ကားနှင့် ဆိုင်ကယ်တိုက်မိပြီးနောက် ဆိုင်ကယ်မောင်းသူ ပျောက်နေ၍ လိုက်ရှာရာ လူပြတ်သော နေရာတွင် စွန့်ပစ်ခံထားရကြောင်း တွေ့ရှိ

 888

သက်ပိုင် (NSS) - အောက်တိုဘာ ၁၇

မန္တလေးတိုင်းဒေသကြီး ၊ပုသိမ်ကြီးမြို့နယ်တွင် ကားနှင့် ဆိုင်ကယ်တိုက်မိပြီး မောင်းပြေးသော ဖြစ်စဉ် ဖြစ်ပွားခဲ့ရာ အခင်းဖြစ်နေရာတွင် ဆိုင်ကယ်မောင်းနှင်သူ မတွေ့သောကြောင့် လိုက်ရှာရာ ကားတွင် ညပ်ပါ သွားပြီးနောက် စွန့်ပစ်ခဲ့ထားရသည်ကိုတွေ့ရကြောင်း နန်းတော်ရှေ့ နယ်လုံးဆိုင်ရာလူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူက NP News သို့ ပြောသည်။
အောက်တိုဘာလ (၁၆) ရက်၊ ညနေ(၆)နာရီ (၄၅)မိနစ်ခန့်က ပုသိမ်ကြီးမြို့နယ်၊ (၁၉)လမ်း၊ ပုသိမ်ကြီးဆိုင်းဘုတ် အနီးလမ်းပေါ်တွင် အမျိုးသမီးတစ်ဦးမောင်းနှင်နေသောဆိုင်ကယ်ကို အဖြူရောင်အိမ်စီးကားတစ်စီးက အနောက်မှ ဝင်တိုက်ခဲ့မှုဖြစ်ပွားခဲ့ကြောင်း ၎င်းကဆိုသည်။
“မြင်လိုက်တဲ့သူတွေပြောတာကတော့ ကောင်မလေးကို တိုက်ပြီး ကားကမောင်းပြေးသွားတာ။ တစ်ပြလောက်ရောက်မှ ကားအောက်မှာ လူညပ်ပါလာမှန်းသိလို့ ဆင်းကြည့်ပြီး လူကိုထုတ်တယ်ပြောတယ်။ လူကို ကားနောက်ဖုံးထဲကိုထည့် ပြီး ကံကောက်အထည်ချုပ်စက်ရုံနားမှာ သွားပစ်ထားတာ။ အတိုက်ခံရတဲ့ အနားမှာ လူကိုမတွေ့တော့ ကျွန်တော်တို့ ဆလိုက်မီးတွေနဲ့ ထိုးပြီးလိုက်ရှာကြတာ။ကျန်နေတဲ့သွေးကွက်တွေကို ကြည့်ပြီးတော့မှ နောက်ဆုံးလူကိုရှာတွေ့တာ။ ကားအောက်မှာညပ်ပြီးပါသွားတော့ အိတ်ဇောလောင်ထား တဲ့ဒဏ်ရာတွေ၊လက်မှာဆိုလည်း တော်တော်စုတ်သွားတဲ့ဒဏ်ရာတွေ၊နဖူးလည်းတော်တော်ဆိုးဆိုး ကွဲနေတဲ့ ဒဏ်ရာတွေနဲ့ တွေ့ခဲ့တာပါ ” ဟု ၎င်းက ဆိုသည်။
အဆိုပါအမျိုးသမီးကို မန္တလေးပြည်သူ့ဆေးရုံကြီးတွင်အနီရောင်အဆင့်ဦးခေါင်းဓါတ်မှန်ရိုက် ကာဆေးဝါးကုသမှု ပြုလုပ်ခဲ့သော်လည်း ယနေ့(အောက်တိုဘာ ၁၇ ရက်) နံနက်ပိုင်းတွင် ဆုံးပါးသွားပြီဟု ကြားသိရကြောင်း နန်းတော်ရှေ့နယ်လုံးဆိုင်ရာ လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူကဆိုပြီး လူနာ၏ အခြေအနေကို ထပ်မံ အတည်ပြုနေဆဲ ဖြစ်သည်။

Zawgyi Version:
ကားႏွင့္ ဆိုင္ကယ္တိုက္မိၿပီးေနာက္ ဆိုင္ကယ္ေမာင္းသူ ေပ်ာက္ေန၍ လိုက္ရွာရာ လူျပတ္ေသာ ေနရာတြင္ စြန႔္ပစ္ခံထားရေၾကာင္း ေတြ႕ရွိ
သက္ပိုင္ (NSS) - ေအာက္တိုဘာ ၁၇
မႏၲေလးတိုင္းေဒသႀကီး ၊ပုသိမ္ႀကီးၿမိဳ႕နယ္တြင္ ကားႏွင့္ ဆိုင္ကယ္တိုက္မိၿပီး ေမာင္းေျပးေသာ ျဖစ္စဥ္ ျဖစ္ပြားခဲ့ရာ အခင္းျဖစ္ေနရာတြင္ ဆိုင္ကယ္ေမာင္းႏွင္သူ မေတြ႕ေသာေၾကာင့္ လိုက္ရွာရာ ကားတြင္ ညပ္ပါ သြားၿပီးေနာက္ စြန႔္ပစ္ခဲ့ထားရသည္ကိုေတြ႕ရေၾကာင္း နန္းေတာ္ေရွ႕ နယ္လုံးဆိုင္ရာလူမႈကယ္ဆယ္ေရးအသင္းမွ တာဝန္ရွိသူက NP News သို႔ ေျပာသည္။
ေအာက္တိုဘာလ (၁၆) ရက္၊ ညေန(၆)နာရီ (၄၅)မိနစ္ခန႔္က ပုသိမ္ႀကီးၿမိဳ႕နယ္၊ (၁၉)လမ္း၊ ပုသိမ္ႀကီးဆိုင္းဘုတ္ အနီးလမ္းေပၚတြင္ အမ်ိဳးသမီးတစ္ဦးေမာင္းႏွင္ေနေသာဆိုင္ကယ္ကို အျဖဴေရာင္အိမ္စီးကားတစ္စီးက အေနာက္မွ ဝင္တိုက္ခဲ့မႈျဖစ္ပြားခဲ့ေၾကာင္း ၎ကဆိုသည္။
“ျမင္လိုက္တဲ့သူေတြေျပာတာကေတာ့ ေကာင္မေလးကို တိုက္ၿပီး ကားကေမာင္းေျပးသြားတာ။ တစ္ျပေလာက္ေရာက္မွ ကားေအာက္မွာ လူညပ္ပါလာမွန္းသိလို႔ ဆင္းၾကည့္ၿပီး လူကိုထုတ္တယ္ေျပာတယ္။ လူကို ကားေနာက္ဖုံးထဲကိုထည့္ ၿပီး ကံေကာက္အထည္ခ်ဳပ္စက္႐ုံနားမွာ သြားပစ္ထားတာ။ အတိုက္ခံရတဲ့ အနားမွာ လူကိုမေတြ႕ေတာ့ ကြၽန္ေတာ္တို႔ ဆလိုက္မီးေတြနဲ႔ ထိုးၿပီးလိုက္ရွာၾကတာ။က်န္ေနတဲ့ေသြးကြက္ေတြကို ၾကည့္ၿပီးေတာ့မွ ေနာက္ဆုံးလူကိုရွာေတြ႕တာ။ ကားေအာက္မွာညပ္ၿပီးပါသြားေတာ့ အိတ္ေဇာေလာင္ထား တဲ့ဒဏ္ရာေတြ၊လက္မွာဆိုလည္း ေတာ္ေတာ္စုတ္သြားတဲ့ဒဏ္ရာေတြ၊နဖူးလည္းေတာ္ေတာ္ဆိုးဆိုး ကြဲေနတဲ့ ဒဏ္ရာေတြနဲ႔ ေတြ႕ခဲ့တာပါ ” ဟု ၎က ဆိုသည္။
အဆိုပါအမ်ိဳးသမီးကို မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးတြင္အနီေရာင္အဆင့္ဦးေခါင္းဓါတ္မွန္႐ိုက္ ကာေဆးဝါးကုသမႈ ျပဳလုပ္ခဲ့ေသာ္လည္း ယေန႔(ေအာက္တိုဘာ ၁၇ ရက္) နံနက္ပိုင္းတြင္ ဆုံးပါးသြားၿပီဟု ၾကားသိရေၾကာင္း နန္းေတာ္ေရွ႕နယ္လုံးဆိုင္ရာ လူမႈကယ္ဆယ္ေရးအသင္း တာဝန္ရွိသူကဆိုၿပီး လူနာ၏ အေျခအေနကို ထပ္မံ အတည္ျပဳေနဆဲ ျဖစ္သည္။

Related news

© 2021. All rights reserved.