BLACKPINK အဖွဲ့ဝင် ဂျီဆိုးရဲ့နောက်ဆုံး Collab သီချင်း "Eyes Closed" UK Official Singles Chart မှာ အမြင့်ဆုံး ကိုယ်ပိုင်စံချိန်သစ် ရရှိ

 100

ရောင်နီ (NP News) - အောက်တိုဘာ ၂ဝ
တောင်ကိုရီးယားအမျိုးသမီး K POP အဖွဲ့ BLACKPINK ရဲ့ အဖွဲ့ဝင် ဂျီဆိုးရဲ့နောက်ဆုံးထွက် collab သီချင်း "Eyes Closed" ဟာ UK Official Singles Chart မှာ နံပါတ် ၃၇ ချိတ်ခဲ့ပြီး ဒါဟာ သူမရဲ့သီချင်းတွေထဲ အမြင့်ဆုံးစံချိန်တစ်ခုဖြစ်လာခဲ့ပါတယ်။
ဂျီဆိုးနဲ့ ဇန်မလိက်ခ် ပူးတွဲသီဆိုခဲ့တဲ့ သီချင်းအသစ် “EYES CLOSED” ဟာ အောက်တိုဘာလ ၁၆ မှ ၂၂ ရက် အထိ ရက်သတ္တပတ်အတွင်း အမေရိကန် Billboard's Hot 100 နဲ့ ညီမျှတဲ့ UK Official Single Chart မှာ နံပါတ် ၃၇ နဲ့ ပွဲဦးထွက်ခဲ့ပါတယ်။ ဒါဟာ Official Singles Chart မှာ ဂျီဆိုး ရဲ့ အမြင့်ဆုံးတစ်ကိုယ်တော် အဆင့် သတ်မှတ်ချက်ဖြစ်ခဲ့တဲ့ တစ်ကိုယ်တော် ပွဲဦးထွက်သီချင်း “FLOWER” ကို ကျော်လွန်ကာ စံချိန်သစ်တစ်ခုကို ရောက်ရှိလာခြင်းဖြစ်ပါတယ်။
ဒါအပြင် "EYES CLOSED” ဟာ ယခုသီတင်းပတ်ရဲ့ Official Singles Download ဇယားမှာ အဆင့်နံပါတ် ၁၆ နဲ့ နံပါတ် ၁၉ ချိတ် ခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:

Related news

© 2021. All rights reserved.