အိန္ဒိယ - မြန်မာ - ထိုင်း သုံးနိုင်ငံ ဖြတ်ကျော် အဝေးပြေး လမ်းမကြီးကို နှစ်နှစ် သို့မဟုတ် သုံးနှစ် အတွင်း အပြီးသတ်ရန် အိန္ဒိယ မျှော်လင့်ထား

 504

သုတကျော်( NP News )-အောက်တိုဘာ ၁၇
အိန္ဒိယ - မြန်မာ - ထိုင်း သုံးနိုင်ငံ ဖြတ်ကျော် အဝေးပြေး လမ်းမကြီးကို နှစ်နှစ် သို့မဟုတ် သုံးနှစ် အတွင်း အပြီးသတ်ရန် မျှော်လင့်ထားသည်ဟု အိန္ဒိယ နိုင်ငံ ၏ အရှေ့မြောက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန (DoNER) မှ အတွင်းဝန် Chanchal Kumar က ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းဌာန ၏ သတင်းတွင် ဖော်ပြထားသည်။
မကြာသေးမီ ကာလ အတွင်းက အရှေ့တောင်အာရှ သတင်းမီဒီယာ ကိုယ်စားလှယ် အဖွဲ့ က အိန္ဒိယ နိုင်ငံသို့ သွားရောက်ခဲ့ရာတွင် ၎င်းက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
"သုံးနိုင်ငံဆက်သွယ်ရေး အဝေးပြေးလမ်းမကြီးကို နှစ်နှစ်ကနေ သုံးနှစ်အတွင်း အပြီးသတ်နိုင်မယ်လို့ ကျွန်တော်တို့ မျှော်မှန်းထားပါတယ်" ဟု ၎င်းက အဆိုပါ လမ်းမကြီး နှင့် ပတ်သက်၍ မေးမြန်းမှု ကို ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ချစ်ကြည်ရေး အဝေးပြေး လမ်းမဟု လူသိများသော ယင်းလမ်းမကြီးသည် အကွာအဝေ ၁၃၆၀ ကီလိုမီတာ ရှိမည် ဖြစ်ပြီး မဏိပူရ ပြည်နယ် မှ မိုရေး မြို့မှ စတင်ကာ မြန်မာနိုင်ငံကို ဖြတ်၍ ထိုင်းနိုင်ငံ ၏ တာ့ခ်ခရိုင်မှ မဲဆောက်တွင် အဆုံးသတ်မည် ဖြစ်ကာ လေးလမ်းသွား လမ်းမကြီးလည်း ဖြစ်သည်။
ယင်းသည် အိန္ဒိယ ၏ အရှေ့မျှော် မူဝါဒ အစိတ်အပိုင်း တစ်ရပ် ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ် အတွင်းက အသက်ဝင်ခဲ့သည် “အာဆီယံ-အိန္ဒိယ လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်” ခေါင်းစဉ် အောက်တွင် ကုန်သွယ်မှုနှင့် ဆက်သွယ်မှုကို အားကောင်းလာစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။
လမ်မကြီး ဖောက်လုပ်ရာတွင် တမူ - ကလေး - ကလေးဝ အိန္ဒိယ - မြန်မာ ချစ်ကြည်ရေး လမ်းကို ၂၀၀၁ ခုနှစ် က ဖွင့်လှစ်ခဲ့ပြီး ကလေးဝ - ယာကြီးလမ်းပိုင်း နှင့် တမူ - ကျီကုန်း - ကလေးဝ လမ်းတလျှောက်ရှိ တံတားများကို တည်ဆောက်နေကြောင်း သိရသည်။
အိန္ဒိယနိုင်ငံသည် အရှေ့-အနောက် စီးပွားရေး စင်္ကြန်လမ်း (East-West Economic Corridor) ခေါင်းစဉ် အောက်တွင် အိန္ဒိယ-ဗီယက်နမ် အဝေးပြေးလမ်းမကြီး အထိ ဆက်လက် ချဲ့ထွင်ရန်လည်း အဆိုပြုထားပြီး အရှေ့တောင်အာရှ ဒေသကို ချိတ်ဆက်ရန် ရည်မှန်းထားသည်။
လမ်းပြီးမည့် အချိန်ဇယား နှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးက တဆင့် မြန်မာအစိုးရ နှင့် ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်းလည်း ၎င်းက ဆိုသည်။

"မြန်မာနိုင်ငံမှာ အခြေအနေ တိုးတက်လာမယ်ဆိုရင် အဝေးပြေးလမ်းမကြီးကို ပိုမိုစောစီးစွာနဲ့ အပြီးသတ်နိုင်ပါတယ်" ဟု သူက ထပ်လောင်းပြောကြားသည်။
နိုင်ငံရေး မတည်ငြိမ်မှုများက နှောင့်နှေးမှုများကို ဖြစ်စေနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။
"ကျွန်တော်တို့ဟာ အကောင်းမြင်နေဆဲဖြစ်ပေမဲ့ ကြိုတင်မမှန်းဆနိုင်တဲ့ အခြေအနေတွေက အချိန်ဇယားကို ထိခိုက်နိုင်တယ် ဆိုတာကို နားလည်ပါတယ်" ဟု ၎င်းက ပြောကြားသည်။

Zawgyi Version:
အိႏၵိယ - ျမန္မာ - ထိုင္း သုံးႏိုင္ငံ ျဖတ္ေက်ာ္ အေဝးေျပး လမ္းမႀကီးကို ႏွစ္ႏွစ္ သို႔မဟုတ္ သုံးႏွစ္ အတြင္း အၿပီးသတ္ရန္ အိႏၵိယ ေမွ်ာ္လင့္ထား
သုတေက်ာ္( NP News )-ေအာက္တိုဘာ ၁၇
အိႏၵိယ - ျမန္မာ - ထိုင္း သုံးႏိုင္ငံ ျဖတ္ေက်ာ္ အေဝးေျပး လမ္းမႀကီးကို ႏွစ္ႏွစ္ သို႔မဟုတ္ သုံးႏွစ္ အတြင္း အၿပီးသတ္ရန္ ေမွ်ာ္လင့္ထားသည္ဟု အိႏၵိယ ႏိုင္ငံ ၏ အေရွ႕ေျမာက္ေဒသ ဖြံ႕ၿဖိဳးတိုးတက္ေရး ဝန္ႀကီးဌာန (DoNER) မွ အတြင္းဝန္ Chanchal Kumar က ေျပာၾကားခဲ့ေၾကာင္း ဘန္ေကာက္ပို႔စ္ သတင္းဌာန ၏ သတင္းတြင္ ေဖာ္ျပထားသည္။
မၾကာေသးမီ ကာလ အတြင္းက အေရွ႕ေတာင္အာရွ သတင္းမီဒီယာ ကိုယ္စားလွယ္ အဖြဲ႕ က အိႏၵိယ ႏိုင္ငံသို႔ သြားေရာက္ခဲ့ရာတြင္ ၎က အထက္ပါ အတိုင္း ေျပာၾကားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
"သုံးႏိုင္ငံဆက္သြယ္ေရး အေဝးေျပးလမ္းမႀကီးကို ႏွစ္ႏွစ္ကေန သုံးႏွစ္အတြင္း အၿပီးသတ္ႏိုင္မယ္လို႔ ကြၽန္ေတာ္တို႔ ေမွ်ာ္မွန္းထားပါတယ္" ဟု ၎က အဆိုပါ လမ္းမႀကီး ႏွင့္ ပတ္သက္၍ ေမးျမန္းမႈ ကို ျပန္လည္ ေျဖၾကားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
ခ်စ္ၾကည္ေရး အေဝးေျပး လမ္းမဟု လူသိမ်ားေသာ ယင္းလမ္းမႀကီးသည္ အကြာအေဝ ၁၃၆၀ ကီလိုမီတာ ရွိမည္ ျဖစ္ၿပီး မဏိပူရ ျပည္နယ္ မွ မိုေရး ၿမိဳ႕မွ စတင္ကာ ျမန္မာႏိုင္ငံကို ျဖတ္၍ ထိုင္းႏိုင္ငံ ၏ တာ့ခ္ခ႐ိုင္မွ မဲေဆာက္တြင္ အဆုံးသတ္မည္ ျဖစ္ကာ ေလးလမ္းသြား လမ္းမႀကီးလည္း ျဖစ္သည္။
ယင္းသည္ အိႏၵိယ ၏ အေရွ႕ေမွ်ာ္ မူဝါဒ အစိတ္အပိုင္း တစ္ရပ္ ျဖစ္ၿပီး ၂၀၁၀ ျပည့္ႏွစ္ အတြင္းက အသက္ဝင္ခဲ့သည္ “အာဆီယံ-အိႏၵိယ လြတ္လပ္ေသာ ကုန္သြယ္ေရး သေဘာတူညီခ်က္” ေခါင္းစဥ္ ေအာက္တြင္ ကုန္သြယ္မႈႏွင့္ ဆက္သြယ္မႈကို အားေကာင္းလာေစရန္ ရည္႐ြယ္ျခင္း ျဖစ္သည္။
လမ္မႀကီး ေဖာက္လုပ္ရာတြင္ တမူ - ကေလး - ကေလးဝ အိႏၵိယ - ျမန္မာ ခ်စ္ၾကည္ေရး လမ္းကို ၂၀၀၁ ခုႏွစ္ က ဖြင့္လွစ္ခဲ့ၿပီး ကေလးဝ - ယာႀကီးလမ္းပိုင္း ႏွင့္ တမူ - က်ီကုန္း - ကေလးဝ လမ္းတေလွ်ာက္ရွိ တံတားမ်ားကို တည္ေဆာက္ေနေၾကာင္း သိရသည္။
အိႏၵိယႏိုင္ငံသည္ အေရွ႕-အေနာက္ စီးပြားေရး စၾကၤန္လမ္း (East-West Economic Corridor) ေခါင္းစဥ္ ေအာက္တြင္ အိႏၵိယ-ဗီယက္နမ္ အေဝးေျပးလမ္းမႀကီး အထိ ဆက္လက္ ခ်ဲ႕ထြင္ရန္လည္း အဆိုျပဳထားၿပီး အေရွ႕ေတာင္အာရွ ေဒသကို ခ်ိတ္ဆက္ရန္ ရည္မွန္းထားသည္။
လမ္းၿပီးမည့္ အခ်ိန္ဇယား ႏွင့္ ပတ္သက္၍ ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယ သံအမတ္ႀကီးက တဆင့္ ျမန္မာအစိုးရ ႏွင့္ ေဆြးေႏြးမႈမ်ား ဆက္လက္လုပ္ေဆာင္ေနေၾကာင္းလည္း ၎က ဆိုသည္။

"ျမန္မာႏိုင္ငံမွာ အေျခအေန တိုးတက္လာမယ္ဆိုရင္ အေဝးေျပးလမ္းမႀကီးကို ပိုမိုေစာစီးစြာနဲ႔ အၿပီးသတ္ႏိုင္ပါတယ္" ဟု သူက ထပ္ေလာင္းေျပာၾကားသည္။
ႏိုင္ငံေရး မတည္ၿငိမ္မႈမ်ားက ေႏွာင့္ေႏွးမႈမ်ားကို ျဖစ္ေစႏိုင္ေၾကာင္းလည္း ၎က ဆိုသည္။
"ကြၽန္ေတာ္တို႔ဟာ အေကာင္းျမင္ေနဆဲျဖစ္ေပမဲ့ ႀကိဳတင္မမွန္းဆႏိုင္တဲ့ အေျခအေနေတြက အခ်ိန္ဇယားကို ထိခိုက္ႏိုင္တယ္ ဆိုတာကို နားလည္ပါတယ္" ဟု ၎က ေျပာၾကားသည္။

Related news

© 2021. All rights reserved.