မာဒါဂတ်စကာနိုင်ငံတွင် စစ်အာဏာသိမ်းခေါင်းဆောင်က သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို

 201

ဂျန်ဇက် (NP News) - အောက်တိုဘာ ၁၈

စစ်အာဏာသိမ်းခေါင်းဆောင်ဖြစ်သော ဗိုလ်မှူးကြီး မိုက်ကယ်ရန်ထရီယာနီရီနာသည် မာဒါဂတ်စကာနိုင်ငံ၏ သမ္မတအဖြစ် ကျမ်းသစ္စာကျိန် ဆိုလိုက်ကြောင်း သိရသည်။ မာဒါဂတ်စကာနိုင်ငံတွင် ပြီးခဲ့သောရက်ပိုင်းက လူငယ်များဦး ဆောင်သော ဆန္ဒပြပွဲများဖြစ်လာခဲ့ပြီးနောက် ဗိုလ်မှူးကြီး မိုက်ကယ်ဦးဆောင်သော စစ်တပ်ကအာဏာသိမ်းခဲ့ကြောင်း သိရသည်။
မာဒါဂတ်စကာသမ္မတ အန်ဒရီ ရာဂျိုလီနာသည် အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ထွက်ပြေးခဲ့ ကြောင်းသိသည်။ ဆန္ဒပြပွဲများဖြစ်လာ ခဲ့ပြီးနောက် လွှတ်တော်ကိုယ်စားလှယ်များသည် သမ္မတရာဂျိုလီနာကို အယုံ အကြည်မရှိကြောင်း လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်ခဲ့ကြောင်းသိရသည်။ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့စည်းများက အာဏာသိမ်းမှုဖြစ်ပွားခြင်းကိုဝေဖန်ပြစ်တင်ခဲ့ကြောင်းသိရသည်။ စစ်အာဏာသိမ်းခေါင်းဆောင် ဖြစ် သော မိုက်ကယ်က ရွေးကောက်ပွဲကို (၁၈)လမှ(၂၄)လအတွင်း ပြန်လည်ကျင်းပနိုင်ရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ကတိပြုထားသည်။

၎င်းက ‘‘မာဒါဂတ်စကာနိုင်ငံရဲ့လက်ရှိပြသာနာတွေဟာ အာဏာသိမ်းရုံကလွဲပြီး တခြားရွေး ချယ်စရာ မရှိဘူး။ အစိုးရဟာ အရပ်သားအစိုးရဖြစ်ပါတယ်။ သမ္မတ ကောင်စီဟာ အရပ်သားတွေနဲ့စစ်သားတွေ ပူးပေါင်း ပါဝင်မှာပါ’ ဟု ပြောသည်။
မာဒါဂတ်စကာနိုင်ငံတွင် ပြီးခဲ့သည့် စက်တင်ဘာလ(၂၅)ရက်က လူငယ်များဦးဆောင်သော ဆန္ဒပြပွဲများဖြစ်လာခဲ့ ပြီးနောက် လုံခြုံရေးတပ်ဖွဲ့များက ဆန္ဒပြလူငယ်များကို ပြင်းထန်စွာနှိပ်ကွပ်ဖြိုခွင်းခဲ့ပြီး လူအများအပြား သေဆုံးဒဏ်ရာရခဲ့သည်။ မာဒါဂတ်စကာစစ်တပ်ကတော့ ဆန္ဒပြလူငယ်များကိုပစ်ခတ်ရန် ငြင်းဆန်ခဲ့ပြီး နောက်ရက်ပိုင်းအကြာတွင် အာဏာသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version:
မာဒါဂတ္စကာႏိုင္ငံတြင္ စစ္အာဏာသိမ္းေခါင္းေဆာင္က သမၼတအျဖစ္ က်မ္းသစၥာက်ိန္ဆို
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၁၈
စစ္အာဏာသိမ္းေခါင္းေဆာင္ျဖစ္ေသာ ဗိုလ္မႉးႀကီး မိုက္ကယ္ရန္ထရီယာနီရီနာသည္ မာဒါဂတ္စကာႏိုင္ငံ၏ သမၼတအျဖစ္ က်မ္းသစၥာက်ိန္ ဆိုလိုက္ေၾကာင္း သိရသည္။ မာဒါဂတ္စကာႏိုင္ငံတြင္ ၿပီးခဲ့ေသာရက္ပိုင္းက လူငယ္မ်ားဦး ေဆာင္ေသာ ဆႏၵျပပြဲမ်ားျဖစ္လာခဲ့ၿပီးေနာက္ ဗိုလ္မႉးႀကီး မိုက္ကယ္ဦးေဆာင္ေသာ စစ္တပ္ကအာဏာသိမ္းခဲ့ေၾကာင္း သိရသည္။
မာဒါဂတ္စကာသမၼတ အန္ဒရီ ရာဂ်ိဳလီနာသည္ အာဏာသိမ္းမႈ ျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း ထြက္ေျပးခဲ့ ေၾကာင္းသိသည္။ ဆႏၵျပပြဲမ်ားျဖစ္လာ ခဲ့ၿပီးေနာက္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားသည္ သမၼတရာဂ်ိဳလီနာကို အယုံ အၾကည္မရွိေၾကာင္း လႊတ္ေတာ္အတြင္း စြပ္စြဲျပစ္တင္ခဲ့ေၾကာင္းသိရသည္။ ကုလသမဂၢအပါအဝင္ ႏိုင္ငံတကာ အဖြဲ႕စည္းမ်ားက အာဏာသိမ္းမႈျဖစ္ပြားျခင္းကိုေဝဖန္ျပစ္တင္ခဲ့ေၾကာင္းသိရသည္။ စစ္အာဏာသိမ္းေခါင္းေဆာင္ ျဖစ္ ေသာ မိုက္ကယ္က ေ႐ြးေကာက္ပြဲကို (၁၈)လမွ(၂၄)လအတြင္း ျပန္လည္က်င္းပႏိုင္ရန္ လုပ္ေဆာင္မည္ျဖစ္ေၾကာင္း ကတိျပဳထားသည္။

၎က ‘‘မာဒါဂတ္စကာႏိုင္ငံရဲ႕လက္ရွိျပသာနာေတြဟာ အာဏာသိမ္း႐ုံကလြဲၿပီး တျခားေ႐ြး ခ်ယ္စရာ မရွိဘူး။ အစိုးရဟာ အရပ္သားအစိုးရျဖစ္ပါတယ္။ သမၼတ ေကာင္စီဟာ အရပ္သားေတြနဲ႔စစ္သားေတြ ပူးေပါင္း ပါဝင္မွာပါ’ ဟု ေျပာသည္။
မာဒါဂတ္စကာႏိုင္ငံတြင္ ၿပီးခဲ့သည့္ စက္တင္ဘာလ(၂၅)ရက္က လူငယ္မ်ားဦးေဆာင္ေသာ ဆႏၵျပပြဲမ်ားျဖစ္လာခဲ့ ၿပီးေနာက္ လုံၿခဳံေရးတပ္ဖြဲ႕မ်ားက ဆႏၵျပလူငယ္မ်ားကို ျပင္းထန္စြာႏွိပ္ကြပ္ၿဖိဳခြင္းခဲ့ၿပီး လူအမ်ားအျပား ေသဆုံးဒဏ္ရာရခဲ့သည္။ မာဒါဂတ္စကာစစ္တပ္ကေတာ့ ဆႏၵျပလူငယ္မ်ားကိုပစ္ခတ္ရန္ ျငင္းဆန္ခဲ့ၿပီး ေနာက္ရက္ပိုင္းအၾကာတြင္ အာဏာသိမ္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.