လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကြေညာချက် ပုံစံ (၁၀) ၊ ပုံစံ (၁၀ - က) နှင့် ပုံစံ (၁၀-ခ) များ ယနေ့မှစတင်ကာ ကပ်ထားကြေညာ

258

Pearl (NP News) - အောက်တိုဘာ ၁၉
လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကြေညာချက် ပုံစံ (၁၀) ၊ ပုံစံ (၁၀ - က) နှင့် ပုံစံ (၁၀-ခ) များ ယနေ့မှစတင်ကာ ကပ်ထားကြေညာထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးထုတ်ပြန်ထားသည်။
လာမည့် ဒီဇင်ဘာလတွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများတွင် ပြီးခဲ့သည့် စက်တင်ဘာ (၈) ရက်နေ့မှ (၂၂) ရက်နေ့အထိ အမည်စာရင်းတင်သွင်းလွှာများကို တင်သွင်း ခဲ့ကြပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါလွှတ်တော်ကိုယ်စားလှယ်လောင်းများကို သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများက စက်တင်ဘာ (၂၃) ရက်နေ့မှ အောက်တိုဘာ (၄) ရက်နေ့အထိ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ခဲ့ကြပြီးဖြစ်၍ စိစစ်လက်ခံအတည်ပြုထားသော သက်ဆိုင်ရာလွှတ်တော်မဲဆန္ဒနယ်အလိုက် ရွေးကောက်တင်မြှောက်ခံကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကြေညာချက် ပုံစံ (၁၀)၊ ပုံစံ (၁၀-က) နှင့် ပုံစံ (၁၀-ခ) များကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယနေ့ (အောက်တိုဘာ ၁၉) ရက်နေ့၌ တစ်ပြိုင်တည်း ကပ်ထားကြေညာမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးကြေညာထားသည်။
" ကျွန်တော်တို့ကလေ အခုမှ ရုံးတွေမှာ လိုက်ပြီးတော့ စာရင်းတွေ လိုက်ကြည့်တုန်းပါ။ ကျွန်တော်တို့ပါတီအနေနဲ့ကတော့ အကုန်လုံးတင်သလောက် အကုန်လုံးပြန်ထွက်ထားပါတယ်။ ကိုယ်စားလှယ်လောင်းတွေက အကုန်သွားကြည့်နေကြပြီ။ ပါတီကနေပြီးတော့ ရန်ကုန်တိုင်းကတော့ ပြုတ်သွားတာမျိုးမရှိဘူး။ အကုန်ပြန်ပါပါတယ်။ ကျန်တဲ့တိုင်းတွေက သွားတုန်းပါ။ အခြေအနေကောင်းပါတယ်။ နဂိုတည်းက ကြိုတင်ပြီးတော့ ရထားတဲ့သတင်းအရ က နည်းနည်းပါးပါး ပဲ အစွန်းအထွက်လောက်ပဲ ရှိပါတယ်။ ဆယ်ဂဏန်းတောင် မရှိပါဘူး။ ကျန်တာတော့ အကုန်ပြန်ပါတယ်။ ကျန်တဲ့ပါတီတွေလည်း ဆိုးဆိုးဝါးဝါးကြီးဖြစ်သွားတာမျိုးတော့ မကြားမိပါဘူး။ အဲဒီလိုပဲ အရေအတွက် တစ်ခု အနေတော့ cancel ဖြစ်သွားတာမျိုးတော့ ရှိကြတာပေါ့နော်။ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတာတော့ မတွေ့သေးဘူး" ပြည်သူပါတီ၏ ရန်ကုန်တိုင်းဒေသကြီး ဥက္က ဋ္ဌ ဦးလှဌေး က NP News သို့ ပြောသည်။
ပါတီအလိုက် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းမှုများမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ (၁၀၄၈) ဦး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီမှ (၇၀၄) ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ (၆၇၆) ဦး၊ မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီမှ (၄၃၄) ဦး၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) မှ (၅၈၆) ဦး၊ ပြည်သူ့ပါတီမှ (၅၁၃) ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့် ပါတီ (၅၁) ပါတီမှ (၉၆၆) ဦး နှင့် တစ်သီးပုဂ္ဂလ (၉၆) ဦး စုစုပေါင်း (၅၀၂၃) ဦး ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ား၏ အမည္စာရင္းေၾကညာခ်က္ ပုံစံ (၁၀) ၊ ပုံစံ (၁၀ - က) ႏွင့္ ပုံစံ (၁၀-ခ) မ်ား ယေန႔မွစတင္ကာ ကပ္ထားေၾကညာ
Pearl (NP News) - ေအာက္တိုဘာ ၁၉
လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ား၏ အမည္စာရင္းေၾကညာခ်က္ ပုံစံ (၁၀) ၊ ပုံစံ (၁၀ - က) ႏွင့္ ပုံစံ (၁၀-ခ) မ်ား ယေန႔မွစတင္ကာ ကပ္ထားေၾကညာထားေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က အသိေပးထုတ္ျပန္ထားသည္။
လာမည့္ ဒီဇင္ဘာလတြင္ စတင္က်င္းပမည့္ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲတြင္ ပါဝင္ယွဥ္ၿပိဳင္ၾကမည့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ားသည္ သက္ဆိုင္ရာေကာ္မရွင္အဖြဲ႕ခြဲမ်ားတြင္ ၿပီးခဲ့သည့္ စက္တင္ဘာ (၈) ရက္ေန႔မွ (၂၂) ရက္ေန႔အထိ အမည္စာရင္းတင္သြင္းလႊာမ်ားကို တင္သြင္း ခဲ့ၾကၿပီးျဖစ္ေၾကာင္း သိရသည္။
အဆိုပါလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ားကို သက္ဆိုင္ရာေကာ္မရွင္အဖြဲ႕ခြဲမ်ားက စက္တင္ဘာ (၂၃) ရက္ေန႔မွ ေအာက္တိုဘာ (၄) ရက္ေန႔အထိ သက္ဆိုင္ရာလႊတ္ေတာ္ေ႐ြးေကာက္ပြဲဥပေဒ၊ နည္းဥပေဒမ်ားႏွင့္အညီ စိစစ္ျခင္းကို ေဆာင္႐ြက္ခဲ့ၾကေၾကာင္း သိရသည္။
ထိုသို႔ ေဆာင္႐ြက္ခဲ့ၾကၿပီးျဖစ္၍ စိစစ္လက္ခံအတည္ျပဳထားေသာ သက္ဆိုင္ရာလႊတ္ေတာ္မဲဆႏၵနယ္အလိုက္ ေ႐ြးေကာက္တင္ေျမႇာက္ခံၾကမည့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ား၏ အမည္စာရင္းေၾကညာခ်က္ ပုံစံ (၁၀)၊ ပုံစံ (၁၀-က) ႏွင့္ ပုံစံ (၁၀-ခ) မ်ားကို သက္ဆိုင္ရာ တိုင္းေဒသႀကီး/ ျပည္နယ္၊ ခ႐ိုင္၊ ၿမိဳ႕နယ္ေကာ္မရွင္အဖြဲ႕ခြဲ႐ုံး၊ ရပ္ကြက္ႏွင့္ေက်း႐ြာအုပ္စုေကာ္မရွင္အဖြဲ႕ခြဲ႐ုံးမ်ားတြင္ ယေန႔ (ေအာက္တိုဘာ ၁၉) ရက္ေန႔၌ တစ္ၿပိဳင္တည္း ကပ္ထားေၾကညာမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က အသိေပးေၾကညာထားသည္။
" ကြၽန္ေတာ္တို႔ကေလ အခုမွ ႐ုံးေတြမွာ လိုက္ၿပီးေတာ့ စာရင္းေတြ လိုက္ၾကည့္တုန္းပါ။ ကြၽန္ေတာ္တို႔ပါတီအေနနဲ႔ကေတာ့ အကုန္လုံးတင္သေလာက္ အကုန္လုံးျပန္ထြက္ထားပါတယ္။ ကိုယ္စားလွယ္ေလာင္းေတြက အကုန္သြားၾကည့္ေနၾကၿပီ။ ပါတီကေနၿပီးေတာ့ ရန္ကုန္တိုင္းကေတာ့ ျပဳတ္သြားတာမ်ိဳးမရွိဘူး။ အကုန္ျပန္ပါပါတယ္။ က်န္တဲ့တိုင္းေတြက သြားတုန္းပါ။ အေျခအေနေကာင္းပါတယ္။ နဂိုတည္းက ႀကိဳတင္ၿပီးေတာ့ ရထားတဲ့သတင္းအရ က နည္းနည္းပါးပါး ပဲ အစြန္းအထြက္ေလာက္ပဲ ရွိပါတယ္။ ဆယ္ဂဏန္းေတာင္ မရွိပါဘူး။ က်န္တာေတာ့ အကုန္ျပန္ပါတယ္။ က်န္တဲ့ပါတီေတြလည္း ဆိုးဆိုးဝါးဝါးႀကီးျဖစ္သြားတာမ်ိဳးေတာ့ မၾကားမိပါဘူး။ အဲဒီလိုပဲ အေရအတြက္ တစ္ခု အေနေတာ့ cancel ျဖစ္သြားတာမ်ိဳးေတာ့ ရွိၾကတာေပါ့ေနာ္။ ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္သြားတာေတာ့ မေတြ႕ေသးဘူး" ျပည္သူပါတီ၏ ရန္ကုန္တိုင္းေဒသႀကီး ဥကၠ ႒ ဦးလွေဌး က NP News သို႔ ေျပာသည္။
ပါတီအလိုက္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းအမည္စာရင္း တင္သြင္းမႈမ်ားမွာ ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွ (၁၀၄၈) ဦး၊ တိုင္းရင္းသားစည္းလုံး ညီၫြတ္ေရးပါတီမွ (၇၀၄) ဦး၊ ျပည္သူ႔ေရွ႕ေဆာင္ပါတီမွ (၆၇၆) ဦး၊ ျမန္မာႏိုင္ငံေတာင္သူလယ္သမား ဖြံ႕ၿဖိဳးတိုးတက္ေရး ပါတီမွ (၄၃၄) ဦး၊ ရွမ္းႏွင့္တိုင္းရင္းသားမ်ားဒီမိုကရက္တစ္ပါတီ (က်ားျဖဴပါတီ) မွ (၅၈၆) ဦး၊ ျပည္သူ႔ပါတီမွ (၅၁၃) ဦး၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္တစ္ခုအတြင္း စည္း႐ုံးမည့္ ပါတီ (၅၁) ပါတီမွ (၉၆၆) ဦး ႏွင့္ တစ္သီးပုဂၢလ (၉၆) ဦး စုစုေပါင္း (၅၀၂၃) ဦး ျဖစ္ေၾကာင္း သိရသည္။