စိုက်ပျိုးမြေများ တိုးချဲ့ခြင်းထက် ရှိပြီးသားမြေများပေါ်၌ သီးနှံအထွက်နှုန်း တိုးတက်စေရန် ဆောင်ရွက်သွားရန် တိုက်တွန်း

 459

စော (NP News) - အောက်တိုဘာ ၁၇

သီးနှံများ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရန် စိုက်ပျိုးမြေများတိုးချဲ့ခြင်းထက် ရှိပြီးသားစိုက်ပျိုးမြေများပေါ်တွင် တစ်ဧကသီးနှံအထွက်နှုန်းများ တိုးတက်အောင် ဆောင်ရွက်သွားရန်လိုကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များအား ယမန်နေ့ (အောက်တိုဘာ ၁၆ ရက်) က တွေ့ဆုံစဉ်ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုသို့တွေ့ဆုံစဉ် မိမိတို့နိုင်ငံသည် အခြေခံအားဖြင့် မွေးမြူရေးကိုအခြေခံသည့်စီးပွားရေးကိုဆောင်ရွက်ကြခြင်းဖြစ်ပြီး နိုင်ငံ၏ (၇၀) ရာခိုင်နှုန်းခန့်သည် ကျေးလက်တွင် နေထိုင်ကြကာ (၃၀) ရာခိုင်နှုန်းခန့်သည် မြို့ပြတွင်နေထိုင်ကြ၍ အဆိုပါ လူဦးရေအနက် (၅၀) ရာခိုင်နှုန်းခန့်သည် လယ်ယာ စိုက်ပျိုးရေး၊ သစ်တောနှင့် သားငါးကဏ္ဍတို့တွင် အသက်မွေးဝမ်းကျောင်းပြု နေကြသူများဖြစ် ကြောင်းပြောကြားခဲ့သည်။
ထို့ကြောင့် စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ တိုးတက်စေရန်ဆောင်ရွက်ခြင်းသည် နိုင်ငံ့စီးပွားရေးကို မြှင့်တင်ဆောင်ရွက်ပေးခြင်းပင်ဖြစ်၍ ကျေးလက်စီးပွားရေးကို မြှင့်တင်ပေးမှ သာ နိုင်ငံစီးပွားရေးတိုးတက်လာမည်ဖြစ်ပြီး ဆင်းရဲ မွဲတေမှုကို တစ်ပါတည်းလျှော့ချနိုင်မည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ အဓိကကျောရိုးဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုအခြေခံ၍ တိုးတက်စေရန် ဆောင်ရွက်ခြင်းဖြင့် စက်မှုကဏ္ဍကြီးနှင့်ဝန်ဆောင်မှုကဏ္ဍကြီးများလည်း တိုးတက်လာမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးကဆိုသည်။
သီးနှံများ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရန်အတွက် စိုက်ပျိုးမြေများတိုးချဲ့ခြင်းထက် ရှိပြီးသားစိုက်ပျိုး မြေများပေါ်တွင် တစ်ဧကသီးနှံအထွက်နှုန်းများ တိုးတက်အောင် ဆောင်ရွက်သွားရန်လိုပြီး အဆိုပါပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပန်းတိုင်ရည်မှန်းချက်များ ပြည့်မီမှုမရှိသေးကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တစ်ဧကပန်းတိုင်အထွက်နှုန်များ တိုးတက်စေရန်ဆောင်ရွက်ရာတွင် မျိုးကောင်းမျိုးသန့်များစိုက်ပျိုးရန် ၊ စိုက်ပျိုးမြေများကောင်းမွန်စေရေး လိုအပ်သည့် မြေဩဇာများ ထည့်သွင်းခြင်းနှင့် မြေပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်၊ စိုက်ပျိုးရေကို အကျိုးရှိစွာဖြင့်အသုံးချရန်နှင့် နည်းစနစ်တကျ စိုက်ပျိုးရန်လိုကြောင်း၊ သီးနှံအထွက်နှုန်းများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေးအတွက် နိုင်ငံတော်အနေဖြင့် တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ စိုက်ပျိုး သူ တောင်သူများ ကိုယ်တိုင်ကလည်း ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း ဗိုလ်ချုပ်မှူးကြီးကဆိုသည်။

Zawgyi Version:
စိုက္ပ်ိဳးေျမမ်ား တိုးခ်ဲ႕ျခင္းထက္ ရွိၿပီးသားေျမမ်ားေပၚ၌ သီးႏွံအထြက္ႏႈန္း တိုးတက္ေစရန္ ေဆာင္႐ြက္သြားရန္ တိုက္တြန္း
ေစာ (NP News) - ေအာက္တိုဘာ ၁၇

သီးႏွံမ်ား ပိုမိုတိုးတက္ထုတ္လုပ္ႏိုင္ရန္ စိုက္ပ်ိဳးေျမမ်ားတိုးခ်ဲ႕ျခင္းထက္ ရွိၿပီးသားစိုက္ပ်ိဳးေျမမ်ားေပၚတြင္ တစ္ဧကသီးႏွံအထြက္ႏႈန္းမ်ား တိုးတက္ေအာင္ ေဆာင္႐ြက္သြားရန္လိုေၾကာင္း ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရး ေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ျပည္ေထာင္စုဝန္ႀကီးမ်ား၊ တိုင္းေဒသႀကီး၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္မ်ားအား ယမန္ေန႔ (ေအာက္တိုဘာ ၁၆ ရက္) က ေတြ႕ဆုံစဥ္ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ထိုသို႔ေတြ႕ဆုံစဥ္ မိမိတို႔ႏိုင္ငံသည္ အေျခခံအားျဖင့္ ေမြးျမဴေရးကိုအေျခခံသည့္စီးပြားေရးကိုေဆာင္႐ြက္ၾကျခင္းျဖစ္ၿပီး ႏိုင္ငံ၏ (၇၀) ရာခိုင္ႏႈန္းခန႔္သည္ ေက်းလက္တြင္ ေနထိုင္ၾကကာ (၃၀) ရာခိုင္ႏႈန္းခန႔္သည္ ၿမိဳ႕ျပတြင္ေနထိုင္ၾက၍ အဆိုပါ လူဦးေရအနက္ (၅၀) ရာခိုင္ႏႈန္းခန႔္သည္ လယ္ယာ စိုက္ပ်ိဳးေရး၊ သစ္ေတာႏွင့္ သားငါးက႑တို႔တြင္ အသက္ေမြးဝမ္းေက်ာင္းျပဳ ေနၾကသူမ်ားျဖစ္ ေၾကာင္းေျပာၾကားခဲ့သည္။
ထို႔ေၾကာင့္ စိုက္ပ်ိဳးေမြးျမဴေရး ကုန္ထုတ္လုပ္ငန္းမ်ား တိုးတက္ေစရန္ေဆာင္႐ြက္ျခင္းသည္ ႏိုင္ငံ့စီးပြားေရးကို ျမႇင့္တင္ေဆာင္႐ြက္ေပးျခင္းပင္ျဖစ္၍ ေက်းလက္စီးပြားေရးကို ျမႇင့္တင္ေပးမွ သာ ႏိုင္ငံစီးပြားေရးတိုးတက္လာမည္ျဖစ္ၿပီး ဆင္းရဲ မြဲေတမႈကို တစ္ပါတည္းေလွ်ာ့ခ်ႏိုင္မည္ျဖစ္ေၾကာင္း ဆက္လက္ေျပာၾကားခဲ့သည္။
ျမန္မာႏိုင္ငံ၏ အဓိကေက်ာ႐ိုးျဖစ္သည့္ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားကိုအေျခခံ၍ တိုးတက္ေစရန္ ေဆာင္႐ြက္ျခင္းျဖင့္ စက္မႈက႑ႀကီးႏွင့္ဝန္ေဆာင္မႈက႑ႀကီးမ်ားလည္း တိုးတက္လာမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးကဆိုသည္။
သီးႏွံမ်ား ပိုမိုတိုးတက္ထုတ္လုပ္ႏိုင္ရန္အတြက္ စိုက္ပ်ိဳးေျမမ်ားတိုးခ်ဲ႕ျခင္းထက္ ရွိၿပီးသားစိုက္ပ်ိဳး ေျမမ်ားေပၚတြင္ တစ္ဧကသီးႏွံအထြက္ႏႈန္းမ်ား တိုးတက္ေအာင္ ေဆာင္႐ြက္သြားရန္လိုၿပီး အဆိုပါပန္းတိုင္ရည္မွန္းခ်က္ျပည့္မီေစေရး ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိေသာ္လည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ပန္းတိုင္ရည္မွန္းခ်က္မ်ား ျပည့္မီမႈမရွိေသးေၾကာင္း ေျပာၾကားခဲ့သည္။
ထို႔ေနာက္ တစ္ဧကပန္းတိုင္အထြက္ႏႈန္မ်ား တိုးတက္ေစရန္ေဆာင္႐ြက္ရာတြင္ မ်ိဳးေကာင္းမ်ိဳးသန႔္မ်ားစိုက္ပ်ိဳးရန္ ၊ စိုက္ပ်ိဳးေျမမ်ားေကာင္းမြန္ေစေရး လိုအပ္သည့္ ေျမဩဇာမ်ား ထည့္သြင္းျခင္းႏွင့္ ေျမျပဳျပင္ျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္ရန္၊ စိုက္ပ်ိဳးေရကို အက်ိဳးရွိစြာျဖင့္အသုံးခ်ရန္ႏွင့္ နည္းစနစ္တက် စိုက္ပ်ိဳးရန္လိုေၾကာင္း၊ သီးႏွံအထြက္ႏႈန္းမ်ား ပန္းတိုင္ရည္မွန္းခ်က္ျပည့္မီေစေရးအတြက္ ႏိုင္ငံေတာ္အေနျဖင့္ တတ္ႏိုင္သည့္ဘက္မွ ကူညီေဆာင္႐ြက္ေပးလ်က္ရွိသကဲ့သို႔ စိုက္ပ်ိဳး သူ ေတာင္သူမ်ား ကိုယ္တိုင္ကလည္း ႀကိဳးပမ္းေဆာင္႐ြက္ေစလိုေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးကဆိုသည္။

Related news

© 2021. All rights reserved.