မကွေးတွင် ဆီဘောက်ဆာနှင့် Light Truck တို့ မျက်နှာချင်းဆိုင်တိုက်မိ၍ ကလေးငယ်တစ်ဦး အပါအဝင် (၅)ဦး ပွဲချင်းပြီး သေဆုံး
571
သန့်ဇင် (NP News) - အောက်တိုဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ဆီဘောက်ဆာနှင့် Light Truck တို့ မျက်နှာချင်းဆိုင်တိုက်မိ၍ ကလေးငယ်တစ်ဦး အပါအဝင် (၅)ဦးပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သွားရောက်ကူညီခဲ့သည့် လူမှုကူညီရေး အသင်းများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(အောက်တိုဘာ ၂၂ ရက်)၊ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်ခန့်က မကွေးမြို့၊ နတ်မောက်လမ်း၊ ကန်လှကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဖြစ်စဉ်က မှန်တယ်ဗျ။ အခုလည်းကျွန်တော်တို့ ဆေးရုံပို့နေတာပါ” ဟု သွားရောက်ကူညီခဲ့သည့် လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုတွင် ကလေးငယ်တစ်ဦး အပါအဝင် အမျိုးသား(၃)ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူများအား မကွေးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးထားကြောင်း သိရသည်။
Zawgyi Version: