အပစ်အခတ်ရပ်စဲခြင်းကြောင့် ပဋိပက္ခ စီးပွားရေးများ ပြန်လည် ခေါင်းမထောင်လာရန် အရေးကြီးကြောင်း ဦးအောင်မင်း သတိပေး

 333

သုတကျော် (NP News)-အောက်တိုဘာ ၂၀
အပစ်အခတ်ရပ်စဲခြင်းကြောင့် ပဋိပက္ခ စီးပွားရေးများ ပြန်လည်ခေါင်းမထောင်လာရန် အရေး ကြီးကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း၊ မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွင်းလည်းကောင်း ထဲထဲဝင်ဝင်ပါဝင်ခဲ့ပြီး NCA တွင်လည်း လက်မှတ်ရေးထိုးခဲ့သူ ဦးအောင်မင်းက NCA နှစ်ပတ်လည် အခမ်းအနားတွင် ဂုဏ်ပြုစကားပြောကြားစဉ် ထည့်သွင်းပြောကြား သည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ချုပ်ဆိုစဉ်က ဒီမိုကရေ စီနှင့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်မည့်အပြောင်းအလဲတစ်ခု စနေပြီဖြစ်၍ မျှော်လင့်ချက် ထားခဲ့ကြကြောင်း ဦးအောင်းမင်းက ပြောကြားသည်။
“ယနေ့ဖြစ်နေတဲ့ အခြေအနေများကြားမှာ NCA ဟာ အရေးပါသေးလား၊ အသက်ဝင်သေးလား ဆိုပြီးတော့ မေးလာကြတာ ရှိပါတယ်။ ဒီစာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ အစုအဖွဲ့တွေ ရှိနေသမျှ ကာလပတ်လုံး အသက်ဝင်နေဦးမှာဖြစ်ပါတယ်။ လက်မှတ်ရေးထိုးထားတဲ့ အစုအဖွဲ့တွေထဲမှာ တပ်မ တော်၊ လွှတ်တော်၊ အစိုးရအစုဖွဲ့တွေ၊ NCA တွေ၊ နိုင်ငံရေးပါတီ စတာတွေ ရှိကြပါတယ်။ ဒီစာချုပ်ကို ချိုးဖောက်ခဲ့သူတွေလည်း ရှိပါတယ်။ စာချုပ်ကို ချိုးဖောက်သူတွေရှိလို့ စာချုပ်ဟာ ပျက်ပြယ်သွားမှာ မဟုတ်ပါဘူး။ ဒီစာချုပ်က အသက်ဝင်နေဆဲဖြစ်ပါတယ်။ ဒီစာချုပ်ကို လိုက်နာကြဖို့ ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိပါတယ်။ ဒီစာချုပ်ရဲ့ အဓိက ဦးတည်ချက်ဖြစ်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ် နိုင်ငံ ထူထောင်ဖို့ဆိုတာ စာချုပ်လက်မှတ်ရေးထိုးထားသူတွေရဲ့ သမိုင်းပေးတာဝန်ဖြစ်ပါတယ်”ဟု ဦးအောင် မင်းက ဆိုသည်။
ထို့နောက် လာမည့်အစိုးရအတွက် ဦးအောင်မင်းက အကြံပြုချက် (၅) ချက်ကို ပြောကြားခဲ့ရာ ပထမအချက်မှာ နိုင်ငံရေးအရ အသိအမှတ်ပြုမှုဖြစ်ကြောင်းဆိုသည်။ “နံပါတ်တစ်ကတော့ Political legitimacy လို့ ခေါ်တဲ့ နိုင်ငံရေးအရ အသိအမှတ်ပြုဖို့ အရေးကြီးတယ်ဆိုတဲ့အချက်ပါပဲ။ ဆွေးနွေးဖက် တွေရဲ့ခေါင်းထဲမှာ သူတို့လိုချင်တဲ့ အကြောင်းအရာတွေကို ညှိနှိုင်းသဘောတူနိုင်တဲ့ အစုအဖွဲ့အဖြစ် အသိအမှတ်ပြုဖို့ လိုအပ်ပါတယ်။ ဒီထက်ပိုကောင်းတာကတော့ နိုင်ငံတကာကရော ပြည်သူလူထုကပါ ထောက်ခံအသိအမှတ်ပြုတဲ့ အစိုးရဖြစ်ဖို့ လိုအပ်ပါတယ်။ အနယ်နယ်အရပ်ရပ်က အသိအမှတ်ပြုမှု အားနည်းခဲ့ရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် အခက်အခဲများ ရှိနိုင်ပါတယ်” ဟု ဦးအောင်မင်းက ဆိုသည်။
နံပါတ်နှစ်ကတော့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို သဟဇာတဖြစ်မှုဖြစ်ကာ တိုက်ပွဲများရှိသည်ဆို သော်လည်း ပြည်သူလူထု လုံခြုံမှု အားနည်းသောအချိန်မျိုးတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အထောင် အထည်ဖော်ရန်ခက်ခဲကြောင်းလည်း ပြောကြားသည်။
နံပါတ်သုံးအချက်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်စုဖွဲ့မှုဖြစ်ပြီး နှစ်ဖက်စလုံးဘက်တွင် စုဖွဲ့မှု အား ကောင်းရန်လိုပြီး NCA ကြောင့် ဖြစ်လာသော စုဖွဲ့မှုများကို အနှစ်သာရအရ ပြန်လည်အသက်သွင်းရမည် ဖြစ်သကဲ့သို့ အချို့အစုအဖွဲ့များကို မွမ်းမံရမည်ဖြစ်ကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားသည်။
“နံပါတ် လေးကတော့ အပစ်အခတ်ရပ်စဲရေးကြောင့် ပဋိပက္ခစီးပွားရေးတွေ ပြန်လည် ဦးမ ထောင်လာဖို့ အရေးကြီးပါတယ်။ တိုက်ပွဲတွေရပ်လို့ ပဋိပက္ခ စီးပွားရေးတွေ အားကောင်းလာတာနဲ့ အမျှ နောက်နောင် အနာဂတ် စစ်ပွဲအတွက် မီးစာထိုးပေးသလိုဖြစ်နေပါလိမ့်မယ်။ ပဋိပက္ခစီးပွားရေးကို ဘယ် လိုပုံစံနဲ့ ဖြေရှင်းမယ်ဆိုတာလည်း အပစ်ခတ်ရပ်စဲရေးကာလမှာ အဖြေထုတ်ဖို့ လိုအပ်ပါတယ်” ဟု ဦး အောင်မင်း က ဆိုသည်။
နံပါတ်ငါးအချက်မှာ ရရှိလာသော နိုင်ငံရေးသဘောတူညီချက်များကို အချိန်တိုအတွင်း အကောင် အထည်ဖော်နိုင်ရေးဖြစ်ကာ နိုင်ငံရေးသဘောတူညီမှု ရထားသောအချက်များအနက်အချို့ အကောင်အ ထည်ဖော်နိုင်မည့်အချက်များကို မြန်ဆန်စွာ အကောင်အထည်ဖော်ရန်လိုကြောင်းလည်း ထည့်သွင်းပြော ကြားသည်။

Zawgyi Version:
အပစ္အခတ္ရပ္စဲျခင္းေၾကာင့္ ပဋိပကၡ စီးပြားေရးမ်ား ျပန္လည္ ေခါင္းမေထာင္လာရန္ အေရးႀကီးေၾကာင္း ဦးေအာင္မင္း သတိေပး
သုတေက်ာ္ (NP News)-ေအာက္တိုဘာ ၂၀
အပစ္အခတ္ရပ္စဲျခင္းေၾကာင့္ ပဋိပကၡ စီးပြားေရးမ်ား ျပန္လည္ေခါင္းမေထာင္လာရန္ အေရး ႀကီးေၾကာင္း သမၼတ႐ုံးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးအျဖစ္လည္းေကာင္း၊ ျမန္မာ့ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ားအတြင္းလည္းေကာင္း ထဲထဲဝင္ဝင္ပါဝင္ခဲ့ၿပီး NCA တြင္လည္း လက္မွတ္ေရးထိုးခဲ့သူ ဦးေအာင္မင္းက NCA ႏွစ္ပတ္လည္ အခမ္းအနားတြင္ ဂုဏ္ျပဳစကားေျပာၾကားစဥ္ ထည့္သြင္းေျပာၾကား သည္။
တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးသေဘာတူစာခ်ဳပ္ (NCA) ကို ခ်ဳပ္ဆိုစဥ္က ဒီမိုကေရ စီႏွင့္ ဖက္ဒရယ္ျပည္ေထာင္စုကို တည္ေထာင္မည့္အေျပာင္းအလဲတစ္ခု စေနၿပီျဖစ္၍ ေမွ်ာ္လင့္ခ်က္ ထားခဲ့ၾကေၾကာင္း ဦးေအာင္းမင္းက ေျပာၾကားသည္။
“ယေန႔ျဖစ္ေနတဲ့ အေျခအေနမ်ားၾကားမွာ NCA ဟာ အေရးပါေသးလား၊ အသက္ဝင္ေသးလား ဆိုၿပီးေတာ့ ေမးလာၾကတာ ရွိပါတယ္။ ဒီစာခ်ဳပ္ကို လက္မွတ္ေရးထိုးထားတဲ့ အစုအဖြဲ႕ေတြ ရွိေနသမွ် ကာလပတ္လုံး အသက္ဝင္ေနဦးမွာျဖစ္ပါတယ္။ လက္မွတ္ေရးထိုးထားတဲ့ အစုအဖြဲ႕ေတြထဲမွာ တပ္မ ေတာ္၊ လႊတ္ေတာ္၊ အစိုးရအစုဖြဲ႕ေတြ၊ NCA ေတြ၊ ႏိုင္ငံေရးပါတီ စတာေတြ ရွိၾကပါတယ္။ ဒီစာခ်ဳပ္ကို ခ်ိဳးေဖာက္ခဲ့သူေတြလည္း ရွိပါတယ္။ စာခ်ဳပ္ကို ခ်ိဳးေဖာက္သူေတြရွိလို႔ စာခ်ဳပ္ဟာ ပ်က္ျပယ္သြားမွာ မဟုတ္ပါဘူး။ ဒီစာခ်ဳပ္က အသက္ဝင္ေနဆဲျဖစ္ပါတယ္။ ဒီစာခ်ဳပ္ကို လိုက္နာၾကဖို႔ ကြၽန္ေတာ္တို႔ အားလုံးမွာ တာဝန္ရွိပါတယ္။ ဒီစာခ်ဳပ္ရဲ႕ အဓိက ဦးတည္ခ်က္ျဖစ္တဲ့ ဒီမိုကေရစီနဲ႔ ဖက္ဒရယ္ ႏိုင္ငံ ထူေထာင္ဖို႔ဆိုတာ စာခ်ဳပ္လက္မွတ္ေရးထိုးထားသူေတြရဲ႕ သမိုင္းေပးတာဝန္ျဖစ္ပါတယ္”ဟု ဦးေအာင္ မင္းက ဆိုသည္။
ထို႔ေနာက္ လာမည့္အစိုးရအတြက္ ဦးေအာင္မင္းက အႀကံျပဳခ်က္ (၅) ခ်က္ကို ေျပာၾကားခဲ့ရာ ပထမအခ်က္မွာ ႏိုင္ငံေရးအရ အသိအမွတ္ျပဳမႈျဖစ္ေၾကာင္းဆိုသည္။ “နံပါတ္တစ္ကေတာ့ Political legitimacy လို႔ ေခၚတဲ့ ႏိုင္ငံေရးအရ အသိအမွတ္ျပဳဖို႔ အေရးႀကီးတယ္ဆိုတဲ့အခ်က္ပါပဲ။ ေဆြးေႏြးဖက္ ေတြရဲ႕ေခါင္းထဲမွာ သူတို႔လိုခ်င္တဲ့ အေၾကာင္းအရာေတြကို ညႇိႏႈိင္းသေဘာတူႏိုင္တဲ့ အစုအဖြဲ႕အျဖစ္ အသိအမွတ္ျပဳဖို႔ လိုအပ္ပါတယ္။ ဒီထက္ပိုေကာင္းတာကေတာ့ ႏိုင္ငံတကာကေရာ ျပည္သူလူထုကပါ ေထာက္ခံအသိအမွတ္ျပဳတဲ့ အစိုးရျဖစ္ဖို႔ လိုအပ္ပါတယ္။ အနယ္နယ္အရပ္ရပ္က အသိအမွတ္ျပဳမႈ အားနည္းခဲ့ရင္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြအတြက္ အခက္အခဲမ်ား ရွိႏိုင္ပါတယ္” ဟု ဦးေအာင္မင္းက ဆိုသည္။
နံပါတ္ႏွစ္ကေတာ့ ၿငိမ္းခ်မ္းေရးနဲ႔ လုံၿခဳံေရးကို သဟဇာတျဖစ္မႈျဖစ္ကာ တိုက္ပြဲမ်ားရွိသည္ဆို ေသာ္လည္း ျပည္သူလူထု လုံၿခဳံမႈ အားနည္းေသာအခ်ိန္မ်ိဳးတြင္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ကို အေထာင္ အထည္ေဖာ္ရန္ခက္ခဲေၾကာင္းလည္း ေျပာၾကားသည္။
နံပါတ္သုံးအခ်က္မွာ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္စုဖြဲ႕မႈျဖစ္ၿပီး ႏွစ္ဖက္စလုံးဘက္တြင္ စုဖြဲ႕မႈ အား ေကာင္းရန္လိုၿပီး NCA ေၾကာင့္ ျဖစ္လာေသာ စုဖြဲ႕မႈမ်ားကို အႏွစ္သာရအရ ျပန္လည္အသက္သြင္းရမည္ ျဖစ္သကဲ့သို႔ အခ်ိဳ႕အစုအဖြဲ႕မ်ားကို မြမ္းမံရမည္ျဖစ္ေၾကာင္းလည္း ၎က ထည့္သြင္းေျပာၾကားသည္။
“နံပါတ္ ေလးကေတာ့ အပစ္အခတ္ရပ္စဲေရးေၾကာင့္ ပဋိပကၡစီးပြားေရးေတြ ျပန္လည္ ဦးမ ေထာင္လာဖို႔ အေရးႀကီးပါတယ္။ တိုက္ပြဲေတြရပ္လို႔ ပဋိပကၡ စီးပြားေရးေတြ အားေကာင္းလာတာနဲ႔ အမွ် ေနာက္ေနာင္ အနာဂတ္ စစ္ပြဲအတြက္ မီးစာထိုးေပးသလိုျဖစ္ေနပါလိမ့္မယ္။ ပဋိပကၡစီးပြားေရးကို ဘယ္ လိုပုံစံနဲ႔ ေျဖရွင္းမယ္ဆိုတာလည္း အပစ္ခတ္ရပ္စဲေရးကာလမွာ အေျဖထုတ္ဖို႔ လိုအပ္ပါတယ္” ဟု ဦး ေအာင္မင္း က ဆိုသည္။
နံပါတ္ငါးအခ်က္မွာ ရရွိလာေသာ ႏိုင္ငံေရးသေဘာတူညီခ်က္မ်ားကို အခ်ိန္တိုအတြင္း အေကာင္ အထည္ေဖာ္ႏိုင္ေရးျဖစ္ကာ ႏိုင္ငံေရးသေဘာတူညီမႈ ရထားေသာအခ်က္မ်ားအနက္အခ်ိဳ႕ အေကာင္အ ထည္ေဖာ္ႏိုင္မည့္အခ်က္မ်ားကို ျမန္ဆန္စြာ အေကာင္အထည္ေဖာ္ရန္လိုေၾကာင္းလည္း ထည့္သြင္းေျပာ ၾကားသည္။

Related news

© 2021. All rights reserved.