ဗဟိုဘဏ်မှ ငလျင်ဘေးသင့်ဒေသများအတွက် ချေးငွေ စတင်ရယူနိုင်ပြီဟု ကြေညာ
228
NP News - အောက်တိုဘာ ၁၈
ငလျင်ဒဏ်ခံခဲ့ရသည့်နယ်မြေဒေသများပြန်လည်ထူထောင်ရန် နိုင်ငံတော်မှ ထည့်ဝင်ပံ့ပိုးသော ရန်ပုံငွေဖြင့် (၃) နှစ်မှ (၅)နှစ်အထိ သက်တမ်းရှိသည့် ချေးငွေများအား သက်သာသောအတိုးနှုန်းဖြင့် ထုတ်ချေးသွားမည်ဖြစ် ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းဒေသများမှ နိုင်ငံ့ဝန်ထမ်းများ အပါအဝင် ပြည်သူများ၏ နေအိမ်များ၊ စက်ရုံ အလုပ်ရုံများနှင့် စီးပွားရေးလုပ်ငန်းများ ထိခိုက် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။
နေအိမ်နှင့် အဆောက်အဦ ပြန်လည်တည်ဆောက်ရေးချေးငွေ (အတိုးနှုန်း ၃ ရာခိုင်နှုန်း) အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွားရေး (MSMEs) လုပ်ငန်းများအတွက် လုပ်ငန်းလည်ပတ်ရင်းနှီးငွေ၊ စက်ပစ္စည်း၊ ရေ၊ မီး၊ ဆိုလာနှင့် ရင်းနှီးမြှုပ်နှံမှုချေးငွေ (အတိုးနှုန်း ၅ ရာခိုင်နှုန်း) စက်ရုံလုပ်ငန်းကြီးများ ပြန်လည်ပြုပြင်ရေးနှင့် လည်ပတ်နိုင်ရေးချေးငွေ (အတိုးနှုန်း ၇ ရာခိုင်နှုန်း) နိုင်ငံပိုင်အခြေခံအဆောက်အအုံများ တာဝန်ယူတည်ဆောက် နေသည့် ဆောက်လုပ်ရေးကုမ္ပဏီများအတွက် ယာယီချေးငွေ (အတိုးနှုန်း ၇ ရာခိုင်နှုန်း) အသီးသီး သတ်မှတ်ထား ကြောင်း သိရသည်။
ချေးငွေအစီအစဉ်တွင် ပါဝင်ဆောင်ရွက်မည့် ဘဏ် နှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့ အစည်းများအဖြစ် AYA Bank PCL ၊ uab Bank PCL ၊ CB Bank PCL ၊ ဧရာဝတီတောင်သူလယ် သမားများဖွံ့ဖြိုးရေးဘဏ်၊ ရိုးမဘဏ်၊ ဆောက်လုပ်ရေးအိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုး ရေးဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ကမ္ဘောဇဘဏ်၊ မြဝတီဘဏ်၊ အင်းဝဘဏ်၊ Best Merchant Finance Co., Ltd နှင့် Zega Finance Co., Ltd တို့အား ချေးငွေဆိုင်ရာ စံပြုလုပ်ငန်းစဉ် (SOP) နှင့်အညီ ရွေးချယ်ထားကြောင်းသိရသည်။ (SOP အသေးစိတ်အချက်များကို CBM Website www.cbm.gov.mm တွင် ကြည့်ရှုနိုင်ပါသည်။)
ငလျင်ဒဏ်ခံခဲ့ရသည့် နယ်မြေဒေသများရှိ စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူများအနေဖြင့် ချေးငွေအစီအစဉ်တွင် ပါဝင်ဆောင်ရွက်မည့် ဘဏ်များနှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများမှတစ်ဆင့် ချေးငွေများ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာထားကြောင်း သိရသည်။
Zawgyi Version;
NP News - အောက်တိုဘာ ၁၈