နေပြည်တော်၌ ခုတင်(၁၀၀၀)ဆေးရုံအပါအဝင် နေရာအချို့ အောက်တိုဘာ ၁၉ရက်နေ့တွင် ရေပေးဝေမှုနောက်ကျမည်

 207

စော(NP News)-အောက်တိုဘာ ၁၇
နေပြည်တော်၌ ခုတင်(၁၀၀၀)ဆေးရုံအပါအဝင် နေရာအချို့ အောက်တိုဘာ ၁၉ရက်နေ့၊ နံနက် (၈)နာရီမှ ညနေ(၅)နာရီအထိ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုဖြစ်ပေါ်မည်ဖြစ်၍ ရေပေးဝေမှုနောက်ကျမည်ဖြစ်ကြောင်း နေပြည်တော်စည်ပင်သာယာ‌ရေးကော်မတီထံမှ သိရသည်။
ထို့ကြောင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု) ကွပ်ကဲမှုအောက်ရှိ ရေသန့်စင်စက်ရုံအမှတ်(၁)မှ ရေပေးဝေရေး အပိုင်းများဖြစ်သော လွှတ်တော်ဝန်ထမ်းအိမ်ရာ၊ အိမ်တော်ဝန်ထမ်းအိမ်ရာများ၊ လေးကျွန်းရေပေး ရေးဝင်း(ရုံးကြီးများ)၊ နန်းဦးရေပေးရေးမှ ဇေယျသိဒ္ဓိရပ်ကွက်(စံပယ်အိမ်ရာ)များသို့ ရေပေးဝေမှုနောက်ကျမည်ဖြစ်ကြောင်း ဖော်ပြချက်အရ သိရသည်။
ထို့ပြင် ကံ့ကော်အိမ်ရာ၊ ခုတင်(၁၀၀၀)ပြည်သူ့ဆေးရုံကြီး၊ မြို့တော်ခန်းမ၊ စည်ပင်ဝန်ထမ်းအိမ်ရာ၊ သပြေကုန်းဈေး၊ နိုင်ငံခြားရေးရုံး၊ ပြည်ထဲရေးရုံး၊ ရေပန်းဥယျာဉ်၊ ခရေအိမ်ရာနှင့် သုခတော်ဝင်အိမ်ရာများလည်းပါဝင်ကြောင်း ဖော်ပြထားသည်။

Zawgyi Version:
ေနျပည္ေတာ္၌ ခုတင္(၁၀၀၀)ေဆး႐ုံအပါအဝင္ ေနရာအခ်ိဳ႕ ေအာက္တိုဘာ ၁၉ရက္ေန႔တြင္ ေရေပးေဝမႈေနာက္က်မည္
ေစာ(NP News)-ေအာက္တိုဘာ ၁၇
ေနျပည္ေတာ္၌ ခုတင္(၁၀၀၀)ေဆး႐ုံအပါအဝင္ ေနရာအခ်ိဳ႕ ေအာက္တိုဘာ ၁၉ရက္ေန႔၊ နံနက္ (၈)နာရီမွ ညေန(၅)နာရီအထိ လွ်ပ္စစ္ဓာတ္အားျပတ္ေတာက္မႈျဖစ္ေပၚမည္ျဖစ္၍ ေရေပးေဝမႈေနာက္က်မည္ျဖစ္ေၾကာင္း ေနျပည္ေတာ္စည္ပင္သာယာ‌ေရးေကာ္မတီထံမွ သိရသည္။
ထို႔ေၾကာင့္ ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ အင္ဂ်င္နီယာဌာန(ေရႏွင့္သန႔္ရွင္းမႈ) ကြပ္ကဲမႈေအာက္ရွိ ေရသန႔္စင္စက္႐ုံအမွတ္(၁)မွ ေရေပးေဝေရး အပိုင္းမ်ားျဖစ္ေသာ လႊတ္ေတာ္ဝန္ထမ္းအိမ္ရာ၊ အိမ္ေတာ္ဝန္ထမ္းအိမ္ရာမ်ား၊ ေလးကြၽန္းေရေပး ေရးဝင္း(႐ုံးႀကီးမ်ား)၊ နန္းဦးေရေပးေရးမွ ေဇယ်သိဒၶိရပ္ကြက္(စံပယ္အိမ္ရာ)မ်ားသို႔ ေရေပးေဝမႈေနာက္က်မည္ျဖစ္ေၾကာင္း ေဖာ္ျပခ်က္အရ သိရသည္။
ထို႔ျပင္ ကံ့ေကာ္အိမ္ရာ၊ ခုတင္(၁၀၀၀)ျပည္သူ႔ေဆး႐ုံႀကီး၊ ၿမိဳ႕ေတာ္ခန္းမ၊ စည္ပင္ဝန္ထမ္းအိမ္ရာ၊ သေျပကုန္းေဈး၊ ႏိုင္ငံျခားေရး႐ုံး၊ ျပည္ထဲေရး႐ုံး၊ ေရပန္းဥယ်ာဥ္၊ ခေရအိမ္ရာႏွင့္ သုခေတာ္ဝင္အိမ္ရာမ်ားလည္းပါဝင္ေၾကာင္း ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.