ပြည်တွင်းရွှေဈေး တစ်ကျပ်သားလျှင် ၈၇ သိန်းဝန်းကျင်ရှိလာပြီး အဖမ်းအဆီးသတင်းထွက်နေ

 520

ပြည့်ဖြိုး(NP News)- အောက်တိုဘာ ၁၆
ကမ္ဘာရွှေဈေးမြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေး တစ်ကျပ်သားလျှင် ၈၇ သိန်းဝန်းကျင် ပေါက်ဈေး ရှိနေပြီး ရွှေရောင်းချသူများကိုခေါ်ယူဖမ်းဆီး စစ်ဆေးမည်ဟု သတင်းများထွက်ပေါ်နေကြောင်း ရွှေဈေးကွက် အတွင်းမှသိရသည်။
ယနေ့ အောက်တိုဘာ ၁၆ ရက်တွင် ကမ္ဘာ့ရွှေဈေးကွက်အတွင်း ရွှေတစ်အောင်စလျှင် ၄၂၃၀ ဒေါ်လာ ဝန်းကျင်ပေါက်ဈေးအထိမြင့်တက်နေရာ ပြည်တွင်းရွှေဈေးကွက်အတွင်း၌လည်း အခေါက်ရွှေတစ်ကျပ်သားလျှင် ၈၇ သိန်း အထိ ဈေးများမြင့်တက် နေခြင်းဖြစ်သည်။
“အခုရွှေဈေးတက်တာက ဈေးကစားလို့တက်တာမဟုတ်ဘူး ကမ္ဘာ့ဈေးတက်လို့တက်နေတာ။ဒါကိုရွှေ ဆိုင်ပိုင်ရှင်တွေကို ဖမ်းမယ်စစ်ဆေးမယ်သတင်းထွက်နေတော့ အရောင်း/အဝယ်မလုပ်ရဲကြတော့ဘူး ၊အရင်တုန်းကဖမ်းထားတဲ့သူတွေလဲ ခြေချုပ်နဲ့နှစ်ပါတ်တစ်ခါလက်မှတ်ထိုးနေရတယ်။ဈေးကွက်ထဲမှာလဲ အရောင်းအဝယ်အေးနေပါတယ်”ဟု ရန်ကုန်မြို့ခံရွှေဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။ အခေါက်ရွှေဈေးကိုရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း မှ တစ်ကျပ်သားလျှင် ငါးဆယ်ကိုးသိန်းကိုးသောင်း ဖြင့်သာရည်ညွန်းဈေးသတ်မှတ်ထားကြောင်းသိရသည်။
ပြင်ပရွှေဈေးကွက်အတွင်းတွင်မူ နိုင်ငံတကာဈေးကွက်ပေါက်ဈေးအလိုက် ပြောင်းလဲသတ်မှတ်နေခြင်း ဖြစ်ပြီး လက်တလော အမေရိကန်ဒေါ်လာဈေးကျဆင်းနေခြင်းကြောင့်သာ ၈၇ သိန်း ဝန်းကျင် ပေါက်ဈေး ရှိနေခြင်းဖြစ်သည်။
လက်ရှိအမေရိကန်ဒေါ်လာဈေးမှာ တစ်ဒေါ်လာလျှင် မြန်မာငွေ ၄၀၀၀ ဝန်းကျင်ခန့်သာရှိပြီး အကယ်၍ တစ်ဒေါ်လာလျှင် ငါးထောင်ကျပ်မှခြောက်ထောင်ကျပ်အထိမြင့်တက်လာပါက ရွှေတစ်ကျပ်သားလျှင်သိန်း တစ်ရာကျော်အထိပေါက်ဈေးရှိနိုင်ကြောင်း ရွှေလုပ်ငန်းကျွမ်းကျင်သူများကခန့်မှန်းထားသည်။

Zawgyi Version:
ျပည္တြင္းေ႐ႊေဈး တစ္က်ပ္သားလွ်င္ ၈၇ သိန္းဝန္းက်င္ရွိလာၿပီး အဖမ္းအဆီးသတင္းထြက္ေန
ျပည့္ၿဖိဳး(NP News)- ေအာက္တိုဘာ ၁၆
ကမာၻေ႐ႊေဈးျမင့္တက္မႈေၾကာင့္ ျပည္တြင္းေ႐ႊေဈး တစ္က်ပ္သားလွ်င္ ၈၇ သိန္းဝန္းက်င္ ေပါက္ေဈး ရွိေနၿပီး ေ႐ႊေရာင္းခ်သူမ်ားကိုေခၚယူဖမ္းဆီး စစ္ေဆးမည္ဟု သတင္းမ်ားထြက္ေပၚေနေၾကာင္း ေ႐ႊေဈးကြက္ အတြင္းမွသိရသည္။
ယေန႔ ေအာက္တိုဘာ ၁၆ ရက္တြင္ ကမာၻ႔ေ႐ႊေဈးကြက္အတြင္း ေ႐ႊတစ္ေအာင္စလွ်င္ ၄၂၃၀ ေဒၚလာ ဝန္းက်င္ေပါက္ေဈးအထိျမင့္တက္ေနရာ ျပည္တြင္းေ႐ႊေဈးကြက္အတြင္း၌လည္း အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ ၈၇ သိန္း အထိ ေဈးမ်ားျမင့္တက္ ေနျခင္းျဖစ္သည္။
“အခုေ႐ႊေဈးတက္တာက ေဈးကစားလို႔တက္တာမဟုတ္ဘူး ကမာၻ႔ေဈးတက္လို႔တက္ေနတာ။ဒါကိုေ႐ႊ ဆိုင္ပိုင္ရွင္ေတြကို ဖမ္းမယ္စစ္ေဆးမယ္သတင္းထြက္ေနေတာ့ အေရာင္း/အဝယ္မလုပ္ရဲၾကေတာ့ဘူး ၊အရင္တုန္းကဖမ္းထားတဲ့သူေတြလဲ ေျခခ်ဳပ္နဲ႔ႏွစ္ပါတ္တစ္ခါလက္မွတ္ထိုးေနရတယ္။ေဈးကြက္ထဲမွာလဲ အေရာင္းအဝယ္ေအးေနပါတယ္”ဟု ရန္ကုန္ၿမိဳ႕ခံေ႐ႊဆိုင္ပိုင္ရွင္တစ္ဦးကေျပာသည္။ အေခါက္ေ႐ႊေဈးကိုရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္း မွ တစ္က်ပ္သားလွ်င္ ငါးဆယ္ကိုးသိန္းကိုးေသာင္း ျဖင့္သာရည္ၫြန္းေဈးသတ္မွတ္ထားေၾကာင္းသိရသည္။
ျပင္ပေ႐ႊေဈးကြက္အတြင္းတြင္မူ ႏိုင္ငံတကာေဈးကြက္ေပါက္ေဈးအလိုက္ ေျပာင္းလဲသတ္မွတ္ေနျခင္း ျဖစ္ၿပီး လက္တေလာ အေမရိကန္ေဒၚလာေဈးက်ဆင္းေနျခင္းေၾကာင့္သာ ၈၇ သိန္း ဝန္းက်င္ ေပါက္ေဈး ရွိေနျခင္းျဖစ္သည္။
လက္ရွိအေမရိကန္ေဒၚလာေဈးမွာ တစ္ေဒၚလာလွ်င္ ျမန္မာေငြ ၄၀၀၀ ဝန္းက်င္ခန႔္သာရွိၿပီး အကယ္၍ တစ္ေဒၚလာလွ်င္ ငါးေထာင္က်ပ္မွေျခာက္ေထာင္က်ပ္အထိျမင့္တက္လာပါက ေ႐ႊတစ္က်ပ္သားလွ်င္သိန္း တစ္ရာေက်ာ္အထိေပါက္ေဈးရွိႏိုင္ေၾကာင္း ေ႐ႊလုပ္ငန္းကြၽမ္းက်င္သူမ်ားကခန႔္မွန္းထားသည္။

Related news

© 2021. All rights reserved.