ဘင်္ဂလားဒေ့ရှ်နိုင်ငံက အထည်ချုပ်စက်ရုံတစ်ခုမှာ မီးလောင်ကျွမ်းမှုတွေဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၁၆)ဦးသေဆုံး

80

Pika(NP News) အောက်တိုဘာ ၁၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံက အထည်ချုပ်စက်ရုံတစ်ခုနဲ့ ကပ်လျက်မှာရှိတဲ့ ဓါတုပစ္စည်းတွေဂိုထောင်တစ်ခုတို့မှာ မီးလောင်ကျွမ်းမှုတွေဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ(၁၆)ဦးသေဆုံးခဲ့ပြီး အခြားလူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ဒါ့ပြင် မီးလောင်မှုကြောင့် သေဆုံးသူအရေအတွက်ဟာ ထပ်မံတိုးမြင့်လာနိုင်ဖွယ်ရှိနေတယ်လို့လည်း တာဝန်ရှိသူတွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။မီးလောင်ကျွမ်းမှု ဘာကြောင့်ဖြစ်ပွားရသလဲဆိုတဲ့ အကြောင်းအရင်းတွေကိုတော့ လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးဘူးလို့လည်း မီးသတ်ဌာန ဒါရိုက်တာ Tajul Islam Chowdhury က ပြောကြားခဲ့ပါတယ်။ Tajul Islam Chowdhuryက”အထည်ချုပ်စက်ရုံရဲ့ ဒုတိယထပ်နဲ့ တတိယထပ်တို့ကနေ ရုပ်အလောင်း(၁၆)လောင်းကို ပြန်လည်ရယူနိုင်ခဲ့ပါတယ်။ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေမှုနဲ့အတူ သေဆုံးသူအရေအတွက်က တိုးမြင့်လာနိုင်ဖွယ်ရှိနေပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။ဒါကာမြို့ Mirpurဧရိယာမှာရှိတဲ့ လေးထပ်အဆောက်အဦးရဲ့ တတိယထပ်မှာ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ အရောင်ချွတ်ဆေးမှုန့်၊ ပလပ်စတစ်နဲ့ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်တို့ သိုလှောင်ထားတဲ့ ဓါတုဂိုထောင်ရုံကို မီးကူးစက်သွားခဲ့တာဖြစ်တယ်လို့ မျက်မြင်သက်သေတစ်ဦးက ပြောကြားခဲ့ပါတယ်။မီးသတ်သမားတွေဟာ အထည်ချုပ်စက်ရုံမှာ လောင်ကျွမ်းနေတဲ့မီးကို အချိန်(၃)နာရီကြာ ငြိမ်းသတ်ခဲ့ရပေမယ့်လည်း ဓါတုဂိုထောင်ရုံမှာတော့ မီးဆက်လက်လောင်ကျွမ်းနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ဘဂၤလားေဒ့ရွ္ႏိုင္ငံက အထည္ခ်ဳပ္စက္႐ုံတစ္ခုမွာ မီးေလာင္ကြၽမ္းမႈေတြျဖစ္ပြားခဲ့ၿပီး အနည္းဆုံးလူ(၁၆)ဦးေသဆုံး
Pika(NP News) ေအာက္တိုဘာ ၁၆
ဘဂၤလားေဒ့ရွ္ႏိုင္ငံက အထည္ခ်ဳပ္စက္႐ုံတစ္ခုနဲ႔ ကပ္လ်က္မွာရွိတဲ့ ဓါတုပစၥည္းေတြဂိုေထာင္တစ္ခုတို႔မွာ မီးေလာင္ကြၽမ္းမႈေတြျဖစ္ပြားခဲ့ရာ အနည္းဆုံးလူ(၁၆)ဦးေသဆုံးခဲ့ၿပီး အျခားလူအမ်ားအျပား ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။ဒါ့ျပင္ မီးေလာင္မႈေၾကာင့္ ေသဆုံးသူအေရအတြက္ဟာ ထပ္မံတိုးျမင့္လာႏိုင္ဖြယ္ရွိေနတယ္လို႔လည္း တာဝန္ရွိသူေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။မီးေလာင္ကြၽမ္းမႈ ဘာေၾကာင့္ျဖစ္ပြားရသလဲဆိုတဲ့ အေၾကာင္းအရင္းေတြကိုေတာ့ လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္း မသိရွိရေသးဘူးလို႔လည္း မီးသတ္ဌာန ဒါ႐ိုက္တာ Tajul Islam Chowdhury က ေျပာၾကားခဲ့ပါတယ္။ Tajul Islam Chowdhuryက”အထည္ခ်ဳပ္စက္႐ုံရဲ႕ ဒုတိယထပ္နဲ႔ တတိယထပ္တို႔ကေန ႐ုပ္အေလာင္း(၁၆)ေလာင္းကို ျပန္လည္ရယူႏိုင္ခဲ့ပါတယ္။ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းေတြကို ဆက္လက္ေဆာင္႐ြက္ေနမႈနဲ႔အတူ ေသဆုံးသူအေရအတြက္က တိုးျမင့္လာႏိုင္ဖြယ္ရွိေနပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ဒါကာၿမိဳ႕ Mirpurဧရိယာမွာရွိတဲ့ ေလးထပ္အေဆာက္အဦးရဲ႕ တတိယထပ္မွာ မီးစတင္ေလာင္ကြၽမ္းခဲ့တာျဖစ္ၿပီး ေနာက္ပိုင္းမွာ အေရာင္ခြၽတ္ေဆးမႈန႔္၊ ပလပ္စတစ္နဲ႔ ဟိုက္ဒ႐ိုဂ်င္ပါေအာက္ဆိုဒ္တို႔ သိုေလွာင္ထားတဲ့ ဓါတုဂိုေထာင္႐ုံကို မီးကူးစက္သြားခဲ့တာျဖစ္တယ္လို႔ မ်က္ျမင္သက္ေသတစ္ဦးက ေျပာၾကားခဲ့ပါတယ္။မီးသတ္သမားေတြဟာ အထည္ခ်ဳပ္စက္႐ုံမွာ ေလာင္ကြၽမ္းေနတဲ့မီးကို အခ်ိန္(၃)နာရီၾကာ ၿငိမ္းသတ္ခဲ့ရေပမယ့္လည္း ဓါတုဂိုေထာင္႐ုံမွာေတာ့ မီးဆက္လက္ေလာင္ကြၽမ္းေနဆဲျဖစ္တယ္လို႔လည္း သိရပါတယ္။