ပုဗ္ဗသီရိမြို့နယ်တွင် လဝကအမျိုးသမီးအား ဓားထောက်လုယက်သူနှစ်ဦးကို ဖမ်းဆီးရမိ

445

စော(NP News)- အောက်တိုဘာ ၁၆
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒေါ်ဆုမွန်ကျော် (၄၀)နှစ်အား ဓားထောက်လုယက်သူနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်၏ အချက်အလက်များအရ သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာလ ၁၀ ရက်၊ ညနေ ၅ နာရီအချိန်က ဇေယျာသီရိမြို့နယ်၊ ကျောက်ချက်ကျေးရွာနေ ဒေါ်ဆုမွန်ကျော်သည် ရုံးအမှတ်(၄၈)မှ နေအိမ်သို့ မန္တလေးလမ်းအတိုင်း ဆိုင်ကယ်ဖြင့် မောင်းနှင်လာစဉ် ပုဗ္ဗသီရိမြို့နယ်၊ ကံလှကျေးရွာအနီး ရာဇသင်္ဂဟအိမ်ရာ(၁)အနောက်အရောက်၌ အမျိုးသားနှစ်ဦးမောင်းနှင်လာသည့်ဆိုင်ကယ်မှ ၎င်းဆိုင်ကယ်အား အရှေ့မှပိတ်ရပ်တားဆီးကာ ဓားဖြင့်ထောက်ခဲ့ကြောင်းထုတ်ပြန်ချက်အရသိရသည်။
ထိုသို့ဓားဖြင့်ထောက်၍ ၎င်းထံမှ SAMSUNG Note 10 Plus အမျိုးအစား လက်ကိုင်ဖုန်း တစ် လုံး၊ ပလက်တီနမ်ဆွဲကြိုး တစ်ကုံး၊ ငွေကျပ် ၁ သိန်းခွဲခန့်၊ ဝန်ထမ်းကတ်များနှင့် ATM ကတ်များထည့်ထားသည့် လက်ကိုင်အိတ်တစ်လုံးတို့အား လုယက်ယူဆောင်သွားခဲ့သဖြင့် ပုဗ္ဗသီရိမြို့နယ်၊ ပတ္တာနယ်မြေရဲစခန်း ရာဇသတ်ကြီးပုဒ်မ ၃၈၂ ဖြင့် အမှုရေးဖွင့် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားသည်။
ရဲတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်ခြင်းများဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူများမှာ ပျဉ်းမနားမြို့နယ်၊ ရန်အောင်(၂)ရပ်ကွက်နေသူများဖြစ်ကြသည့် ကောင်းစံဌေး(ခ) မြတ်သူအောင် (ခ) မဲလုံးနှင့် ကိုကိုထွန်း (ခ) မဲလုံး တို့ဖြစ်ကြောင်း ဖော်ထုတ်သိရှိရကြောင်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် ဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်ခဲ့ရာ အောက်တိုဘာလ ၁၄ ရက်၊ နံနက်ပိုင်းတွင် ၎င်းတို့နှစ်ဦးအား လယ်ဝေးမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းအနီးလမ်းမပေါ်၌ အသုံးပြုခဲ့သည့် ဆိုင်ကယ်တစ်စီး၊ ပြစ်မှုကျူးလွန်ရာမှ လုယက်ယူဆောင်ခဲ့သည့် SAMSUNG Note 10 Plus လက်ကိုင်ဖုန်း ၁ လုံး၊ မြန်မာငွေစက္ကူ တစ်သိန်းကျပ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ယင်းတို့၏ထွက်ဆိုချက်အရ အောက်တိုဘာလ ၁၀ ရက်နေ့ ညနေပိုင်းတွင် ချင်းရွာဘက်မှ ရေပြာကျေးရွာဘက်သို့ မန္တလေးလမ်းအတိုင်း ဆိုင်ကယ်မောင်းနှင်လာစဉ် ၎င်းတို့အရှေ့မှ အမျိုးသမီးတစ်ဦးတည်း ဆိုင်ကယ်မောင်းနှင်နေသည်ကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။
ထို့နောက် အနောက်မှကပ်လိုက်ကာ ရာဇသင်္ဂဟအိမ်ရာ အနောက်ဘက်အရောက်၌ အဆိုပါဆိုင်ကယ်အား ဝင်တိုက်ကာတားဆီးခဲ့ပြီး အဆိုပါအမျိုးသမီးထံမှ လက်ကိုင်အိတ် ၁ လုံး၊ လက်ကိုင်ဖုန်း ၁ လုံးနှင့် ဆွဲကြိုးတစ်ကုံးတို့အား ဓားထောက်လုယက်ယူဆောင်ခဲ့ကြောင်း ထွက်ဆိုထားသည်။
ထို့ပြင် ဝေဘူလဘုန်းကြီးကျောင်းအနီးအရောက် လုယူခဲ့သည့် လက်ကိုင်အိတ်အတွင်းမှ ငွေများအား ထုတ်ယူ၍ လက်ကိုင်အိတ်အား လွှင့်ပစ်ကာ ကောင်းစံဌေး (ခ) မြတ်သူအောင် (ခ) မဲလုံးမှ ဆွဲကြိုးနှင့် ငွေ ၅၀၀၀၀ ကျပ်အား လည်းကောင်း၊ ကိုကိုထွန်း (ခ) မဲလုံးမှ လက်ကိုင်ဖုန်းနှင့် ငွေ ၅၀၀၀၀ ကျပ်အား လည်းကောင်း ခွဲဝေယူဆောင်ခဲ့ကြောင်း ဖော်ထုတ်သိရှိခဲ့ရကြောင်း သိရသည်။
ဖြစ်စဉ်တွင် ဖမ်းဆီးရမိသည့် ကောင်းစံဌေး (ခ) မြတ်သူအောင် (ခ) မဲလုံးနှင့် ကိုကိုထွန်း (ခ) မဲလုံးတို့အား ကွင်းဆက်ပြစ်မှုများရှိ၊မရှိ ဖော်ထုတ်စစ်ဆေးလျက်ရှိပြီး ဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရေးနှင့် သိမ်းဆည်းရန်ကျန်သက်သေခံပစ္စည်းများအား ပြန်လည်သိမ်းဆည်းရရှိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ပုဗၺသီရိၿမိဳ႕နယ္တြင္ လဝကအမ်ိဳးသမီးအား ဓားေထာက္လုယက္သူႏွစ္ဦးကို ဖမ္းဆီးရမိ
ေစာ(NP News)- ေအာက္တိုဘာ ၁၆
ေနျပည္ေတာ္၊ ပုဗၺသီရိၿမိဳ႕နယ္တြင္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနမွ ေဒၚဆုမြန္ေက်ာ္ (၄၀)ႏွစ္အား ဓားေထာက္လုယက္သူႏွစ္ဦးကို ဖမ္းဆီးရမိခဲ့ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္၏ အခ်က္အလက္မ်ားအရ သိရသည္။
ျဖစ္စဥ္မွာ ေအာက္တိုဘာလ ၁၀ ရက္၊ ညေန ၅ နာရီအခ်ိန္က ေဇယ်ာသီရိၿမိဳ႕နယ္၊ ေက်ာက္ခ်က္ေက်း႐ြာေန ေဒၚဆုမြန္ေက်ာ္သည္ ႐ုံးအမွတ္(၄၈)မွ ေနအိမ္သို႔ မႏၲေလးလမ္းအတိုင္း ဆိုင္ကယ္ျဖင့္ ေမာင္းႏွင္လာစဥ္ ပုဗၺသီရိၿမိဳ႕နယ္၊ ကံလွေက်း႐ြာအနီး ရာဇသဂၤဟအိမ္ရာ(၁)အေနာက္အေရာက္၌ အမ်ိဳးသားႏွစ္ဦးေမာင္းႏွင္လာသည့္ဆိုင္ကယ္မွ ၎ဆိုင္ကယ္အား အေရွ႕မွပိတ္ရပ္တားဆီးကာ ဓားျဖင့္ေထာက္ခဲ့ေၾကာင္းထုတ္ျပန္ခ်က္အရသိရသည္။
ထိုသို႔ဓားျဖင့္ေထာက္၍ ၎ထံမွ SAMSUNG Note 10 Plus အမ်ိဳးအစား လက္ကိုင္ဖုန္း တစ္ လုံး၊ ပလက္တီနမ္ဆြဲႀကိဳး တစ္ကုံး၊ ေငြက်ပ္ ၁ သိန္းခြဲခန႔္၊ ဝန္ထမ္းကတ္မ်ားႏွင့္ ATM ကတ္မ်ားထည့္ထားသည့္ လက္ကိုင္အိတ္တစ္လုံးတို႔အား လုယက္ယူေဆာင္သြားခဲ့သျဖင့္ ပုဗၺသီရိၿမိဳ႕နယ္၊ ပတၱာနယ္ေျမရဲစခန္း ရာဇသတ္ႀကီးပုဒ္မ ၃၈၂ ျဖင့္ အမႈေရးဖြင့္ စစ္ေဆးေဆာင္႐ြက္ခဲ့ေၾကာင္း ေဖာ္ျပထားသည္။
ရဲတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းေဖာ္ထုတ္ျခင္းမ်ားေဆာင္႐ြက္ခဲ့ရာ ျပစ္မႈက်ဴးလြန္သူမ်ားမွာ ပ်ဥ္းမနားၿမိဳ႕နယ္၊ ရန္ေအာင္(၂)ရပ္ကြက္ေနသူမ်ားျဖစ္ၾကသည့္ ေကာင္းစံေဌး(ခ) ျမတ္သူေအာင္ (ခ) မဲလုံးႏွင့္ ကိုကိုထြန္း (ခ) မဲလုံး တို႔ျဖစ္ေၾကာင္း ေဖာ္ထုတ္သိရွိရေၾကာင္း ထုတ္ျပန္ထားသည္။
ထို႔ေၾကာင့္ ဖမ္းဆီးရမိႏိုင္ေရးေဆာင္႐ြက္ခဲ့ရာ ေအာက္တိုဘာလ ၁၄ ရက္၊ နံနက္ပိုင္းတြင္ ၎တို႔ႏွစ္ဦးအား လယ္ေဝးၿမိဳ႕နယ္၊ အမွတ္(၁) အေျခခံပညာ အထက္တန္းေက်ာင္းအနီးလမ္းမေပၚ၌ အသုံးျပဳခဲ့သည့္ ဆိုင္ကယ္တစ္စီး၊ ျပစ္မႈက်ဴးလြန္ရာမွ လုယက္ယူေဆာင္ခဲ့သည့္ SAMSUNG Note 10 Plus လက္ကိုင္ဖုန္း ၁ လုံး၊ ျမန္မာေငြစကၠဴ တစ္သိန္းက်ပ္တို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ယင္းတို႔၏ထြက္ဆိုခ်က္အရ ေအာက္တိုဘာလ ၁၀ ရက္ေန႔ ညေနပိုင္းတြင္ ခ်င္း႐ြာဘက္မွ ေရျပာေက်း႐ြာဘက္သို႔ မႏၲေလးလမ္းအတိုင္း ဆိုင္ကယ္ေမာင္းႏွင္လာစဥ္ ၎တို႔အေရွ႕မွ အမ်ိဳးသမီးတစ္ဦးတည္း ဆိုင္ကယ္ေမာင္းႏွင္ေနသည္ကို ေတြ႕ရွိရေၾကာင္း ေဖာ္ျပထားသည္။
ထို႔ေနာက္ အေနာက္မွကပ္လိုက္ကာ ရာဇသဂၤဟအိမ္ရာ အေနာက္ဘက္အေရာက္၌ အဆိုပါဆိုင္ကယ္အား ဝင္တိုက္ကာတားဆီးခဲ့ၿပီး အဆိုပါအမ်ိဳးသမီးထံမွ လက္ကိုင္အိတ္ ၁ လုံး၊ လက္ကိုင္ဖုန္း ၁ လုံးႏွင့္ ဆြဲႀကိဳးတစ္ကုံးတို႔အား ဓားေထာက္လုယက္ယူေဆာင္ခဲ့ေၾကာင္း ထြက္ဆိုထားသည္။
ထို႔ျပင္ ေဝဘူလဘုန္းႀကီးေက်ာင္းအနီးအေရာက္ လုယူခဲ့သည့္ လက္ကိုင္အိတ္အတြင္းမွ ေငြမ်ားအား ထုတ္ယူ၍ လက္ကိုင္အိတ္အား လႊင့္ပစ္ကာ ေကာင္းစံေဌး (ခ) ျမတ္သူေအာင္ (ခ) မဲလုံးမွ ဆြဲႀကိဳးႏွင့္ ေငြ ၅၀၀၀၀ က်ပ္အား လည္းေကာင္း၊ ကိုကိုထြန္း (ခ) မဲလုံးမွ လက္ကိုင္ဖုန္းႏွင့္ ေငြ ၅၀၀၀၀ က်ပ္အား လည္းေကာင္း ခြဲေဝယူေဆာင္ခဲ့ေၾကာင္း ေဖာ္ထုတ္သိရွိခဲ့ရေၾကာင္း သိရသည္။
ျဖစ္စဥ္တြင္ ဖမ္းဆီးရမိသည့္ ေကာင္းစံေဌး (ခ) ျမတ္သူေအာင္ (ခ) မဲလုံးႏွင့္ ကိုကိုထြန္း (ခ) မဲလုံးတို႔အား ကြင္းဆက္ျပစ္မႈမ်ားရွိ၊မရွိ ေဖာ္ထုတ္စစ္ေဆးလ်က္ရွိၿပီး ဥပေဒႏွင့္အညီထိေရာက္စြာအေရးယူႏိုင္ေရးႏွင့္ သိမ္းဆည္းရန္က်န္သက္ေသခံပစၥည္းမ်ားအား ျပန္လည္သိမ္းဆည္းရရွိႏိုင္ေရး ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။