စသုံးလုံးတွင် အမျိုးသမီးများပါ လျှောက်ထားနိုင်သည့် လက်ထောက်စုံစမ်းရေးမှူးရာထူးအပါအဝင် လူ(၁၁၀)ကျော် လိုအပ်နေ

477

စော(NP News)-အောက်တိုဘာ ၁၉
ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စသုံးလုံး)တွင် လက်ထောက်စုံစမ်းရေးမှူးအပါအဝင် ရာထူးနေရာ (၁၁၀)ကျော် လစ်လပ်လျက်ရှိနေကြောင်း သိရသည်။
အဆိုပါလစ်လပ်နေသော ရာထူးများမှာ လက်ထောက်စုံစမ်းရေးမှူးရာထူးအတွက် (၉၀)ဦး၊ ယာဉ်မောင်း-၅ရာထူးအတွက် (၇)ဦး၊ ရုံးအကူ/စာပို့ရာထူးအတွက် (၁၁)နေရာ၊ ထမင်းချက် (၂)ဦးနှင့် သန့်ရှင်းရေးအကူ (၂)ဦးတို့ဖြစ်ကြောင်း သိရသည်။
လက်ထောက်စုံစမ်းရေးမှူးရာထူးကို အမျိုးသမီးများပါ လျှောက်ထားနိုင်၍ လျှောက်ထားရာတွင် လုပ်ငန်းသဘောအရ မျက်မှန်တပ်ဆင်ထားသူ နှင့် ကိုယ်လက်အင်္ဂါချို့ယွင်းသူမဖြစ်ရန် လိုအပ်ပြီး မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတဘာသာရပ်များကို ရေးဖြေစာမေးပွဲဖြေဆို ရမည်ဖြစ်ကာ အောင်မြင်သူများကို စိတ်စစ်ဆေးခြင်း၊ ကြံ့ခိုင်စွမ်းရည်စစ်ဆေးခြင်း၊ လူတွေ့စစ်ဆေးခြင်းနှင့် ဆေးစစ်ဆေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယာဉ်မောင်း-၅ ရာထူး လျှောက်ထားသူများအနေဖြင့် ယာဉ်မောင်းကျွမ်းကျင်မှုစစ်ဆေးပြီးမှသာ လူတွေ့ စစ်ဆေးခြင်း ပြုလုပ်မည်ဖြစ်ပြီး ရုံးအကူ/စာပို့ရာထူး၊ လုပ်သား(ထမင်းချက်)ရာထူးနှင့် သန့်ရှင်းရေးအကူရာထူးများကို အမျိုးသမီးများလည်းလျှောက်ထားနိုင်ကာ လူတွေ့ စစ်ဆေးခြင်းကိုသာ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
လျှောက်လွှာပုံစံကို သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနရုံးများတွင် နိုင်ငံပိုင်သတင်းစာ၌ ကြော်ငြာ ပါဝင်သည့်နေ့မှစ၍ ရယူနိုင်ပြီး နိုဝင်ဘာ ၆ရက်တွင် နောက်ဆုံးထား၍ လျှောက်လွှာရယူခဲ့သည့်ရုံးသို့ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
စသုံးလုံးတြင္ အမ်ိဳးသမီးမ်ားပါ ေလွ်ာက္ထားႏိုင္သည့္ လက္ေထာက္စုံစမ္းေရးမႉးရာထူးအပါအဝင္ လူ(၁၁၀)ေက်ာ္ လိုအပ္ေန
ေစာ(NP News)-ေအာက္တိုဘာ ၁၉
ျပည္ထဲေရးဝန္ႀကီးဌာန၊ အထူးစုံစမ္းစစ္ေဆးေရးဦးစီးဌာန(စသုံးလုံး)တြင္ လက္ေထာက္စုံစမ္းေရးမႉးအပါအဝင္ ရာထူးေနရာ (၁၁၀)ေက်ာ္ လစ္လပ္လ်က္ရွိေနေၾကာင္း သိရသည္။
အဆိုပါလစ္လပ္ေနေသာ ရာထူးမ်ားမွာ လက္ေထာက္စုံစမ္းေရးမႉးရာထူးအတြက္ (၉၀)ဦး၊ ယာဥ္ေမာင္း-၅ရာထူးအတြက္ (၇)ဦး၊ ႐ုံးအကူ/စာပို႔ရာထူးအတြက္ (၁၁)ေနရာ၊ ထမင္းခ်က္ (၂)ဦးႏွင့္ သန႔္ရွင္းေရးအကူ (၂)ဦးတို႔ျဖစ္ေၾကာင္း သိရသည္။
လက္ေထာက္စုံစမ္းေရးမႉးရာထူးကို အမ်ိဳးသမီးမ်ားပါ ေလွ်ာက္ထားႏိုင္၍ ေလွ်ာက္ထားရာတြင္ လုပ္ငန္းသေဘာအရ မ်က္မွန္တပ္ဆင္ထားသူ ႏွင့္ ကိုယ္လက္အဂၤါခ်ိဳ႕ယြင္းသူမျဖစ္ရန္ လိုအပ္ၿပီး ျမန္မာစာ၊ အဂၤလိပ္စာ၊ အေထြေထြဗဟုသုတဘာသာရပ္မ်ားကို ေရးေျဖစာေမးပြဲေျဖဆို ရမည္ျဖစ္ကာ ေအာင္ျမင္သူမ်ားကို စိတ္စစ္ေဆးျခင္း၊ ႀကံ့ခိုင္စြမ္းရည္စစ္ေဆးျခင္း၊ လူေတြ႕စစ္ေဆးျခင္းႏွင့္ ေဆးစစ္ေဆးျခင္းမ်ား ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ယာဥ္ေမာင္း-၅ ရာထူး ေလွ်ာက္ထားသူမ်ားအေနျဖင့္ ယာဥ္ေမာင္းကြၽမ္းက်င္မႈစစ္ေဆးၿပီးမွသာ လူေတြ႕ စစ္ေဆးျခင္း ျပဳလုပ္မည္ျဖစ္ၿပီး ႐ုံးအကူ/စာပို႔ရာထူး၊ လုပ္သား(ထမင္းခ်က္)ရာထူးႏွင့္ သန႔္ရွင္းေရးအကူရာထူးမ်ားကို အမ်ိဳးသမီးမ်ားလည္းေလွ်ာက္ထားႏိုင္ကာ လူေတြ႕ စစ္ေဆးျခင္းကိုသာ ျပဳလုပ္မည္ ျဖစ္ေၾကာင္း သိရသည္။
ေလွ်ာက္လႊာပုံစံကို သက္ဆိုင္ရာတိုင္းေဒသႀကီး/ျပည္နယ္ အထူးစုံစမ္းစစ္ေဆးေရးဦးစီးဌာန႐ုံးမ်ားတြင္ ႏိုင္ငံပိုင္သတင္းစာ၌ ေၾကာ္ျငာ ပါဝင္သည့္ေန႔မွစ၍ ရယူႏိုင္ၿပီး ႏိုဝင္ဘာ ၆ရက္တြင္ ေနာက္ဆုံးထား၍ ေလွ်ာက္လႊာရယူခဲ့သည့္႐ုံးသို႔ ေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း သိရသည္။