မရွိဘဲ လြယ္ လြယ္ကူကူျဖတ္သန္းႏိုင္တာတစ္ပိုင္း၊ ေနာက္ၿပီးေတာ့ သီေပါၿမိဳ႕ခံအမ်ားစုကလည္း ႀကိဳဆိုေနတာရွိပါတယ္။ ဒါေတြေၾကာင့္လည္း စစ္ေၾကာင္းက ေစာေစာစီးစီး ခ်ဥ္းကပ္ႏိုင္တဲ့ အေနအထားတစ္ခုရွိပါတယ္။
ေမး - ပေလာင္လက္ေအာက္မွာ သီေပါၿမိဳ႕က ဘယ္ လိုအေျပာင္းအလဲေတြ ျဖစ္ခဲ့လဲ။
ေျဖ - တကယ္ေတာ့ သီေပါၿမိဳ႕ဆိုတာက အရင္အစိုး ရလက္ထက္မွာ ခရီးသြားကို မွီခိုတဲ့ၿမိဳ႕ေပါ့။ အထူး အားျဖင့္ မ်က္လုံးထဲျမင္ေအာင္ေျပာရရင္ ဘားအံလို မ်ိဳးေပါ့ဗ်ာ။ ႏိုင္ငံျခားခရီးသြားေတြလာေရာက္ၿပီး လည္ပတ္တဲ့ၿမိဳ႕၊ ဒ႑ာရီဆန္ဆန္မ်ားစြာရွိတဲ့ၿမိဳ႕။ ရွမ္းျပည္နယ္မွာဆိုရင္ ဝင္ေငြတတိယအဆင့္လား မသိဘူး ရွိတဲ့ၿမိဳ႕။ တိုင္းရင္းသားေပါင္းစုံ ခ်စ္ၾကည္ရင္း ႏွီးစြာနဲ႔ ဘာပဋိပကၡမွမရွိဘဲ ေနလို႔ေကာင္းတဲ့ၿမိဳ႕ျဖစ္ တယ္။ ေနာက္ၿပီးေတာ့ ေျမျပင္အေနအထားကလည္း သဟဇာတမွ်တတယ္။ တအားႀကီး ေအးလြန္း၊ ခ်မ္း လြန္းတာမရွိဘူး။ ဒု႒ဝတီျမစ္က ၿမိဳ႕ရဲ႕အလယ္ကေန ျဖတ္ၿပီးစီးဆင္းသြားတာ။ ေရေျမဩဇာကလည္း ေကာင္းမြန္တယ္။ အင္မတန္ကိုမွ စီးပြားေရးအရေရာ၊ ျပည္နယ္ေထာင္စုလမ္းမႀကီးေဘးမွာရွိတဲ့အတြက္ အဘက္ဘက္ကေန ေကာင္းမြန္တဲ့ၿမိဳ႕ေလးျဖစ္ပါ တယ္။ ယဥ္ေက်းမႈအေမြအႏွစ္လည္း ျပည့္စုံတယ္ ေပါ့ဗ်ာ။ TNLA သိမ္းၿပီးတဲ့ေနာက္ ၿမိဳ႕အေနအထား က နံပါတ္တစ္ကေတာ့ အားလုံးက ၿမိဳ႕ကေနတိမ္း ေရွာင္ရတယ္။ အားေပးတဲ့လူနည္းစုသာက်န္ခဲ့ရတဲ့ အေနအထားေပါ့။ ၿမိဳ႕ရဲ႕စီးပြားေရး ဆုတ္ယုတ္သြား တယ္။ ၾကက္ဥတစ္လုံးကို ေထာင့္တစ္ရာအထိျဖစ္ သြားတယ္။ ဆန္တစ္ျပည္ကို တစ္ေသာင္းရွစ္ေထာင္ ေတြဘာေတြ ျဖစ္သြားတဲ့အေနအထားေပါ့။ ေျပာရရင္ လမ္းပန္းဆက္သြယ္ေရးကို Block လုပ္ထားတဲ့ အေနအထားေပါ့။ ဖုန္းလိုင္းေတြကို ပိတ္ထားတယ္။ အားလုံးလည္းသိတဲ့အတိုင္းေပါ့။ အဲဒီလိုမ်ိဳးရွိသြား တယ္။
ေမး - သူတို႔လက္ေအာက္မွာ အဓိကဆုတ္ယုတ္ သြားတာဆို ဘာျဖစ္မလဲ။
ေျဖ - အဓိကေတာ့ လူမႈစီးပြားေရးေပါ့။ အဘက္ ဘက္ကေနနိမ့္က်တယ္။ ကြၽန္ေတာ္တို႔ၿမိဳ႕ကဆို င႐ုတ္သီးႏွမ္းကပ္ေၾကာ္တို႔၊ သီေပါေခါပုတ္တို႔၊ သီေပါ ဆန္တို႔ ဒါေတြ ဝယ္လိုအားမရွိဘူး။ ေနာက္ၿပီးေတာ့ ႐ိုးရာအဝတ္အစားေတြ၊ စက္မႈလက္မႈအပိုင္းေတြ အကုန္ရပ္နားသြားတယ္။
ေမး - ကြၽန္ေတာ္တို႔ဂ်ာနယ္ထြက္ရင္ေတာ့ တပ္မ ေတာ္က သီေပါကို သိမ္းၿပီးျဖစ္ေလာက္ပါတယ္။ ဒီေတာ့ ႀကိဳေမးရတာေပါ့ခင္ဗ်ာ။ သီေပါၿမိဳ႕ကို ျပန္ထူ ေထာင္မယ္ဆိုရင္ ဘယ္လိုအခက္အခဲေတြရွိႏိုင္လဲ။
ေျဖ - ျပန္လည္တည္ေထာင္တဲ့အခါ ေက်ာက္မဲ ေလာက္ေတာ့ ခက္ခဲမယ့္အေနအထားမွာမရွိဘူး။ ကြၽန္ေတာ္တို႔ ၿမိဳ႕အေနအထားက ရွမ္းတိုင္းရင္းသား အမ်ားစုေနထိုင္တဲ့ၿမိဳ႕ျဖစ္တယ္။ ေက်ာက္မဲလို ပေလာင္ နဲ႔ေရာတဲ့အေနအထားလည္းမရွိဘူး။ ေနာက္ၿပီးေတာ့ ေအးေအးလူလူေနထိုင္ၾကတဲ့လူမ်ိဳးေတြပဲျဖစ္တယ္။ ဘာသာတရားကိုင္းရႈိင္းတယ္။ သာမန္အခ်ိန္ေတာင္ ၿမိဳ႕မွာ ဘာပြဲလမ္းပဲလုပ္လုပ္ တစ္အိမ္တစ္ေယာက္ သြားတဲ့ႏႈန္းနဲ႔ ညီၫြတ္တဲ့ၿမိဳ႕တစ္ၿမိဳ႕ျဖစ္တယ္။ ၿမိဳ႕ကို ျပန္ထူေထာင္တဲ့အခါ ျပည္သူလူထု၊ တပ္မေတာ္၊ ႏိုင္ ငံေရးလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြေပါင္းၿပီး ေတာ့ အခ်ိန္တိုအတြင္း ျပန္တည္ေထာင္ႏိုင္လိမ့္မယ္ လို႔ ကြၽန္ေတာ္တို႔ကေတာ့ ဒီလိုေမွ်ာ္လင့္ပါတယ္။
ေမး - TNLA အုပ္ခ်ဳပ္စဥ္က သူတို႔ ဘယ္လိုဖိႏွိပ္ခဲ့ ပါသလဲ။
ေျဖ - အဓိကေတာ့ TNLA မူဝါဒက ေတာ္လွန္ေရး ဆိုေပမယ့္ တကယ္မွာကေတာ့ လူမ်ိဳးႀကီးဝါဒေပါ့။ သူတို႔ တအာင္းစာသင္ရတယ္။ ၿပီးေတာ့ ဗမာစကား ေျပာလို႔မရတာေတြ။ ၿပီးေတာ့ သူတို႔မထင္ရင္မထင္ သလို ဒလန္လို႔ေျပာၿပီးေတာ့ ေခါင္းတုံးတုံး ရဲစခန္း ထဲမွာ အခ်ဳပ္ခ်တာေတြ၊ ႐ိုက္ႏွက္တာေတြ ဒါမ်ိဳးေတြ လည္းႀကဳံရတယ္ေပါ့။ အဓိကေတာ့ လူမ်ိဳးေရးအရ ဖိႏွိပ္မႈေတြ ႀကဳံရတာပါပဲ။
ေမး - သီေပါက ဘယ္လိုႏိုင္ငံေရးအျမင္ရွိတဲ့ ျပည္ သူေတြရွိရာ ၿမိဳ႕အမ်ိဳးအစားျဖစ္မလဲ။
ေျဖ - ကြၽန္ေတာ္တို႔သီေပါၿမိဳ႕က အစိုးရစဥ္ဆက္မွာ အနီလည္းမယိမ္းခဲ့ဘူး၊ အစိမ္းလည္းမယိမ္းခဲ့တဲ့ၿမိဳ႕ တစ္ၿမိဳ႕ေပါ့။ တိုင္းရင္းသား ႏိုင္ငံေရးအားေကာင္းတဲ့ ၿမိဳ႕ေပါ့။ ရွမ္းႏိုင္ငံေရးမွာဆိုရင္ အင္မတန္ကိုမွနာမည္ ႀကီးတဲ့ စဝ္ၾကာဆိုင္နဲ႔ မဟာေဒဝီရွိခဲ့တဲ့ၿမိဳ႕ျဖစ္တယ္။ SSA မူလအစ ၿမိဳ႕လည္းျဖစ္တယ္ေပါ့။ ၿမိဳ႕သူၿမိဳ႕သား ေတြနဲ႔ ကြၽန္ေတာ္တို႔ကေတာ့ ကိုယ့္လူမ်ိဳး၊ ကိုယ့္ဘာ သာေရးနဲ႔ ဓေလ့ထုံးစံနဲ႔သြားတဲ့ၿမိဳ႕ျဖစ္တယ္။ ရွမ္းျပည္ နယ္ ဘယ္ၿမိဳ႕မွာမွမေတြ႕ရတဲ့ သီတင္းကြၽတ္အခါ ဓေလ့မ်ိဳးေတြ၊ ႐ိုးရာယဥ္ေက်းမႈေတြနဲ႔ထိန္းသိမ္း ထားတဲ့ၿမိဳ႕တစ္ၿမိဳ႕ျဖစ္တဲ့အတြက္ ကြၽန္ေတာ္တို႔ၿမိဳ႕ရဲ႕ အေနထားကေတာ့ အၾကမ္းဖက္အားေပးတဲ့အင္အား စုက တစ္ရာမွာ ငါးရာခိုင္ႏႈန္းေလာက္ပဲရွိတယ္။ ဒီငါး ရာခိုင္ႏႈန္းကလည္း တျခားသူေတြမဟုတ္ဘူးေပါ့ဗ်ာ။ ျပည္မဘက္ကေန အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ေရာက္ လာတဲ့လူေတြမ်ားပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ TNLA ကို လက္ညႇိဳးထိုးၿပီး အိမ္ေတြပိတ္ခိုင္းတယ္၊ ပစၥည္းေတြေရာင္းစားတယ္။ NUG အမည္ခံၿပီးလုပ္ သြားတာေတြက ကြၽန္ေတာ္တို႔ သီေပါၿမိဳ႕ခံတစ္ေယာက္ မွမပါပါဘူး။ မႏၲေလးဘက္ကေနေျပာင္းလာတယ္၊ ရန္ကုန္ဘက္ကေျပာင္းလာတယ္ အဲဒီလိုလူမ်ိဳးေတြပဲ မ်ားပါတယ္ ဒါကြၽန္ေတာ္တို႔ေတြ႕ရွိခ်က္ေပါ့။
ေမး - တစ္ခုခုၿပီးသြားတဲ့အခါမ်ိဳးမွာ အဲဒီတုန္းက ဘယ္လိုျဖစ္ခဲ့တယ္ဆိုတဲ့အေၾကာင္းေတြ ျပန္ေျပာ ေလ့ရွိၾကတာေပါ့ေလ။ ဆိုေတာ့ တိုက္ပြဲျဖစ္တုန္းက ေဒသခံေတြ ဘယ္လိုစိုးရိမ္ခဲ့ၾကရလဲ။
ေျဖ - ကြၽန္ေတာ္တို႔က ဆုပ္လည္း စူး၊ စားလည္း ႐ူး ဆိုတဲ့ အေနအထားေပါ့ဗ်ာ။ ၿမိဳ႕ကေန ခြာလည္းခြာ ခ်င္တယ္။ ခြာရင္လည္း ခိုးမွာစိုးတယ္။ မခြာရင္လည္း ေသေဘးရင္ဆိုင္ရမွာေပါ့ဗ်ာ။ အဆိုးဆုံးကေတာ့ ဘာ ျဖစ္သြားလဲဆိုေတာ့ ပေလာင္ေတြက လူေနအိမ္ေတြ မွာ ဝင္ၿပီးစခန္းခ်တာေပါ့။ ႐ုံးေတြမွာစခန္းခ်တဲ့အခါ ေလေၾကာင္းတိုက္ခိုက္မႈလုပ္ေတာ့ လူေနအိမ္ေတြ ထိခိုက္မႈမ်ားတယ္။ အမွန္တကယ္က တိုက္ပြဲေဖာ္တာ ကလည္း ၿမိဳ႕ေပၚမွာ တိုက္ပြဲေဖာ္တာျဖစ္တဲ့အတြက္ ကြၽန္ေတာ္တို႔ၿမိဳ႕ဟာေတာ့ ေက်ာက္မဲထက္စာရင္ ပ်က္စီးမႈပိုမ်ားသြားတယ္။ လူေတြရဲ႕ရင္ထဲမွာေတာ့ ဒီတိုက္ပြဲဆိုတဲ့စကားရပ္ႀကီး မၾကားခ်င္ေတာ့ဘူး။ ၿငိမ္း ၿငိမ္းခ်မ္းခ်မ္းပဲေနခ်င္ေတာ့ပါတယ္။
ေမး - ၿမိဳ႕ကေနခြာေတာ့ ဘယ္လိုအခက္အခဲျဖစ္ခဲ့ၾကလဲ။
ေျဖ - နံပါတ္တစ္ကေတာ့ ကြၽန္ေတာ္တို႔က ခြာၾက တယ္ဆိုတာမွာ အမ်ားစုကေတာ့ ရွမ္းေတာင္နဲ႔ မႏၲေလး ေျပးၾကတာေပါ့ဗ်ာ။ အဲဒီေရွ႕တုန္းကေပါ့။ နံပါတ္တစ္ကေတာ့ တျခားၿမိဳ႕မွာ အိမ္ငွားလို႔မရတဲ့ ကိစၥေတြ၊ ေနာက္ၿပီးေတာ့ ကိုယ့္ေဒသ၊ ကိုယ့္အရပ္ မဟုတ္ေတာ့ ရွိတဲ့ပစၥည္းေလးေတြကို ထုခြဲ၊ ေရာင္း ခ်ၿပီးစားေသာက္ခဲ့ရတာေပါ့ဗ်ာ။ ေတာ္ေတာ္ေလး ေတာ့ အခက္အခဲမ်ားၾကပါတယ္။
ေမး - ၿမိဳ႕ကို ျပန္ထူေထာင္ရမယ္ဆိုရင္ ဘယ္ကေန စလုပ္ရမယ္ထင္ပါသလဲ။ ဘယ္အပိုင္းကေကာ အ ခက္ခဲဆုံးလို႔ထင္ပါသလဲ။
ေျဖ - ၿမိဳ႕ကို ျပန္လည္ထူေထာင္တဲ့အခါ ၿမိဳ႕ျပလို အပ္ခ်က္ျဖစ္တဲ့ ေဆး႐ုံေဆးခန္းေတြ၊ စာသင္ေက်ာင္း ေတြ၊ ေက်းလက္ေဆးေပးခန္း၊ ရဲစခန္းေပါ့။ ၿပီးေတာ့ ျပည္သူ႔ဝန္ေဆာင္မႈေပးတဲ့ ႐ုံးပိုင္းဆိုင္ရာေတြတည္ ေထာင္ဖို႔က အခက္အခဲပါပဲ။ အထူးသျဖင့္ကေတာ့ ေဆး႐ုံ၊ ေဆးခန္း ျပန္တည္ေထာင္ဖို႔က ေတာ္ေတာ္ ေလးကိုခက္ခဲတယ္။ ေနာက္ၿပီးေတာ့ လွ်ပ္စစ္မီးရရွိ ေရးကေတာ့ ေတာ္ေတာ္ေလးကို ျပန္လုပ္ရမွာေပါ့။ ထရမ္စေဖာ္မာေတြပါ ပါသြားတာကိုး။ အဲဒီလိုဟာေတြ ေတာ့ရွိပါတယ္။
ေမး - ေဒသခံအတြက္ေတာ့ အိပ္မက္ဆိုးေပါ့ေလ။ ဒီ ကိုယ့္ၿမိဳ႕ကေနခြာေနရတဲ့ကာလမွာ ၿမိဳ႕ခံေတြရဲ႕စီး ပြားေရး ဘယ္လိုအခက္အခဲရွိလဲ။ စီးပြားက်သြားတဲ့ သူေတြေကာရွိလားခင္ဗ်။
ေျဖ - ရွိတာေပါ့။ ကြၽန္ေတာ္တို႔ၿမိဳ႕မွာဆိုရင္ ေဒသ လုပ္ငန္းရွင္ႀကီး ငါးေယာက္ရွိတယ္ေပါ့ဗ်ာ။ လုပ္ငန္း ရွင္ေလးေယာက္ဆိုရင္ ရပ္ဆိုင္းလုမတတ္ျဖစ္သြား တယ္ေပါ့။ လုပ္ငန္းရွင္တစ္ေယာက္ကေတာ့ မႏၲေလး မွာေျပာင္းဖြင့္လိုက္ရတယ္ေပါ့။ ဆိုလိုတာကေတာ့ ဘဝကို သုညကေနျပန္စရတဲ့အေနအထား ေတာ္ ေတာ္ေလးႀကဳံခဲ့ရတာေပါ့။ ဘာလို႔လဲဆိုေတာ့ သီေပါ ကေဒသထြက္ကုန္ကိုမွီခိုၿပီးေတာ့ စီးပြားကိုရွာရတဲ့ ၿမိဳ႕၊ ခရီးသြားကိုမွီၿပီး စီးပြားရွာရတဲ့ၿမိဳ႕ျဖစ္တဲ့အတြက္ အဘက္ဘက္ကေနပိတ္သြားတာေၾကာင့္ ေတာ္ေတာ္ ေလးကို ေဘးက်ပ္နံက်ပ္ျဖစ္သြားတဲ့အေနအထား ရွိပါတယ္။ ဒီၾကားထဲမွာ ေရေဘးကလည္း ႀကဳံလိုက္ ေသးတယ္။ ေတာ္ေတာ္ေလးကို ဆိုး႐ြားတာေပါ့ဗ်ာ။
ေမး - ၿမိဳ႕က အလုံးစုံျပန္ထူမတ္ဖို႔ အခ်ိန္ဘယ္ ေလာက္ယူရဦးမယ္ထင္ပါသလဲ။
ေျဖ - ႏိုင္ငံေတာ္အစိုးရအေနနဲ႔ ျပန္လည္ထိန္းခ်ဳပ္ ၿပီးေနာက္မွာ ေ႐ြးေကာက္ပြဲက်င္းပၿပီးတဲ့ေနာက္ ေျခာက္လေတာ့ အခ်ိန္ယူၿပီး ျပန္တည္ေထာင္ရဦးမယ္ လို႔ထင္ပါတယ္။ လမ္းေတြ၊ တံတားေတြ ျပန္လုပ္ရ မယ္။ ေျခာက္လကေတာ့ ေတာ္ေတာ္ေလးတည္ ေဆာက္ရမယ့္အေနအထားပါ။
ေမး - ျပန္ဖို႔ ႀကိဳျပင္ဆင္ေနၾကၿပီလား။
ေျဖ - ျပင္ဆင္ေနၾကပါၿပီ။ အားလုံး ေက်ာက္မဲမွာ ေရာက္ေနၿပီ။ ၿမိဳ႕ကိုရတာနဲ႔ တန္းျပန္ၾကမယ့္လူေတြ ခ်ည္းပါပဲ။
ေမး - တန္းျပန္ဖို႔ေတြးတာက ျပန္ရင္ အဆင္ေျပမယ္ ဆိုတဲ့ ယုံၾကည္မႈတစ္ရပ္ ရွိသြားတယ္ေျပာႏိုင္မလား။
ေျဖ - ယုံၾကည္မႈတစ္ရပ္ေပါ့ဗ်ာ။ ကိုယ့္ၿမိဳ႕ကိုယ္ ျပန္ ရတယ္ဆိုတဲ့ယုံၾကည္မႈေပါ့။ ေတြ႕မွာပါ တခ်ိဳ႕ဆို ငို ေတာင္ငိုၾကတယ္ေပါ့ဗ်ာ။ ဘယ္သူမဆို ကိုယ့္အိမ္ ကိုယ္ ႏွစ္နဲ႔ လနဲ႔ ခြဲၿပီးမွ ျပန္လာရတဲ့အျဖစ္။ တခ်ိဳ႕ဆို မိသားစုေတြမဆုံေတာ့တဲ့အျဖစ္ေပါ့။ ဒီလို ဝမ္းနည္း၊ ဝမ္းသာအျဖစ္ေတြကေတာ့ ၿမိဳ႕ကိုျပန္ေရာက္ၿပီးတဲ့ အခ်ိန္ ခံစားခ်က္ေတြျဖစ္ရဦးမွာေပါ့။
ေမး - ၿမိဳ႕ကို ပေလာင္ေတြသိမ္းတုန္းက ဖိတ္စဥ္ သြားရတဲ့လူအေရအတြက္ကေကာ ဘယ္ေလာက္ရွိ ႏိုင္မလဲ။
ေျဖ - ကြၽန္ေတာ္တို႔ ခန႔္မွန္းေျခအားျဖင့္ အရပ္သား ျပည္သူကေတာ့ ေလးဆယ္ထက္မနည္း ကြယ္လြန္ခဲ့ ၾကတယ္ေပါ့။ ၾကားထဲျဖစ္သြားတာေတြ အမ်ားႀကီး ေပါ့။ တခ်ိဳ႕ဆို သတင္းအဆက္အသြယ္မရတဲ့သူေတြ လည္းအမ်ားႀကီးရွိတယ္။ ဖမ္းသြားလို႔ပါသြားတာ လည္းရွိတာေပါ့။
ေမး - ၿမိဳ႕ကိုျပန္ၿပီးေတာ့ဝင္ၾကရမယ္ဆိုေတာ့ တ ခ်ိဳ႕ကေတာ့ အိမ္ရွိေတာ့မယ္မဟုတ္ဘူးေပါ့ေလ။ သူတို႔အတြက္ေကာ ဘာေျပာခ်င္လဲ။
ေျဖ - ကြၽန္ေတာ္တို႔ကေတာ့ ျပန္လည္ ဝင္ေရာက္ၾက မယ့္ေဒသခံေတြကို အစိုးရနဲ႔ ႏိုင္ငံေရးပါတီ၊ လႊတ္ ေတာ္ကိုယ္စားလွယ္ေတြကေတာ့ နည္းလမ္းတစ္ခုခု နဲ႔စဥ္းစားၿပီး ယာယီေနတာျဖစ္ျဖစ္၊ ေပါင္းေနတာပဲ ျဖစ္ျဖစ္ ေဆာင္႐ြက္ေပးၾကမွာပါပဲ။ ေနာင္ခ်ိဳကဲ့သို႔ေပါ့။ ျပန္လည္ထူေထာင္ေရးလုပ္တဲ့အခါမွာလည္း တစ္ ေယာက္အားနဲ႔မကဘဲ ဝိုင္းဝန္းလုပ္ေဆာင္ၾကမယ္ဆို ရင္ အခ်ိန္တိုအတြင္းမွာၿပီးစီးသြားမယ္၊ ေျမက်န္ရင္ ရၿပီဆိုတဲ့ စိတ္ေတာ့ထားဖို႔လိုပါတယ္။
ေမး - စစ္နဲ႔ပတ္သက္ၿပီးေတာ့ အခုထိ စိတ္ဒဏ္ရာ ေတြရွိေနၾကတုန္းပဲလား။
ေျဖ - (၁၉၆၂)ခုႏွစ္ကေနစၿပီးေတာ့ ကြၽန္ေတာ္တို႔ ရွမ္းေဒသက လက္နက္ကိုင္မႈစခဲ့တာပဲ။ ဆယ္စုႏွစ္ မက ႏွစ္မ်ားစြာၾကာခဲ့ၿပီ။ (၂၀၁၄)ခုႏွစ္ ၾဃဗ ထိုးၿပီး တဲ့ကာလမွာ ရွမ္းျပည္ၿငိမ္းခ်မ္းေရးက အင္မတန္မွ သိသာလာခဲ့တဲ့ေပါ့။ (၂၀၁၄)ၿပီးတဲ့ေနာက္ကာလမွာ ၾကားထဲ တိုက္ပြဲရွိေပမယ့္ အဲဒီေလာက္မျပင္းထန္ဘူး။ (၁၀၂၇) ပထမလႈိင္း၊ ဒုတိယလႈိင္း ခံစားၿပီးတဲ့ေနာက္ လူေတြရဲ႕စိတ္ထဲမွာ စစ္ဆိုရင္ ေရစစ္ေတာင္မွမၾကား ခ်င္ဘူးဆိုတဲ့ စကားျဖစ္လာတယ္။ ေအးေအးခ်မ္းခ်မ္း ေနခ်င္ၾကတဲ့သူေတြခ်ည္းပဲဗ်။ ဒါေၾကာင့္လည္း ရွမ္း ေျမာက္ေဒသခံေတြက ဘယ္ဘက္မွာမွမပါဘူး။ မပါ ေပမယ့္ စေတးခံလိုက္ရတာေပါ့ဗ်ာ။ စိတ္နာၾကတာ ေပါ့။
ေမး - ကိုယ္အိမ္ကေနခြာရၿပီး ကိုယ္အိမ္ေပၚ တျခား သူတက္ေနတာကိုသိရတဲ့ခံစားမႈက ဘယ္လိုရွိခဲ့ပါ သလဲ။
ေျဖ - အမွန္အတိုင္းေျပာရရင္ေတာ့ဗ်ာ TNLA က လက္ညႇိဳးထိုးၿပီး ဒီအိမ္ကို သိန္းဘယ္ေလာက္၊ သိန္း ဘယ္ေလာက္ဆိုၿပီးေရာင္းစားတာေပါ့ဗ်ာ။ ကြၽန္ေတာ္ တို႔အိမ္ေတြကေရာင္းစားခံရေတာ့ မခ်ိတင္ကဲေပါ့ဗ်ာ။ လက္တုံ႔ျပန္ခ်င္ေပမယ့္လည္း အင္အားခ်င္းမမွ်ေတာ့ စိတ္ေတြမေကာင္းဘူး။ တပ္မေတာ္စစ္ေၾကာင္းလာ ၿပီဆိုေတာ့ TNLA ကိုေထာက္ခံတဲ့သူေတြအကုန္ သီေပါကေနထြက္ေျပးၿပီ။ ေဖ့စ္ဘြတ္ခ္က သီေပါဂ႐ု မွာလည္းေတြ႕ပါလိမ့္မယ္။ မွတ္ထားၾကတာ။ ျပန္ၿပီး ေတာ့လက္စားေခ်ႏိုင္ေတာ့မယ့္အေနအထားေတြ ေပါ့ဗ်ာ။ ရင္ထဲမွာ မခံခ်င္စိတ္ေတြနဲ႔ ေဒါသတရား ေတာ့ျဖစ္မိတာေပါ့။

ေက်းဇူးတင္ပါတယ္ခင္ဗ်ာ။

Related news

© 2021. All rights reserved.