ဓာတ်တိုင်တွင် ကြိုးချည်ခံရသော အမျိုးသမီး နှင့် ကလေးငယ်ကို အကူအညီပေးရန် ရှာဖွေနေ

 3926

စော(NP News)- အောက်တိုဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် သူခိုးဟု ဆိုကာ ဓာတ်တိုင်တွင် ကြိုးချည်ခံရသော အမျိုးသမီး နှင့် ကလေးငယ်ကို အကူအညီပေးရန် အတွက် ရှာဖွေမှုများ ပြုလုပ်နေကြောင်း ကူညီရှာဖွေနေသော ပရဟိတ အဖွဲ့ဝင်တစ်ဦးက NP News ကို ပြောသည်။
ပစ္စည်းခိုးရန် ကလေးပါလာသော အမျိုးသမီး က ကြိုးစားသည့် အတွက် ဖမ်းဆီးထားသော ရုပ်သံဖိုင်တစ်ခု အင်တာနက် လူမှုကွန်ယက်စာမျက်နှာများထက်တွင် ပျံနှံ့လာပြီးနောက် လူမှုကူညီရေးအဖွဲ့များမှ အကူအညီပေးရန် ကြိုးစားရှာဖွေနေ ကြောင်း သိရသည်။
အဆိုပါရုပ်သံတွင် ဆိုင်ရှင်ဖြစ်သူ က အမျိုးသမီးကို ဆံပင်ဆွဲပြီး ရိုက်နှက်ခဲ့သည့်အပြင် အမျိုးသမီးနှင့်ကလေးငယ်ကို ဆိုင်အတွင်းမှာ ဆွဲထုတ်ပြီး နေပူထဲရှိ ဓာတ်တိုင်၌ ကြိုးချည်ခဲ့ကာ ကလေးငယ်အား ရေနွေးပူဖြင့်ခေါင်းမှ လောင်းချမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည်။
ယင်း ဖြစ်စဉ်တွင် ကလေးငယ်ကိုပါ ခြိမ်းခြောက်သော လုပ်ရပ်အတွက် ဝေဖန်မှုများမြင့်တက်နေပြီး လူမှုကူညီရေးအသင်းများကလည်း ကလေးငယ်အား ကူညီပေးရန် ကြိုးစား ရှာဖွေနေကြကြောင်း သိရသည်။
“ရှာနေတုန်း မတွေ့သေးဘူး။ အထည်ဆိုင်အမျိုးသမီးကို ဖမ်းသွားတယ်လို့ကြားတယ်။ ကျန်တာကတော့ လိုက်ရှာနေတုန်း။ လှိုင်သာယာထဲကပဲလို့ကြားတယ်။ တွေ့လို့ စောင့်ရှောက်မယ့်မိသားစုမရှိရင်တော့ စောင့်ရှောက်ပေးမှာ”ဟု ကလေးငယ်ကို ရှာဖွေနေသည့်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP Newsကိုပြောသည်။
ထို့ပြင် ❝နစ်နာသူ လူမမယ် ကလေးငယ်ဘက်မှ ဥပဒေ အကာအကွယ်အပြည့်ရရှိစေရန် ခိုင်နှင်းဝေ ဖောင်ဒေးရှင်းမှ ထိထိရောက်ရောက် ကူညီဆောင်ရွက်ပေးသွားဖြစ်ပါမယ်ရှင်❞ဟု ခိုင်နှင်းဝေ ဖောင်ဒေးရှင်းက လူမှုကွန်ရက်တွင်လည်း ရေးသားဖော်ပြထားသေးသည်။
အဆိုပါ လှိုင်သာယာ၊ ဗိုလ်ချုပ်လမ်းရှိ "တွယ်တာသူ အထည်နှင့်စတိုးဆိုင်" ပိုင်ရှင် ကျူးလွန်သူ အမျိုးသမီးကို စုံစမ်းစစ်ဆေးမေးမြန်းရန် ရဲစခန်းသို့ခေါ်ဆောင်သွားပြီဖြစ်ကြောင်း ထွက်ပေါ်နေသောသတင်းများအရ သိရသည်။

Zawgyi Version:
ဓာတ္တိုင္တြင္ ႀကိဳခ်ည္ခံရေသာ အမ်ိဳးသမီး ႏွင့္ ကေလးငယ္ကို အကူအညီေပးရန္ ရွာေဖြေန
ေစာ(NP News)- ေအာက္တိုဘာ ၂၁
ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္သာယာၿမိဳ႕နယ္တြင္ သူခိုးဟု ဆိုကာ ဓာတ္တိုင္တြင္ ႀကိဳခ်ည္ခံရေသာ အမ်ိဳးသမီး ႏွင့္ ကေလးငယ္ကို အကူအညီေပးရန္ အတြက္ ရွာေဖြမႈမ်ား ျပဳလုပ္ေနေၾကာင္း ကူညီရွာေဖြေနေသာ ပရဟိတ အဖြဲ႕ဝင္တစ္ဦးက NP News ကို ေျပာသည္။
ပစၥည္းခိုးရန္ ကေလးပါလာေသာ အမ်ိဳးသမီး က ႀကိဳးစားသည့္ အတြက္ ဖမ္းဆီးထားေသာ ႐ုပ္သံဖိုင္တစ္ခု အင္တာနက္ လူမႈကြန္ယက္စာမ်က္ႏွာမ်ားထက္တြင္ ပ်ံႏွံ႔လာၿပီးေနာက္ လူမႈကူညီေရးအဖြဲ႕မ်ားမွ အကူအညီေပးရန္ ႀကိဳးစားရွာေဖြေန ေၾကာင္း သိရသည္။
အဆိုပါ႐ုပ္သံတြင္ ဆိုင္ရွင္ျဖစ္သူ က အမ်ိဳးသမီးကို ဆံပင္ဆြဲၿပီး ႐ိုက္ႏွက္ခဲ့သည့္အျပင္ အမ်ိဳးသမီးႏွင့္ကေလးငယ္ကို ဆိုင္အတြင္းမွာ ဆြဲထုတ္ၿပီး ေနပူထဲရွိ ဓာတ္တိုင္၌ ႀကိဳးခ်ည္ခဲ့ကာ ကေလးငယ္အား ေရေႏြးပူျဖင့္ေခါင္းမွ ေလာင္းခ်မည္ဟု ၿခိမ္းေျခာက္ေျပာဆိုခဲ့သည္။
ယင္း ျဖစ္စဥ္တြင္ ကေလးငယ္ကိုပါ ၿခိမ္းေျခာက္ေသာ လုပ္ရပ္အတြက္ ေဝဖန္မႈမ်ားျမင့္တက္ေနၿပီး လူမႈကူညီေရးအသင္းမ်ားကလည္း ကေလးငယ္အား ကူညီေပးရန္ ႀကိဳးစား ရွာေဖြေနၾကေၾကာင္း သိရသည္။
“ရွာေနတုန္း မေတြ႕ေသးဘူး။ အထည္ဆိုင္အမ်ိဳးသမီးကို ဖမ္းသြားတယ္လို႔ၾကားတယ္။ က်န္တာကေတာ့ လိုက္ရွာေနတုန္း။ လႈိင္သာယာထဲကပဲလို႔ၾကားတယ္။ ေတြ႕လို႔ ေစာင့္ေရွာက္မယ့္မိသားစုမရွိရင္ေတာ့ ေစာင့္ေရွာက္ေပးမွာ”ဟု ကေလးငယ္ကို ရွာေဖြေနသည့္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP Newsကိုေျပာသည္။
ထို႔ျပင္ ❝နစ္နာသူ လူမမယ္ ကေလးငယ္ဘက္မွ ဥပေဒ အကာအကြယ္အျပည့္ရရွိေစရန္ ခိုင္ႏွင္းေဝ ေဖာင္ေဒးရွင္းမွ ထိထိေရာက္ေရာက္ ကူညီေဆာင္႐ြက္ေပးသြားျဖစ္ပါမယ္ရွင္❞ဟု ခိုင္ႏွင္းေဝ ေဖာင္ေဒးရွင္းက လူမႈကြန္ရက္တြင္လည္း ေရးသားေဖာ္ျပထားေသးသည္။
အဆိုပါအထည္ဆိုင္ပိုင္ရွင္ အမ်ိဳးသမီးကို စုံစမ္းစစ္ေဆးေမးျမန္းရန္ ရဲစခန္းသို႔ေခၚေဆာင္သြားၿပီျဖစ္ေၾကာင္း ထြက္ေပၚေနေသာသတင္းမ်ားအရ သိရသည္။

Related news

© 2021. All rights reserved.