မွေးရာပါ နိုင်ငံသားဖြစ်ခွင့်မှ ဗီဇာအရောင်းအဝယ်ဈေးကွက်ဆီသို့..( ဘာသာပြန်ဆောင်းပါး )

232

တင်ဇာ (NPNews) - အောက်တိုဘာလ ၁၆
(၂၀၂၅) ခုနှစ် ဇန်နဝါရီလမှာ သမ္မတ ဒေါ်နယ် ထရမ့်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ မွေးရာပါနိုင်ငံ သားဖြစ်ခွင့်ကိုအာမခံထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို အဆုံးသတ်ဖို့ကြိုးပမ်းတဲ့အမိန့်တစ်ရပ်ကို ထုတ် ပြန်ခဲ့ပါတယ်။ အဲဒီအမိန့်အရ အမေရိကန်နယ်မြေ ပေါ်မှာမွေးဖွားခဲ့ပေမယ့် နိုင်ငံသားမဟုတ်တဲ့မိဘတွေ ကနေမွေးဖွားတဲ့ကလေးတွေဟာ အလိုအလျောက် နိုင်ငံသားဖြစ်ခွင့်မရသင့်ဘူးလို့ ပြဋ္ဌာန်းထားတာဖြစ်ပါ တယ်။ ပြည်နယ်တရားရုံးတွေက ဒီဥပဒေကို အတိုင်း အတာတစ်ခုအထိ ပိတ်ဆို့ဖို့ဆောင်ရွက်ခဲ့ပေမယ့် ထရမ့်ရဲ့အမိန့်က အမေရိကန်မှာ နိုင်ငံသားဖြစ်ပိုင်ခွင့်၊ ရွှေ့ပြောင်းသွားလာခြင်းနဲ့ နိုင်ငံသားဖြစ်ခြင်းရဲ့ သဘောသဘာဝတို့နဲ့ပတ်သက်ပြီး ဆွေးနွေးငြင်းခုံမှု တွေ ဖြစ်ပေါ်စေခဲ့ပါတယ်။
အမေရိကန်မြေမှာမွေးဖွားသူတွေကို အလိုအ လျောက်နိုင်ငံသားဖြစ်ခွင့်ပေးထားတဲ့ ဒီမူဝါဒဟာ လူ မျိုးရေးခွဲခြားမှုမရှိတဲ့ နိုင်ငံသားဖြစ်ခြင်းစည်းမျဉ်းဖြစ် ပါတယ်။ သင့်မိဘတွေ ဘယ်သူတွေပဲဖြစ်ပါစေ၊ အ မေရိကန်ပြည်ထောင်စုမှာမွေးဖွားတာနဲ့ အမေရိကန် နိုင်ငံသားဖြစ်သွားတာပဲဖြစ်ပါတယ်။ အရေးကြီးတာ ကတော့ ဒီမူဝါဒဟာ အစဉ်အဆက်နိုင်ငံသားဖြစ်ခွင့် ရတဲ့ လူမျိုးကြီးအစွဲကိုတားဆီးဖို့အတွက်ရည်ရွယ်ပါတယ်။ ဒါဟာ (၁၄) ကြိမ်မြောက် နိုင်ငံသားဖြစ်ခြင်း ဆိုင်ရာပုဒ်မ ပြင်ဆင်ချက် (Citizenship Clause of the Fourteenth Amendment) ရဲ့ အဓိကရည် ရွယ်ချက်ပဲဖြစ်ပါတယ်။ ဒါ့ပြင် ဒီမူဝါဒဟာ ဒီနိုင်ငံမှာ ပထမဆုံးမွေးဖွားတဲ့မျိုးဆက်ကို အမေရိကန်လူ့အဖွဲ့ အစည်းထဲကို အလွန်လျင်မြန်စွာ ပေါင်းစည်းဝင် ရောက်စေဖို့ကူညီပေးပါတယ်။ နောက်ထပ် အကျိုး ကျေးဇူးတစ်ခုကတော့ နိုင်ငံသားတွေအတွက် သူတို့ နိုင်ငံသားဖြစ်ကြောင်းသက်သေပြဖို့ အလွန်လွယ်ကူ စေတာပဲဖြစ်ပါတယ်။ သင့်မှာ အမေရိကန်ပြည်ထောင် စုမှာမွေးဖွားခဲ့ကြောင်း မွေးစာရင်းရှိတယ်ဆိုရင် အဲဒါ ဟာ သင်ရဲ့ နိုင်ငံသားဖြစ်မှုကို သက်သေပြတဲ့နည်းပဲ ဖြစ်ပါတယ်။
နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ဒီမူဝါဒရဲ့ အားနည်း ချက်တစ်ခုကတော့ မလိုအပ်တဲ့သူတချို့ကိုပါ အကာ အကွယ်လွန်ကဲစွာပေးနေတာဖြစ်နိုင်ပါတယ်။ တစ် နည်းအားဖြင့် အမေရိကန်ပြည်ထောင်စုမှာမွေးဖွား သူတိုင်းဟာ သူတို့ရဲ့ဘဝတစ်လျှောက်လုံးကို အမေ ရိကန်မှာပဲနေထိုင်ကြတာမဟုတ်ပါဘူး။ ပြီးတော့ ဒီစည်းမျဉ်းကို အမှန်တကယ် အလွဲသုံးစားလုပ်တဲ့သူ တချို့လည်းရှိပါတယ်။ တချို့သောလူတွေဟာ သူတို့ ရဲ့ကလေးတွေ အမေရိကန်နိုင်ငံသားဖြစ်ခွင့်ရဖို့အ တွက် သီးသန့်ရည်ရွယ်ပြီး အမေရိကန်ကို လာရောက် မွေးဖွားပြီးနောက် ပြန်လည်ထွက်ခွာသွားကြပါတယ်။ ဒီအလေ့အထကို " မွေးဖွားဖို့ ခရီးသွားခြင်း" (birth tourism) လို့ခေါ်ဆိုပြီး မကြာသေးမီနှစ်တွေအတွင်း မှာ ဒီအပြုအမူကိုဆန့်ကျင်တဲ့စည်းမျဉ်းတွေကိုချမှတ် ခဲ့ကြပါတယ်။ ဒီလိုအခြေအနေတွေကြောင့်ပဲ သမ္မတထရမ့်က မွေးရာပါနိုင်ငံသားဖြစ်ခွင့်မူဝါဒကို ပယ်ဖျက် ချင်နေပုံရပါတယ်။
(၂၀၂၅) ခုနှစ် စက်တင်ဘာလမှာတော့ ထရမ့် က အမိန့်တစ်ရပ်ကိုထုတ်ပြန်ပြီး အနည်းဆုံး အမေရိ ကန်ဒေါ်လာတစ်သန်း ရင်းနှီးမြှုပ်နှံလိုတဲ့ နိုင်ငံခြား သားတွေအတွက် အမြန်လမ်းကြောင်းနဲ့ နေထိုင်ခွင့် ပေးတဲ့ " ရွှေကတ်" အစီအစဉ်ကိုလည်း ထုတ်ပြန်ခဲ့ပါ တယ်။ ဒါကြောင့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ သန်းပေါင်းများစွာနဲ့ သူတို့ရဲ့ အမေရိကန်မှာမွေးဖွား တဲ့ကလေးတွေ နိုင်ငံသားဖြစ်ဖို့အငြင်းခံနေရချိန်မှာ ကမ္ဘာ့အထက်တန်းလွှာတွေကိုတော့ အမေရိကန်နိုင်ငံ သားဖြစ်ဖို့ ဖိတ်ခေါ်နေသလိုဖြစ်နေပါတယ်။
ဒေါ်လာ (၁) သန်းပေးဆောင်ရမယ့်ရွှေကတ်ကို လျှောက်ထားမယ်ဆိုရင်တော့ အမြဲတမ်းနေထိုင်ခွင့် ကတ်(green card)နဲ့ နိုင်ငံသားဖြစ်ခွင့်ကို ရရှိမှာ ဖြစ်ပါတယ်။ ဒေါ်လာ (၂)သန်းတန်ကြေးရှိတဲ့ ကော် ပိုရိတ်ရွှေကတ်ကိုလည်း ကုမ္ပဏီတွေအတွက် လျှောက်ထားနိုင်ပါတယ်။ ဒီကတ်က ကုမ္ပဏီတွေကို ဝန်ထမ်းတစ်ဦးအတွက် အမေရိကန်ဗီဇာကို အမြန် လမ်းကြောင်းကနေရရှိစေပါတယ်။ ဒါ့ပြင် နှစ်စဉ် ထိန်းသိမ်းခ အခကြေးငွေပေးဆောင်ပြီး ဒီအကျိုး ခံစားခွင့်ကို တခြားဝန်ထမ်းတစ်ဦးဆီ လွှဲပြောင်းပေး နိုင်ပါတယ်။ ဒေါ်လာ (၅)သန်းတန်ကြေးရှိတဲ့ ပလက် တီနမ်ကတ်အစီအစဉ်သစ်အတွက် တစ်ဦးချင်း လျှောက်ထားသူတွေဟာ ဗီဇာစောင့်ဆိုင်းစာရင်းမှာ ပါဝင်နိုင်ပါတယ်။ ဒီကတ်က ကွန်ဂရက်ရဲ့အတည်ပြု ချက်ကိုစောင့်ဆိုင်းနေတုန်းမှာပဲ တစ်နှစ်ကို ရက် ပေါင်း (၂၇၀)အထိ အမေရိကန်မှာ နေထိုင်ခွင့်ရမှာ ဖြစ်သလို ဒီလိုနေထိုင်နေတဲ့ကာလအတွင်း အမေရိ ကန်ပြင်ပကနေရရှိနေတဲ့ဝင်ငွေတွေအပေါ် အခွန် ပေးဆောင်စရာမလိုပါဘူး။ ခွင့်ပြုချက်ရရှိပြီးတဲ့ ရွှေ ကတ်လျှောက်ထားသူတွေဟာ EB-1 ဒါမှမဟုတ် EB-2 ဗီဇာအမျိုးအစားတွေကနေတစ်ဆင့် အမြဲ တမ်းနေထိုင်ခွင့်အခြေအနေ (lawful permanent resident status) ကို ရရှိကြမှာဖြစ်ပါတယ်။ " အိုင်း စတိုင်းဗီဇာ" (Einstein Visas) လို့လူသိများတဲ့ EB ဗီဇာတွေကို " ထူးခြားတဲ့စွမ်းရည်" ဒါမှမဟုတ် အဆင့် မြင့်ပညာရပ်ဆိုင်ရာဘွဲ့ရရှိသူတွေအတွက်သာ သီး သန့်ထားရှိခဲ့တာဖြစ်ပါတယ်။
ဘဏ္ဍာရေးပညာရှင် ဂျွန်ပေါ်လ်ဆင်နဲ့ သမ္မတ ဟောင်းဒေါ်နယ်ထရမ့်တို့ရဲ့ပြောဆိုမှုတွေကနေ ဖြစ် ပေါ်လာတယ်လို့သိရတဲ့ ရွှေကတ်အယူအဆဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးနယ်ပယ်တွေမှာ ဆွေး နွေးငြင်းခုံမှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ အထူးသ ဖြင့် တရားမျှတမှုနဲ့ပတ်သက်လို့ပါ။ ဒါပေမဲ့ ဘဏ္ဍာ ရေးဆိုင်ရာသက်ရောက်မှုတွေမှာတော့ အကျိုးအ မြတ်တွေကိုဖြစ်ပေါ်စေပြီး တစ်ဖက်မှာတော့ ဒီအစီ အစဉ်ဟာ မျှတမှုနဲ့ ကျင့်ဝတ်ဆိုင်ရာမေးခွန်းတွေကို ဖြစ်ပေါ်စေပါတယ်။ ရေရှည်မှာ အမေရိကန်လူဝင်မှု ကြီးကြပ်ရေးမူဝါဒအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာမလဲ။ အမေရိကန်ရဲ့ လူဝင်မှုကြီးကြပ်ရေးဟာ နောက်ဆုံးမှာ ပိုက်ဆံပေးမှသာလုပ်ဆောင်နိုင်တဲ့ စနစ်တစ်ခု (pay-to-play only) ဖြစ်လာမလား ဆိုတာ မေးခွန်းထုတ်စရာရှိလာပါတယ်။
ရွှေကတ်အစီအစဉ်ဟာ အမေရိကန်မှာနေထိုင် ခွင့်ကို အစဉ်အလာလုပ်ငန်းစဉ်တွေကနေတစ်ဆင့် ရရှိတဲ့ အခွင့်အရေးတစ်ခုအဖြစ်မဟုတ်ဘဲ အရောင်း အဝယ်တစ်ခုအဖြစ် သဘောတရားပြောင်းလဲပစ်လိုက် တာပါ။ ဒီလို " ရွှေဗီဇာ" တွေကိုရောင်းချတဲ့အလေ့အ ထဟာ အမေရိကန်အတွက်အသစ်ဖြစ်ပေမယ့် ယူ အေအီးလိုနိုင်ငံတွေမှာတော့ရှိပြီးသားပါ။ အဲဒီနိုင်ငံ မှာ နိုင်ငံခြားသားတွေဟာ အိမ်ခြံမြေမှာ အေအီးဒီ (၂)သန်း (ဒေါ်လာ ၅၄၅ယဝဝဝ) ရင်းနှီးမြှုပ်နှံမယ်ဆိုရင် (၁၀)နှစ်သက်တမ်းရှိရွှေဗီဇာကို ရရှိနိုင်ပါတယ်။ ပေါ် တူဂီ၊ စပိန်နဲ့ အီတလီအပါအဝင် တခြားနိုင်ငံတွေက လည်း ဒီလိုရွေးချယ်စရာတွေ ပေးထားပါတယ်။
ရွှေကတ်ကိုင်ဆောင်သူတွေအနေနဲ့ နိုင်ငံသား ဖြစ်ခွင့်ကိုလျှောက်ထားပိုင်ခွင့်ရှိပေမယ့် ဒီအစီအ စဉ်ကို ဒီဇိုင်းထုတ်ထားပုံကတော့ အမေရိကန်လူ့အဖွဲ့ အစည်းထဲကို အပြည့်အဝဝင်ရောက်ဖို့မရည်ရွယ်ထား တဲ့ ပုဂ္ဂိုလ်တွေအတွက် စီစဉ်ပေးထားသလို ဖြစ်နေပါ တယ်။ ကုန်သွယ်ရေးဝန်ကြီး လပ်နစ်ကိုယ်တိုင်က ပလက်တီနမ်ကတ်ဝယ်ယူသူတွေဟာ အမေရိကန်မှာ ရှာဖွေတဲ့ဝင်ငွေအပေါ် အမေရိကန် အခွန်ပေးဆောင် ခြင်းကိုရှောင်လွှဲနိုင်တယ်လို့ဝန်ခံခဲ့ပါတယ်။ ဒါကြောင့် ချမ်းသာယ်ဝသူတွေဟာ အမေရိကန်မှာနေထိုင် ခွင့်ရဲ့အကျိုးကျေးဇူးတွေကိုခံစားနိုင်ပေမယ့် သူရဲ့ နိုင်ငံသား တာဝန်ဝတ္တရားတွေမှာတော့ အပြည့်အဝ ပါဝင်ခြင်းမရှိတဲ့အခြေအနေကို ဖန်တီးလိုက်တာပဲဖြစ် ပါတယ်။ နောက်ထပ် ဖြစ်လာနိုင်တဲ့ပြဿနာတစ်ခု ကတော့ အိမ်ရာဈေးကွက်နဲ့ ဒေသတွင်းစီးပွားရေးတွေ အပေါ် သက်ရောက်မှုပါပဲ။ အလွန်ချမ်းသာတဲ့နေ ထိုင်သူတွေ အလုံးအရင်းနဲ့ဝင်ရောက်လာခြင်းကြောင့် အိမ်ခြံမြေတန်ဖိုးတွေကိုမြင့်တက်စေပြီး အလယ်အ လတ်နဲ့ ဝင်ငွေနည်း အမေရိကန်တွေအတွက် ငွေ ကြေးစိန်ခေါ်မှုတွေကြုံရနိုင်ပါတယ်။ ဒီလို လူ့အဖွဲ့အ စည်းအတွင်း ပြောင်းလဲမှုတွေဟာ လက်ရှိ စီးပွားရေး ကွာဟမှုတွေကို ပိုမိုနက်ရှိုင်းစေပြီး လူဝင်မှုကြီးကြပ် ရေးနဲ့ပတ်သက်တဲ့ လူမှုရေးတင်းမာမှုအသစ်တွေကို လှုံ့ဆော်ပေးနိုင်ပါတယ်။
အထင်ရှားဆုံးအနေနဲ့ဆိုရရင် လတ်တလောကာ လမှာပင် အမေရိကန်ပြည်တွင်း၌ လူဝင်မှုကြီးကြပ် ရေးနဲ့ပတ်သက်ပြီး ဆန္ဒပြမှုတွေ ပြည်နယ်အများစုမှာ ဖြစ်ပေါ်နေတာကိုတွေ့ရပါတယ်။ ဘာကြောင့်လဲဆို တော့ သမ္မတဒေါ်နယ်ထရမ့်က ပြည်နယ်တွေဆီ အမျိုးသားအစောင့်တပ်ဖွဲ့ဝင်တွေ စေလွှတ်ဖို့အမိန့်ကို ချမှတ်ခဲ့တာကြောင့်ဖြစ်ပါတယ်။ ဒီအမိန့်ကို သက်ဆိုင် ရာပြည်နယ်တရားသူကြီးတွေကလည်း ပိတ်ပင်တား မြစ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ လူဝင်မှုကြီးကြပ်ရေးဥပ ဒေ စတင်ပြဋ္ဌာန်းမှုနဲ့ပတ်သက်လို့ ဆန္ဒပြမှုတွေနဲ့ တင်းမာမှုတွေ မြင့်တက်နေတဲ့မြို့တွေဆီကို ဖက်ဒ ရယ်ထိန်းချုပ်မှုအောက်ထားရှိနိုင်ရေးတပ်ဖွဲ့တွေကို စေလွှတ်ဖို့ ထရမ့်ကကြိုးပမ်းခဲ့ပါတယ်။ ဒါပေမဲ့ ပြည် နယ်တရားသူကြီးတွေကတော့ သေးငယ်တဲ့ ဆန္ဒပြမှု တွေဟာ စစ်ရေးအရ ဝင်ရောက်စွက်ဖက်ဖို့အတွက် တရားဝင်မှုမရှိဘူးလို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒါ့ပြင် ဒီလို လုပ်ရပ်မျိုးဟာ ပြည်နယ်ရဲ့အချုပ်အခြာအာဏာကို ချိုးဖောက်နိုင်ကြောင်းသတိပေးခဲ့ပါတယ်။ ဒီလို ပြည် နယ်တရားရုံးတွေက ပိတ်ဆို့တားဆီးဖို့ကြိုးပမ်းပေ မယ့် ထရမ့်ကတော့ အမေရိကန်ရဲ့ အိုရီဂွန်နဲ့ အီလီ နွိုက်စ်တို့ဆီ အမျိုးသားအစောင့်တပ်တွေစေလွှတ် လိုက်ပါပြီ။
(၂၀၂၅) ခုနှစ်ဟာ အမေရိကန် လူဝင်မှုကြီးကြပ် ရေးမူဝါဒအတွက် အခြေခံကျကျပြောင်းလဲမှုတွေရှိ လာတဲ့ နှစ်တစ်နှစ်အဖြစ်သတ်မှတ်နိုင်ပါတယ်။ တစ် ဖက်မှာ သမ္မတ ဒေါ်နယ်ထရမ့်က မွေးရာပါ နိုင်ငံသား ဖြစ်ခွင့်ကိုပယ်ဖျက်ဖို့ကြိုးပမ်းခြင်းအားဖြင့် အမေရိ ကန်ရဲ့ ရာစုနှစ်ချီကြာမြင့်ခဲ့တဲ့ လူမျိုးရေးခွဲခြားမှုမရှိတဲ့ နိုင်ငံသားဖြစ်ခွင့်သဘောတရားကိုစိန်ခေါ်လိုက်သလို ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်မှုဟာ တရားမဝင်ရွှေ့ ပြောင်းနေထိုင်သူတွေရဲ့ကလေးတွေအပါအဝင် သန်းပေါင်းများစွာသော ပြည်သူတွေရဲ့ နိုင်ငံသား ဖြစ် ခွင့်အခွင့်အရေးအပေါ် တိုက်ရိုက်သက်ရောက်မှုရှိ စေပါတယ်။ တစ်ချိန်တည်းမှာပင် သမ္မတဟာ ချမ်း သာြွကယ်ဝတဲ့ နိုင်ငံခြားသားတွေအတွက် ဒေါ်လာ (၁)သန်းမှ (၅)သန်းအထိ ပေးဆောင်ရတဲ့ ]]ရွှေ ကတ်}}အစီအစဉ်ကို မိတ်ဆက်လိုက်တာကြောင့် အမေရိကန်လူဝင်မှုကြီးကြပ်ရေးစနစ်ရဲ့ စံတန်ဖိုးတွေ အပေါ် စမ်းသပ်မှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။ ဒီလို လူ ဝင်မှုကြီးကြပ်ရေးနဲ့ပတ်သက်ပြီး မူဝါဒအပြောင်း အလဲတွေကြောင့် အမေရိကန်ဟာ အခွင့်အလမ်း၊ ကွဲ ပြားမှုနဲ့ အရည်အချင်းကိုအခြေခံတဲ့ နိုင်ငံဖြစ်နေဦး မလား ဒါမှမဟုတ် ေြွကးမြီလျှော့ချရေးနဲ့ ဘဏ္ဍာရေး အကျိုးအမြတ်တွေကိုဦးစားပေးတဲ့စနစ်အဖြစ် ပြောင်းလဲသွားမလားဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ကိုးကား
• https://hls.harvard.edu^today^can-birthright-citizenship-be-changed^
• https://www.forbes.com/sites/dougmelville/2025/09/20/want-to-be-american-for-1-million-the-trump-gold-card-visa-will-now-allow-entry/

Zawgyi Version:
ေမြးရာပါ ႏိုင္ငံသားျဖစ္ခြင့္မွ ဗီဇာအေရာင္းအဝယ္ေဈးကြက္ဆီသို႔..( ဘာသာျပန္ေဆာင္းပါး )
တင္ဇာ (NPNews) - ေအာက္တိုဘာလ ၁၆
(၂၀၂၅) ခုႏွစ္ ဇန္နဝါရီလမွာ သမၼတ ေဒၚနယ္ ထရမ့္ဟာ အေမရိကန္ျပည္ေထာင္စုရဲ႕ ေမြးရာပါႏိုင္ငံ သားျဖစ္ခြင့္ကိုအာမခံထားတဲ့ ဖြဲ႕စည္းပုံအေျခခံဥပေဒ ကို အဆုံးသတ္ဖို႔ႀကိဳးပမ္းတဲ့အမိန႔္တစ္ရပ္ကို ထုတ္ ျပန္ခဲ့ပါတယ္။ အဲဒီအမိန႔္အရ အေမရိကန္နယ္ေျမ ေပၚမွာေမြးဖြားခဲ့ေပမယ့္ ႏိုင္ငံသားမဟုတ္တဲ့မိဘေတြ ကေနေမြးဖြားတဲ့ကေလးေတြဟာ အလိုအေလ်ာက္ ႏိုင္ငံသားျဖစ္ခြင့္မရသင့္ဘူးလို႔ ျပ႒ာန္းထားတာျဖစ္ပါ တယ္။ ျပည္နယ္တရား႐ုံးေတြက ဒီဥပေဒကို အတိုင္း အတာတစ္ခုအထိ ပိတ္ဆို႔ဖို႔ေဆာင္႐ြက္ခဲ့ေပမယ့္ ထရမ့္ရဲ႕အမိန႔္က အေမရိကန္မွာ ႏိုင္ငံသားျဖစ္ပိုင္ခြင့္၊ ေ႐ႊ႕ေျပာင္းသြားလာျခင္းနဲ႔ ႏိုင္ငံသားျဖစ္ျခင္းရဲ႕ သေဘာသဘာဝတို႔နဲ႔ပတ္သက္ၿပီး ေဆြးေႏြးျငင္းခုံမႈ ေတြ ျဖစ္ေပၚေစခဲ့ပါတယ္။
အေမရိကန္ေျမမွာေမြးဖြားသူေတြကို အလိုအ ေလ်ာက္ႏိုင္ငံသားျဖစ္ခြင့္ေပးထားတဲ့ ဒီမူဝါဒဟာ လူ မ်ိဳးေရးခြဲျခားမႈမရွိတဲ့ ႏိုင္ငံသားျဖစ္ျခင္းစည္းမ်ဥ္းျဖစ္ ပါတယ္။ သင့္မိဘေတြ ဘယ္သူေတြပဲျဖစ္ပါေစ၊ အ ေမရိကန္ျပည္ေထာင္စုမွာေမြးဖြားတာနဲ႔ အေမရိကန္ ႏိုင္ငံသားျဖစ္သြားတာပဲျဖစ္ပါတယ္။ အေရးႀကီးတာ ကေတာ့ ဒီမူဝါဒဟာ အစဥ္အဆက္ႏိုင္ငံသားျဖစ္ခြင့္ ရတဲ့ လူမ်ိဳးႀကီးအစြဲကိုတားဆီးဖို႔အတြက္ရည္႐ြယ္ပါတယ္။ ဒါဟာ (၁၄) ႀကိမ္ေျမာက္ ႏိုင္ငံသားျဖစ္ျခင္း ဆိုင္ရာပုဒ္မ ျပင္ဆင္ခ်က္ (Citizenship Clause of the Fourteenth Amendment) ရဲ႕ အဓိကရည္ ႐ြယ္ခ်က္ပဲျဖစ္ပါတယ္။ ဒါ့ျပင္ ဒီမူဝါဒဟာ ဒီႏိုင္ငံမွာ ပထမဆုံးေမြးဖြားတဲ့မ်ိဳးဆက္ကို အေမရိကန္လူ႔အဖြဲ႕ အစည္းထဲကို အလြန္လ်င္ျမန္စြာ ေပါင္းစည္းဝင္ ေရာက္ေစဖို႔ကူညီေပးပါတယ္။ ေနာက္ထပ္ အက်ိဳး ေက်းဇူးတစ္ခုကေတာ့ ႏိုင္ငံသားေတြအတြက္ သူတို႔ ႏိုင္ငံသားျဖစ္ေၾကာင္းသက္ေသျပဖို႔ အလြန္လြယ္ကူ ေစတာပဲျဖစ္ပါတယ္။ သင့္မွာ အေမရိကန္ျပည္ေထာင္ စုမွာေမြးဖြားခဲ့ေၾကာင္း ေမြးစာရင္းရွိတယ္ဆိုရင္ အဲဒါ ဟာ သင္ရဲ႕ ႏိုင္ငံသားျဖစ္မႈကို သက္ေသျပတဲ့နည္းပဲ ျဖစ္ပါတယ္။
ႏိုင္ငံသားျဖစ္ခြင့္ဆိုင္ရာ ဒီမူဝါဒရဲ႕ အားနည္း ခ်က္တစ္ခုကေတာ့ မလိုအပ္တဲ့သူတခ်ိဳ႕ကိုပါ အကာ အကြယ္လြန္ကဲစြာေပးေနတာျဖစ္ႏိုင္ပါတယ္။ တစ္ နည္းအားျဖင့္ အေမရိကန္ျပည္ေထာင္စုမွာေမြးဖြား သူတိုင္းဟာ သူတို႔ရဲ႕ဘဝတစ္ေလွ်ာက္လုံးကို အေမ ရိကန္မွာပဲေနထိုင္ၾကတာမဟုတ္ပါဘူး။ ၿပီးေတာ့ ဒီစည္းမ်ဥ္းကို အမွန္တကယ္ အလြဲသုံးစားလုပ္တဲ့သူ တခ်ိဳ႕လည္းရွိပါတယ္။ တခ်ိဳ႕ေသာလူေတြဟာ သူတို႔ ရဲ႕ကေလးေတြ အေမရိကန္ႏိုင္ငံသားျဖစ္ခြင့္ရဖို႔အ တြက္ သီးသန႔္ရည္႐ြယ္ၿပီး အေမရိကန္ကို လာေရာက္ ေမြးဖြားၿပီးေနာက္ ျပန္လည္ထြက္ခြာသြားၾကပါတယ္။ ဒီအေလ့အထကို " ေမြးဖြားဖို႔ ခရီးသြားျခင္း" (birth tourism) လို႔ေခၚဆိုၿပီး မၾကာေသးမီႏွစ္ေတြအတြင္း မွာ ဒီအျပဳအမူကိုဆန႔္က်င္တဲ့စည္းမ်ဥ္းေတြကိုခ်မွတ္ ခဲ့ၾကပါတယ္။ ဒီလိုအေျခအေနေတြေၾကာင့္ပဲ သမၼတထရမ့္က ေမြးရာပါႏိုင္ငံသားျဖစ္ခြင့္မူဝါဒကို ပယ္ဖ်က္ ခ်င္ေနပုံရပါတယ္။
(၂၀၂၅) ခုႏွစ္ စက္တင္ဘာလမွာေတာ့ ထရမ့္ က အမိန႔္တစ္ရပ္ကိုထုတ္ျပန္ၿပီး အနည္းဆုံး အေမရိ ကန္ေဒၚလာတစ္သန္း ရင္းႏွီးျမႇဳပ္ႏွံလိုတဲ့ ႏိုင္ငံျခား သားေတြအတြက္ အျမန္လမ္းေၾကာင္းနဲ႔ ေနထိုင္ခြင့္ ေပးတဲ့ " ေ႐ႊကတ္" အစီအစဥ္ကိုလည္း ထုတ္ျပန္ခဲ့ပါ တယ္။ ဒါေၾကာင့္ တရားမဝင္ေ႐ႊ႕ေျပာင္းေနထိုင္သူ သန္းေပါင္းမ်ားစြာနဲ႔ သူတို႔ရဲ႕ အေမရိကန္မွာေမြးဖြား တဲ့ကေလးေတြ ႏိုင္ငံသားျဖစ္ဖို႔အျငင္းခံေနရခ်ိန္မွာ ကမာၻ႔အထက္တန္းလႊာေတြကိုေတာ့ အေမရိကန္ႏိုင္ငံ သားျဖစ္ဖို႔ ဖိတ္ေခၚေနသလိုျဖစ္ေနပါတယ္။
ေဒၚလာ (၁) သန္းေပးေဆာင္ရမယ့္ေ႐ႊကတ္ကို ေလွ်ာက္ထားမယ္ဆိုရင္ေတာ့ အၿမဲတမ္းေနထိုင္ခြင့္ ကတ္(green card)နဲ႔ ႏိုင္ငံသားျဖစ္ခြင့္ကို ရရွိမွာ ျဖစ္ပါတယ္။ ေဒၚလာ (၂)သန္းတန္ေၾကးရွိတဲ့ ေကာ္ ပိုရိတ္ေ႐ႊကတ္ကိုလည္း ကုမၸဏီေတြအတြက္ ေလွ်ာက္ထားႏိုင္ပါတယ္။ ဒီကတ္က ကုမၸဏီေတြကို ဝန္ထမ္းတစ္ဦးအတြက္ အေမရိကန္ဗီဇာကို အျမန္ လမ္းေၾကာင္းကေနရရွိေစပါတယ္။ ဒါ့ျပင္ ႏွစ္စဥ္ ထိန္းသိမ္းခ အခေၾကးေငြေပးေဆာင္ၿပီး ဒီအက်ိဳး ခံစားခြင့္ကို တျခားဝန္ထမ္းတစ္ဦးဆီ လႊဲေျပာင္းေပး ႏိုင္ပါတယ္။ ေဒၚလာ (၅)သန္းတန္ေၾကးရွိတဲ့ ပလက္ တီနမ္ကတ္အစီအစဥ္သစ္အတြက္ တစ္ဦးခ်င္း ေလွ်ာက္ထားသူေတြဟာ ဗီဇာေစာင့္ဆိုင္းစာရင္းမွာ ပါဝင္ႏိုင္ပါတယ္။ ဒီကတ္က ကြန္ဂရက္ရဲ႕အတည္ျပဳ ခ်က္ကိုေစာင့္ဆိုင္းေနတုန္းမွာပဲ တစ္ႏွစ္ကို ရက္ ေပါင္း (၂၇၀)အထိ အေမရိကန္မွာ ေနထိုင္ခြင့္ရမွာ ျဖစ္သလို ဒီလိုေနထိုင္ေနတဲ့ကာလအတြင္း အေမရိ ကန္ျပင္ပကေနရရွိေနတဲ့ဝင္ေငြေတြအေပၚ အခြန္ ေပးေဆာင္စရာမလိုပါဘူး။ ခြင့္ျပဳခ်က္ရရွိၿပီးတဲ့ ေ႐ႊ ကတ္ေလွ်ာက္ထားသူေတြဟာ EB-1 ဒါမွမဟုတ္ EB-2 ဗီဇာအမ်ိဳးအစားေတြကေနတစ္ဆင့္ အၿမဲ တမ္းေနထိုင္ခြင့္အေျခအေန (lawful permanent resident status) ကို ရရွိၾကမွာျဖစ္ပါတယ္။ " အိုင္း စတိုင္းဗီဇာ" (Einstein Visas) လို႔လူသိမ်ားတဲ့ EB ဗီဇာေတြကို " ထူးျခားတဲ့စြမ္းရည္" ဒါမွမဟုတ္ အဆင့္ ျမင့္ပညာရပ္ဆိုင္ရာဘြဲ႕ရရွိသူေတြအတြက္သာ သီး သန႔္ထားရွိခဲ့တာျဖစ္ပါတယ္။
ဘ႑ာေရးပညာရွင္ ဂြၽန္ေပၚလ္ဆင္နဲ႔ သမၼတ ေဟာင္းေဒၚနယ္ထရမ့္တို႔ရဲ႕ေျပာဆိုမႈေတြကေန ျဖစ္ ေပၚလာတယ္လို႔သိရတဲ့ ေ႐ႊကတ္အယူအဆဟာ ႏိုင္ငံေရး၊ စီးပြားေရးနဲ႔ လူမႈေရးနယ္ပယ္ေတြမွာ ေဆြး ေႏြးျငင္းခုံမႈေတြကို ျဖစ္ေပၚေစခဲ့ပါတယ္။ အထူးသ ျဖင့္ တရားမွ်တမႈနဲ႔ပတ္သက္လို႔ပါ။ ဒါေပမဲ့ ဘ႑ာ ေရးဆိုင္ရာသက္ေရာက္မႈေတြမွာေတာ့ အက်ိဳးအ ျမတ္ေတြကိုျဖစ္ေပၚေစၿပီး တစ္ဖက္မွာေတာ့ ဒီအစီ အစဥ္ဟာ မွ်တမႈနဲ႔ က်င့္ဝတ္ဆိုင္ရာေမးခြန္းေတြကို ျဖစ္ေပၚေစပါတယ္။ ေရရွည္မွာ အေမရိကန္လူဝင္မႈ ႀကီးၾကပ္ေရးမူဝါဒအေပၚ ဘယ္လိုသက္ေရာက္မႈေတြ ရွိလာမလဲ။ အေမရိကန္ရဲ႕ လူဝင္မႈႀကီးၾကပ္ေရးဟာ ေနာက္ဆုံးမွာ ပိုက္ဆံေပးမွသာလုပ္ေဆာင္ႏိုင္တဲ့ စနစ္တစ္ခု (pay-to-play only) ျဖစ္လာမလား ဆိုတာ ေမးခြန္းထုတ္စရာရွိလာပါတယ္။
ေ႐ႊကတ္အစီအစဥ္ဟာ အေမရိကန္မွာေနထိုင္ ခြင့္ကို အစဥ္အလာလုပ္ငန္းစဥ္ေတြကေနတစ္ဆင့္ ရရွိတဲ့ အခြင့္အေရးတစ္ခုအျဖစ္မဟုတ္ဘဲ အေရာင္း အဝယ္တစ္ခုအျဖစ္ သေဘာတရားေျပာင္းလဲပစ္လိုက္ တာပါ။ ဒီလို " ေ႐ႊဗီဇာ" ေတြကိုေရာင္းခ်တဲ့အေလ့အ ထဟာ အေမရိကန္အတြက္အသစ္ျဖစ္ေပမယ့္ ယူ ေအအီးလိုႏိုင္ငံေတြမွာေတာ့ရွိၿပီးသားပါ။ အဲဒီႏိုင္ငံ မွာ ႏိုင္ငံျခားသားေတြဟာ အိမ္ၿခံေျမမွာ ေအအီးဒီ (၂)သန္း (ေဒၚလာ ၅၄၅ယဝဝဝ) ရင္းႏွီးျမႇဳပ္ႏွံမယ္ဆိုရင္ (၁၀)ႏွစ္သက္တမ္းရွိေ႐ႊဗီဇာကို ရရွိႏိုင္ပါတယ္။ ေပၚ တူဂီ၊ စပိန္နဲ႔ အီတလီအပါအဝင္ တျခားႏိုင္ငံေတြက လည္း ဒီလိုေ႐ြးခ်ယ္စရာေတြ ေပးထားပါတယ္။
ေ႐ႊကတ္ကိုင္ေဆာင္သူေတြအေနနဲ႔ ႏိုင္ငံသား ျဖစ္ခြင့္ကိုေလွ်ာက္ထားပိုင္ခြင့္ရွိေပမယ့္ ဒီအစီအ စဥ္ကို ဒီဇိုင္းထုတ္ထားပုံကေတာ့ အေမရိကန္လူ႔အဖြဲ႕ အစည္းထဲကို အျပည့္အဝဝင္ေရာက္ဖို႔မရည္႐ြယ္ထား တဲ့ ပုဂၢိဳလ္ေတြအတြက္ စီစဥ္ေပးထားသလို ျဖစ္ေနပါ တယ္။ ကုန္သြယ္ေရးဝန္ႀကီး လပ္နစ္ကိုယ္တိုင္က ပလက္တီနမ္ကတ္ဝယ္ယူသူေတြဟာ အေမရိကန္မွာ ရွာေဖြတဲ့ဝင္ေငြအေပၚ အေမရိကန္ အခြန္ေပးေဆာင္ ျခင္းကိုေရွာင္လႊဲႏိုင္တယ္လို႔ဝန္ခံခဲ့ပါတယ္။ ဒါေၾကာင့္ ခ်မ္းသာယ္ဝသူေတြဟာ အေမရိကန္မွာေနထိုင္ ခြင့္ရဲ႕အက်ိဳးေက်းဇူးေတြကိုခံစားႏိုင္ေပမယ့္ သူရဲ႕ ႏိုင္ငံသား တာဝန္ဝတၱရားေတြမွာေတာ့ အျပည့္အဝ ပါဝင္ျခင္းမရွိတဲ့အေျခအေနကို ဖန္တီးလိုက္တာပဲျဖစ္ ပါတယ္။ ေနာက္ထပ္ ျဖစ္လာႏိုင္တဲ့ျပႆနာတစ္ခု ကေတာ့ အိမ္ရာေဈးကြက္နဲ႔ ေဒသတြင္းစီးပြားေရးေတြ အေပၚ သက္ေရာက္မႈပါပဲ။ အလြန္ခ်မ္းသာတဲ့ေန ထိုင္သူေတြ အလုံးအရင္းနဲ႔ဝင္ေရာက္လာျခင္းေၾကာင့္ အိမ္ၿခံေျမတန္ဖိုးေတြကိုျမင့္တက္ေစၿပီး အလယ္အ လတ္နဲ႔ ဝင္ေငြနည္း အေမရိကန္ေတြအတြက္ ေငြ ေၾကးစိန္ေခၚမႈေတြႀကဳံရႏိုင္ပါတယ္။ ဒီလို လူ႔အဖြဲ႕အ စည္းအတြင္း ေျပာင္းလဲမႈေတြဟာ လက္ရွိ စီးပြားေရး ကြာဟမႈေတြကို ပိုမိုနက္ရႈိင္းေစၿပီး လူဝင္မႈႀကီးၾကပ္ ေရးနဲ႔ပတ္သက္တဲ့ လူမႈေရးတင္းမာမႈအသစ္ေတြကို လႈံ႕ေဆာ္ေပးႏိုင္ပါတယ္။
အထင္ရွားဆုံးအေနနဲ႔ဆိုရရင္ လတ္တေလာကာ လမွာပင္ အေမရိကန္ျပည္တြင္း၌ လူဝင္မႈႀကီးၾကပ္ ေရးနဲ႔ပတ္သက္ၿပီး ဆႏၵျပမႈေတြ ျပည္နယ္အမ်ားစုမွာ ျဖစ္ေပၚေနတာကိုေတြ႕ရပါတယ္။ ဘာေၾကာင့္လဲဆို ေတာ့ သမၼတေဒၚနယ္ထရမ့္က ျပည္နယ္ေတြဆီ အမ်ိဳးသားအေစာင့္တပ္ဖြဲ႕ဝင္ေတြ ေစလႊတ္ဖို႔အမိန႔္ကို ခ်မွတ္ခဲ့တာေၾကာင့္ျဖစ္ပါတယ္။ ဒီအမိန႔္ကို သက္ဆိုင္ ရာျပည္နယ္တရားသူႀကီးေတြကလည္း ပိတ္ပင္တား ျမစ္ဖို႔ဆုံးျဖတ္ခဲ့ၾကပါတယ္။ လူဝင္မႈႀကီးၾကပ္ေရးဥပ ေဒ စတင္ျပ႒ာန္းမႈနဲ႔ပတ္သက္လို႔ ဆႏၵျပမႈေတြနဲ႔ တင္းမာမႈေတြ ျမင့္တက္ေနတဲ့ၿမိဳ႕ေတြဆီကို ဖက္ဒ ရယ္ထိန္းခ်ဳပ္မႈေအာက္ထားရွိႏိုင္ေရးတပ္ဖြဲ႕ေတြကို ေစလႊတ္ဖို႔ ထရမ့္ကႀကိဳးပမ္းခဲ့ပါတယ္။ ဒါေပမဲ့ ျပည္ နယ္တရားသူႀကီးေတြကေတာ့ ေသးငယ္တဲ့ ဆႏၵျပမႈ ေတြဟာ စစ္ေရးအရ ဝင္ေရာက္စြက္ဖက္ဖို႔အတြက္ တရားဝင္မႈမရွိဘူးလို႔ဆုံးျဖတ္ခဲ့ပါတယ္။ ဒါ့ျပင္ ဒီလို လုပ္ရပ္မ်ိဳးဟာ ျပည္နယ္ရဲ႕အခ်ဳပ္အျခာအာဏာကို ခ်ိဳးေဖာက္ႏိုင္ေၾကာင္းသတိေပးခဲ့ပါတယ္။ ဒီလို ျပည္ နယ္တရား႐ုံးေတြက ပိတ္ဆို႔တားဆီးဖို႔ႀကိဳးပမ္းေပ မယ့္ ထရမ့္ကေတာ့ အေမရိကန္ရဲ႕ အိုရီဂြန္နဲ႔ အီလီ ႏြိဳက္စ္တို႔ဆီ အမ်ိဳးသားအေစာင့္တပ္ေတြေစလႊတ္ လိုက္ပါၿပီ။
(၂၀၂၅) ခုႏွစ္ဟာ အေမရိကန္ လူဝင္မႈႀကီးၾကပ္ ေရးမူဝါဒအတြက္ အေျခခံက်က်ေျပာင္းလဲမႈေတြရွိ လာတဲ့ ႏွစ္တစ္ႏွစ္အျဖစ္သတ္မွတ္ႏိုင္ပါတယ္။ တစ္ ဖက္မွာ သမၼတ ေဒၚနယ္ထရမ့္က ေမြးရာပါ ႏိုင္ငံသား ျဖစ္ခြင့္ကိုပယ္ဖ်က္ဖို႔ႀကိဳးပမ္းျခင္းအားျဖင့္ အေမရိ ကန္ရဲ႕ ရာစုႏွစ္ခ်ီၾကာျမင့္ခဲ့တဲ့ လူမ်ိဳးေရးခြဲျခားမႈမရွိတဲ့ ႏိုင္ငံသားျဖစ္ခြင့္သေဘာတရားကိုစိန္ေခၚလိုက္သလို ျဖစ္ပါတယ္။ ဒီလိုလုပ္ေဆာင္မႈဟာ တရားမဝင္ေ႐ႊ႕ ေျပာင္းေနထိုင္သူေတြရဲ႕ကေလးေတြအပါအဝင္ သန္းေပါင္းမ်ားစြာေသာ ျပည္သူေတြရဲ႕ ႏိုင္ငံသား ျဖစ္ ခြင့္အခြင့္အေရးအေပၚ တိုက္႐ိုက္သက္ေရာက္မႈရွိ ေစပါတယ္။ တစ္ခ်ိန္တည္းမွာပင္ သမၼတဟာ ခ်မ္း သာျြကယ္ဝတဲ့ ႏိုင္ငံျခားသားေတြအတြက္ ေဒၚလာ (၁)သန္းမွ (၅)သန္းအထိ ေပးေဆာင္ရတဲ့ ]]ေ႐ႊ ကတ္}}အစီအစဥ္ကို မိတ္ဆက္လိုက္တာေၾကာင့္ အေမရိကန္လူဝင္မႈႀကီးၾကပ္ေရးစနစ္ရဲ႕ စံတန္ဖိုးေတြ အေပၚ စမ္းသပ္မႈေတြျဖစ္ေပၚေစခဲ့ပါတယ္။ ဒီလို လူ ဝင္မႈႀကီးၾကပ္ေရးနဲ႔ပတ္သက္ၿပီး မူဝါဒအေျပာင္း အလဲေတြေၾကာင့္ အေမရိကန္ဟာ အခြင့္အလမ္း၊ ကြဲ ျပားမႈနဲ႔ အရည္အခ်င္းကိုအေျခခံတဲ့ ႏိုင္ငံျဖစ္ေနဦး မလား ဒါမွမဟုတ္ ေျြကးၿမီေလွ်ာ့ခ်ေရးနဲ႔ ဘ႑ာေရး အက်ိဳးအျမတ္ေတြကိုဦးစားေပးတဲ့စနစ္အျဖစ္ ေျပာင္းလဲသြားမလားဆိုတာကိုေတာ့ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။
ကိုးကား
• https://hls.harvard.edu^today^can-birthright-citizenship-be-changed^
• https://www.forbes.com/sites/dougmelville/2025/09/20/want-to-be-american-for-1-million-the-trump-gold-card-visa-will-now-allow-entry/