ခိုးယူခံခဲ့ရတဲ့တော်ဝင်လက်ဝတ်ရတနာတွေကို သူခိုးအဖွဲ့က အရည်ကျိုပြီး ရောင်းချသွားနိုင်တယ်လို့ အက်ဖ်ဘီအိုင် သတိပေး

675

Pika (NP News) - အောက်တိုဘာ ၂၂
ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာရှိတဲ့ Louvre ပြတိုက်ကနေ တော်ဝင်လက်ဝတ်ရတနာပစ္စည်းတွေကို ခိုးယူသွားခဲ့တဲ့ သူခိုးတွေဟာ လက်ဝတ်ရတနာတွေကို အရည်ကျိုပြီး ရောင်းချဖို့ နည်းလမ်းတွေကို ရှာဖွေနိုင်တယ်လို့ အက်ဖ်ဘီအိုင်အဖွဲ့ အနုပညာရာဇဝတ်မှုဆိုင်ရာကျွမ်းကျင်သူဟောင်း Tim Carpenter က ထုတ်ပြန်ပြောကြားခဲ့ပါ တယ်။
Tim Carpenter က “သူခိုးတွေဟာ တော်ဝင်လက်ဝတ်ရတနာပစ္စည်းတွေကို အရည်ကျိုတာမျိုးလုပ်ဆောင်နိုင်ပါ တယ်။ ဒါ့ပြင် သူခိုးတွေဟာ ကျောက်မျက်ရတနာတွေကို သရဖူကနေ ခွဲထုတ်ပြီး တစ်ခုချင်းစီရောင်းချသွားနိုင် ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ရာဇဝတ်မှုကျူးလွန်သူတွေကို ဖမ်းဆီးပြီး တော်ဝင်အပိုင်းအစတွေအားလုံးကို ပြန်လည်ရယူနိုင်ဖို့ အာဏာပိုင်တွေမှာ အခွင့်အရေးရှိသေးတယ်လို့လည်း Tim Carpenter က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
Tim Carpenter က “ဒီရာဇဝတ်မှုကျူးလွန်သူတွေကို ဖော်ထုတ်ပြီး ၎င်းတို့မပျောက်ကွယ်သွားခင်မှာ ဒီအပိုင်းအစ တွေ အားလုံးကို ပြန်လည်ရယူနိုင်ဖို့ ထိရောက်တဲ့ ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်ဖို့ အာဏာပိုင် တွေမှာ အခွင့်အရေးရှိသေးတယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ပဲရစ်မြို့လယ်မှာရှိတဲ့ Louvre ပြတိုက်ကနေ အဖိုးမဖြတ်နိုင်တဲ့ တော်ဝင်လက်ဝတ်ရတနာ(၈)ခုကို ခိုးယူသွားခဲ့တဲ့ သူခိုးအဖွဲ့ကို အာဏာပိုင်တွေက ဆက်လက်စုံစမ်းရှာဖွေလျက်ရှိတယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ခိုးယူခံခဲ့ရတဲ့ေတာ္ဝင္လက္ဝတ္ရတနာေတြကို သူခိုးအဖြဲ႕က အရည္က်ိဳၿပီး ေရာင္းခ်သြားႏိုင္တယ္လို႔ အက္ဖ္ဘီအိုင္ သတိေပး
Pika (NP News) - ေအာက္တိုဘာ ၂၂
ျပင္သစ္ႏိုင္ငံ ပဲရစ္ၿမိဳ႕မွာရွိတဲ့ Louvre ျပတိုက္ကေန ေတာ္ဝင္လက္ဝတ္ရတနာပစၥည္းေတြကို ခိုးယူသြားခဲ့တဲ့ သူခိုးေတြဟာ လက္ဝတ္ရတနာေတြကို အရည္က်ိဳၿပီး ေရာင္းခ်ဖို႔ နည္းလမ္းေတြကို ရွာေဖြႏိုင္တယ္လို႔ အက္ဖ္ဘီအိုင္အဖြဲ႕ အႏုပညာရာဇဝတ္မႈဆိုင္ရာကြၽမ္းက်င္သူေဟာင္း Tim Carpenter က ထုတ္ျပန္ေျပာၾကားခဲ့ပါ တယ္။
Tim Carpenter က “သူခိုးေတြဟာ ေတာ္ဝင္လက္ဝတ္ရတနာပစၥည္းေတြကို အရည္က်ိဳတာမ်ိဳးလုပ္ေဆာင္ႏိုင္ပါ တယ္။ ဒါ့ျပင္ သူခိုးေတြဟာ ေက်ာက္မ်က္ရတနာေတြကို သရဖူကေန ခြဲထုတ္ၿပီး တစ္ခုခ်င္းစီေရာင္းခ်သြားႏိုင္ ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ရာဇဝတ္မႈက်ဴးလြန္သူေတြကို ဖမ္းဆီးၿပီး ေတာ္ဝင္အပိုင္းအစေတြအားလုံးကို ျပန္လည္ရယူႏိုင္ဖို႔ အာဏာပိုင္ေတြမွာ အခြင့္အေရးရွိေသးတယ္လို႔လည္း Tim Carpenter က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
Tim Carpenter က “ဒီရာဇဝတ္မႈက်ဴးလြန္သူေတြကို ေဖာ္ထုတ္ၿပီး ၎တို႔မေပ်ာက္ကြယ္သြားခင္မွာ ဒီအပိုင္းအစ ေတြ အားလုံးကို ျပန္လည္ရယူႏိုင္ဖို႔ ထိေရာက္တဲ့ ရာဇ၀တ္မႈဆိုင္ရာ စုံစမ္းစစ္ေဆးမႈေတြလုပ္ေဆာင္ဖို႔ အာဏာပိုင္ ေတြမွာ အခြင့္အေရးရွိေသးတယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ပဲရစ္ၿမိဳ႕လယ္မွာရွိတဲ့ Louvre ျပတိုက္ကေန အဖိုးမျဖတ္ႏိုင္တဲ့ ေတာ္ဝင္လက္ဝတ္ရတနာ(၈)ခုကို ခိုးယူသြားခဲ့တဲ့ သူခိုးအဖြဲ႕ကို အာဏာပိုင္ေတြက ဆက္လက္စုံစမ္းရွာေဖြလ်က္ရွိတယ္လို႔လည္း သိရပါတယ္။