ရွှေကို အစိုးရသတ်မှတ်ဈေးအတိုင်း ဘောက်ချာဖွင့်၍ အလျော့တွက်ပိုတွက်ခြင်း၊ Code နံပါတ် သုံးခြင်းတို့ဖြင့် ရောင်းဝယ်နေကြရ

755

Pearl - (NP News) - အောက်တိုဘာလ ၂ဝ
ရွှေကို အစိုးရသတ်မှတ်ဈေးအတိုင်း ဘောက်ချာဖွင့်၍ အလျော့တွက် ပိုတွက်ခြင်း၊ Code နံပါတ်သုံးခြင်း တို့ဖြင့် ရောင်းဝယ်နေကြရကြောင်း ရွှေဆိုင်လုပ်ငန်းရှင်များထံ NP News မှ ဆက်သွယ်မေးမြန်းထားချက်များအရ သိရ သည်။
လက်ရှိတွင် လုပ်ငန်းလိုင်စင်လျှောက်ထားဆဲ ရွှေဆိုင်လုပ်ငန်းများအနေဖြင့် အစိုးရသတ်မှတ်ဈေးနှုန်း အတိုင်း ဘောက်ချာဖွင့်ပေးသော်လည်း အပြင်ပေါက်ဈေးနှင့် ကွာဟနေမှုအတွက် အလျော့တွက်၌ ပိုတွက်ခြင်း ဖြင့် ရောင်းဝယ်နေကြခြင်းဖြစ်ကြောင်း သိရသည်။
"အစိုးရက ဈေးသတ်မှတ်ပေမယ့် အဲဒီဈေးနဲ့ ပစ္စည်းဝယ်လို့ရအောင် ပစ္စည်းထုတ်ရောင်းပေးမှုက မရှိဘူးလေ။ အဲဒီတော့ သူတို့ သတ်မှတ်တဲ့ ကုန်ကြမ်း (၁၆)ပဲရည်က ဘယ်မှာမှ မရဘူး။ အဲဒီတော့ (၁၅)ပဲရည် အထည်ရောင်းဖို့က အပြင်မှာပေါက်ဈေးနဲ့ ပစ္စည်းရှိတဲ့လူဆီက ဝယ်ပြီးတော့ အထည်လုပ်ရတယ် လေ။ အဲဒီတော့ အပြင်မှာပေါက်ဈေးနဲ့ဝယ်ရပြီး ရောင်းတော့ အစိုးရသတ်မှတ်ဈေးနဲ့ရောင်းရတဲ့ အခါကျတော့ အဆင်မပြေဘူးလေ။ အကုန်လုံးက သူတို့သတ်မှတ်တဲ့ဈေးနဲ့ ဘောက်ချာဖွင့်ပေးတယ်။ အလျော့တွက်မှာ တင်ရောင်းကြတာပေါ့။ ဈေး ကွာဟမှုတွေကို အလျော့တွက်တွေမှာ တင်ရောင်းကြတာ ပေါ့။ ဝယ်ရတဲ့အခါမှာ အစိုးရသတ်မှတ်ဈေးနဲ့လည်း ဝယ်လို့ရတယ်ဆိုတာ တစ်ခါမှ မရှိခဲ့ဘူး။ ဒါအရှင်း ဆုံးပြောရရင် ရွှေကုန်သည်များ အသင်းမှာပါနေတဲ့ လူတွေရဲ့ဆိုင်က အတုံးအခဲဝယ်တာကိုတင် အစိုးရဈေးနဲ့မရပါဘူး” ဟု ရွှေဆိုင်လုပ်ငန်းရှင် တစ် ဦးက NP News သို့ ပြောသည်။
ထို့ပြင် လိုင်စင်ရရှိပြီး အစိုးရ၏ ရွှေရောင်း/ဝယ် ဘောက်ချာရရှိပြီးသူများအနေဖြင့် အစိုးရသတ်မှတ် ဈေးအတိုင်း အစိုးရမှ ထုတ်ပေးထားသည့်ဘောက်ချာများဖြင့် Code နံပါတ်များဖြင့် ရောင်းချနေကြကြောင်း လည်း သိရသည်။
" ဘောက်ချာရပြီးတဲ့လူတွေက ဒီဘောက်ချာ နဲ့တော့ ရောင်းမယ်။ ဒါပေမဲ့ ဝယ်တဲ့လူကို ရှင်းပြပြီး တော့ သဘောတူညီမှုတော့ ယူကြရမှာပေါ့။ တော် တော်များများက ဘယ်လိုဖြစ်နေလဲဆိုရင် ပါးစပ်နဲ့သာ ပစ္စည်းတစ်ခု ရဲ့ကုတ်နံပါတ်မှတ်ထားပေးမယ်။ ဒီပစ္စည်းလာရင် အဲဒီပစ္စည်းရဲ့ Code နံပါတ်လေး မာကင်လုပ်ပေးလိုက်တယ်။ ကိုယ့်ဆိုင်ဘောက်ချာ တောင်သုံးမနေတော့ဘူးပေါ့။ ဒီ Code နံပါတ်နဲ့ ဒီပစ္စည်းက ဘယ်လောက်နဲ့ ဘယ်ဈေးနဲ့ ရောင်းထားတယ်ဆိုတာပဲ ကိုယ့်ဆိုင်မှာ List လုပ်ပြီး ရောင်းနေကြတာများတယ်။ အစ်မတို့တော့ မလုပ်ရသေးဘူး။ အများလုပ်သလိုမျိုး အလျော့တွက်နဲ့ပဲ လုပ်နေရတာ ပေါ့။ အစိုးရပေးတဲ့ ဘောက်ချာရလာတဲ့ လူတွေက တော့ ခုနကစနစ်ကို လုပ်နေကြပြီ " ဟု ၎င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် လုပ်ငန်းလိုင်စင်နှင့် ရွှေရောင်း/ဝယ်ဘောက်ချာစာအုပ်များရရှိပြီးဖြစ်သော်လည်း အဆိုပါ ဘောက်ချာကို အသုံးမပြုသေးသည့် ဆိုင် များရှိနေသေးကြောင်းလည်း သိရသည်။
"ဘောက်ချာမှာတော့ သတ်မှတ်ဈေးပဲ ရေးလို့ရတာပေါ့။ အဲဒီဘောက်ချာကို သုံးတဲ့ဆိုင်ကတော့ မတွေ့သေးဘူး အခုထိ။ အပြင်လောကမှာ မတွေ့သေးဘူး။ ဆိုင်တွေမှာတော့ ရောက်နေကြပြီ” ဟု အခြားရွှေဆိုင်ပိုင်ရှင်တစ်ဦးက NP News သို့ ပြောသည်။ ရွှေလုပ်ငန်းများနှင့်ပတ်သက်၍ ပွင့်လင်းမှုမရှိကြောင်း လည်း စသုံးလုံးမှ အငြိမ်း စားအရာရှိတစ်ဦးကလည်း NP News သို့ သုံးသပ်ပြောကြားထားသည်။

Zawgyi Version:
ေ႐ႊကို အစိုးရသတ္မွတ္ေဈးအတိုင္း ေဘာက္ခ်ာဖြင့္၍ အေလ်ာ့တြက္ပိုတြက္ျခင္း၊ Code နံပါတ္ သုံးျခင္းတို႔ျဖင့္ ေရာင္းဝယ္ေနၾကရ
Pearl - (NP News) - ေအာက္တိုဘာလ ၂ဝ
ေ႐ႊကို အစိုးရသတ္မွတ္ေဈးအတိုင္း ေဘာက္ခ်ာဖြင့္၍ အေလ်ာ့တြက္ ပိုတြက္ျခင္း၊ Code နံပါတ္သုံးျခင္း တို႔ျဖင့္ ေရာင္းဝယ္ေနၾကရေၾကာင္း ေ႐ႊဆိုင္လုပ္ငန္းရွင္မ်ားထံ NP News မွ ဆက္သြယ္ေမးျမန္းထားခ်က္မ်ားအရ သိရ သည္။
လက္ရွိတြင္ လုပ္ငန္းလိုင္စင္ေလွ်ာက္ထားဆဲ ေ႐ႊဆိုင္လုပ္ငန္းမ်ားအေနျဖင့္ အစိုးရသတ္မွတ္ေဈးႏႈန္း အတိုင္း ေဘာက္ခ်ာဖြင့္ေပးေသာ္လည္း အျပင္ေပါက္ေဈးႏွင့္ ကြာဟေနမႈအတြက္ အေလ်ာ့တြက္၌ ပိုတြက္ျခင္း ျဖင့္ ေရာင္းဝယ္ေနၾကျခင္းျဖစ္ေၾကာင္း သိရသည္။
"အစိုးရက ေဈးသတ္မွတ္ေပမယ့္ အဲဒီေဈးနဲ႔ ပစၥည္းဝယ္လို႔ရေအာင္ ပစၥည္းထုတ္ေရာင္းေပးမႈက မရွိဘူးေလ။ အဲဒီေတာ့ သူတို႔ သတ္မွတ္တဲ့ ကုန္ၾကမ္း (၁၆)ပဲရည္က ဘယ္မွာမွ မရဘူး။ အဲဒီေတာ့ (၁၅)ပဲရည္ အထည္ေရာင္းဖို႔က အျပင္မွာေပါက္ေဈးနဲ႔ ပစၥည္းရွိတဲ့လူဆီက ဝယ္ၿပီးေတာ့ အထည္လုပ္ရတယ္ ေလ။ အဲဒီေတာ့ အျပင္မွာေပါက္ေဈးနဲ႔ဝယ္ရၿပီး ေရာင္းေတာ့ အစိုးရသတ္မွတ္ေဈးနဲ႔ေရာင္းရတဲ့ အခါက်ေတာ့ အဆင္မေျပဘူးေလ။ အကုန္လုံးက သူတို႔သတ္မွတ္တဲ့ေဈးနဲ႔ ေဘာက္ခ်ာဖြင့္ေပးတယ္။ အေလ်ာ့တြက္မွာ တင္ေရာင္းၾကတာေပါ့။ ေဈး ကြာဟမႈေတြကို အေလ်ာ့တြက္ေတြမွာ တင္ေရာင္းၾကတာ ေပါ့။ ဝယ္ရတဲ့အခါမွာ အစိုးရသတ္မွတ္ေဈးနဲ႔လည္း ဝယ္လို႔ရတယ္ဆိုတာ တစ္ခါမွ မရွိခဲ့ဘူး။ ဒါအရွင္း ဆုံးေျပာရရင္ ေ႐ႊကုန္သည္မ်ား အသင္းမွာပါေနတဲ့ လူေတြရဲ႕ဆိုင္က အတုံးအခဲဝယ္တာကိုတင္ အစိုးရေဈးနဲ႔မရပါဘူး” ဟု ေ႐ႊဆိုင္လုပ္ငန္းရွင္ တစ္ ဦးက NP News သို႔ ေျပာသည္။
ထို႔ျပင္ လိုင္စင္ရရွိၿပီး အစိုးရ၏ ေ႐ႊေရာင္း/ဝယ္ ေဘာက္ခ်ာရရွိၿပီးသူမ်ားအေနျဖင့္ အစိုးရသတ္မွတ္ ေဈးအတိုင္း အစိုးရမွ ထုတ္ေပးထားသည့္ေဘာက္ခ်ာမ်ားျဖင့္ Code နံပါတ္မ်ားျဖင့္ ေရာင္းခ်ေနၾကေၾကာင္း လည္း သိရသည္။
" ေဘာက္ခ်ာရၿပီးတဲ့လူေတြက ဒီေဘာက္ခ်ာ နဲ႔ေတာ့ ေရာင္းမယ္။ ဒါေပမဲ့ ဝယ္တဲ့လူကို ရွင္းျပၿပီး ေတာ့ သေဘာတူညီမႈေတာ့ ယူၾကရမွာေပါ့။ ေတာ္ ေတာ္မ်ားမ်ားက ဘယ္လိုျဖစ္ေနလဲဆိုရင္ ပါးစပ္နဲ႔သာ ပစၥည္းတစ္ခု ရဲ႕ကုတ္နံပါတ္မွတ္ထားေပးမယ္။ ဒီပစၥည္းလာရင္ အဲဒီပစၥည္းရဲ႕ Code နံပါတ္ေလး မာကင္လုပ္ေပးလိုက္တယ္။ ကိုယ့္ဆိုင္ေဘာက္ခ်ာ ေတာင္သုံးမေနေတာ့ဘူးေပါ့။ ဒီ Code နံပါတ္နဲ႔ ဒီပစၥည္းက ဘယ္ေလာက္နဲ႔ ဘယ္ေဈးနဲ႔ ေရာင္းထားတယ္ဆိုတာပဲ ကိုယ့္ဆိုင္မွာ List လုပ္ၿပီး ေရာင္းေနၾကတာမ်ားတယ္။ အစ္မတို႔ေတာ့ မလုပ္ရေသးဘူး။ အမ်ားလုပ္သလိုမ်ိဳး အေလ်ာ့တြက္နဲ႔ပဲ လုပ္ေနရတာ ေပါ့။ အစိုးရေပးတဲ့ ေဘာက္ခ်ာရလာတဲ့ လူေတြက ေတာ့ ခုနကစနစ္ကို လုပ္ေနၾကၿပီ " ဟု ၎က ဆက္လက္ေျပာသည္။
လက္ရွိတြင္ လုပ္ငန္းလိုင္စင္ႏွင့္ ေ႐ႊေရာင္း/ဝယ္ေဘာက္ခ်ာစာအုပ္မ်ားရရွိၿပီးျဖစ္ေသာ္လည္း အဆိုပါ ေဘာက္ခ်ာကို အသုံးမျပဳေသးသည့္ ဆိုင္ မ်ားရွိေနေသးေၾကာင္းလည္း သိရသည္။
"ေဘာက္ခ်ာမွာေတာ့ သတ္မွတ္ေဈးပဲ ေရးလို႔ရတာေပါ့။ အဲဒီေဘာက္ခ်ာကို သုံးတဲ့ဆိုင္ကေတာ့ မေတြ႕ေသးဘူး အခုထိ။ အျပင္ေလာကမွာ မေတြ႕ေသးဘူး။ ဆိုင္ေတြမွာေတာ့ ေရာက္ေနၾကၿပီ” ဟု အျခားေ႐ႊဆိုင္ပိုင္ရွင္တစ္ဦးက NP News သို႔ ေျပာသည္။ ေ႐ႊလုပ္ငန္းမ်ားႏွင့္ပတ္သက္၍ ပြင့္လင္းမႈမရွိေၾကာင္း လည္း စသုံးလုံးမွ အၿငိမ္း စားအရာရွိတစ္ဦးကလည္း NP News သို႔ သုံးသပ္ေျပာၾကားထားသည္။