မန္တလေးတွင် ငလျင်ဒဏ်သင့်ထားသော တိုက်ဖြိုရာမှ ဘေးအိမ်ပေါ် ပြိုကျမှုဖြစ်ပွား

1144

သန့်ဇင်(NP News)-အောက်တိုဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင် ငလျင်ဒဏ်သင့်ထားသော တိုက်ဖြိုရာမှ ဘေးအိမ်ပေါ်သို့ ပြိုကျကာ အမျိုးသား(၁)ဦး ပိတ်မိနေကြောင်း သွားရောက်ကူညီနေသော ဒေသခံလူမှုကူညီရေးအသင်းများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(အောက်တိုဘာ ၂၁ရက်) ညနေပိုင်းက ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းနောက်ရပ်ကွက်၊ ၃၃ x ၃၄ လမ်းကြား၊ ၈၅ x ၈၆ လမ်းကြားတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ငလျင်ဖြစ်ထားတဲ့တိုက် ပြိုကျတာပါ။ ဖြိုချရင်းနဲ့ ဘေးအိမ်ကိုပိမိတာ။ အမျိုးသား(၁)ယောက်ပိတ်မိနေတုန်းပါ”ဟု သွားရောက်ကူညီ နေသော လူမှုကူညီရေးအသင်းဝင်တစ်ဦးက NP News ကိုပြောသည်။
လက်ရှိတွင် ပြိုကျသောအဆောက်ဦးအတွင်းမှ ပိတ်မိနေသော အမျိုးသားကို နယ်မြေခံမီးသတ်တပ်ဖွဲ့ဝင်များ ပရဟိတ်အသင်းများက ရှာဖွေကယ်ဆယ်ရေးများဆက်လက်လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ မန္တလေးငလျင်ကြီးကြောင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် (၁၀) ခုရှိ ရပ်ကွက် ၃၇၄ ခု၊ ကျေးရွာအုပ်စု ၉၄၄ စု၊ ကျေးရွာ ၂,၀၈၁ ရွာ၊ အိမ်ထောင်စု ၁၆၂,၁၆၇၊ လူဦးရေ စုစုပေါင်း ၅၀၆,၀၆၉ ဦး ဘေးသင့်ခဲ့ကြောင်း သိရသည်။
ထို့ပြင် လူနေအိမ် (၅၁,၂၁၀) လုံးပျက်စီးဆုံးရှုံးခဲ့သည့်အပြင် စုစုပေါင်းငွေကျပ် (၃,၈၀၄ ဒသမ ၅၄၉) ဘီလျံ ဆုံးရှုံးနစ်နာခဲ့ကြောင်း သိရသည်။

Zawgyi Version:
မႏၲေလးတြင္ ငလ်င္ဒဏ္သင့္ထားေသာ တိုက္ၿဖိဳရာမွ ေဘးအိမ္ေပၚ ၿပိဳက်မႈျဖစ္ပြား
သန႔္ဇင္(NP News)-ေအာက္တိုဘာ ၂၁
မႏၲေလးတိုင္းေဒသႀကီး၊ ခ်မ္းေအးသာစံၿမိဳ႕နယ္တြင္ ငလ်င္ဒဏ္သင့္ထားေသာ တိုက္ၿဖိဳရာမွ ေဘးအိမ္ေပၚသို႔ ၿပိဳက်ကာ အမ်ိဳးသား(၁)ဦး ပိတ္မိေနေၾကာင္း သြားေရာက္ကူညီေနေသာ ေဒသခံလူမႈကူညီေရးအသင္းမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔(ေအာက္တိုဘာ ၂၁ရက္) ညေနပိုင္းက ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ေအာင္နန္းေနာက္ရပ္ကြက္၊ ၃၃ x ၃၄ လမ္းၾကား၊ ၈၅ x ၈၆ လမ္းၾကားတြင္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ငလ်င္ျဖစ္ထားတဲ့တိုက္ ၿပိဳက်တာပါ။ ၿဖိဳခ်ရင္းနဲ႔ ေဘးအိမ္ကိုပိမိတာ။ အမ်ိဳးသား(၁)ေယာက္ပိတ္မိေနတုန္းပါ”ဟု သြားေရာက္ကူညီ ေနေသာ လူမႈကူညီေရးအသင္းဝင္တစ္ဦးက NP News ကိုေျပာသည္။
လက္ရွိတြင္ ၿပိဳက်ေသာအေဆာက္ဦးအတြင္းမွ ပိတ္မိေနေသာ အမ်ိဳးသားကို နယ္ေျမခံမီးသတ္တပ္ဖြဲ႕ဝင္မ်ား ပရဟိတ္အသင္းမ်ားက ရွာေဖြကယ္ဆယ္ေရးမ်ားဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္းသိရသည္။
မတ္လ ၂၈ ရက္က လႈပ္ခတ္ခဲ့ေသာ ျပင္းအား ၇ ဒသမ ၇ အဆင့္ရွိ မႏၲေလးငလ်င္ႀကီးေၾကာင့္ ေနျပည္ေတာ္ေကာင္စီအပါအဝင္ တိုင္းေဒသႀကီး၊ ျပည္နယ္ (၁၀) ခုရွိ ရပ္ကြက္ ၃၇၄ ခု၊ ေက်း႐ြာအုပ္စု ၉၄၄ စု၊ ေက်း႐ြာ ၂,၀၈၁ ႐ြာ၊ အိမ္ေထာင္စု ၁၆၂,၁၆၇၊ လူဦးေရ စုစုေပါင္း ၅၀၆,၀၆၉ ဦး ေဘးသင့္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ လူေနအိမ္ (၅၁,၂၁၀) လုံးပ်က္စီးဆုံးရႈံးခဲ့သည့္အျပင္ စုစုေပါင္းေငြက်ပ္ (၃,၈၀၄ ဒသမ ၅၄၉) ဘီလ်ံ ဆုံးရႈံးနစ္နာခဲ့ေၾကာင္း သိရသည္။