တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်အတွက် လာရောက်မည့်ဧည်သည် များပြားနေ

 270

NP News - အောက်တိုဘာ ၂ဝ

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ကျင်းပမည့် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကာလအတွက် ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းများရှိ အခန်းများ ကြိုတင်မှာယူသူ များပြားလျက်ရှိနေပြီး အခန်းလွတ်မရှိအောင် ပြည့်နှက်နေကြောင်း ဒေသခံခရီးသွားလုပ်ငန်းရှင်များထံမှ သိရသည်။
လက်ရှိတွင် ဟိုတယ်နှင့် တည်ခိုခန်းမရရှိခြင်းကြောင့် ခရီးသွားဧည့်သည်များအတွက် ဒေသခံလုပ်ငန်းရှင်များက ရက်တို အိမ်လုံးချင်းငှားရမ်းခြင်း၊ ဘန်ဂလိုအခန်းများငှားရမ်းခြင်းများကို လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း နှင့် ဘုန်းတော်ကြီးကျောင်းများအထိ ခရီးသွားဧည့်သည့်များ နားခိုနိုင်မည်ဟု သိရသည်။
"တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အတွက် အခန်းကြိုတင်ငှားရမ်းမှုတွေဟာ သီတင်းကျွတ်ကာလ မတိုင်မီကတည်းက ငှားရမ်းမှုတွေများပြားနေခဲ့တာဖြစ်ပါတယ်။ ယခုနှစ်မှာတော့ ယခင်နှစ်ထက် ခရီးသွားပိုမိုများပြား ဝင်ရောက်မှုဖြစ်ပေါ်နေတာဖြစ်ပါတယ်" ဟု ဒေသခံ ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ရှမ်းပြည်နယ် တောင်ပိုင်း၌ ဟိုတယ်နှင့် တည်းခိုရိပ်သာ ၂၆၀ လုံးကျော်ရှိပြီး တောင်ကြီးမြို့တွင် ဟိုတယ်နှင့် တည်းခိုရိပ်သာ အလုံး ၅ဝ ကျော်ရှိသည်။
နှစ်စဉ် ပွဲတော်ရက်ကာလအတွင်း ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်ဝင်ရောက်မှုမှာ ၂ သိန်းခွဲ နှင့် ၃ သိန်းနီးပါးအထိရှိကြောင်း ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းများအရ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိ အဝေရာမီးပုံးပျံကွင်းတွင် တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို လာမည့် အောက်တိုဘာလ ၂၉ ရက်မှ နိုဝင်ဘာလ ၅ ရက်အထိ ၈ ရက်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပွဲတော်ရက်ကာလအတွင်း ခြေနှစ်ချောင်း၊ ခြေလေးချောင်း အရုပ်အုပ်စုမီးပုံးပျံများ နေ့စဉ် ၁၀ လုံးနှင့် ညပိုင်းတွင် စိန်နားပန်နှင့် ညမီးကျည် မီးပုံးပျံ စုစုပေါင်း အလုံး ၇၀ ကျော်အထိ လွှတ်တင်နိုင်ရန် စီစဉ်ထားကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံ ပညာရှင်များအသင်းမှ သိရသည်။

Zawgyi Version:
ေတာင္ႀကီးတန္ေဆာင္တိုင္ မီးပုံးပ်ံပြဲေတာ္အတြက္ လာေရာက္မည့္ဧည္သည္ မ်ားျပားေန
NP News - ေအာက္တိုဘာ ၂ဝ
ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕တြင္ က်င္းပမည့္ တန္ေဆာင္တိုင္ မီးပုံးပ်ံပြဲေတာ္ကာလအတြက္ ဟိုတယ္၊ မိုတယ္ႏွင့္ တည္းခိုခန္းမ်ားရွိ အခန္းမ်ား ႀကိဳတင္မွာယူသူ မ်ားျပားလ်က္ရွိေနၿပီး အခန္းလြတ္မရွိေအာင္ ျပည့္ႏွက္ေနေၾကာင္း ေဒသခံခရီးသြားလုပ္ငန္းရွင္မ်ားထံမွ သိရသည္။
လက္ရွိတြင္ ဟိုတယ္ႏွင့္ တည္ခိုခန္းမရရွိျခင္းေၾကာင့္ ခရီးသြားဧည့္သည္မ်ားအတြက္ ေဒသခံလုပ္ငန္းရွင္မ်ားက ရက္တို အိမ္လုံးခ်င္းငွားရမ္းျခင္း၊ ဘန္ဂလိုအခန္းမ်ားငွားရမ္းျခင္းမ်ားကို လုပ္ေဆာင္ေပးသြားမည္ျဖစ္ေၾကာင္း ႏွင့္ ဘုန္းေတာ္ႀကီးေက်ာင္းမ်ားအထိ ခရီးသြားဧည့္သည့္မ်ား နားခိုႏိုင္မည္ဟု သိရသည္။
"ေတာင္ႀကီးတန္ေဆာင္တိုင္ပြဲေတာ္အတြက္ အခန္းႀကိဳတင္ငွားရမ္းမႈေတြဟာ သီတင္းကြၽတ္ကာလ မတိုင္မီကတည္းက ငွားရမ္းမႈေတြမ်ားျပားေနခဲ့တာျဖစ္ပါတယ္။ ယခုႏွစ္မွာေတာ့ ယခင္ႏွစ္ထက္ ခရီးသြားပိုမိုမ်ားျပား ဝင္ေရာက္မႈျဖစ္ေပၚေနတာျဖစ္ပါတယ္" ဟု ေဒသခံ ခရီးသြားလုပ္ငန္းရွင္တစ္ဦးက ေျပာသည္။
ရွမ္းျပည္နယ္ ေတာင္ပိုင္း၌ ဟိုတယ္ႏွင့္ တည္းခိုရိပ္သာ ၂၆၀ လုံးေက်ာ္ရွိၿပီး ေတာင္ႀကီးၿမိဳ႕တြင္ ဟိုတယ္ႏွင့္ တည္းခိုရိပ္သာ အလုံး ၅ဝ ေက်ာ္ရွိသည္။
ႏွစ္စဥ္ ပြဲေတာ္ရက္ကာလအတြင္း ျပည္တြင္းျပည္ပခရီးသြား ဧည့္သည္ဝင္ေရာက္မႈမွာ ၂ သိန္းခြဲ ႏွင့္ ၃ သိန္းနီးပါးအထိရွိေၾကာင္း ရွမ္းျပည္နယ္ ဟိုတယ္ႏွင့္ ခရီးသြားၫႊန္ၾကားမႈ ဦးစီးဌာန၏ စာရင္းမ်ားအရ သိရသည္။
ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕ရွိ အေဝရာမီးပုံးပ်ံကြင္းတြင္ တန္ေဆာင္တိုင္မီးပုံးပ်ံပြဲေတာ္ကို လာမည့္ ေအာက္တိုဘာလ ၂၉ ရက္မွ ႏိုဝင္ဘာလ ၅ ရက္အထိ ၈ ရက္တိုင္ က်င္းပျပဳလုပ္သြားမည္ျဖစ္ၿပီး ပြဲေတာ္ရက္ကာလအတြင္း ေျခႏွစ္ေခ်ာင္း၊ ေျခေလးေခ်ာင္း အ႐ုပ္အုပ္စုမီးပုံးပ်ံမ်ား ေန႔စဥ္ ၁၀ လုံးႏွင့္ ညပိုင္းတြင္ စိန္နားပန္ႏွင့္ ညမီးက်ည္ မီးပုံးပ်ံ စုစုေပါင္း အလုံး ၇၀ ေက်ာ္အထိ လႊတ္တင္ႏိုင္ရန္ စီစဥ္ထားေၾကာင္း ရွမ္းျပည္နယ္ေတာင္ပိုင္း ႐ိုးရာမီးပုံးပ်ံ ပညာရွင္မ်ားအသင္းမွ သိရသည္။

Related news

© 2021. All rights reserved.