ဒဏ်ကြေးရိုက်ခံရမည့် အကောက်ခွန်မဲ့ ကုန်ကားစီးရေ(၅၀ဝ)နီးပါး ပြန်ရွေးရန် အခွင့်အရေးနည်းပါး

733

Pearl (NP News)-အောက်တိုဘာ ၂၁
ဖမ်းဆီးရမိ မော်တော်ယာဉ် (၄၀ဝ)ကျော်အပေါ်မှ အကောက်ခွန်မဲ့ကုန်ပစ္စည်းများကို ဒဏ်ငွေ ရိုက်မည်ဖြစ်ရာ ကုန်သည်များအနေဖြင့် ရွေးယူရန် ရာခိုင်နှုန်းနည်းပါးကြောင်း NP News စုံစမ်းသိရှိရ သည်။
ပြီးခဲ့သည့် ဇူလိုင်လ (၁၄) ရက်မှ စက်တင်ဘာလ (၃) ရက်အထိ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်အထူးအဖွဲ့များ နှင့် အကောက်ခွန်ဦးစီးဌာနတို့မှ လိုင်စင်မဲ့/ အ ကောက်ခွန်မဲ့ ကုန်ပစ္စည်းများနှင့် ပိတ်ပင်တားမြစ်ကုန်ပစ္စည်းတင် မော်တော်ယာဉ်များကို စစ်ဆေး ဖမ်းဆီးခဲ့ရာ ကရင်အထူးအဖွဲ့အနေဖြင့် လိုင်စင်မဲ့ (၆) စီးအပါအဝင် (၂၀၁) စီး ၊ မန္တလေးအထူးအဖွဲ့မှ လိုင်စင်မဲ့ (၉)စီးအပါအဝင် (၇၂)စီး၊ မွန်အထူးအဖွဲ့မှ (၁၂၁) စီး၊ ရှမ်းအထူးအဖွဲ့မှ လိုင်စင်မဲ့ (၆)စီးအပါ အဝင် (၆၄) စီး ၊ အကောက်ခွန်မှ (၁၂) စီး စုစုပေါင်း (၄၇၀) စီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ မော်တော်ယာဉ် (၄၇၀) စီး အပေါ်မှ ကန့်သတ်/တားမြစ်ကုန်ပစ္စည်းများကို ပင်လယ်ရေ ကြောင်း အကောက်ခွန်အက်ဥပဒေ ပုဒ်မ ၁၆၇ (၈) အရ သိမ်းဆည်းမည်ဖြစ်ပြီး ခွင့်ပြုချက်နှင့် ကွဲလွဲ တင်သွင်းလာသည့် သို့မဟုတ် လုံးဝခွင့်ပြုချက် မပါဘဲ တင်သွင်းလာသည့် လိုင်စင်မဲ့၊ အကောက်ခွန်မဲ့ ကုန်ပစ္စည်းများကို ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေအရ သင့်လျော်သည့် ရွေးယူဒဏ်ငွေ တပ်ရိုက် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
“စုစုပေါင်း (၄၀ဝ) ကျော်မှာလည်း ကုန်တင်ကား (၂၀) ကျော်လောက်က လိုင်စင်မဲ့ယာဉ်တွေ။ လိုင်စင်မဲ့ယာဉ်တွေပေါ်မှာပါတဲ့ အကုန်လုံးကို သိမ်းဆည်းခံရမယ်လို့လည်း ပြောပါတယ်။ ရွေးလို့ ရတဲ့ ပစ္စည်းအပြင် အခြားလုံးဝ သိမ်းဆည်းမယ့်ပစ္စည်းတွေက Vape ၊ စီးကရက်တို့၊ ဘီယာတို့။ ဖဲထုပ်တို့။ ဒါ တွေက နိုင်ငံတော်က သိမ်းဆည်းမှာလို့ သိရတယ်။ အဲဒီလိုအရေးယူရာမှာ တချို့တရားမဝင် ပစ္စည်းတွေ ကိုကျတော့ ဒဏ်ကြေး (၂)ဆတို့၊ (၁) ဆ တို့။ ဆဝက်တို့ ၊ (ဝ.၇၅) ဆတို့ ဒဏ်ကြေးနဲ့လည်း ရွေးခိုင်းဖို့ အကောက်ခွန်က စီစဉ်နေတယ်” ဟု ကုန်သည်တစ်ဦးက NP News သို့ ပြောသည်။
အကောက်ခွန်မဲ့ကုန်ပစ္စည်းများဖြစ်သည့် ဆေးဝါး၊ ဆေးအထောက်အကူပြုပစ္စည်းများ၊ ပိုးသတ် ဆေး ၊ မျိုးစေ့၊ စားသုံးဆီ၊ မွေးမြူရေး လုပ်ငန်းသုံးကုန်ကြမ်း၊ တိရစ္ဆာန်သုံးဆေးဝါး၊ ဆေးဝါးကုန်ကြမ်း ပစ္စည်းများနှင့် ပရဆေးကုန်ကြမ်း၊ လယ်ယာသုံး စက်နှင့် စက်ပစ္စည်း၊ စားသောက်ကုန်၊ လယ်ယာလုပ် ငန်းသုံး ထော်လာဂျီ / E Three Wheel Motocycle များကို ဒဏ်ငွေ (ဝ.၅) ဆအဖြစ်လည်းကောင်း Paper and Stationary ကို (ဝ.၇၅) ဖြင့် လည်းကောင်း၊ စက်မှုကုန်ကြမ်း၊ ပလတ်စတစ်ကုန်ကြမ်းများ၊ စားသောက်ကုန်ကြမ်း၊ Packing Materials ၊ စက်ဆီ၊ ချောဆီနှင့် အခြားစက်မှုသုံးဆီများ၊ ကတ္တရာ၊ လျှပ်စစ်ဓာတ်အားထုတ်/လွှတ်/ ဖြတ်ပစ္စည်းများ၊ ဘိလပ်မြေ၊ Maching and spare parts အပိုပစ္စည်း များ (ယာဉ်/စက်/ဆက်သွယ်ရေး) ၊ Electrical Goods / လူသုံးကုန်ပစ္စည်း/ E Bicycle ၊ လေဆိပ်သုံး Tractor ၊ လယ်ယာသုံး (ထွန်စက်)တို့ကို (၁) ဆဖြင့်လည်းကောင်း ရွေးယူရမည်ဖြစ်ကြောင်းလည်း သိရသည်။
အလားတူ ဓာတ်မြေဩဇာ၊ ဒီဇယ်ဆီ၊ ဓာတ်ဆီ၊ LPG Gas ၊ သံနှင့် သံမဏိပစ္စည်းများ ၊ Constru- ction Materials ၊ တာယာနှင့် ရော်ဘာထုတ်ကုန်ပစ္စည်းများ၊ တယ်လီဖုန်းနှင့် ဆက်သွယ်ရေးသုံး ပစ္စည်း များ၊ လုပ်ငန်းသုံးမော်တော်ယာဉ် ၊ နောက်တွဲယာဉ်များကို (၂)ဆ၊ Electronic Goods ၊ ယန္တရား (၃)ဆနှင့် လူစီးမော်တော်ယာဉ် ကို (၄)ဆ ဒဏ်ကြေးဆောင်ကာ ရွေးယူရမည်ဖြစ် ကြောင်းလည်း သိရသည်။
ကန့်သတ် ၊ တားမြစ် ကုန်ပစ္စည်းများဖြစ်သည့် Vape ၊ စီးကရက် ၊ ဘီယာ ၊ ဖဲထုပ်တို့ကို သိမ်း ဆည်းမည်ဖြစ်ကြောင်းလည်း သိရသည်။
“ကုန်သည်တွေကတော့ အဆိုပါ တရားမဝင် အကောက်ခွန်မဲ့ပစ္စည်းတွေကို ရွေးချယ်ဖို့ အလား အလာ အလွန်နည်းပါးနေတာကိုတွေ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒဏ်ကြေးအဆအနေနဲ့ ပြန်ရွေး ပြီး ကုန်ပစ္စည်းတွေကို ပြန်လည်ရောင်းချဖို့အတွက် အမြတ်အစွန်းအလွန်နည်းပါးတယ်။ မမြတ်နိုင် တော့ဘူး ။ ဒါကြောင့် ဒီကုန်ပစ္စည်းတွေကို အားလုံးကတော့ အကောက်ခွန်ကတော့ နိုင်ငံတော်ပိုင် ပစ္စည်းအဖြစ် သိမ်းဆည်းဖို့ ရာခိုင်နှုန်းများတယ်” ဟု ကုန်သည်ကြီးများနှင့် နီးစပ်သူတစ် ဦးကNP News သို့ သုံးသပ်ပြောကြားထားသည်။ ဖမ်းဆီးရမိ မော်တော်ယာဉ်များအနက် တရားဝင် မှတ်ပုံတင်ထားခြင်း မရှိသည့် လိုင်စင်မဲ့ယာဉ် (၂၁) စီးနှင့် ပိတ်ပင်တားမြစ်ကုန်ပစ္စည်းများ တင်ဆောင် လာသည့် မော်တော် ယာဉ် (၁၅) စီး စုစုပေါင်း မော်တော်ယာဉ် (၃၆) စီးကို ပြည်သူ့ဘဏ္ဍာ သိမ်းဆည်းဆောင်ရွက်မည်ဖြစ်ပြီး ကျန်မော်တော်ယာဉ် (၄၃၄)စီးကို ဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version:
ဒဏ္ေၾကး႐ိုက္ခံရမည့္ အေကာက္ခြန္မဲ့ ကုန္ကားစီးေရ(၅၀ဝ)နီးပါး ျပန္ေ႐ြးရန္ အခြင့္အေရးနည္းပါး
Pearl (NP News)-ေအာက္တိုဘာ ၂၁
ဖမ္းဆီးရမိ ေမာ္ေတာ္ယာဥ္ (၄၀ဝ)ေက်ာ္အေပၚမွ အေကာက္ခြန္မဲ့ကုန္ပစၥည္းမ်ားကို ဒဏ္ေငြ ႐ိုက္မည္ျဖစ္ရာ ကုန္သည္မ်ားအေနျဖင့္ ေ႐ြးယူရန္ ရာခိုင္ႏႈန္းနည္းပါးေၾကာင္း NP News စုံစမ္းသိရွိရ သည္။
ၿပီးခဲ့သည့္ ဇူလိုင္လ (၁၄) ရက္မွ စက္တင္ဘာလ (၃) ရက္အထိ ကရင္ျပည္နယ္၊ မြန္ျပည္နယ္၊ မႏၲေလးတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္အထူးအဖြဲ႕မ်ား ႏွင့္ အေကာက္ခြန္ဦးစီးဌာနတို႔မွ လိုင္စင္မဲ့/ အ ေကာက္ခြန္မဲ့ ကုန္ပစၥည္းမ်ားႏွင့္ ပိတ္ပင္တားျမစ္ကုန္ပစၥည္းတင္ ေမာ္ေတာ္ယာဥ္မ်ားကို စစ္ေဆး ဖမ္းဆီးခဲ့ရာ ကရင္အထူးအဖြဲ႕အေနျဖင့္ လိုင္စင္မဲ့ (၆) စီးအပါအဝင္ (၂၀၁) စီး ၊ မႏၲေလးအထူးအဖြဲ႕မွ လိုင္စင္မဲ့ (၉)စီးအပါအဝင္ (၇၂)စီး၊ မြန္အထူးအဖြဲ႕မွ (၁၂၁) စီး၊ ရွမ္းအထူးအဖြဲ႕မွ လိုင္စင္မဲ့ (၆)စီးအပါ အဝင္ (၆၄) စီး ၊ အေကာက္ခြန္မွ (၁၂) စီး စုစုေပါင္း (၄၇၀) စီးဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
အဆိုပါ ေမာ္ေတာ္ယာဥ္ (၄၇၀) စီး အေပၚမွ ကန႔္သတ္/တားျမစ္ကုန္ပစၥည္းမ်ားကို ပင္လယ္ေရ ေၾကာင္း အေကာက္ခြန္အက္ဥပေဒ ပုဒ္မ ၁၆၇ (၈) အရ သိမ္းဆည္းမည္ျဖစ္ၿပီး ခြင့္ျပဳခ်က္ႏွင့္ ကြဲလြဲ တင္သြင္းလာသည့္ သို႔မဟုတ္ လုံးဝခြင့္ျပဳခ်က္ မပါဘဲ တင္သြင္းလာသည့္ လိုင္စင္မဲ့၊ အေကာက္ခြန္မဲ့ ကုန္ပစၥည္းမ်ားကို ပင္လယ္ေရေၾကာင္းအေကာက္ခြန္အက္ဥပေဒအရ သင့္ေလ်ာ္သည့္ ေ႐ြးယူဒဏ္ေငြ တပ္႐ိုက္ ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း သိရသည္။
“စုစုေပါင္း (၄၀ဝ) ေက်ာ္မွာလည္း ကုန္တင္ကား (၂၀) ေက်ာ္ေလာက္က လိုင္စင္မဲ့ယာဥ္ေတြ။ လိုင္စင္မဲ့ယာဥ္ေတြေပၚမွာပါတဲ့ အကုန္လုံးကို သိမ္းဆည္းခံရမယ္လို႔လည္း ေျပာပါတယ္။ ေ႐ြးလို႔ ရတဲ့ ပစၥည္းအျပင္ အျခားလုံးဝ သိမ္းဆည္းမယ့္ပစၥည္းေတြက Vape ၊ စီးကရက္တို႔၊ ဘီယာတို႔။ ဖဲထုပ္တို႔။ ဒါ ေတြက ႏိုင္ငံေတာ္က သိမ္းဆည္းမွာလို႔ သိရတယ္။ အဲဒီလိုအေရးယူရာမွာ တခ်ိဳ႕တရားမဝင္ ပစၥည္းေတြ ကိုက်ေတာ့ ဒဏ္ေၾကး (၂)ဆတို႔၊ (၁) ဆ တို႔။ ဆဝက္တို႔ ၊ (ဝ.၇၅) ဆတို႔ ဒဏ္ေၾကးနဲ႔လည္း ေ႐ြးခိုင္းဖို႔ အေကာက္ခြန္က စီစဥ္ေနတယ္” ဟု ကုန္သည္တစ္ဦးက NP News သို႔ ေျပာသည္။
အေကာက္ခြန္မဲ့ကုန္ပစၥည္းမ်ားျဖစ္သည့္ ေဆးဝါး၊ ေဆးအေထာက္အကူျပဳပစၥည္းမ်ား၊ ပိုးသတ္ ေဆး ၊ မ်ိဳးေစ့၊ စားသုံးဆီ၊ ေမြးျမဴေရး လုပ္ငန္းသုံးကုန္ၾကမ္း၊ တိရစာၦန္သုံးေဆးဝါး၊ ေဆးဝါးကုန္ၾကမ္း ပစၥည္းမ်ားႏွင့္ ပရေဆးကုန္ၾကမ္း၊ လယ္ယာသုံး စက္ႏွင့္ စက္ပစၥည္း၊ စားေသာက္ကုန္၊ လယ္ယာလုပ္ ငန္းသုံး ေထာ္လာဂ်ီ / E Three Wheel Motocycle မ်ားကို ဒဏ္ေငြ (ဝ.၅) ဆအျဖစ္လည္းေကာင္း Paper and Stationary ကို (ဝ.၇၅) ျဖင့္ လည္းေကာင္း၊ စက္မႈကုန္ၾကမ္း၊ ပလတ္စတစ္ကုန္ၾကမ္းမ်ား၊ စားေသာက္ကုန္ၾကမ္း၊ Packing Materials ၊ စက္ဆီ၊ ေခ်ာဆီႏွင့္ အျခားစက္မႈသုံးဆီမ်ား၊ ကတၱရာ၊ လွ်ပ္စစ္ဓာတ္အားထုတ္/လႊတ္/ ျဖတ္ပစၥည္းမ်ား၊ ဘိလပ္ေျမ၊ Maching and spare parts အပိုပစၥည္း မ်ား (ယာဥ္/စက္/ဆက္သြယ္ေရး) ၊ Electrical Goods / လူသုံးကုန္ပစၥည္း/ E Bicycle ၊ ေလဆိပ္သုံး Tractor ၊ လယ္ယာသုံး (ထြန္စက္)တို႔ကို (၁) ဆျဖင့္လည္းေကာင္း ေ႐ြးယူရမည္ျဖစ္ေၾကာင္းလည္း သိရသည္။
အလားတူ ဓာတ္ေျမဩဇာ၊ ဒီဇယ္ဆီ၊ ဓာတ္ဆီ၊ LPG Gas ၊ သံႏွင့္ သံမဏိပစၥည္းမ်ား ၊ Constru- ction Materials ၊ တာယာႏွင့္ ေရာ္ဘာထုတ္ကုန္ပစၥည္းမ်ား၊ တယ္လီဖုန္းႏွင့္ ဆက္သြယ္ေရးသုံး ပစၥည္း မ်ား၊ လုပ္ငန္းသုံးေမာ္ေတာ္ယာဥ္ ၊ ေနာက္တြဲယာဥ္မ်ားကို (၂)ဆ၊ Electronic Goods ၊ ယႏၲရား (၃)ဆႏွင့္ လူစီးေမာ္ေတာ္ယာဥ္ ကို (၄)ဆ ဒဏ္ေၾကးေဆာင္ကာ ေ႐ြးယူရမည္ျဖစ္ ေၾကာင္းလည္း သိရသည္။
ကန႔္သတ္ ၊ တားျမစ္ ကုန္ပစၥည္းမ်ားျဖစ္သည့္ Vape ၊ စီးကရက္ ၊ ဘီယာ ၊ ဖဲထုပ္တို႔ကို သိမ္း ဆည္းမည္ျဖစ္ေၾကာင္းလည္း သိရသည္။
“ကုန္သည္ေတြကေတာ့ အဆိုပါ တရားမဝင္ အေကာက္ခြန္မဲ့ပစၥည္းေတြကို ေ႐ြးခ်ယ္ဖို႔ အလား အလာ အလြန္နည္းပါးေနတာကိုေတြ႕ရပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒဏ္ေၾကးအဆအေနနဲ႔ ျပန္ေ႐ြး ၿပီး ကုန္ပစၥည္းေတြကို ျပန္လည္ေရာင္းခ်ဖို႔အတြက္ အျမတ္အစြန္းအလြန္နည္းပါးတယ္။ မျမတ္ႏိုင္ ေတာ့ဘူး ။ ဒါေၾကာင့္ ဒီကုန္ပစၥည္းေတြကို အားလုံးကေတာ့ အေကာက္ခြန္ကေတာ့ ႏိုင္ငံေတာ္ပိုင္ ပစၥည္းအျဖစ္ သိမ္းဆည္းဖို႔ ရာခိုင္ႏႈန္းမ်ားတယ္” ဟု ကုန္သည္ႀကီးမ်ားႏွင့္ နီးစပ္သူတစ္ ဦးကNP News သို႔ သုံးသပ္ေျပာၾကားထားသည္။ ဖမ္းဆီးရမိ ေမာ္ေတာ္ယာဥ္မ်ားအနက္ တရားဝင္ မွတ္ပုံတင္ထားျခင္း မရွိသည့္ လိုင္စင္မဲ့ယာဥ္ (၂၁) စီးႏွင့္ ပိတ္ပင္တားျမစ္ကုန္ပစၥည္းမ်ား တင္ေဆာင္ လာသည့္ ေမာ္ေတာ္ ယာဥ္ (၁၅) စီး စုစုေပါင္း ေမာ္ေတာ္ယာဥ္ (၃၆) စီးကို ျပည္သူ႔ဘ႑ာ သိမ္းဆည္းေဆာင္႐ြက္မည္ျဖစ္ၿပီး က်န္ေမာ္ေတာ္ယာဥ္ (၄၃၄)စီးကို ဥပေဒအရ အေရးယူေဆာင္႐ြက္မည္ျဖစ္ေၾကာင္းလည္း သိရသည္။