NUG အတွက် မလေးရှားတွင် ရန်ပုံငွေ ရှာဖွေပေးသူ အမျိုးသမီး နှင့် မိသားစုကို ဖမ်းမိ

 633

သက်ပိုင်(NP News) - အောက်တိုဘာ ၁၈
NUG အတွက် မလေးရှားနိုင်ငံတွင် ရန်ပုံငွေ ရှာဖွေပေးသူ အမျိုးသမီး နှင့် မိသားစုကို မြန်မာနိုင်ငံသို့ တရားမဝင် ပြန်လာစဉ် ဖမ်းမိခဲ့ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ရောက်ရှိနေထိုင်သူ သူဇာမောင် (ခ) Rashidah Binti Abdul Azeez သည် မလေးရှားနိုင်ငံ၌ မြန်မာမွတ်စလင်ဒုက္ခသည်များကော်မတီ(Myanmar Muslim Refugee Community-MMRC) ကို ဖွဲ့စည်းပြီး ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ကာ ယင်းအဖွဲ့အစည်းမှ ရရှိလာသော ငွေကြေးအကျိုးအမြတ်များဖြင့် အကြမ်းဖက်အုပ်စုဖြစ်သည့် NUG အဖွဲ့ကို ငွေကြေးထောက်ပံ့ခြင်း၊ NUG အဖွဲ့အတွက် ရန်ပုံငွေရှာဖွေပေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းကိုမြစ်သားမြို့နယ်၊ မြစ်သားမြို့မရဲစခန်း၌ (ပ)၁၄၀/၂၀၂၂၊ အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် အမှုဖွင့်ပြီး မြစ်သားမြို့နယ်တရားရုံးသို့ ယင်းဥပဒေပုဒ်မ ၅၂(က)/ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ (၅၁၂) ဖြင့် တရားစွဲဆိုခဲ့ရာ မြို့နယ်တရားရုံးက ရာဇဝတ်အထွေထွေမှုအမှတ် (၉/၂၀၂၃) ဖြင့် လက်ခံစစ်ဆေး၍ (၂၀၂၃) ခုနှစ် ဇန်နဝါရီလ (၃၁) ရက်တွင် ဖမ်းဝရမ်းထုတ်ဆင့်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် သူဇာမောင်၊ ၎င်း၏ခင်ပွန်း စောသန်းတင်ဝင်းနှင့် သားသမီး (၃) ဦးတို့သည် မြန်မာနိုင်ငံအတွင်း တရားမဝင်ပြန်လည်ဝင်ရောက်လာစဉ် ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ကို စစ်ဆေးဖော်ထုတ်ချက်အရ သူဇာမောင်သည် MMRC အဖွဲ့ကို ဖွဲ့စည်းပြီး UNHCR နှင့် NGO/INGO အဖွဲ့အစည်းများထံမှ အထောက်အပံ့များရရှိရန် ဆောင်ရွက်၍ရရှိသောအထောက်အပံ့များကို တရားမဝင်ရွှေ့ပြောင်း လုပ်သားများအား MMRC အဖွဲ့မှ ထောက်ပံ့ကြောင်းလိမ်လည်ကာ အဖွဲ့ဝင်များဖြစ်အောင် စည်းရုံးခြင်း၊ အကြောင်းမျိုးမျိုးဖြင့် တရားမဝင်ရောက်ရှိလာသူများကို UNHCR ၏ ဒုက္ခသည်အသိအမှတ်ပြု လက်မှတ်ရရှိအောင် ဆောင်ရွက်ပေးခြင်းတို့ကို ပြုလုပ်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယင်းအပြင် ထိုသို့ပြုလုပ်ပြီး ရရှိလာသည့်ငွေကြေးအကျိုးအမြတ်များဖြင့် ၎င်း၏ မိသားစုအကျိုးစီးပွားပြုလုပ်ခြင်း၊ အကြမ်းဖက်အုပ်စုဖြစ်သည့် NUG နှင့် ယင်း၏လက်အောက်ခံများကို ငွေကြေးလှူဒါန်းခြင်း၊ ရန်ပုံငွေရှာဖွေပံ့ပိုးခြင်းများပြုလုပ်သည်ကို တွေ့ရှိခဲ့ရသည့်အတွက် ၎င်းတို့ကို ဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Zawgyi Version:
NUG အတြက္ မေလးရွားတြင္ ရန္ပုံေငြ ရွာေဖြေပးသူ အမ်ိဳးသမီး ႏွင့္ မိသားစုကို ဖမ္းမိ
သက္ပိုင္(NP News) - ေအာက္တိုဘာ ၁၈
NUG အတြက္ မေလးရွားႏိုင္ငံတြင္ ရန္ပုံေငြ ရွာေဖြေပးသူ အမ်ိဳးသမီး ႏွင့္ မိသားစုကို ျမန္မာႏိုင္ငံသို႔ တရားမဝင္ ျပန္လာစဥ္ ဖမ္းမိခဲ့ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
မေလးရွားႏိုင္ငံ၊ ကြာလာလမ္ပူၿမိဳ႕တြင္ ေရာက္ရွိေနထိုင္သူ သူဇာေမာင္ (ခ) Rashidah Binti Abdul Azeez သည္ မေလးရွားႏိုင္ငံ၌ ျမန္မာမြတ္စလင္ဒုကၡသည္မ်ားေကာ္မတီ(Myanmar Muslim Refugee Community-MMRC) ကို ဖြဲ႕စည္းၿပီး ဥကၠ႒အျဖစ္ေဆာင္႐ြက္ကာ ယင္းအဖြဲ႕အစည္းမွ ရရွိလာေသာ ေငြေၾကးအက်ိဳးအျမတ္မ်ားျဖင့္ အၾကမ္းဖက္အုပ္စုျဖစ္သည့္ NUG အဖြဲ႕ကို ေငြေၾကးေထာက္ပံ့ျခင္း၊ NUG အဖြဲ႕အတြက္ ရန္ပုံေငြရွာေဖြေပးျခင္းမ်ားျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ၎ကိုျမစ္သားၿမိဳ႕နယ္၊ ျမစ္သားၿမိဳ႕မရဲစခန္း၌ (ပ)၁၄၀/၂၀၂၂၊ အၾကမ္းဖက္မႈတိုက္ဖ်က္ ေရးဥပေဒပုဒ္မ ၅၂(က)ျဖင့္ အမႈဖြင့္ၿပီး ျမစ္သားၿမိဳ႕နယ္တရား႐ုံးသို႔ ယင္းဥပေဒပုဒ္မ ၅၂(က)/ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ (၅၁၂) ျဖင့္ တရားစြဲဆိုခဲ့ရာ ၿမိဳ႕နယ္တရား႐ုံးက ရာဇဝတ္အေထြေထြမႈအမွတ္ (၉/၂၀၂၃) ျဖင့္ လက္ခံစစ္ေဆး၍ (၂၀၂၃) ခုႏွစ္ ဇန္နဝါရီလ (၃၁) ရက္တြင္ ဖမ္းဝရမ္းထုတ္ဆင့္ခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ သူဇာေမာင္၊ ၎၏ခင္ပြန္း ေစာသန္းတင္ဝင္းႏွင့္ သားသမီး (၃) ဦးတို႔သည္ ျမန္မာႏိုင္ငံအတြင္း တရားမဝင္ျပန္လည္ဝင္ေရာက္လာစဥ္ ဖမ္းဆီးရမိခဲ့ၿပီး ၎တို႔ကို စစ္ေဆးေဖာ္ထုတ္ခ်က္အရ သူဇာေမာင္သည္ MMRC အဖြဲ႕ကို ဖြဲ႕စည္းၿပီး UNHCR ႏွင့္ NGO/INGO အဖြဲ႕အစည္းမ်ားထံမွ အေထာက္အပံ့မ်ားရရွိရန္ ေဆာင္႐ြက္၍ရရွိေသာအေထာက္အပံ့မ်ားကို တရားမဝင္ေ႐ႊ႕ေျပာင္း လုပ္သားမ်ားအား MMRC အဖြဲ႕မွ ေထာက္ပံ့ေၾကာင္းလိမ္လည္ကာ အဖြဲ႕ဝင္မ်ားျဖစ္ေအာင္ စည္း႐ုံးျခင္း၊ အေၾကာင္းမ်ိဳးမ်ိဳးျဖင့္ တရားမဝင္ေရာက္ရွိလာသူမ်ားကို UNHCR ၏ ဒုကၡသည္အသိအမွတ္ျပဳ လက္မွတ္ရရွိေအာင္ ေဆာင္႐ြက္ေပးျခင္းတို႔ကို ျပဳလုပ္လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။
ယင္းအျပင္ ထိုသို႔ျပဳလုပ္ၿပီး ရရွိလာသည့္ေငြေၾကးအက်ိဳးအျမတ္မ်ားျဖင့္ ၎၏ မိသားစုအက်ိဳးစီးပြားျပဳလုပ္ျခင္း၊ အၾကမ္းဖက္အုပ္စုျဖစ္သည့္ NUG ႏွင့္ ယင္း၏လက္ေအာက္ခံမ်ားကို ေငြေၾကးလႉဒါန္းျခင္း၊ ရန္ပုံေငြရွာေဖြပံ့ပိုးျခင္းမ်ားျပဳလုပ္သည္ကို ေတြ႕ရွိခဲ့ရသည့္အတြက္ ၎တို႔ကို ဥပေဒႏွင့္အညီ ဆက္လက္အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

Picture

Tha Lwin

18/10/2025 16:11

👍👍👍

Related news

© 2021. All rights reserved.