BTS အဖွဲ့ခေါင်းဆောင် RM ရဲ့ စစ်မှုထမ်းဟောင်း ဝန်ကြီးဌာနကို လှူဒါန်းမှု ဝမ် သန်း ၁၀၀ အပါအဝင် ဝမ် ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ 703,000 ခန့်) ရဲ့ အသုံးစရိတ် ခြေရာခံနိုင်ခြင်း မရှိ

 258

ရောင်နီ(NP News)
ပြီးခဲ့တဲ့နှစ်က တောင်ကိုရီးယား အမျိုးသား K pop အဖွဲ့ BTS ရဲ့ ခေါင်းဆောင် RM က မွေးနေ့မှာ တောင်ကိုရီးယားနိုင်ငံ မျိုးချစ်နဲ့ စစ်မှုထမ်းဟောင်း ရေးရာဝန်ကြီးဌာနကို ဝမ် သန်း ၁၀၀ မတည် လှူဒါန်းခဲ့ပါတယ်။
စစ်သားတွေ၊ ရဲအရာရှိတွေနဲ့ မီးသတ်သမားတွေ အပါအဝင် ယူနီဖောင်းဝတ် ဝန်ထမ်းတွေကို ပံ့ပိုးကူညီဖို့အတွက် လှူဒါန်းခဲ့တယ်လို့ RM က ဆိုပါတယ်။ အဲဒီနောက် ဝန်ကြီး ကန်ဂျောင်အေးက RM ကို လူသိရှင်ကြား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး ယူနီဖောင်းဝတ် ဝန်ထမ်းတွေအတွက် ပံ့ပိုးကူညီမယ်လို့ ဆိုပါတယ်။ အဲဒီနောက် အဆိုပါအလှူငွေထဲကို နောက်ထပ်အလှူရှင်တွေက ထပ်ပေါင်း ပါဝင်ကြတာကြောင့် စုစုပေါင်း အလှူငွေ အဆတစ်ရာနီးပါး တိုးလာပြီး ဝမ် ၁ ဘီလီယံ ထိ ရရှိခဲ့ပါတယ်။ ဒါပေမယ့် မျိုးချစ်နဲ့ စစ်မှုထမ်းဟောင်းရေးရာ ဝန်ကြီးဌာနက အဆိုပါ ရန်ပုံငွေတွေကို အလှူရှင်တွေ ရည်ရွယ်ချက်အတိုင်း အသုံးပြုခြင်း ရှိ၊ မရှိ အတည်ပြုခြင်း မရှိဘူးလို့ လတ်တလော သတင်းတွေအရ သိရပါတယ်။
လက်ရှိဥပဒေအရ၊ အလှူငွေအားလုံးကို နိုင်ငံလုံးဆိုင်ရာ စစ်မှုထမ်းဟောင်း ထောက်ပံ့ဖို့အတွက် အကောင့်တစ်ခုတည်းမှ ကောက်ခံပြီး အလှူငွေစီးဆင်းမှုကိုတော့ အခြားအရင်းအမြစ်တွေနဲ့ ရောနှောထားတယ်လို့ သိရပါတယ်။ အလှူရှင်တွေက အလှူငွေ ပံ့ပိုးပေးမယ့် ဧရိယာကို သတ်မှတ်ပေးနိုင်တယ်လို့ ဝန်ကြီးဌာနက ဝက်ဘ်ဆိုဒ်မှာ ဆိုထားပေမယ့် အလှူငွေ အသုံးချတဲ့နေရာတွေကို တိတိကျကျ အစီအရင်ခံနိုင်ခြင်း မရှိတာကြောင့် ဝေဖန်မှုတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။

Zawgyi Version:
BTS အဖြဲ႕ေခါင္းေဆာင္ RM ရဲ႕ စစ္မႈထမ္းေဟာင္း ဝန္ႀကီးဌာနကို လႉဒါန္းမႈ ဝမ္ သန္း ၁၀၀ အပါအဝင္ ဝမ္ ၁ ဘီလီယံ (အေမရိကန္ေဒၚလာ 703,000 ခန႔္) ရဲ႕ အသုံးစရိတ္ ေျခရာခံႏိုင္ျခင္း မရွိ
ေရာင္နီ(NP News)
ၿပီးခဲ့တဲ့ႏွစ္က ေတာင္ကိုရီးယား အမ်ိဳးသား K pop အဖြဲ႕ BTS ရဲ႕ ေခါင္းေဆာင္ RM က ေမြးေန႔မွာ ေတာင္ကိုရီးယားႏိုင္ငံ မ်ိဳးခ်စ္နဲ႔ စစ္မႈထမ္းေဟာင္း ေရးရာဝန္ႀကီးဌာနကို ဝမ္ သန္း ၁၀၀ မတည္ လႉဒါန္းခဲ့ပါတယ္။
စစ္သားေတြ၊ ရဲအရာရွိေတြနဲ႔ မီးသတ္သမားေတြ အပါအဝင္ ယူနီေဖာင္းဝတ္ ဝန္ထမ္းေတြကို ပံ့ပိုးကူညီဖို႔အတြက္ လႉဒါန္းခဲ့တယ္လို႔ RM က ဆိုပါတယ္။ အဲဒီေနာက္ ဝန္ႀကီး ကန္ေဂ်ာင္ေအးက RM ကို လူသိရွင္ၾကား ေက်းဇူးတင္ေၾကာင္း ေျပာၾကားခဲ့ၿပီး ယူနီေဖာင္းဝတ္ ဝန္ထမ္းေတြအတြက္ ပံ့ပိုးကူညီမယ္လို႔ ဆိုပါတယ္။ အဲဒီေနာက္ အဆိုပါအလႉေငြထဲကို ေနာက္ထပ္အလႉရွင္ေတြက ထပ္ေပါင္း ပါဝင္ၾကတာေၾကာင့္ စုစုေပါင္း အလႉေငြ အဆတစ္ရာနီးပါး တိုးလာၿပီး ဝမ္ ၁ ဘီလီယံ ထိ ရရွိခဲ့ပါတယ္။ ဒါေပမယ့္ မ်ိဳးခ်စ္နဲ႔ စစ္မႈထမ္းေဟာင္းေရးရာ ဝန္ႀကီးဌာနက အဆိုပါ ရန္ပုံေငြေတြကို အလႉရွင္ေတြ ရည္႐ြယ္ခ်က္အတိုင္း အသုံးျပဳျခင္း ရွိ၊ မရွိ အတည္ျပဳျခင္း မရွိဘူးလို႔ လတ္တေလာ သတင္းေတြအရ သိရပါတယ္။
လက္ရွိဥပေဒအရ၊ အလႉေငြအားလုံးကို ႏိုင္ငံလုံးဆိုင္ရာ စစ္မႈထမ္းေဟာင္း ေထာက္ပံ့ဖို႔အတြက္ အေကာင့္တစ္ခုတည္းမွ ေကာက္ခံၿပီး အလႉေငြစီးဆင္းမႈကိုေတာ့ အျခားအရင္းအျမစ္ေတြနဲ႔ ေရာေႏွာထားတယ္လို႔ သိရပါတယ္။ အလႉရွင္ေတြက အလႉေငြ ပံ့ပိုးေပးမယ့္ ဧရိယာကို သတ္မွတ္ေပးႏိုင္တယ္လို႔ ဝန္ႀကီးဌာနက ဝက္ဘ္ဆိုဒ္မွာ ဆိုထားေပမယ့္ အလႉေငြ အသုံးခ်တဲ့ေနရာေတြကို တိတိက်က် အစီအရင္ခံႏိုင္ျခင္း မရွိတာေၾကာင့္ ေဝဖန္မႈေတြ ျမင့္တက္ေနတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.