Gucci က အကြွေးတွေ ဆပ်ဖို့ L'Oreal brand ကို ယူရို ၄ ဘီလီယံနဲ့ ရောင်းချ

181

ရောင်နီ (NP News) - အောက်တိုဘာ ၂၁
ကမ္ဘာကျော် ဇိမ်ခံဖက်ရှင် brand "Gucci" ပိုင်ရှင် ကဲရင်းက မြင့်မားလာနေတဲ့ကြွေးမြီတွေကို ကိုင်တွယ် ဖြေရှင်းဖို့ အလှကုန် brand "L'Oreal" ကို ယူရို ၄ ဘီလီယံနဲ့ရောင်းချဖို့ သဘောတူညီခဲ့တယ်လို့ အမှုဆောင်ချုပ် အသစ် လူကာဒီမီအိုက အောက်တိုဘာ ၁၉ ရက်မှာ ပြောကြားခဲ့ပါတယ်။
ရောင်းချမှုသဘောတူညီချက်အရ L'Oreal ကို ကဲရင်းရဲ့ ရေမွှေး brand Creed နဲ့ ကဲရင်းရဲ့ဖက်ရှင် brand Gucci၊ Bottega Veneta, Balenciaga တို့ လက်အောက် ထုတ်လုပ်ခွင့် အနှစ် ၅၀ ရရှိမယ်လို့ သိရပါတယ်။ ရောင်းချမှုဟာ ယူရို ၉.၅ ဘီလီယံ အထိရှိနေတဲ့ ကဲရင်းရဲ့ အသားတင်ကြွေးမြီကို လျှော့ချနိုင်ဖို့ အဓိကခြေလှမ်း ဖြစ်တယ်လို့ သိရပါတယ်။ ကုမ္ပဏီအနေနဲ့ အဓိကဈေးကွက်တစ်ခုဖြစ်တဲ့ တရုတ်ဈေးကွက်မှာ ဝယ်လိုအား နှေးကွေးနေခြင်းကြောင့် Gucci ဖက်ရှင် အရောင်းပိုင်း ကျဆင်းနေကာ အရောင်းတိုးတက်ဖို့အတွက် ရုန်းကန်နေရ ပါတယ်။ ကဲရင်းဟာ အမြတ်အစွန်းအတွက် Gucci ကို အားထားရမှုလျှော့ချဖို့ ရေမွှေး brand "Creed" ကို ယူရို ၃.၅ ဘီလီယံနဲ့ ၂၀၂၃ ခုနှစ်က ဝယ်ယူခဲ့ပေမယ့် ယခုနှစ် ပထမနှစ်ဝက်မှာပဲ ယူရိုသန်း ၆၀ အရှုံးပေါ်နေတာကြောင့် လုပ်ငန်းကိုမြှင့်တင်ဖို့ ရုန်းကန်နေရတယ်လို့ သိရပါတယ်။
Gucci ရဲ့၀င်ငွေဟာလည်း တစ်နှစ်ထက်တစ်နှစ်၂၅ ရာခိုင်နှုန်း ကျဆင်းနေတာကြောင့် စက်တင်ဘာလက CEO အဖြစ် စတာဝန်ယူခဲ့တဲ့ မားဒီမီအိုက လိုအပ်တဲ့နေရာမှာ ကျိုးကြောင်းဆီလျော်မှုရှိအောင် ပြန်လည် ဖွဲ့စည်းခြင်း အပါအဝင် အကြွေးတွေလျှော့ချဖို့ ခက်ခဲတဲ့ဆုံးဖြတ်ချက်အချို့ ချမှတ်ဖို့ စီစဉ်ထားတယ်လို့ အစုရှယ်ယာရှင်တွေကို ပြောကြားခဲ့ပါတယ်။

Zawgyi Version:
Gucci က အေႂကြးေတြ ဆပ္ဖို႔ L'Oreal brand ကို ယူ႐ို ၄ ဘီလီယံနဲ႔ ေရာင္းခ်
ေရာင္နီ (NP News) - ေအာက္တိုဘာ ၂၁
ကမာၻေက်ာ္ ဇိမ္ခံဖက္ရွင္ brand "Gucci" ပိုင္ရွင္ ကဲရင္းက ျမင့္မားလာေနတဲ့ေႂကြးၿမီေတြကို ကိုင္တြယ္ ေျဖရွင္းဖို႔ အလွကုန္ brand "L'Oreal" ကို ယူ႐ို ၄ ဘီလီယံနဲ႔ေရာင္းခ်ဖို႔ သေဘာတူညီခဲ့တယ္လို႔ အမႈေဆာင္ခ်ဳပ္ အသစ္ လူကာဒီမီအိုက ေအာက္တိုဘာ ၁၉ ရက္မွာ ေျပာၾကားခဲ့ပါတယ္။
ေရာင္းခ်မႈသေဘာတူညီခ်က္အရ L'Oreal ကို ကဲရင္းရဲ႕ ေရေမႊး brand Creed နဲ႔ ကဲရင္းရဲ႕ဖက္ရွင္ brand Gucci၊ Bottega Veneta, Balenciaga တို႔ လက္ေအာက္ ထုတ္လုပ္ခြင့္ အႏွစ္ ၅၀ ရရွိမယ္လို႔ သိရပါတယ္။ ေရာင္းခ်မႈဟာ ယူ႐ို ၉.၅ ဘီလီယံ အထိရွိေနတဲ့ ကဲရင္းရဲ႕ အသားတင္ေႂကြးၿမီကို ေလွ်ာ့ခ်ႏိုင္ဖို႔ အဓိကေျခလွမ္း ျဖစ္တယ္လို႔ သိရပါတယ္။ ကုမၸဏီအေနနဲ႔ အဓိကေဈးကြက္တစ္ခုျဖစ္တဲ့ တ႐ုတ္ေဈးကြက္မွာ ဝယ္လိုအား ေႏွးေကြးေနျခင္းေၾကာင့္ Gucci ဖက္ရွင္ အေရာင္းပိုင္း က်ဆင္းေနကာ အေရာင္းတိုးတက္ဖို႔အတြက္ ႐ုန္းကန္ေနရ ပါတယ္။ ကဲရင္းဟာ အျမတ္အစြန္းအတြက္ Gucci ကို အားထားရမႈေလွ်ာ့ခ်ဖို႔ ေရေမႊး brand "Creed" ကို ယူ႐ို ၃.၅ ဘီလီယံနဲ႔ ၂၀၂၃ ခုႏွစ္က ဝယ္ယူခဲ့ေပမယ့္ ယခုႏွစ္ ပထမႏွစ္ဝက္မွာပဲ ယူ႐ိုသန္း ၆၀ အရႈံးေပၚေနတာေၾကာင့္ လုပ္ငန္းကိုျမႇင့္တင္ဖို႔ ႐ုန္းကန္ေနရတယ္လို႔ သိရပါတယ္။
Gucci ရဲ႕၀င္ေငြဟာလည္း တစ္ႏွစ္ထက္တစ္ႏွစ္၂၅ ရာခိုင္ႏႈန္း က်ဆင္းေနတာေၾကာင့္ စက္တင္ဘာလက CEO အျဖစ္ စတာဝန္ယူခဲ့တဲ့ မားဒီမီအိုက လိုအပ္တဲ့ေနရာမွာ က်ိဳးေၾကာင္းဆီေလ်ာ္မႈရွိေအာင္ ျပန္လည္ ဖြဲ႕စည္းျခင္း အပါအဝင္ အေႂကြးေတြေလွ်ာ့ခ်ဖို႔ ခက္ခဲတဲ့ဆုံးျဖတ္ခ်က္အခ်ိဳ႕ ခ်မွတ္ဖို႔ စီစဥ္ထားတယ္လို႔ အစုရွယ္ယာရွင္ေတြကို ေျပာၾကားခဲ့ပါတယ္။