တစ်ပတ်အတွင်း မြန်မာ့စီးပွားရေးစျေးကွက် သုံးသပ်ချက်

 309

ပြည့်ဖြိုး (NP News)-အောက်တိုဘာ ၂၁
မြန်မာ့စီးပွားရေးဈေးကွက်အတွင်း အလှုပ်ခတ်ဆုံးကုန်စည်မှာ ရွှေဈေးကွက်ဖြစ်ပြီး လက်ရှိအ ချိန်အထိ တစ်လကျော်နီးပါး ရွှေဈေးများ ဆက်တိုက် မြင့်တက်နေခြင်းဖြစ်သည်။ ကမ္ဘာ့ရွှေဈေးမှာလည်း နှစ်ပေါင်းသုံးဆယ်ကျော်ကာလအတွင်း အမြင့်ဆုံးစံချိန်တင်ဈေးများဖြစ်ပေါ်နေရာ ပြည်တွင်းရွှေဈေးမှာ လည်း ဆက်လက်လိုက်ပါမြင့်တက်နေကြောင်းသိရ သည်။ အောက်တိုဘာလ (၁၄)ရက်ဈေးကွက်ဖွင့်ချိန် တွင် ရွှေတစ်အောင်စလျှင် (၄၁၇၀) ‌ဒေါ်လာအထိမြင့် တက်နေရာ ပြည်တွင်းရွှေဈေးမှာလည်း တစ်ကျပ်သား လျှင်(၈၅)သိန်းကျပ်အထိ ပေါက်ဈေးဖြစ်ပေါ်နေ ကြောင်း ဈေးကွက်အတွင်းမှသိရသည်။ ကမ္ဘာ့ရွှေဈေးကွက်အပြောင်းအလဲမှာ အမေရိကန်ဒေါ်လာတန်ဖိုးကျဆင်းခြင်းကြောင့်ဖြစ်‌ပေါ် လာသော အကျိုးဆက်ဖြစ်သည်။ ကမ္ဘာ့ငွေကြေးဈေး ကွက်အတွင်း အမေရိကန်ဒေါ်လာကိုအရန်ငွေ အဖြစ် ထားရှိခြင်းမှလျှော့ချလာရာ အဖိုးတန်သတ္တုဖြစ်သော ရွှေကို ဝယ်ယူမှုအားကောင်းစေသည်။ ရွှေကိုအရန်ငွေအဖြစ်နိုင်ငံအများအပြားမှ တိုးမြှင့်ဝယ်ယူလာပြီးဒေါ်လာနှင့်ရွှေလဲလှယ်မှုတန်းဖိုးများ အပြောင်းအလဲ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အမေရိကန်ဒေါ်လာနှင့် အမေရိကန်ဗဟိုဘဏ်၏အတိုးနှုန်း များ ဆက်တိုက် လျှော့ချမည့်သတင်းများထွက်ပေါ်နေခြင်းသည်လည်း ကမ္ဘာ့ရွှေဈေးကို အမြင့်ပိုင်းသို့ တွန်းအားပေးနေသော အလားအလာများရှိနေသည်။ ပြည်တွင်း‌ဈေးကွက်အတွင်းတွင်မူ အမေရိကန်ဒေါ်လာဈေးကျဆင်းနေခြင်းကြောင့် ပြည်ပမှ တင်သွင်းရသော စက်သုံးဆီနှင့်စားသုံးဆီဈေးများ တည်ငြိမ်နေသည်။ မြန်မာကျပ်ငွေ ခိုင်မာအားကောင်း နေရာ ပို့ကုန်များ ပိုမိုတင်ပို့နိုင်မည်ဖြစ်ပြီး သွင်းကုန် လုပ်ငန်းများအတွက်လည်း အလားအလာကောင်း များ ရှိနေသည်။ သို့သော်လည်း ပြည်တွင်းဈေးကွက်အ တွင်း၌ ပြင်ပဒေါ်လာပေါက်‌ဈေးနှင့် မြန်မာနိုင်ငံ ဗဟိုဘဏ်၏ ရည်òန်းပေါက်ဈေးဟု၍ ကွဲပြားနေရာ ဈေးကွက်အတွင်း ငွေကြေးဖောင်းပွမှုဆက်လက်ဖြစ် ပေါ်နေမည်ဖြစ်သည်။ လာမည့်ရက်ပိုင်းအတွင်း ပွင့်လင်း ရာသီသို့ရောက်ရှိနေပြီဖြစ်ရာ ကမ္ဘာ့ရွှေဈေးနှုန်း ပြန် လည်မကျဆင်းပါက ပြည်တွင်းရွှေဈေးသည်လည်း တစ်ကျပ်သားလျှင် သိန်း(၈၀)အထက်တွင်သာ ဆက် လက်ရပ်တည်နေမည်ဖြစ်သည်။ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သော်လည်း လက်နက်ကိုင် ပဋိပက္ခများကြောင့် မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှာ လက်ရှိအချိန်အထိ ကုန် သွယ်မှုအတွက် ထိရောက်စွာအသုံးပြုနိုင်ခြင်းမရှိသေးပေ။ မြန်မာနိုင်ငံ၏ အကြီးဆုံးနယ်စပ်ကုန်သွယ် ရေးစခန်းဖြစ်သည့် မူဆယ်နှင့်မြဝတီနယ်စပ်စခန်းများမှာ တိုက်ပွဲများကြောင့် ကုန်သွယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းနေဆဲဖြစ်သည်။ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများရပ်ဆိုင်းနေခြင်းသည် မြန်မာနိုင်ငံအတွက် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို ပြည်ပသို့တင်ပို့ရာတွင် အခက်အခဲဖြစ်ပေါ်နေခြင်းဖြစ်သည်။ လတ်တလောကုန်သွယ်ရေးကဏ္ဍတွင် ပို့ကုန်မြင့်တက်နေသာသီးနှံတစ်ခုမှ ပြောင်းသီးနှံဖြစ်ပြီး ယခုဘဏ္ဍာနှစ်အတွင်း အမေရိကန်ဒေါ်လာသန်းငါး ရာဖိုးခန့် တင်ပို့နိုင်ရန်စီစဉ်လျက်ရှိကြောင်း ပြောင်းပို့ ကုန်လုပ်ငန်းရှင်များထံမှသိရသည်။ လတ်တလော အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများသည် မြန် မာနိုင်ငံမှ ပြောင်းသီးနှံလှိုင်လှိုင်ထွက်ချိန်ဖြစ်သောကြောင့် ပြောင်းဈေးကွက်ကိုဆက်လက်စောင့်ကြည့်ရ မည်ဖြစ်သည်။

ရွှေဈေးကွက်နှင့်ငွေလဲဈေးကွက် အပြောင်းအလဲများ
ကမ္ဘာ့ရွှေဈေးကွက်အတွင်း စံချိန်တင်ရွှေပေါက်ဈေးများဖြစ်ပေါ်နေရာ လက်ရှိရွှေပေါက်ဈေး သည် နှစ်ပေါင်းများစွာအတွင်း အမြင့်ဆုံးဈေးတန်းအ ဖြစ်ရပ်တည်နေသည်။ ရွှေတစ်အောင်စလျှင် အမေ ရိကန်ဒေါ်လာ(၄၂၀ဝ)ဝန်းကျင်သို့ တဖြည်းဖြည်းမြင့် တက်နေပြီး အောက်တိုဘာလမကုန်ခင်အချိန် အ တွင်း အမေရိကန်ဒေါ်လာ (၄၂၀ဝ)အထိ ဆက်လက်မြင့် တက်နိုင်ဖွယ်ရှိနေသည်။ ကမ္ဘာ့စီးပွားရေးဈေး ကွက်အတွင်း အမေရိကန်ဗဟိုဘဏ်မှ အတိုးနှုန်းများဆက်လက်လျှော့ချနိုင်ခြင်း ဥ‌ရောပတိုက်နိုင်ငံများ နှင့် အမေရိကန်နိုင်ငံအကြား စစ်ရေးသဘောတူညီချက် များမတူညီခြင်းတို့မှာ အမေရိကန်ဒေါ်လာဈေး ကို အကျပိုင်းသို့ပိုမိုရောက်ရှိစေခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံ၏ကုန်သွယ်ရေးစစ်ပွဲကြောင့် အာရှနိုင်ငံ များနှင့် အမေရိကန်နိုင်ငံအကြား စီးပွားရေးနှင့်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကျဆင်းနေရာ အမေ ရိကန် ဒေါ်လာငွေကြေးအစား ရွှေကိုဝယ်ယူစုဆောင်းမှုမြင့် တက်နေခြင်းဖြစ်သည်။ လက်ရှိ အောက်တို ဘာ (၁၄) ရက် ရွှေပေါက်ဈေးအရ ရွှေတစ်အောင်စလျှင် အမေ ရိကန်ဒေါ်လာ(၄၁၇၀) အထိ ရှိနေပြီး ဆက်လက်မြင့် တက်နိုင်ဖွယ်ရှိသည်။ ပြည်တွင်းအခေါက်ရွှေဈေးမှာလည်း တစ်ကျပ်သားလျှင် (၈၅)သိန်းကျပ်အထိမြင့်တက်နေရာ တစ်ပတ်အတွင်း ငါးသိန်းကျပ်ဝန်းကျင်ခန့်မြင့်တက်လာခြင်းဖြစ်သည်။ ပြည်တွင်းအခေါက်‌ရွှေဈေးသည် အတက်အကျ မြန်ဆန်နိုင်သောကြောင့် ဈေးကွက်အတွင်း ရောင်းမှားဝယ်မှားမဖြစ်စေရန် ဂရုစိုက် ဆောင်ရွက်သင့်ကြောင်း ဝါရင့်ရွှေလုပ်ငန်းရှင်များကပြောကြားသည်။ လာမည့်ရက်ပိုင်းအတွင်း ကမ္ဘာ့ ရွှေဈေး ပြန်လည်ကျဆင်းနိုင်ခြေနည်းပါးပြီး အမေရိကန်နိုင်ငံမှ ဖက်ဒရယ်အသုံးစရိတ် ဖြတ်တောက်မှု များကြောင့် ကမ္ဘာ့ရွှေဈေးမှာ ဆက်တိုက်မြင့်တက်နေနိုင်ကြောင်း သိရသည်။ ရန်ကုန်တိုင်းရွှေလုပ်ငန်း ရှင်များအသင်းမှ ရည်ညွှန်းသတ်မှတ်ဈေးမှာ (၅၉၉၀ဝဝဝ)ကျပ် သတ်မှတ်ထားသော်လည်း ယင်းဈေးဖြင့် အရောင်း အဝယ်ပြုလုပ်သူနည်းပါးသည်။
ပြင်သစ်တွင် နိုင်ငံရေးမတည်ငြိမ်မှုများ၊ ဂျပန်အစိုးရ၏ ငွေချေးစာချုပ်မြင့်တက်လာခြင်းကြောင့် ငွေကြေးဖောင်းပွမှုအပေါ် စိုးရိမ်ချက်၊ လက်ရှိ ဖြစ်ပေါ်နေသော အမေရိကန်အစိုးရ၏ လုပ်ငန်းလည်ပတ် မှုရပ်ဆိုင်းခြင်းများသည် ကမ္ဘာ့ရွှေဈေးတက်လာစေခြင်း၏ အဓိကအကြောင်းအရင်းဖြစ်ကြောင်းသိရ သည်။
ခိုင်မာ၍ လုံခြုံစိတ်ချရသော ရွှေကို ဝယ်ယူလာသည့်ဝယ်လိုအားနှင့် ဒေါ်လာဈေး ကျဆင်းမှုတို့ ကြောင့် ကမ္ဘာ့ရွှေဈေးမှာ ယခုနှစ်အတွင်း (၅၀) ရာခိုင်နှုန်းအထိတိုးလာခဲ့ပြီး ပြီးခဲ့သည့် မတ်လအစက တစ်အောင်စလျှင် ဒေါ်လာ (၃၀ဝဝ)ကျော်မှ စက်တင် ဘာလတွင် တစ်အောင်စလျှင် (၃၈၀ဝ)အထိ ရောက်ရှိခဲ့ကြောင်း၊ ယခု အောက်တိုဘာ ဒုတိယပတ်၌ (၄၁၇၀)ကျော်အထိမြင့်တက်လာကြောင်း သိရ သည်။ ပြည်တွင်းရွှေဈေးကွက်သည် အ‌ရောင်းအဝယ်ပုံမှန်အတိုင်းဆက်လက်ရပ်တည်နေပြီး ပြည်တွင်း ဒေါ်လာ ဈေးအပေါ်မူတည်ကာ ဈေးနှုန်းအတက်အကျ ဖြစ်ပေါ်နေခြင်းဖြစ်သည်။ အကယ်၍ ပြည်တွင်း ဒေါ်လာ ဈေးသည် တစ်ဒေါ်လာလျှင် (၄၀၇၀)ကျပ်အထက်သို့ ရောက်ရှိလာပါက ပြည်တွင်း ရွှေဈေးများ မှာ ယခုထက် ပိုမိုမြင့်မားနိုင်ကြောင်းသိရသည်။ လာမည့်ရက်ပိုင်းအတွင်း ဒေါ်လာဈေး ဆက်လက်ကျ ဆင်းနေနိုင်ပြီး ကမ္ဘာ့ရွှေဈေးများမှာ ဆက်လက်မြင့်တက်နိုင်ခြေရှိနေသည်။ လက်ရှိရွှေဈေးသည် သမိုင်း တစ်လျှောက်အမြင့်ဆုံးဈေးဖြစ်ရာ ပြန်လည်ကျဆင်းမည့်အချိန်ကိုသာ စောင့်ကြည့်ရတော့မည်ဖြစ် သည်။
နယ်စပ်ကုန်သွယ်ရေးနှင့် ပွင့်လင်းရာသီအလားအလာ
မြန်မာနိုင်ငံနယ်စပ်တစ်လျှောက်ရှိ တရုတ် -မြန်မာကုန်သွယ်ရေးဇုန် မူဆယ်နယ်စပ်နှင့် ထိုင်း-မြန်မာ ကုန်သွယ်ရေးဇုန် မြဝတီနယ်စပ်တို့မှာ လက်နက်ကိုင်ပဋိပက္ခများကြောင့် ကုန်သွယ်ရေးမလုပ် နိုင်သည်မှာ အချိန်အတော်ကြာနေပြီဖြစ်သည်။ တစ်နိုင်ငံလုံး နယ်စပ်ကုန်သွယ်ရေးပမာဏ၏ (၈၀) ရာခိုင်နှုန်းကျော်လည်ပတ်ခဲ့သော မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်မှာ လက်ရှိတွင် ပို့ကုန်/သွင်းကုန် လုပ်ငန်းအနည်းငယ်သာ လုပ်ငန်းလုပ်ကိုင်ပြီး အများစုမှာ လုပ်ငန်းရပ်နားထားရကြောင်းသိရသည်။ မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်းသည် နှစ်စဉ်ကုန်သွယ်မှုပမာဏ ဒေါ်လာ(၄)ဘီလျံခန့်ရှိပြီး လက်ရှိ တွင် ကုန်စည်စီး ဆင်းမှု လုံးဝနီးပါးရပ်နားထားကြောင်းသိရသည်။ ကိုးကန့်တပ်များက မူဆယ်နယ်စပ်ရှိ ကျန့်စန်းကျော့ဂိတ် နှင့် ဝမ်တိမ်ဂိတ်များကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ရာ မြန်မာဘက်မှကြံများကို တင်ပို့မှု ရှိကြောင်း နယ်စပ်ကုန်သည်များထံမှသိရသည်။ မြန်မာဘက်သို့ တစ်ပိုင်တစ်နိုင်တင်သွင်းမှုများရှိသော် လည်း အစစ်အဆေးများခြင်းနှင့် အခွန် မဆောင်ဘဲ တင်သွင်းလာသောကုန်စည်များကို ဖမ်းဆီးခြင်းတို့ ကြောင့် အသေးစားအလတ်စားကုန်သည်များ နှင့် လုပ်ငန်းရှင်များမှာ အခက်အခဲကြုံတွေ့နေရ ကြောင်း သိရသည်။ ဝင်ငွေအများဆုံးရှာဖွေပေးနေသော နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများပိတ်ဆို့နေရာ ပြည်တွင်းမှာ စိုက်ပျိုးရေးနှင့်အသေးစား အ လတ်စားလုပ်ငန်းရှင်များ အခက်အခဲကြုံတွေ့နေရခြင်းဖြစ် သည်။ သို့သော်လည်း သက်ဆိုင်ရာက ကိုး ကန့်နှင့်ပလောင်တပ်များထိန်းချုပ်ထားသည် မြို့များသို့ ပြန် လည်ထိုးစစ်ဆင်နေရာ လားရှိုး-မူဆယ် လမ်းမကြီးမှာ ယခုနှစ်ပွင့်လင်းရာသီတွင် ပြန်လည် အသုံးပြုနိုင် ခြင်းရှိမရှိ ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။ ထို့အတူ ထိုင်း-မြန်မာကုန်သွယ်ရေး၏ အဓိက နယ် စပ်ဖြစ်သော မြဝတီကုန်သွယ်ရေးဇုန်သည် လည်း ကုန်သွယ်မှုမပြုလုပ်နိုင်သည်မှာ နှစ်နှစ်နီးပါး ကြာမြင့် လာပြီဖြစ်သည်။ ရန်ကုန်-ဘားအံ-မြဝတီ အာရှလမ်းမကြီးတစ်လျှောက် တိုက်ပွဲများဖြစ်ပွားခဲ့ရာ အဓိက လမ်းမကြီးဖြစ်သောအာရှလမ်းတွင် ကုန်စည် စီးဆင်းမှုများရပ်တန့်နေသည်။ မြဝတီ-မဲဆောက် ကုန် သွယ်ရေးလမ်းအစား ရန်ကုန်-ကော့သောင်း-ရ နောင်း ပင်လယ်ရေလမ်းကြောင်းဖြင့် ကုန်သွယ်ရန် သက်ဆိုင်ရာမှညွှန်ကြားထားသည့်အပြင်၊ တာချီလိတ် လမ်းကြောင်းမှ ပြောင်းလဲကုန်သွယ်ရန် ညွှန် ကြားထားကြောင်းသိရသည်။ အစားအသောက်နှင့် လူသုံးကုန်ပစ္စည်းအချို့မှာ တိုက်ပွဲဖြစ်ရာဒေသများသို့ ရှောင်ကွင်းပြီး ကုန်သွယ်နေကြဆဲဖြစ်သော်လည်း ယခင်ကာလများကဲ့သို့ ကုန်စည်များအလုံးအရင်းဖြင့် တင်ပို့/တင်သွင်းနိုင်ခြင်းမရှိပေ။ သက်ဆိုင်ရာက ရွေးကောက်ပွဲကာလမတိုင်မီ အာရှလမ်းမကြီးအားပြန် လည်ဖွင့်လှစ်နိုင်ရန် နယ်မြေရှင်းလင်းမှုများပြုလုပ်နေသော်လည်း လက်ရှိတွင် အချိန်ယူရမည်ဖြစ်သည်။ လာမည့်ပွင့်လင်းရာသီသည် နယ်စပ်ကုန်သွယ်ရေးစခန်းများပြန်လည်ဖွင့်လှစ်နိုင်သော်လည်း အတိုင်းအ တာတစ်ခုအထိ အချိန်ယူဆောင်ရွက်မှသာ ပုံမှန်နယ်စပ်ကုန်သွယ်ရေးစခန်းများ လည်ပတ်နိုင်ခြေရှိနေ သည်။ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများအားလုံး နီးပါးသည် တိုင်းရင်းသားလက်နက်ကိုင်များထိန်းချုပ် ရာဒေသများအတွင်းသို့ရောက်ရှိနေရာ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ နယ်မြေစိုးမိုးမှု အောင်မြင်မှုရှိ မရှိပေါ်တွင်မှုတည်နေကြောင်းသိရသည်။

ပြောင်းသီးနှံတင်ပို့မှု မြင့်တက်နေ
ပြည်တွင်းပြောင်းသီးနှံတင်ပို့မှုမှ နှစ်စဉ် နိုင်ငံခြားဝင်ငွေ ပျမ်းမျှ ကန်ဒေါ်လာသန်း(၅၀ဝ)ကျော် အထက် ရရှိနေကြောင်း မြန်မာနိုင်ငံပြောင်း လုပ်ငန်းအသင်းမှသိရသည်။
လက်ရှိတွင် ပြည်တွင်း၌ ပြောင်းသီးနှံစိုက် ဧက တစ်သန်းကျော်ရှိပြီး မြေဧရိယာအားဖြင့် တိုးချဲ့ စိုက်ပျိုး၍ မရနိုင်သောကြောင့် ဈေးနှုန်း၊ ဈေးကွက် ကိုက်ညီသည့် တခြားသီးနှံများစိုက်ပျိုးခြင်းကြောင့် ပြောင်းစိုက်ဧက တိုးမြင့်လာခြင်း၊ လျော့သွားခြင်းများ အနည်းငယ်ရှိသော်လည်း ယခုနှစ် (၂၀၂၅-၂၀၂၆) စိုက်ပျိုးရာသီတွင် ပြောင်းစိုက်ဧက အနည်းငယ်များပြားလာကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင်များ အသင်းမှ သိရသည်။ နှစ်စဉ် (၁၀)လပိုင်း၊ (၁၁)လ ပိုင်း၊ (၁၂)လပိုင်းတို့တွင် ပြောင်းအများဆုံး လှိုင်လှိုင် ထွက်သည့်ကာလများဖြစ်သည်။ (၂၀၂၃-၂၀၂၄) ခုနှစ်တွင် ပြောင်းစိုက်ဧရိယာ တစ်သန်းတွင် (၈)သိန်း ကျော်သာစိုက်ပျိုးနိုင်ခဲ့ကြောင်း ထွက်ရှိနှုန်းအနေဖြင့် တန်(၁၈)သိန်း၊ သိန်း(၂၀)ဝန်းကျင်ခန့်သာ ထွက်ရှိ နိုင်ခဲ့သည်။ (၂၀၂၄)ခုနှစ်တွင် အထွက်နှုန်းအနေဖြင့်လည်း တန် (၁၆)သိန်းမှ (၁၈)သိန်းကြားသာ ထွက်ရှိ နိုင်ခဲ့သည်။ (၂၀၂၅)ခုနှစ်မှာတော့ ရာသီဥတုကလည်းကောင်းကြောင်း ရှမ်းတောင်တွင် အတော်များများ ပြန်စိုက်ကြကြောင်း ရှမ်းမြောက်၏ ဧရိယာအတော်များများတွင်လည်း ပြန်စိုက်နေကြောင်းသိရသည်။ ဧရာဝတီတိုင်းတွင် ဆောင်းသီးနှံအပြည့် စိုက်ဖြစ်မည်ဖြစ်ရာ စိုက်ဧက ပုံမှန်(၈)သိန်းနှင့် တစ်သန်း ကြား ခန့်မှန်းထားကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ တာဝန်ရှိသူကပြောသည်။
မြန်မာ့ဒေသထွက်ပြောင်းသီးနှံကို ပြည် တွင်းမှာ (၃၅)ရာခိုင်နှုန်းအသုံးပြုနေပြီး ပြည်ပနိုင်ငံများ သို့ (၆၅) ရာခိုင်နှုန်းတင်ပို့နေကြောင်း၊ အများဆုံး အနေဖြင့် ထိုင်းနိုင်ငံသို့တင်ပို့နေပြီး ရာခိုင်နှုန်းအား ဖြင့် (၅၀)ရာခိုင်နှုန်းတင်ပို့နေကြောင်း၊ ကျန် (၁၅)ရာ ခိုင်နှုန်းအနေဖြင့် အိန္ဒိယ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ တရုတ် စသည့်နိုင်ငံများသို့ တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။ နိုင်ငံခြားဝင်ငွေရရှိမှုအနေဖြင့်လည်း (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ သန်း (၅၀ဝ)ကျော်အထက်ကို ရှာဖွေပေးနိုင်ကြောင်း၊ (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ သန်း (၄၀ဝ)ကျော်ခန့်ရှိကြောင်းနှင့် (၂၀၂၅-၂၀၂၆)ဘဏ္ဍာနှစ်၏ လက်ရှိ အချိန်ထိလည်း ကန်ဒေါ်လာ သန်း (၄၀ဝ)ကျော်ရရှိထားကြောင်းသိရသည်။ မြန်မာနိုင်ငံ ၏ ပြောင်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှုသည် မကြာမီကာ လအတွင်း ကုန်စည်များထွက်ရှိလာမည်ဖြစ်ရာ ဈေးကွက် အခြေအနေကို ဆက်လက်စောင့် ကြည့်ရမည် ဖြစ်သည်။

Zawgyi Version:
တစ္ပတ္အတြင္း ျမန္မာ့စီးပြားေရးေစ်းကြက္ သုံးသပ္ခ်က္
ျပည့္ၿဖိဳး (NP News)-ေအာက္တိုဘာ ၂၁
ျမန္မာ့စီးပြားေရးေဈးကြက္အတြင္း အလႈပ္ခတ္ဆုံးကုန္စည္မွာ ေ႐ႊေဈးကြက္ျဖစ္ၿပီး လက္ရွိအ ခ်ိန္အထိ တစ္လေက်ာ္နီးပါး ေ႐ႊေဈးမ်ား ဆက္တိုက္ ျမင့္တက္ေနျခင္းျဖစ္သည္။ ကမာၻ႔ေ႐ႊေဈးမွာလည္း ႏွစ္ေပါင္းသုံးဆယ္ေက်ာ္ကာလအတြင္း အျမင့္ဆုံးစံခ်ိန္တင္ေဈးမ်ားျဖစ္ေပၚေနရာ ျပည္တြင္းေ႐ႊေဈးမွာ လည္း ဆက္လက္လိုက္ပါျမင့္တက္ေနေၾကာင္းသိရ သည္။ ေအာက္တိုဘာလ (၁၄)ရက္ေဈးကြက္ဖြင့္ခ်ိန္ တြင္ ေ႐ႊတစ္ေအာင္စလွ်င္ (၄၁၇၀) ‌ေဒၚလာအထိျမင့္ တက္ေနရာ ျပည္တြင္းေ႐ႊေဈးမွာလည္း တစ္က်ပ္သား လွ်င္(၈၅)သိန္းက်ပ္အထိ ေပါက္ေဈးျဖစ္ေပၚေန ေၾကာင္း ေဈးကြက္အတြင္းမွသိရသည္။ ကမာၻ႔ေ႐ႊေဈးကြက္အေျပာင္းအလဲမွာ အေမရိကန္ေဒၚလာတန္ဖိုးက်ဆင္းျခင္းေၾကာင့္ျဖစ္‌ေပၚ လာေသာ အက်ိဳးဆက္ျဖစ္သည္။ ကမာၻ႔ေငြေၾကးေဈး ကြက္အတြင္း အေမရိကန္ေဒၚလာကိုအရန္ေငြ အျဖစ္ ထားရွိျခင္းမွေလွ်ာ့ခ်လာရာ အဖိုးတန္သတၱဳျဖစ္ေသာ ေ႐ႊကို ဝယ္ယူမႈအားေကာင္းေစသည္။ ေ႐ႊကိုအရန္ေငြအျဖစ္ႏိုင္ငံအမ်ားအျပားမွ တိုးျမႇင့္ဝယ္ယူလာၿပီးေဒၚလာႏွင့္ေ႐ႊလဲလွယ္မႈတန္းဖိုးမ်ား အေျပာင္းအလဲ ျဖစ္ေပၚလာျခင္းျဖစ္သည္။ အေမရိကန္ေဒၚလာႏွင့္ အေမရိကန္ဗဟိုဘဏ္၏အတိုးႏႈန္း မ်ား ဆက္တိုက္ ေလွ်ာ့ခ်မည့္သတင္းမ်ားထြက္ေပၚေနျခင္းသည္လည္း ကမာၻ႔ေ႐ႊေဈးကို အျမင့္ပိုင္းသို႔ တြန္းအားေပးေနေသာ အလားအလာမ်ားရွိေနသည္။ ျပည္တြင္း‌ေဈးကြက္အတြင္းတြင္မူ အေမရိကန္ေဒၚလာေဈးက်ဆင္းေနျခင္းေၾကာင့္ ျပည္ပမွ တင္သြင္းရေသာ စက္သုံးဆီႏွင့္စားသုံးဆီေဈးမ်ား တည္ၿငိမ္ေနသည္။ ျမန္မာက်ပ္ေငြ ခိုင္မာအားေကာင္း ေနရာ ပို႔ကုန္မ်ား ပိုမိုတင္ပို႔ႏိုင္မည္ျဖစ္ၿပီး သြင္းကုန္ လုပ္ငန္းမ်ားအတြက္လည္း အလားအလာေကာင္း မ်ား ရွိေနသည္။ သို႔ေသာ္လည္း ျပည္တြင္းေဈးကြက္အ တြင္း၌ ျပင္ပေဒၚလာေပါက္‌ေဈးႏွင့္ ျမန္မာႏိုင္ငံ ဗဟိုဘဏ္၏ ရည္òန္းေပါက္ေဈးဟု၍ ကြဲျပားေနရာ ေဈးကြက္အတြင္း ေငြေၾကးေဖာင္းပြမႈဆက္လက္ျဖစ္ ေပၚေနမည္ျဖစ္သည္။ လာမည့္ရက္ပိုင္းအတြင္း ပြင့္လင္း ရာသီသို႔ေရာက္ရွိေနၿပီျဖစ္ရာ ကမာၻ႔ေ႐ႊေဈးႏႈန္း ျပန္ လည္မက်ဆင္းပါက ျပည္တြင္းေ႐ႊေဈးသည္လည္း တစ္က်ပ္သားလွ်င္ သိန္း(၈၀)အထက္တြင္သာ ဆက္ လက္ရပ္တည္ေနမည္ျဖစ္သည္။ ပြင့္လင္းရာသီသို႔ ေရာက္ရွိလာၿပီျဖစ္ေသာ္လည္း လက္နက္ကိုင္ ပဋိပကၡမ်ားေၾကာင့္ ျမန္မာႏိုင္ငံ၏ နယ္စပ္ကုန္သြယ္ေရး လမ္းေၾကာင္းမ်ားမွာ လက္ရွိအခ်ိန္အထိ ကုန္ သြယ္မႈအတြက္ ထိေရာက္စြာအသုံးျပဳႏိုင္ျခင္းမရွိေသးေပ။ ျမန္မာႏိုင္ငံ၏ အႀကီးဆုံးနယ္စပ္ကုန္သြယ္ ေရးစခန္းျဖစ္သည့္ မူဆယ္ႏွင့္ျမဝတီနယ္စပ္စခန္းမ်ားမွာ တိုက္ပြဲမ်ားေၾကာင့္ ကုန္သြယ္ေရးလုပ္ငန္းမ်ား ရပ္ဆိုင္းေနဆဲျဖစ္သည္။ နယ္စပ္ကုန္သြယ္ေရးလုပ္ငန္းမ်ားရပ္ဆိုင္းေနျခင္းသည္ ျမန္မာႏိုင္ငံအတြက္ စိုက္ပ်ိဳးေမြးျမဴေရးထုတ္ကုန္မ်ားကို ျပည္ပသို႔တင္ပို႔ရာတြင္ အခက္အခဲျဖစ္ေပၚေနျခင္းျဖစ္သည္။ လတ္တေလာကုန္သြယ္ေရးက႑တြင္ ပို႔ကုန္ျမင့္တက္ေနသာသီးႏွံတစ္ခုမွ ေျပာင္းသီးႏွံျဖစ္ၿပီး ယခုဘ႑ာႏွစ္အတြင္း အေမရိကန္ေဒၚလာသန္းငါး ရာဖိုးခန႔္ တင္ပို႔ႏိုင္ရန္စီစဥ္လ်က္ရွိေၾကာင္း ေျပာင္းပို႔ ကုန္လုပ္ငန္းရွင္မ်ားထံမွသိရသည္။ လတ္တေလာ ေအာက္တိုဘာ၊ ႏိုဝင္ဘာ၊ ဒီဇင္ဘာလမ်ားသည္ ျမန္ မာႏိုင္ငံမွ ေျပာင္းသီးႏွံလႈိင္လႈိင္ထြက္ခ်ိန္ျဖစ္ေသာေၾကာင့္ ေျပာင္းေဈးကြက္ကိုဆက္လက္ေစာင့္ၾကည့္ရ မည္ျဖစ္သည္။

ေ႐ႊေဈးကြက္ႏွင့္ေငြလဲေဈးကြက္ အေျပာင္းအလဲမ်ား
ကမာၻ႔ေ႐ႊေဈးကြက္အတြင္း စံခ်ိန္တင္ေ႐ႊေပါက္ေဈးမ်ားျဖစ္ေပၚေနရာ လက္ရွိေ႐ႊေပါက္ေဈး သည္ ႏွစ္ေပါင္းမ်ားစြာအတြင္း အျမင့္ဆုံးေဈးတန္းအ ျဖစ္ရပ္တည္ေနသည္။ ေ႐ႊတစ္ေအာင္စလွ်င္ အေမ ရိကန္ေဒၚလာ(၄၂၀ဝ)ဝန္းက်င္သို႔ တျဖည္းျဖည္းျမင့္ တက္ေနၿပီး ေအာက္တိုဘာလမကုန္ခင္အခ်ိန္ အ တြင္း အေမရိကန္ေဒၚလာ (၄၂၀ဝ)အထိ ဆက္လက္ျမင့္ တက္ႏိုင္ဖြယ္ရွိေနသည္။ ကမာၻ႔စီးပြားေရးေဈး ကြက္အတြင္း အေမရိကန္ဗဟိုဘဏ္မွ အတိုးႏႈန္းမ်ားဆက္လက္ေလွ်ာ့ခ်ႏိုင္ျခင္း ဥ‌ေရာပတိုက္ႏိုင္ငံမ်ား ႏွင့္ အေမရိကန္ႏိုင္ငံအၾကား စစ္ေရးသေဘာတူညီခ်က္ မ်ားမတူညီျခင္းတို႔မွာ အေမရိကန္ေဒၚလာေဈး ကို အက်ပိုင္းသို႔ပိုမိုေရာက္ရွိေစျခင္းျဖစ္သည္။ အေမရိကန္ႏိုင္ငံ၏ကုန္သြယ္ေရးစစ္ပြဲေၾကာင့္ အာရွႏိုင္ငံ မ်ားႏွင့္ အေမရိကန္ႏိုင္ငံအၾကား စီးပြားေရးႏွင့္ကုန္သြယ္ေရး ပူးေပါင္းေဆာင္႐ြက္မႈက်ဆင္းေနရာ အေမ ရိကန္ ေဒၚလာေငြေၾကးအစား ေ႐ႊကိုဝယ္ယူစုေဆာင္းမႈျမင့္ တက္ေနျခင္းျဖစ္သည္။ လက္ရွိ ေအာက္တို ဘာ (၁၄) ရက္ ေ႐ႊေပါက္ေဈးအရ ေ႐ႊတစ္ေအာင္စလွ်င္ အေမ ရိကန္ေဒၚလာ(၄၁၇၀) အထိ ရွိေနၿပီး ဆက္လက္ျမင့္ တက္ႏိုင္ဖြယ္ရွိသည္။ ျပည္တြင္းအေခါက္ေ႐ႊေဈးမွာလည္း တစ္က်ပ္သားလွ်င္ (၈၅)သိန္းက်ပ္အထိျမင့္တက္ေနရာ တစ္ပတ္အတြင္း ငါးသိန္းက်ပ္ဝန္းက်င္ခန႔္ျမင့္တက္လာျခင္းျဖစ္သည္။ ျပည္တြင္းအေခါက္‌ေ႐ႊေဈးသည္ အတက္အက် ျမန္ဆန္ႏိုင္ေသာေၾကာင့္ ေဈးကြက္အတြင္း ေရာင္းမွားဝယ္မွားမျဖစ္ေစရန္ ဂ႐ုစိုက္ ေဆာင္႐ြက္သင့္ေၾကာင္း ဝါရင့္ေ႐ႊလုပ္ငန္းရွင္မ်ားကေျပာၾကားသည္။ လာမည့္ရက္ပိုင္းအတြင္း ကမာၻ႔ ေ႐ႊေဈး ျပန္လည္က်ဆင္းႏိုင္ေျခနည္းပါးၿပီး အေမရိကန္ႏိုင္ငံမွ ဖက္ဒရယ္အသုံးစရိတ္ ျဖတ္ေတာက္မႈ မ်ားေၾကာင့္ ကမာၻ႔ေ႐ႊေဈးမွာ ဆက္တိုက္ျမင့္တက္ေနႏိုင္ေၾကာင္း သိရသည္။ ရန္ကုန္တိုင္းေ႐ႊလုပ္ငန္း ရွင္မ်ားအသင္းမွ ရည္ၫႊန္းသတ္မွတ္ေဈးမွာ (၅၉၉၀ဝဝဝ)က်ပ္ သတ္မွတ္ထားေသာ္လည္း ယင္းေဈးျဖင့္ အေရာင္း အဝယ္ျပဳလုပ္သူနည္းပါးသည္။
ျပင္သစ္တြင္ ႏိုင္ငံေရးမတည္ၿငိမ္မႈမ်ား၊ ဂ်ပန္အစိုးရ၏ ေငြေခ်းစာခ်ဳပ္ျမင့္တက္လာျခင္းေၾကာင့္ ေငြေၾကးေဖာင္းပြမႈအေပၚ စိုးရိမ္ခ်က္၊ လက္ရွိ ျဖစ္ေပၚေနေသာ အေမရိကန္အစိုးရ၏ လုပ္ငန္းလည္ပတ္ မႈရပ္ဆိုင္းျခင္းမ်ားသည္ ကမာၻ႔ေ႐ႊေဈးတက္လာေစျခင္း၏ အဓိကအေၾကာင္းအရင္းျဖစ္ေၾကာင္းသိရ သည္။
ခိုင္မာ၍ လုံၿခဳံစိတ္ခ်ရေသာ ေ႐ႊကို ဝယ္ယူလာသည့္ဝယ္လိုအားႏွင့္ ေဒၚလာေဈး က်ဆင္းမႈတို႔ ေၾကာင့္ ကမာၻ႔ေ႐ႊေဈးမွာ ယခုႏွစ္အတြင္း (၅၀) ရာခိုင္ႏႈန္းအထိတိုးလာခဲ့ၿပီး ၿပီးခဲ့သည့္ မတ္လအစက တစ္ေအာင္စလွ်င္ ေဒၚလာ (၃၀ဝဝ)ေက်ာ္မွ စက္တင္ ဘာလတြင္ တစ္ေအာင္စလွ်င္ (၃၈၀ဝ)အထိ ေရာက္ရွိခဲ့ေၾကာင္း၊ ယခု ေအာက္တိုဘာ ဒုတိယပတ္၌ (၄၁၇၀)ေက်ာ္အထိျမင့္တက္လာေၾကာင္း သိရ သည္။ ျပည္တြင္းေ႐ႊေဈးကြက္သည္ အ‌ေရာင္းအဝယ္ပုံမွန္အတိုင္းဆက္လက္ရပ္တည္ေနၿပီး ျပည္တြင္း ေဒၚလာ ေဈးအေပၚမူတည္ကာ ေဈးႏႈန္းအတက္အက် ျဖစ္ေပၚေနျခင္းျဖစ္သည္။ အကယ္၍ ျပည္တြင္း ေဒၚလာ ေဈးသည္ တစ္ေဒၚလာလွ်င္ (၄၀၇၀)က်ပ္အထက္သို႔ ေရာက္ရွိလာပါက ျပည္တြင္း ေ႐ႊေဈးမ်ား မွာ ယခုထက္ ပိုမိုျမင့္မားႏိုင္ေၾကာင္းသိရသည္။ လာမည့္ရက္ပိုင္းအတြင္း ေဒၚလာေဈး ဆက္လက္က် ဆင္းေနႏိုင္ၿပီး ကမာၻ႔ေ႐ႊေဈးမ်ားမွာ ဆက္လက္ျမင့္တက္ႏိုင္ေျခရွိေနသည္။ လက္ရွိေ႐ႊေဈးသည္ သမိုင္း တစ္ေလွ်ာက္အျမင့္ဆုံးေဈးျဖစ္ရာ ျပန္လည္က်ဆင္းမည့္အခ်ိန္ကိုသာ ေစာင့္ၾကည့္ရေတာ့မည္ျဖစ္ သည္။
နယ္စပ္ကုန္သြယ္ေရးႏွင့္ ပြင့္လင္းရာသီအလားအလာ
ျမန္မာႏိုင္ငံနယ္စပ္တစ္ေလွ်ာက္ရွိ တ႐ုတ္ -ျမန္မာကုန္သြယ္ေရးဇုန္ မူဆယ္နယ္စပ္ႏွင့္ ထိုင္း-ျမန္မာ ကုန္သြယ္ေရးဇုန္ ျမဝတီနယ္စပ္တို႔မွာ လက္နက္ကိုင္ပဋိပကၡမ်ားေၾကာင့္ ကုန္သြယ္ေရးမလုပ္ ႏိုင္သည္မွာ အခ်ိန္အေတာ္ၾကာေနၿပီျဖစ္သည္။ တစ္ႏိုင္ငံလုံး နယ္စပ္ကုန္သြယ္ေရးပမာဏ၏ (၈၀) ရာခိုင္ႏႈန္းေက်ာ္လည္ပတ္ခဲ့ေသာ မူဆယ္နယ္စပ္ကုန္သြယ္ေရးဇုန္မွာ လက္ရွိတြင္ ပို႔ကုန္/သြင္းကုန္ လုပ္ငန္းအနည္းငယ္သာ လုပ္ငန္းလုပ္ကိုင္ၿပီး အမ်ားစုမွာ လုပ္ငန္းရပ္နားထားရေၾကာင္းသိရသည္။ မူဆယ္ နယ္စပ္ကုန္သြယ္ေရးစခန္းသည္ ႏွစ္စဥ္ကုန္သြယ္မႈပမာဏ ေဒၚလာ(၄)ဘီလ်ံခန႔္ရွိၿပီး လက္ရွိ တြင္ ကုန္စည္စီး ဆင္းမႈ လုံးဝနီးပါးရပ္နားထားေၾကာင္းသိရသည္။ ကိုးကန႔္တပ္မ်ားက မူဆယ္နယ္စပ္ရွိ က်န႔္စန္းေက်ာ့ဂိတ္ ႏွင့္ ဝမ္တိမ္ဂိတ္မ်ားကို ျပန္လည္ဖြင့္လွစ္ေပးခဲ့ရာ ျမန္မာဘက္မွႀကံမ်ားကို တင္ပို႔မႈ ရွိေၾကာင္း နယ္စပ္ကုန္သည္မ်ားထံမွသိရသည္။ ျမန္မာဘက္သို႔ တစ္ပိုင္တစ္ႏိုင္တင္သြင္းမႈမ်ားရွိေသာ္ လည္း အစစ္အေဆးမ်ားျခင္းႏွင့္ အခြန္ မေဆာင္ဘဲ တင္သြင္းလာေသာကုန္စည္မ်ားကို ဖမ္းဆီးျခင္းတို႔ ေၾကာင့္ အေသးစားအလတ္စားကုန္သည္မ်ား ႏွင့္ လုပ္ငန္းရွင္မ်ားမွာ အခက္အခဲႀကဳံေတြ႕ေနရ ေၾကာင္း သိရသည္။ ဝင္ေငြအမ်ားဆုံးရွာေဖြေပးေနေသာ နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းမ်ားပိတ္ဆို႔ေနရာ ျပည္တြင္းမွာ စိုက္ပ်ိဳးေရးႏွင့္အေသးစား အ လတ္စားလုပ္ငန္းရွင္မ်ား အခက္အခဲႀကဳံေတြ႕ေနရျခင္းျဖစ္ သည္။ သို႔ေသာ္လည္း သက္ဆိုင္ရာက ကိုး ကန႔္ႏွင့္ပေလာင္တပ္မ်ားထိန္းခ်ဳပ္ထားသည္ ၿမိဳ႕မ်ားသို႔ ျပန္ လည္ထိုးစစ္ဆင္ေနရာ လားရႈိး-မူဆယ္ လမ္းမႀကီးမွာ ယခုႏွစ္ပြင့္လင္းရာသီတြင္ ျပန္လည္ အသုံးျပဳႏိုင္ ျခင္းရွိမရွိ ဆက္လက္ေစာင့္ၾကည့္ရမည္ျဖစ္သည္။ ထို႔အတူ ထိုင္း-ျမန္မာကုန္သြယ္ေရး၏ အဓိက နယ္ စပ္ျဖစ္ေသာ ျမဝတီကုန္သြယ္ေရးဇုန္သည္ လည္း ကုန္သြယ္မႈမျပဳလုပ္ႏိုင္သည္မွာ ႏွစ္ႏွစ္နီးပါး ၾကာျမင့္ လာၿပီျဖစ္သည္။ ရန္ကုန္-ဘားအံ-ျမဝတီ အာရွလမ္းမႀကီးတစ္ေလွ်ာက္ တိုက္ပြဲမ်ားျဖစ္ပြားခဲ့ရာ အဓိက လမ္းမႀကီးျဖစ္ေသာအာရွလမ္းတြင္ ကုန္စည္ စီးဆင္းမႈမ်ားရပ္တန႔္ေနသည္။ ျမဝတီ-မဲေဆာက္ ကုန္ သြယ္ေရးလမ္းအစား ရန္ကုန္-ေကာ့ေသာင္း-ရ ေနာင္း ပင္လယ္ေရလမ္းေၾကာင္းျဖင့္ ကုန္သြယ္ရန္ သက္ဆိုင္ရာမွၫႊန္ၾကားထားသည့္အျပင္၊ တာခ်ီလိတ္ လမ္းေၾကာင္းမွ ေျပာင္းလဲကုန္သြယ္ရန္ ၫႊန္ ၾကားထားေၾကာင္းသိရသည္။ အစားအေသာက္ႏွင့္ လူသုံးကုန္ပစၥည္းအခ်ိဳ႕မွာ တိုက္ပြဲျဖစ္ရာေဒသမ်ားသို႔ ေရွာင္ကြင္းၿပီး ကုန္သြယ္ေနၾကဆဲျဖစ္ေသာ္လည္း ယခင္ကာလမ်ားကဲ့သို႔ ကုန္စည္မ်ားအလုံးအရင္းျဖင့္ တင္ပို႔/တင္သြင္းႏိုင္ျခင္းမရွိေပ။ သက္ဆိုင္ရာက ေ႐ြးေကာက္ပြဲကာလမတိုင္မီ အာရွလမ္းမႀကီးအားျပန္ လည္ဖြင့္လွစ္ႏိုင္ရန္ နယ္ေျမရွင္းလင္းမႈမ်ားျပဳလုပ္ေနေသာ္လည္း လက္ရွိတြင္ အခ်ိန္ယူရမည္ျဖစ္သည္။ လာမည့္ပြင့္လင္းရာသီသည္ နယ္စပ္ကုန္သြယ္ေရးစခန္းမ်ားျပန္လည္ဖြင့္လွစ္ႏိုင္ေသာ္လည္း အတိုင္းအ တာတစ္ခုအထိ အခ်ိန္ယူေဆာင္႐ြက္မွသာ ပုံမွန္နယ္စပ္ကုန္သြယ္ေရးစခန္းမ်ား လည္ပတ္ႏိုင္ေျခရွိေန သည္။ နယ္စပ္ကုန္သြယ္ေရးလုပ္ငန္းမ်ားအားလုံး နီးပါးသည္ တိုင္းရင္းသားလက္နက္ကိုင္မ်ားထိန္းခ်ဳပ္ ရာေဒသမ်ားအတြင္းသို႔ေရာက္ရွိေနရာ သက္ဆိုင္ရာ တာဝန္ရွိသူမ်ား၏ နယ္ေျမစိုးမိုးမႈ ေအာင္ျမင္မႈရွိ မရွိေပၚတြင္မႈတည္ေနေၾကာင္းသိရသည္။

ေျပာင္းသီးႏွံတင္ပို႔မႈ ျမင့္တက္ေန
ျပည္တြင္းေျပာင္းသီးႏွံတင္ပို႔မႈမွ ႏွစ္စဥ္ ႏိုင္ငံျခားဝင္ေငြ ပ်မ္းမွ် ကန္ေဒၚလာသန္း(၅၀ဝ)ေက်ာ္ အထက္ ရရွိေနေၾကာင္း ျမန္မာႏိုင္ငံေျပာင္း လုပ္ငန္းအသင္းမွသိရသည္။
လက္ရွိတြင္ ျပည္တြင္း၌ ေျပာင္းသီးႏွံစိုက္ ဧက တစ္သန္းေက်ာ္ရွိၿပီး ေျမဧရိယာအားျဖင့္ တိုးခ်ဲ႕ စိုက္ပ်ိဳး၍ မရႏိုင္ေသာေၾကာင့္ ေဈးႏႈန္း၊ ေဈးကြက္ ကိုက္ညီသည့္ တျခားသီးႏွံမ်ားစိုက္ပ်ိဳးျခင္းေၾကာင့္ ေျပာင္းစိုက္ဧက တိုးျမင့္လာျခင္း၊ ေလ်ာ့သြားျခင္းမ်ား အနည္းငယ္ရွိေသာ္လည္း ယခုႏွစ္ (၂၀၂၅-၂၀၂၆) စိုက္ပ်ိဳးရာသီတြင္ ေျပာင္းစိုက္ဧက အနည္းငယ္မ်ားျပားလာေၾကာင္း ျမန္မာႏိုင္ငံေျပာင္းလုပ္ငန္းရွင္မ်ား အသင္းမွ သိရသည္။ ႏွစ္စဥ္ (၁၀)လပိုင္း၊ (၁၁)လ ပိုင္း၊ (၁၂)လပိုင္းတို႔တြင္ ေျပာင္းအမ်ားဆုံး လႈိင္လႈိင္ ထြက္သည့္ကာလမ်ားျဖစ္သည္။ (၂၀၂၃-၂၀၂၄) ခုႏွစ္တြင္ ေျပာင္းစိုက္ဧရိယာ တစ္သန္းတြင္ (၈)သိန္း ေက်ာ္သာစိုက္ပ်ိဳးႏိုင္ခဲ့ေၾကာင္း ထြက္ရွိႏႈန္းအေနျဖင့္ တန္(၁၈)သိန္း၊ သိန္း(၂၀)ဝန္းက်င္ခန႔္သာ ထြက္ရွိ ႏိုင္ခဲ့သည္။ (၂၀၂၄)ခုႏွစ္တြင္ အထြက္ႏႈန္းအေနျဖင့္လည္း တန္ (၁၆)သိန္းမွ (၁၈)သိန္းၾကားသာ ထြက္ရွိ ႏိုင္ခဲ့သည္။ (၂၀၂၅)ခုႏွစ္မွာေတာ့ ရာသီဥတုကလည္းေကာင္းေၾကာင္း ရွမ္းေတာင္တြင္ အေတာ္မ်ားမ်ား ျပန္စိုက္ၾကေၾကာင္း ရွမ္းေျမာက္၏ ဧရိယာအေတာ္မ်ားမ်ားတြင္လည္း ျပန္စိုက္ေနေၾကာင္းသိရသည္။ ဧရာဝတီတိုင္းတြင္ ေဆာင္းသီးႏွံအျပည့္ စိုက္ျဖစ္မည္ျဖစ္ရာ စိုက္ဧက ပုံမွန္(၈)သိန္းႏွင့္ တစ္သန္း ၾကား ခန႔္မွန္းထားေၾကာင္း ျမန္မာႏိုင္ငံေျပာင္းလုပ္ငန္းအသင္းမွ တာဝန္ရွိသူကေျပာသည္။
ျမန္မာ့ေဒသထြက္ေျပာင္းသီးႏွံကို ျပည္ တြင္းမွာ (၃၅)ရာခိုင္ႏႈန္းအသုံးျပဳေနၿပီး ျပည္ပႏိုင္ငံမ်ား သို႔ (၆၅) ရာခိုင္ႏႈန္းတင္ပို႔ေနေၾကာင္း၊ အမ်ားဆုံး အေနျဖင့္ ထိုင္းႏိုင္ငံသို႔တင္ပို႔ေနၿပီး ရာခိုင္ႏႈန္းအား ျဖင့္ (၅၀)ရာခိုင္ႏႈန္းတင္ပို႔ေနေၾကာင္း၊ က်န္ (၁၅)ရာ ခိုင္ႏႈန္းအေနျဖင့္ အိႏၵိယ၊ ဖိလစ္ပိုင္၊ ဗီယက္နမ္၊ တ႐ုတ္ စသည့္ႏိုင္ငံမ်ားသို႔ တင္ပို႔ေနျခင္းျဖစ္ေၾကာင္း သိရသည္။ ႏိုင္ငံျခားဝင္ေငြရရွိမႈအေနျဖင့္လည္း (၂၀၂၃-၂၀၂၄) ဘ႑ာႏွစ္တြင္ ကန္ေဒၚလာ သန္း (၅၀ဝ)ေက်ာ္အထက္ကို ရွာေဖြေပးႏိုင္ေၾကာင္း၊ (၂၀၂၄-၂၀၂၅) ဘ႑ာႏွစ္တြင္ ကန္ေဒၚလာ သန္း (၄၀ဝ)ေက်ာ္ခန႔္ရွိေၾကာင္းႏွင့္ (၂၀၂၅-၂၀၂၆)ဘ႑ာႏွစ္၏ လက္ရွိ အခ်ိန္ထိလည္း ကန္ေဒၚလာ သန္း (၄၀ဝ)ေက်ာ္ရရွိထားေၾကာင္းသိရသည္။ ျမန္မာႏိုင္ငံ ၏ ေျပာင္းသီးႏွံ စိုက္ပ်ိဳးထုတ္လုပ္မႈသည္ မၾကာမီကာ လအတြင္း ကုန္စည္မ်ားထြက္ရွိလာမည္ျဖစ္ရာ ေဈးကြက္ အေျခအေနကို ဆက္လက္ေစာင့္ ၾကည့္ရမည္ ျဖစ္သည္။

Related news

© 2021. All rights reserved.