အမှတ်(၂၄)အကြီးစားစက်ရုံ(ဒဂုံ)ပိုင် LED မီးသီးအလုပ်ရုံကို ပုဂ္ဂလိကသို့ နှစ်တို ငှားရမ်းဆောင်ရွက်ရန် တင်ဒါခေါ်ယူ

 292

ပုံစာ။ ။ နိုင်ငံတကာရှိ မီးသီးအလုပ်ရုံတစ်ခုကိုတွေ့ရစဉ်
‌စော(NP News)-အောက်တိုဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ (၁၂)ရပ်ကွက်၊ ပါရမီလမ်း၊ အမှတ် (၃၄)တွင် တည်ရှိသော အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၂၄) အကြီးစား စက်ရုံ(ဒဂုံ) ကြီးကြပ်မှုအောက်ရှိ LED မီးသီး အလုပ်ရုံရှိ မြေဧရိယာ ၁ဒသမ၃၁၆ ဧက နှင့် အဆောက်အအုံ(၁၀)လုံးအား LED မီးသီး၊ လျှပ်စစ်နှင့် အီလက်ထရောနစ်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းဆောင်ရွက်ရန်အပါအဝင် ယင်းလုပ်ငန်းနှင့် ဆက်စပ်သော ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရန် နှစ်တို (၅)နှစ် ငှားရမ်း နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်စာတွင်ကြေညာထားသည်။
ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသော ပြည်တွင်း၊ပြည်ပ ကုမ္ပဏီများအနေဖြင့် တင်ဒါတင်သွင်းလွှာကို စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှု လုပ်ငန်း၊ စီမံရေးဌာန၊ ရုံးအမှတ် (၄၁)၊ နေပြည်တော်သို့ နိုဝင်ဘာ ၃ရက်၊ ညနေ (၃)နာရီအချိန်အထိ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အဆိုပြုလွှာပုံစံနှင့် အခြားသက်ဆိုင်ရာ စာရွက်စာတမ်းများကို လုပ်ငန်း ဆောင်ရွက်ရန် စိတ်ဝင်စားကြောင်း ဖော်ပြသည့် တင်ပြစာ၊ ကုမ္ပဏီဆိုင်ရာ အထောက်အထားများနှင့် သက်တမ်းရှိကုမ္ပဏီမှတ်ပုံတင် တင်ပြ၍ အထက်ပါ လိပ်စာတွင် အောက်တိုဘာ ၂၁ရက်မှစ၍ လာရောက်ဝယ်ယူနိုင်ကြောင်း ထုတ်ပြန်ထားသည်။
စက်မှု ဝန်ကြီးဌာန ဝက်ဆိုဒ်ဖြစ်သော www.industry.gov.mmတွင်လည်း တင်ဒါကြော်ငြာ
ထည့်သွင်းမည် ဖြစ်ပြီး ဆက်သွယ်မေးမြန်းလိုပါက ဖုန်းနံပါတ် ဝ၆၇-၄၀၈၆၇၅၊ ၀၆၇-၄၀၈၆၇၆တို့ကို မေးမြန်းနိုင်ကြောင်း ဖော်ပြထားသည်။

Zawgyi Version:
အမွတ္(၂၄)အႀကီးစားစက္႐ုံ(ဒဂုံ)ပိုင္ LED မီးသီးအလုပ္႐ုံကို ပုဂၢလိကသို႔ ႏွစ္တို ငွားရမ္းေဆာင္႐ြက္ရန္ တင္ဒါေခၚယူ
ပုံစာ။ ။ ႏိုင္ငံတကာရွိ မီးသီးအလုပ္႐ုံတစ္ခုကိုေတြ႕ရစဥ္
‌ေစာ(NP News)-ေအာက္တိုဘာ ၂၁
ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္ၿမိဳ႕နယ္၊ (၁၂)ရပ္ကြက္၊ ပါရမီလမ္း၊ အမွတ္ (၃၄)တြင္ တည္ရွိေသာ အမွတ္(၂)အႀကီးစားစက္မႈလုပ္ငန္း၊ အမွတ္(၂၄) အႀကီးစား စက္႐ုံ(ဒဂုံ) ႀကီးၾကပ္မႈေအာက္ရွိ LED မီးသီး အလုပ္႐ုံရွိ ေျမဧရိယာ ၁ဒသမ၃၁၆ ဧက ႏွင့္ အေဆာက္အအုံ(၁၀)လုံးအား LED မီးသီး၊ လွ်ပ္စစ္ႏွင့္ အီလက္ထေရာနစ္ပစၥည္း ထုတ္လုပ္မႈလုပ္ငန္းေဆာင္႐ြက္ရန္အပါအဝင္ ယင္းလုပ္ငန္းႏွင့္ ဆက္စပ္ေသာ ဝန္ေဆာင္မႈလုပ္ငန္းမ်ား ေဆာင္႐ြက္ရန္ ႏွစ္တို (၅)ႏွစ္ ငွားရမ္း ႏိုင္ေရး ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ႏိုင္ငံပိုင္သတင္စာတြင္ေၾကညာထားသည္။
ထို႔ေၾကာင့္ ရင္းႏွီးျမႇဳပ္ႏွံမႈေဆာင္႐ြက္လိုေသာ ျပည္တြင္း၊ျပည္ပ ကုမၸဏီမ်ားအေနျဖင့္ တင္ဒါတင္သြင္းလႊာကို စက္မႈဝန္ႀကီးဌာန၊ အမွတ္(၂)အႀကီးစားစက္မႈ လုပ္ငန္း၊ စီမံေရးဌာန၊ ႐ုံးအမွတ္ (၄၁)၊ ေနျပည္ေတာ္သို႔ ႏိုဝင္ဘာ ၃ရက္၊ ညေန (၃)နာရီအခ်ိန္အထိ ေပးပို႔ရမည္ျဖစ္ေၾကာင္း သိရသည္။ ထို႔ျပင္ အဆိုျပဳလႊာပုံစံႏွင့္ အျခားသက္ဆိုင္ရာ စာ႐ြက္စာတမ္းမ်ားကို လုပ္ငန္း ေဆာင္႐ြက္ရန္ စိတ္ဝင္စားေၾကာင္း ေဖာ္ျပသည့္ တင္ျပစာ၊ ကုမၸဏီဆိုင္ရာ အေထာက္အထားမ်ားႏွင့္ သက္တမ္းရွိကုမၸဏီမွတ္ပုံတင္ တင္ျပ၍ အထက္ပါ လိပ္စာတြင္ ေအာက္တိုဘာ ၂၁ရက္မွစ၍ လာေရာက္ဝယ္ယူႏိုင္ေၾကာင္း ထုတ္ျပန္ထားသည္။
စက္မႈ ဝန္ႀကီးဌာန ဝက္ဆိုဒ္ျဖစ္ေသာ www.industry.gov.mmတြင္လည္း တင္ဒါေၾကာ္ျငာ
ထည့္သြင္းမည္ ျဖစ္ၿပီး ဆက္သြယ္ေမးျမန္းလိုပါက ဖုန္းနံပါတ္ ဝ၆၇-၄၀၈၆၇၅၊ ၀၆၇-၄၀၈၆၇၆တို႔ကို ေမးျမန္းႏိုင္ေၾကာင္း ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.