အလုပ်သမားများအား အပိုထောက်ပံ့ကြေးပေးမှုအပေါ် လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိကို ကွင်းဆင်း စစ်ဆေးမည်

 201

Pearl (NP News) - အောက်တိုဘာ ၂၀

အလုပ်သမားများအား အပိုထောက်ပံ့ကြေးပေးမှုအပေါ် လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိကို ကွင်းဆင်း စစ်ဆေးမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

နိုင်ငံတော်အစိုးရသည် နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် အပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် တစ်လ ကျပ် ၃၀,၀၀၀/- ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစတင်၍ ပထမအကြိမ်၊ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှစတင်၍ ဒုတိယအကြိမ်၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလမှ ၁ ရက်နေ့မှစတင်၍ ကျပ် ၃၀,၀၀၀/- ကို အပို ထောက်ပံ့ကြေးအဖြစ် လစဉ်ခံစားခွင့်ပြုရန် တတိယအကြိမ်ကြေညာခဲ့သည့်အပြင် ပုဂ္ဂလိကကဏ္ဍရှိ အလုပ်သမားများအတွက် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစား ခွဲခြားခြင်းမရှိဘဲ လက်ရှိထောက်ပံ့ လျက်ရှိသည့် အပိုထောက်ပံ့ကြေးကျပ် ၂,၀၀၀/- ၌ ကျပ် ၁,၀၀၀ ကို ထပ်ဆောင်း၍ အလုပ်လုပ် သောရက်များနှင့် ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့်အလုပ်ပိတ်ရက်အက်ဥပဒေအရ ခံစားခွင့်ပြုရန် ထုတ်ပြန် ကြေညာခဲ့သည်။

နိုင်ငံတော်အစိုးရအနေဖြင့် အလုပ်သမားများ၏ စားဝတ်နေရေးကို အထောက်အကူပြုရန် ရည်ရွယ်၍ အပိုထောက်ပံ့ကြေးကို ခံစားခွင့်ပြုခြင်းဖြစ်ရာ စက်ရုံ၊ အလုပ်ရုံများနှင့် လုပ်ငန်းများ အားလုံးမှ စနစ်တကျ လိုက်နာဆောင်ရွက်စေရေးအတွက် အလုပ်သမားဝန်ကြီးဌာန၏ စစ်ဆေးရေး အရာရှိများက ကွင်းဆင်းစစ်ဆေး၍ ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

အလုပ်သမားများအနေဖြင့်လည်း အပိုထောက်ပံ့ကြေး မရရှိခြင်းဖြစ်ပေါ်ပါက နီးစပ်ရာ အလုပ်သမားဌာနများသို့ အချိန်နှင့်တစ်ပြေးညီ တိုင်ကြားနိုင်ပြီး အလုပ်ရှင်၊ အလုပ်သမား များအားလုံး ပူးပေါင်းဆောင်ရွက်မှသာ တည်ငြိမ်အေးချမ်းသည့် လုပ်ငန်းခွင်များဖြစ်ပေါ်ပြီး အလုပ် အကိုင်အခွင့်အလမ်းများ တိုးတက်ခြင်းနှင့် ကုန်ထုတ်လုပ်မှုတိုးတက်ခြင်းတို့ကို ခံစားနိုင်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Zawgyi Version:
အလုပ္သမားမ်ားအား အပိုေထာက္ပံ့ေၾကးေပးမႈအေပၚ လိုက္နာေဆာင္႐ြက္ျခင္း ရွိ၊ မရွိကို ကြင္းဆင္း စစ္ေဆးမည္
Pearl (NP News) - ေအာက္တိုဘာ ၂၀

အလုပ္သမားမ်ားအား အပိုေထာက္ပံ့ေၾကးေပးမႈအေပၚ လိုက္နာေဆာင္႐ြက္ျခင္း ရွိ၊ မရွိကို ကြင္းဆင္း စစ္ေဆးမည္ျဖစ္ေၾကာင္း အလုပ္သမားဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။

ႏိုင္ငံေတာ္အစိုးရသည္ ႏိုင္ငံ့ဝန္ထမ္းမ်ားႏွင့္ အၿငိမ္းစားဝန္ထမ္းမ်ားအတြက္ အပိုေထာက္ပံ့ေၾကးအျဖစ္ တစ္ဦးလွ်င္ တစ္လ က်ပ္ ၃၀,၀၀၀/- ကို ၂၀၂၃ ခုႏွစ္၊ ေအာက္တိုဘာလမွစတင္၍ ပထမအႀကိမ္၊ ၂၀၂၄ ခုႏွစ္၊ ဩဂုတ္လမွစတင္၍ ဒုတိယအႀကိမ္၊ ၂၀၂၅ ခုႏွစ္၊ ေအာက္တိုဘာလမွ ၁ ရက္ေန႔မွစတင္၍ က်ပ္ ၃၀,၀၀၀/- ကို အပို ေထာက္ပံ့ေၾကးအျဖစ္ လစဥ္ခံစားခြင့္ျပဳရန္ တတိယအႀကိမ္ေၾကညာခဲ့သည့္အျပင္ ပုဂၢလိကက႑ရွိ အလုပ္သမားမ်ားအတြက္ ေနရာေဒသႏွင့္ လုပ္ငန္းအမ်ိဳးအစား ခြဲျခားျခင္းမရွိဘဲ လက္ရွိေထာက္ပံ့ လ်က္ရွိသည့္ အပိုေထာက္ပံ့ေၾကးက်ပ္ ၂,၀၀၀/- ၌ က်ပ္ ၁,၀၀၀ ကို ထပ္ေဆာင္း၍ အလုပ္လုပ္ ေသာရက္မ်ားႏွင့္ ၁၉၅၁ ခုႏွစ္၊ ခြင့္ရက္ႏွင့္အလုပ္ပိတ္ရက္အက္ဥပေဒအရ ခံစားခြင့္ျပဳရန္ ထုတ္ျပန္ ေၾကညာခဲ့သည္။

ႏိုင္ငံေတာ္အစိုးရအေနျဖင့္ အလုပ္သမားမ်ား၏ စားဝတ္ေနေရးကို အေထာက္အကူျပဳရန္ ရည္႐ြယ္၍ အပိုေထာက္ပံ့ေၾကးကို ခံစားခြင့္ျပဳျခင္းျဖစ္ရာ စက္႐ုံ၊ အလုပ္႐ုံမ်ားႏွင့္ လုပ္ငန္းမ်ား အားလုံးမွ စနစ္တက် လိုက္နာေဆာင္႐ြက္ေစေရးအတြက္ အလုပ္သမားဝန္ႀကီးဌာန၏ စစ္ေဆးေရး အရာရွိမ်ားက ကြင္းဆင္းစစ္ေဆး၍ ၾကပ္မတ္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းလည္း ထုတ္ျပန္ထားသည္။

အလုပ္သမားမ်ားအေနျဖင့္လည္း အပိုေထာက္ပံ့ေၾကး မရရွိျခင္းျဖစ္ေပၚပါက နီးစပ္ရာ အလုပ္သမားဌာနမ်ားသို႔ အခ်ိန္ႏွင့္တစ္ေျပးညီ တိုင္ၾကားႏိုင္ၿပီး အလုပ္ရွင္၊ အလုပ္သမား မ်ားအားလုံး ပူးေပါင္းေဆာင္႐ြက္မွသာ တည္ၿငိမ္ေအးခ်မ္းသည့္ လုပ္ငန္းခြင္မ်ားျဖစ္ေပၚၿပီး အလုပ္ အကိုင္အခြင့္အလမ္းမ်ား တိုးတက္ျခင္းႏွင့္ ကုန္ထုတ္လုပ္မႈတိုးတက္ျခင္းတို႔ကို ခံစားႏိုင္မည္ျဖစ္ေၾကာင္းလည္း ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.