မြန်မာနိုင်ငံတွင် ရေနံချက်စက်ရုံတည်ဆောက်လျှင် ရလာမည့် အလားအလာကောင်းများ နှင့် ပတ်သက်၍ မြန်မာကိုယ်စားလှယ်အဖွဲ့က ရုရှားတွင် ဆွေးနွေး

 350

သုတကျော် (NP News) - အောက်တိုဘာ ၁၈

မြန်မာနိုင်ငံတွင် ရေနံချက်စက်ရုံတည်ဆောက်လျှင် ရလာမည့် အလားအလာကောင်းများ နှင့် ပတ်သက်၍ မြန်မာကိုယ်စားလှယ်အဖွဲ့က ရုရှားနိုင်ငံတွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ အကြံပေးဖြစ်သူ ဖိုရမ်ကျင်းပရေးကော်မတီ အမှုဆောင်အတွင်းရေးမှူး Mr. Anton Kobyakov ၏ ဖိတ်ကြားမှုအရ အောက်တိုဘာ ၁၅ ရက်မှ ၁၇ ရက်အထိ မော်စကိုမြို့၌ ကျင်းပပြုလုပ်သည့် (၈) ကြိမ်မြောက် ရုရှားစွမ်းအင်ရက်သတ္တပတ်အပြည်ပြည်ဆိုင်ရာဖိုရမ် Russia Energy Week International Forum (REW) သို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ခရီးစဉ်အတွင်း အောက်တိုဘာ ၁၅ ရက်တွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံပိုင် Gazprom International Limited မှ General Director ဖြစ်သူ Mr. Sergey Tumanov ဦးဆောင်သည့်အဖွဲ့၊ ရုရှား ဖက်ဒရေးရှင်းနိုင်ငံပိုင် Zarubezhneft JSC ကုမ္ပဏီမှ General Director ဖြစ်သူ Mr. Sergey Kudryashov ဦးဆောင်သည့်အဖွဲ့တို့နှင့် သီးခြားစီတွေ့ဆုံပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ရေးကဏ္ဍများတွင် လာရောက်ရင်းနှီးမြှုပ်နှံဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ ရေနက်ဆိပ်ကမ်းများကို အသုံးပြု၍ Energy Trading ပြုလုပ်နိုင်မည့် အခွင့်အလမ်းကောင်းများ၊ မြန်မာနိုင်ငံတွင် ရေနံချက်စက်ရုံ တည်ဆောက်၍ ထွက်ရှိလာသော ရေနံထွက်ကုန်ပစ္စည်းများအား ပြည်တွင်းတွင်သာမက ဒေသတွင်းနိုင်ငံများတွင် ဖြန့်ဖြူးရောင်းချပေးနိုင်မည့် အလားအလာကောင်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
အောက်တိုဘာ ၁၆ ရက်တွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံဂုဏ်ထူးဆောင်ကောင်စစ်ဝန် နှင့် ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့၏ ကြီးကြပ်ရေးဘုတ်အဖွဲ့ဝင် Mr. SHATIROV Sergey Vladimi-rovich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နှင့်တွေ့ဆုံပြီး မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များ အပါအဝင် နှစ်နိုင်ငံစွမ်းအင်ကဏ္ဍ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံအကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသေးကြောင်းလည်း သိရသည်။

Zawgyi Version:
ျမန္မာႏိုင္ငံတြင္ ေရနံခ်က္စက္႐ုံတည္ေဆာက္လွ်င္ ရလာမည့္ အလားအလာေကာင္းမ်ား ႏွင့္ ပတ္သက္၍ ျမန္မာကိုယ္စားလွယ္အဖြဲ႕က ႐ုရွားတြင္ ေဆြးေႏြး
သုတေက်ာ္ (NP News) - ေအာက္တိုဘာ ၁၈
ျမန္မာႏိုင္ငံတြင္ ေရနံခ်က္စက္႐ုံတည္ေဆာက္လွ်င္ ရလာမည့္ အလားအလာေကာင္းမ်ား ႏွင့္ ပတ္သက္၍ ျမန္မာကိုယ္စားလွယ္အဖြဲ႕က ႐ုရွားႏိုင္ငံတြင္ ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
စြမ္းအင္ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးဦးကိုကိုလြင္ ဦးေဆာင္ေသာ ျမန္မာကိုယ္စားလွယ္အဖြဲ႕သည္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံသမၼတ၏ အႀကံေပးျဖစ္သူ ဖိုရမ္က်င္းပေရးေကာ္မတီ အမႈေဆာင္အတြင္းေရးမႉး Mr. Anton Kobyakov ၏ ဖိတ္ၾကားမႈအရ ေအာက္တိုဘာ ၁၅ ရက္မွ ၁၇ ရက္အထိ ေမာ္စကိုၿမိဳ႕၌ က်င္းပျပဳလုပ္သည့္ (၈) ႀကိမ္ေျမာက္ ႐ုရွားစြမ္းအင္ရက္သတၱပတ္အျပည္ျပည္ဆိုင္ရာဖိုရမ္ Russia Energy Week International Forum (REW) သို႔ တက္ေရာက္ခဲ့ျခင္းျဖစ္သည္။

အဆိုပါ ခရီးစဥ္အတြင္း ေအာက္တိုဘာ ၁၅ ရက္တြင္ ျမန္မာကိုယ္စားလွယ္အဖြဲ႕သည္ ႐ုရွားဖက္ဒေရးရွင္း ႏိုင္ငံပိုင္ Gazprom International Limited မွ General Director ျဖစ္သူ Mr. Sergey Tumanov ဦးေဆာင္သည့္အဖြဲ႕၊ ႐ုရွား ဖက္ဒေရးရွင္းႏိုင္ငံပိုင္ Zarubezhneft JSC ကုမၸဏီမွ General Director ျဖစ္သူ Mr. Sergey Kudryashov ဦးေဆာင္သည့္အဖြဲ႕တို႔ႏွင့္ သီးျခားစီေတြ႕ဆုံၿပီး ေရနံႏွင့္ သဘာဝဓာတ္ေငြ႕ရွာေဖြ၊ တူးေဖာ္၊ ထုတ္လုပ္ေရးက႑မ်ားတြင္ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံေဆာင္႐ြက္ေရး၊ ျမန္မာႏိုင္ငံ၏ ေရနက္ဆိပ္ကမ္းမ်ားကို အသုံးျပဳ၍ Energy Trading ျပဳလုပ္ႏိုင္မည့္ အခြင့္အလမ္းေကာင္းမ်ား၊ ျမန္မာႏိုင္ငံတြင္ ေရနံခ်က္စက္႐ုံ တည္ေဆာက္၍ ထြက္ရွိလာေသာ ေရနံထြက္ကုန္ပစၥည္းမ်ားအား ျပည္တြင္းတြင္သာမက ေဒသတြင္းႏိုင္ငံမ်ားတြင္ ျဖန႔္ျဖဴးေရာင္းခ်ေပးႏိုင္မည့္ အလားအလာေကာင္းမ်ားႏွင့္စပ္လ်ဥ္း၍ ေဆြးေႏြးခဲ့ၾကျခင္းျဖစ္သည္။
ေအာက္တိုဘာ ၁၆ ရက္တြင္ ျမန္မာကိုယ္စားလွယ္အဖြဲ႕သည္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံဆိုင္ရာ ျမန္မာႏိုင္ငံဂုဏ္ထူးေဆာင္ေကာင္စစ္ဝန္ ႏွင့္ ေရာ့စ္ကြန္ဂရက္ရင္းႏွီးျမႇဳပ္ႏွံမႈရန္ပုံေငြအဖြဲ႕၏ ႀကီးၾကပ္ေရးဘုတ္အဖြဲ႕ဝင္ Mr. SHATIROV Sergey Vladimi-rovich ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕ ႏွင့္ေတြ႕ဆုံၿပီး ျမန္မာႏိုင္ငံႏွင့္ ႐ုရွားႏိုင္ငံေရာ့စ္ကြန္ဂရက္ ရင္းႏွီးျမႇဳပ္ႏွံမႈ ရန္ပုံေငြအဖြဲ႕တို႔အၾကား ပူးေပါင္းေဆာင္႐ြက္လ်က္ရွိေသာ လုပ္ငန္းမ်ား၏ ျဖစ္ေပၚတိုးတက္မႈအေျခအေနႏွင့္ ေရွ႕ဆက္လက္ေဆာင္႐ြက္မည့္ကိစၥရပ္မ်ား အပါအဝင္ ႏွစ္ႏိုင္ငံစြမ္းအင္က႑ ပိုမိုပူးေပါင္းေဆာင္႐ြက္ႏိုင္ေရး၊ ႏွစ္ႏိုင္ငံအက်ိဳးစီးပြား ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အရွိန္အဟုန္ျမႇင့္တင္ေဆာင္႐ြက္ႏိုင္ေရးဆိုင္ရာကိစၥရပ္မ်ားကို ရင္းႏွီးပြင့္လင္းစြာ အျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ၾကေသးေၾကာင္းလည္း သိရသည္။

Picture

Tha Lwin

18/10/2025 16:13

👍👍👍

Related news

© 2021. All rights reserved.