Netflix ရဲ့ ‘Extraction' ဇာတ်ကား အဆက်သစ်မှာ သရုပ်ဆောင်မာဒုန်ဆော့ခ်နဲ့ အတူ သရုပ်ဆောင်မယ့် BLACKPINK အဖွဲ့ဝင် လီဆာ

 216

ရောင်နီ(NP News)
တောင်ကိုရီးယား အမျိုးသမီး K Pop အဖွဲ့ BLACKPINK ရဲ့ အဖွဲ့ဝင် လီဆာ ဟာ Netflix က ထုတ်လွှင့်မယ့် 'Extration' ရုပ်ရှင် အဆက်မှာ သရုပ်ဆောင် မာဒုန်ဆော့ခ် နဲ့ အတူ ပါဝင်သရုပ်ဆောင်မယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၁၅ ရက်နေ့က ရုပ်ရှင်လုပ်ငန်း အတွင်းသိတွေရဲ့ အဆိုအရ လီဆာ ဟာ လူကြိုက်များတဲ့ Netflix ဇာတ်ကား Extraction' franchise ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ဇာတ်ကားသစ်မှာ ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းချက်ကို အပြုသဘောနဲ့ ပြန်လည်သုံးသပ်နေတယ်လို့ ဆိုပါတယ်။ 'Extraction' ဇာတ်ကား မူရင်းဟာ ၂၀၂၀ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး အင်အားကြီး ရာဇ၀တ်မှုဆိုင်ရာ အဖွဲ့အစည်းတစ်ခုမှာ ပါဝင်နေတဲ့ အထူးတပ်ဖွဲ့ဝင်ဟောင်း တေလာရိုက်ခ် ကို ဇာတ်အိမ်တည် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ကြည့်ရှုသူပေါင်း ၂၃၁.၃၄ သန်းကျော်ရှိခဲ့ပြီး တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။ အဲဒီနောက် နောက်ဆက်တွဲ 'Extraction 2' ကို ၂၀၂၃ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။
အခုရိုက်ကူးမယ့် 'Extraction: Taigo' ကတော့ သရုပ်ဆောင် မာဒုန်ဆော့ခ်ကို ဇာတ်လိုက်ဇာတ်ကောင်အသစ်အဖြစ် ဗဟိုပြုကာ ဇာတ်လမ်းအသစ် တစ်ခုလုံးကို အလှည့်အပြောင်းပုံစံရိုက်ကူးမယ်လို့ ဆိုပါတယ်။ အဲဒီဇာတ်ကားကို 'The Roundup 2'၊ 'The Roundup 3' နဲ့ 'The Roundup 5' ကို ရိုက်ကူးတဲ့ ဒါရိုက်တာ လီဆန်ယောင်းက ကြီးကြပ်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

Zawgyi Version :
Netflix ရဲ႕ ‘Extraction' ဇာတ္ကား အဆက္သစ္မွာ သ႐ုပ္ေဆာင္မာဒုန္ေဆာ့ခ္နဲ႔ အတူ သ႐ုပ္ေဆာင္မယ့္ BLACKPINK အဖြဲ႕ဝင္ လီဆာ
ေရာင္နီ(NP News)
ေတာင္ကိုရီးယား အမ်ိဳးသမီး K Pop အဖြဲ႕ BLACKPINK ရဲ႕ အဖြဲ႕ဝင္ လီဆာ ဟာ Netflix က ထုတ္လႊင့္မယ့္ 'Extration' ႐ုပ္ရွင္ အဆက္မွာ သ႐ုပ္ေဆာင္ မာဒုန္ေဆာ့ခ္ နဲ႔ အတူ ပါဝင္သ႐ုပ္ေဆာင္မယ္လို႔ သိရပါတယ္။
ေအာက္တိုဘာလ ၁၅ ရက္ေန႔က ႐ုပ္ရွင္လုပ္ငန္း အတြင္းသိေတြရဲ႕ အဆိုအရ လီဆာ ဟာ လူႀကိဳက္မ်ားတဲ့ Netflix ဇာတ္ကား Extraction' franchise ရဲ႕ တစ္စိတ္တစ္ပိုင္းျဖစ္တဲ့ ဇာတ္ကားသစ္မွာ ပါဝင္သ႐ုပ္ေဆာင္ဖို႔ ကမ္းလွမ္းခ်က္ကို အျပဳသေဘာနဲ႔ ျပန္လည္သုံးသပ္ေနတယ္လို႔ ဆိုပါတယ္။ 'Extraction' ဇာတ္ကား မူရင္းဟာ ၂၀၂၀ ခုႏွစ္က ထြက္ရွိခဲ့တာျဖစ္ၿပီး အင္အားႀကီး ရာဇ၀တ္မႈဆိုင္ရာ အဖြဲ႕အစည္းတစ္ခုမွာ ပါဝင္ေနတဲ့ အထူးတပ္ဖြဲ႕ဝင္ေဟာင္း ေတလာ႐ိုက္ခ္ ကို ဇာတ္အိမ္တည္ ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ဒီဇာတ္ကားဟာ ၾကည့္ရႈသူေပါင္း ၂၃၁.၃၄ သန္းေက်ာ္ရွိခဲ့ၿပီး တစ္ကမာၻလုံး အတိုင္းအတာနဲ႔ ေအာင္ျမင္မႈမ်ားစြာ ရရွိခဲ့ပါတယ္။ အဲဒီေနာက္ ေနာက္ဆက္တြဲ 'Extraction 2' ကို ၂၀၂၃ ခုႏွစ္မွာ ထြက္ရွိခဲ့ပါတယ္။
အခု႐ိုက္ကူးမယ့္ 'Extraction: Taigo' ကေတာ့ သ႐ုပ္ေဆာင္ မာဒုန္ေဆာ့ခ္ကို ဇာတ္လိုက္ဇာတ္ေကာင္အသစ္အျဖစ္ ဗဟိုျပဳကာ ဇာတ္လမ္းအသစ္ တစ္ခုလုံးကို အလွည့္အေျပာင္းပုံစံ႐ိုက္ကူးမယ္လို႔ ဆိုပါတယ္။ အဲဒီဇာတ္ကားကို 'The Roundup 2'၊ 'The Roundup 3' နဲ႔ 'The Roundup 5' ကို ႐ိုက္ကူးတဲ့ ဒါ႐ိုက္တာ လီဆန္ေယာင္းက ႀကီးၾကပ္႐ိုက္ကူးသြားမယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.