ရန်ကုန် - ပုသိမ် အဝေးပြေးကားလမ်းကို အောက်တိုဘာလအတွင်း အပြီးသတ် ပြုပြင်ရန် မျှော်မှန်းထား

295

Pearl (NP News)-အောက်တိုဘာ ၂၀
လူသုံးများပြီးအရေးပါသော ရန်ကုန်-ပုသိမ် အဝေးပြေးကားလမ်းကို အောက်တိုဘာလအတွင်း အပြီးသတ် ပြုပြင်ရန် မျှော်မှန်းထားကြောင်း ဧရာဝတီတိုင်းလမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရန်နိုင် ဇော်ထံ NP News မှ ဆက်သွယ်မေးမြန်းထားသည့်အချက်အလက်များအရ သိရသည်။
ရန်ကုန် - ပုသိမ် အဝေးပြေးကားလမ်းမကြီးသည် ရန်ကုန်မှ ပုသိမ်အထိ တိုက်ရိုက် (၁၁၃)မိုင် (၂)ဖာလုံ ရှည်လျားပြီး ရန်ကုန်-ပုသိမ်လမ်း မိုင်တိုင်အမှတ် (၄၁)မိုင် (၃)ဖာလုံရှိ ဧရာဝတီမြစ်ကူး တံ တားကြီး (ဗိုလ်မြတ်ထွန်း တံတား) မှတစ်ဆင့် ဟင်္သာတ၊ မြောင်းမြ၊ လပွတ္တာနှင့် ဝါးခယ်မသို့လည်း ကောင်း၊ မိုင်တိုင်အမှတ် (၃၃)မှတစ်ဆင့် မအူပင်မြို့သို့လည်းကောင်း သွားလာနိုင်ခြင်းဖြစ်သည်။
အဆိုပါ လမ်းပိုင်းတွင် ဗိုလ်မြတ်ထွန်းတံတားအဆင်းမှ ကျောင်းကုန်းမြို့နယ်ကြား လမ်းပိုင်းတွင် လည်းကောင်း၊ ပုသိမ်အဝင်လမ်းပိုင်းအချို့၌လည်းကောင်း ချိုင့်ခွက်များဖြစ်ပေါ်ကာ လမ်းပိုင်း အခြေအ နေ ဆိုးရွားနေသည့်အတွက် ခရီးစဉ်နှောင့်နှေးမှုများရှိကြောင်း ဝေဖန်မှုများရှိခဲ့သည်။ “ခရီးသွား ပြည်သူ တွေ ဒုက္ခရောက်ပြီးတော့ စိတ်ဆင်းရဲကိုယ်ဆင်းရဲ ဖြစ်နေတဲ့လမ်းပိုင်းတွေကတော့ အောက်တိုဘာလ ကုန်လောက် ချောသွားအောင် ွှမေါနအ လုပ်နေတယ်။ ရာသီဥတုကိုတော့ တစ်ချက်ပြန်ကြည့်ရမှာ ပေါ့။ လတ်တလောအခက် အခဲကတော့ မိုးရွာတာပေါ့။ အခုက ပြင်တာက တောက်လျှောက်တော့ ပြင် နေတယ်။ လောလောဆယ် ဗိုလ်မြတ်ထွန်းတံတားနဲ့ ပန်းတနော်ပိုင်းကြားလည်း ပြင်နေတာရှိတယ်။ ပန်း တနော်နဲ့ ကျောင်းကုန်းကြားအပိုင်းမှာလည်း ပြင်နေတာတွေရှိတယ်။ ဒီဘက် (၅၆) မိုင်အထိကတော့ ကုမ္ပဏီတစ်ခုက BOT စနစ်နဲ့ တာဝန်ယူထားတော့ ကုမ္ပဏီက ပြင်တာပေါ့။ ဒီဘက် (၅၆)မိုင်ကနေ ပုသိမ်အထိကတော့ လမ်းဦးစီးဌာနက တာဝန်ယူပြင်တာပေါ့” ဟု ဧရာဝတီတိုင်းလမ်းဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးရန်နိုင်ဇော်က NP News သို့ ပြောသည်။
လက်ရှိတွင် အောက်တိုဘာ (၁၅)ရက်မှ စတင်ကာမအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အပိုင်း ရန်ကုန်-ပုသိမ်လမ်း မိုင် (၅၈/၂-၅၈/၃)အတွင်း၊ မိုင် (၆၁/၁-၆၁/၂) အတွင်း ၊ မိုင် (၆၁/ဝ-၆၁/၁) အတွင်း ၊ မိုင် (၆၂/၄-၆၂/၅) အတွင်း နှင့် မိုင် (၆၂/၆-၆၂/၇) အတွင်းတို့တွင် လုပ်သား (၆၇) ဦးခန့်ဖြင့် ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း၊ ကတ္တရာလမ်းအနိမ့်အမြင့်ဖြေညှိခြင်း၊ လမ်းပခုံးမြင့်တက်မှုများအား Backhoe ဖြင့် ဖယ်ရှားရှင်းလင်းခြင်းနှင့် ကတ္တရာလောင်းဖာဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်နေကြကြောင်း သိရ သည်။
အလားတူ ကျောင်းကုန်းနှင့် ဒါးက အပိုင်းရှိ ရန်ကုန်-ပုသိမ်လမ်း မိုင် (၇၆/၁-၇၆/၂) ၊ မိုင် (၇၆/၅-၇၆/၆)၊ မိုင် (၇၈/၁-၇၈/၂) ၊ မိုင် (၈၁/၄-၈၁/၅)၊ မိုင် (၈၉/၃-၈၉/၄) နှင့် မိုင် (၉၃/၁-၉၃/၂) တို့တွင် လုပ် သား (၇၅)ဦးခန့်ဖြင့် ကတ္တရာလောင်းဖာခြင်း၊ လမ်းအနိမ့်အမြင့် ဖြေညှိခင်း ခြင်း၊ မြက်ဖြတ်ခြင်းနှင့် ထပ်ပိုးလွှာခင်းခြင်းတို့ကို ဆောင်ရွက်နေကြကြောင်းလည်း သိရသည်။
ထို့ပြင် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့ နယ်အပိုင်းရှိ မိုင် (၇၁/၄-၇၁/၅)ကြား၊ မိုင် (၆၉/၆-၆၉/၇) ကြား၊ မိုင် (၆၄/၃-၆၄/၄) ကြား ၊ မိုင် (၆၆/၆-၆၇/၂) ကြား၊ မိုင် (၆၈/၅-၆၈/၆) ကြားတို့တွင် လုပ်သား(၇၇) ဦး ခန့်ဖြင့် ကတ္တရာ လောင်းဖာလုပ်ခြင်း Premix ဖြင့် ကတ္တရာလမ်း ပေါက်ဖာထေးခြင်းနှင့် အလင်းဖွင့် ခြင်းတို့ကို ဆောင်ရွက်နေကြကြောင်းလည်း သိရသည်။ အဆိုပါ လမ်းပိုင်းပြုပြင်မှုများကို ယခု အောက် တိုဘာလကုန်အမီ ပြီးစီးရန် မျှော်မှန်း ပြင် ဆင်နေခြင်းဖြစ်ကာ လမ်းပြုပြင်ထိန်းသိမ်းမှုများကို ဆက် လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
“ခရီးသွားပြည်သူတွေ စိတ်ညစ်သလိုပဲ လမ်းဦးစီးဌာနကလူတွေ နိုင်ငံတော်ကလူတွေလည်း ပိုပြီးစိတ်ညစ်ပါတယ်။ ဒီနှစ်ကလည်း ဧပြီစကတည်းက ရွာတာဆိုတော့ အရင်နှစ်ထက်ပိုများတယ်။ ပြီးတော့ မိုးရွာချိန်ကလည်း ကြာတာပေါ့။ တစိမ့်စိမ့် နဲ့ရွာတဲ့အခါ လမ်းတွေပျက်တယ်။ ကိုယ်တွေလည်း မိုးရွာနေပေမယ့် အငြိမ်တော့မနေပါဘူး။ လမ်းပေါ်ထွက် ပြီး အကုန်လုပ်နေတာ ။ အင်းတိုက်အားတိုက်နဲ့ မိုးတွင်းကာလလည်း ထိန်းတော့ ထိန်းခဲ့ပါတယ်။ အကယ်၍ မိုးတွင်းကာလမှာသာ အင်တိုက်အားတိုက်နဲ့ မထိန်းခဲ့ဘူးဆိုရင်လည်း ဒီထက်မက ပျက်စီးမှာပေါ့နော်။ အခုပျက်စီးမှုဆိုတာလည်း မိုးတွင်းမှာ အင် တိုက်အားတိုက်ထိန်းခဲ့လို့ ဒီလောက်ပဲပျက်တာ။ အကယ်၍ မလုပ်ဘဲထိုင်နေခဲ့ရင် ဒီထက်မက ပျက်ဖို့ရှိ တယ်။ အဲဒီတော့ ခရီးသွား ပြည်သူတွေလည်း ဝန်ထမ်းတွေ လုပ်ပေးနေတာသိအောင်လို့ ပြောပြတာပါ။ ဝန်ထမ်းတွေ အလုပ်မလုပ်ဘဲ ထိုင်နေတယ်ထင်မှာစိုးလို့ပါ။ ခရီးသွားပြည်သူတွေ စိတ်ညစ်သလို ဝန် ထမ်းတွေလည်းစိတ်ညစ်ပါတယ်။ ဒါကြောင့်မို့လို့ ရာသီဥတုကိုကြည့်ပြီး အင်တိုက်အားတိုက်ပြင်ဖို့ စောင့် နေပါတယ်။ အမြန်ဆုံးကောင်း အောင်ပြင်ပါ့မယ်။ ပြင်နေပါတယ်။ မကြာခင်ကောင်းသွားမှာပါ” ဟု ၎င်း က ဆက်လက်ပြောသည်။

Zawgyi Version:
ရန္ကုန္ - ပုသိမ္ အေဝးေျပးကားလမ္းကို ေအာက္တိုဘာလအတြင္း အၿပီးသတ္ ျပဳျပင္ရန္ ေမွ်ာ္မွန္းထား
Pearl (NP News)-ေအာက္တိုဘာ ၂၀
လူသုံးမ်ားၿပီးအေရးပါေသာ ရန္ကုန္-ပုသိမ္ အေဝးေျပးကားလမ္းကို ေအာက္တိုဘာလအတြင္း အၿပီးသတ္ ျပဳျပင္ရန္ ေမွ်ာ္မွန္းထားေၾကာင္း ဧရာဝတီတိုင္းလမ္းဦးစီးဌာန ၫႊန္ၾကားေရးမႉး ဦးရန္ႏိုင္ ေဇာ္ထံ NP News မွ ဆက္သြယ္ေမးျမန္းထားသည့္အခ်က္အလက္မ်ားအရ သိရသည္။
ရန္ကုန္ - ပုသိမ္ အေဝးေျပးကားလမ္းမႀကီးသည္ ရန္ကုန္မွ ပုသိမ္အထိ တိုက္႐ိုက္ (၁၁၃)မိုင္ (၂)ဖာလုံ ရွည္လ်ားၿပီး ရန္ကုန္-ပုသိမ္လမ္း မိုင္တိုင္အမွတ္ (၄၁)မိုင္ (၃)ဖာလုံရွိ ဧရာဝတီျမစ္ကူး တံ တားႀကီး (ဗိုလ္ျမတ္ထြန္း တံတား) မွတစ္ဆင့္ ဟသၤာတ၊ ေျမာင္းျမ၊ လပြတၱာႏွင့္ ဝါးခယ္မသို႔လည္း ေကာင္း၊ မိုင္တိုင္အမွတ္ (၃၃)မွတစ္ဆင့္ မအူပင္ၿမိဳ႕သို႔လည္းေကာင္း သြားလာႏိုင္ျခင္းျဖစ္သည္။
အဆိုပါ လမ္းပိုင္းတြင္ ဗိုလ္ျမတ္ထြန္းတံတားအဆင္းမွ ေက်ာင္းကုန္းၿမိဳ႕နယ္ၾကား လမ္းပိုင္းတြင္ လည္းေကာင္း၊ ပုသိမ္အဝင္လမ္းပိုင္းအခ်ိဳ႕၌လည္းေကာင္း ခ်ိဳင့္ခြက္မ်ားျဖစ္ေပၚကာ လမ္းပိုင္း အေျခအ ေန ဆိုး႐ြားေနသည့္အတြက္ ခရီးစဥ္ေႏွာင့္ေႏွးမႈမ်ားရွိေၾကာင္း ေဝဖန္မႈမ်ားရွိခဲ့သည္။ “ခရီးသြား ျပည္သူ ေတြ ဒုကၡေရာက္ၿပီးေတာ့ စိတ္ဆင္းရဲကိုယ္ဆင္းရဲ ျဖစ္ေနတဲ့လမ္းပိုင္းေတြကေတာ့ ေအာက္တိုဘာလ ကုန္ေလာက္ ေခ်ာသြားေအာင္ ႊေမါနအ လုပ္ေနတယ္။ ရာသီဥတုကိုေတာ့ တစ္ခ်က္ျပန္ၾကည့္ရမွာ ေပါ့။ လတ္တေလာအခက္ အခဲကေတာ့ မိုး႐ြာတာေပါ့။ အခုက ျပင္တာက ေတာက္ေလွ်ာက္ေတာ့ ျပင္ ေနတယ္။ ေလာေလာဆယ္ ဗိုလ္ျမတ္ထြန္းတံတားနဲ႔ ပန္းတေနာ္ပိုင္းၾကားလည္း ျပင္ေနတာရွိတယ္။ ပန္း တေနာ္နဲ႔ ေက်ာင္းကုန္းၾကားအပိုင္းမွာလည္း ျပင္ေနတာေတြရွိတယ္။ ဒီဘက္ (၅၆) မိုင္အထိကေတာ့ ကုမၸဏီတစ္ခုက BOT စနစ္နဲ႔ တာဝန္ယူထားေတာ့ ကုမၸဏီက ျပင္တာေပါ့။ ဒီဘက္ (၅၆)မိုင္ကေန ပုသိမ္အထိကေတာ့ လမ္းဦးစီးဌာနက တာဝန္ယူျပင္တာေပါ့” ဟု ဧရာဝတီတိုင္းလမ္းဦးစီးဌာန ၫႊန္ၾကား ေရးမႉး ဦးရန္ႏိုင္ေဇာ္က NP News သို႔ ေျပာသည္။
လက္ရွိတြင္ ေအာက္တိုဘာ (၁၅)ရက္မွ စတင္ကာမအူပင္ခ႐ိုင္၊ ပန္းတေနာ္ၿမိဳ႕နယ္အပိုင္း ရန္ကုန္-ပုသိမ္လမ္း မိုင္ (၅၈/၂-၅၈/၃)အတြင္း၊ မိုင္ (၆၁/၁-၆၁/၂) အတြင္း ၊ မိုင္ (၆၁/ဝ-၆၁/၁) အတြင္း ၊ မိုင္ (၆၂/၄-၆၂/၅) အတြင္း ႏွင့္ မိုင္ (၆၂/၆-၆၂/၇) အတြင္းတို႔တြင္ လုပ္သား (၆၇) ဦးခန႔္ျဖင့္ ကတၱရာ ထပ္ပိုးလႊာခင္းျခင္း၊ ကတၱရာလမ္းအနိမ့္အျမင့္ေျဖညႇိျခင္း၊ လမ္းပခုံးျမင့္တက္မႈမ်ားအား Backhoe ျဖင့္ ဖယ္ရွားရွင္းလင္းျခင္းႏွင့္ ကတၱရာေလာင္းဖာေဆာင္႐ြက္ျခင္းတို႔ကို ေဆာင္႐ြက္ေနၾကေၾကာင္း သိရ သည္။
အလားတူ ေက်ာင္းကုန္းႏွင့္ ဒါးက အပိုင္းရွိ ရန္ကုန္-ပုသိမ္လမ္း မိုင္ (၇၆/၁-၇၆/၂) ၊ မိုင္ (၇၆/၅-၇၆/၆)၊ မိုင္ (၇၈/၁-၇၈/၂) ၊ မိုင္ (၈၁/၄-၈၁/၅)၊ မိုင္ (၈၉/၃-၈၉/၄) ႏွင့္ မိုင္ (၉၃/၁-၉၃/၂) တို႔တြင္ လုပ္ သား (၇၅)ဦးခန႔္ျဖင့္ ကတၱရာေလာင္းဖာျခင္း၊ လမ္းအနိမ့္အျမင့္ ေျဖညႇိခင္း ျခင္း၊ ျမက္ျဖတ္ျခင္းႏွင့္ ထပ္ပိုးလႊာခင္းျခင္းတို႔ကို ေဆာင္႐ြက္ေနၾကေၾကာင္းလည္း သိရသည္။
ထို႔ျပင္ က်ဳံေပ်ာ္ခ႐ိုင္၊ ေက်ာင္းကုန္းၿမိဳ႕ နယ္အပိုင္းရွိ မိုင္ (၇၁/၄-၇၁/၅)ၾကား၊ မိုင္ (၆၉/၆-၆၉/၇) ၾကား၊ မိုင္ (၆၄/၃-၆၄/၄) ၾကား ၊ မိုင္ (၆၆/၆-၆၇/၂) ၾကား၊ မိုင္ (၆၈/၅-၆၈/၆) ၾကားတို႔တြင္ လုပ္သား(၇၇) ဦး ခန႔္ျဖင့္ ကတၱရာ ေလာင္းဖာလုပ္ျခင္း Premix ျဖင့္ ကတၱရာလမ္း ေပါက္ဖာေထးျခင္းႏွင့္ အလင္းဖြင့္ ျခင္းတို႔ကို ေဆာင္႐ြက္ေနၾကေၾကာင္းလည္း သိရသည္။ အဆိုပါ လမ္းပိုင္းျပဳျပင္မႈမ်ားကို ယခု ေအာက္ တိုဘာလကုန္အမီ ၿပီးစီးရန္ ေမွ်ာ္မွန္း ျပင္ ဆင္ေနျခင္းျဖစ္ကာ လမ္းျပဳျပင္ထိန္းသိမ္းမႈမ်ားကို ဆက္ လက္ေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း သိရသည္။
“ခရီးသြားျပည္သူေတြ စိတ္ညစ္သလိုပဲ လမ္းဦးစီးဌာနကလူေတြ ႏိုင္ငံေတာ္ကလူေတြလည္း ပိုၿပီးစိတ္ညစ္ပါတယ္။ ဒီႏွစ္ကလည္း ဧၿပီစကတည္းက ႐ြာတာဆိုေတာ့ အရင္ႏွစ္ထက္ပိုမ်ားတယ္။ ၿပီးေတာ့ မိုး႐ြာခ်ိန္ကလည္း ၾကာတာေပါ့။ တစိမ့္စိမ့္ နဲ႔႐ြာတဲ့အခါ လမ္းေတြပ်က္တယ္။ ကိုယ္ေတြလည္း မိုး႐ြာေနေပမယ့္ အၿငိမ္ေတာ့မေနပါဘူး။ လမ္းေပၚထြက္ ၿပီး အကုန္လုပ္ေနတာ ။ အင္းတိုက္အားတိုက္နဲ႔ မိုးတြင္းကာလလည္း ထိန္းေတာ့ ထိန္းခဲ့ပါတယ္။ အကယ္၍ မိုးတြင္းကာလမွာသာ အင္တိုက္အားတိုက္နဲ႔ မထိန္းခဲ့ဘူးဆိုရင္လည္း ဒီထက္မက ပ်က္စီးမွာေပါ့ေနာ္။ အခုပ်က္စီးမႈဆိုတာလည္း မိုးတြင္းမွာ အင္ တိုက္အားတိုက္ထိန္းခဲ့လို႔ ဒီေလာက္ပဲပ်က္တာ။ အကယ္၍ မလုပ္ဘဲထိုင္ေနခဲ့ရင္ ဒီထက္မက ပ်က္ဖို႔ရွိ တယ္။ အဲဒီေတာ့ ခရီးသြား ျပည္သူေတြလည္း ဝန္ထမ္းေတြ လုပ္ေပးေနတာသိေအာင္လို႔ ေျပာျပတာပါ။ ဝန္ထမ္းေတြ အလုပ္မလုပ္ဘဲ ထိုင္ေနတယ္ထင္မွာစိုးလို႔ပါ။ ခရီးသြားျပည္သူေတြ စိတ္ညစ္သလို ဝန္ ထမ္းေတြလည္းစိတ္ညစ္ပါတယ္။ ဒါေၾကာင့္မို႔လို႔ ရာသီဥတုကိုၾကည့္ၿပီး အင္တိုက္အားတိုက္ျပင္ဖို႔ ေစာင့္ ေနပါတယ္။ အျမန္ဆုံးေကာင္း ေအာင္ျပင္ပါ့မယ္။ ျပင္ေနပါတယ္။ မၾကာခင္ေကာင္းသြားမွာပါ” ဟု ၎ က ဆက္လက္ေျပာသည္။