မွန်ပြည်နယ်ရှိ အတ္ထရံတံတားအသစ်ကြီး ပြီးစီးသွားပါက တန် (၆၀)ယာဉ်များ ဖြတ်သန်းသွားလာနိုင်မည်

359

စော(NP News)-အောက်တိုဘာ ၂၃
မွန်ပြည်နယ်ရှိ အတ္ထရံတံတားအသစ်ကြီး ပြီးစီးသွားပါက တန် (၆၀)ယာဉ်များ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်၏ အချက်အလက်များအရ သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် မွန်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်စန်းနိုင်နှင့်အတူ ယခုရက်ပိုင်းအတွင်း မွန်ပြည်နယ်အတွင်း တည်ဆောက်လျက်ရှိသည့် တံတားလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခဲ့ရာ အရှေ့ - အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးအပိုင်းတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော အတ္ထရံတံတားသစ်တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
ဒုတိယဝန်ကြီး ဦးမျိုးမြင့်က လုပ်ငန်းစီမံချက်အတိုင်း တံတားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ တစ်ပြိုင်တည်းပြီးစီးအောင် ဆောင်ရွက်သွားရန်၊ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေး အထူးဂရုပြုဆောင်ရွက်ရန်တို့ကိုမှာကြားပြီး သံမဏိကြိုးတပ်ဆင် ဆောင်ရွက်ထားရှိမှုနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို အသေးစိတ် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
လက်ရှိ အတ္ထရံတံတားဟောင်းသည် ၁၉၉၈ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး ခံနိုင်ဝန်အားအရ အိမ်စီးယာဉ်ငယ်များနှင့် ကုန်တင်ယာဉ်ငယ်များသာ ဖြတ်သန်းခွင့်ပြုထားသည့်အတွက် မော်လမြိုင် တစ်ဖက်ကမ်းရှိစက်မှုဇုန်များသို့ ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းသွားလာရန် ခက်ခဲကြောင်း သိရသည်။
ထို့ကြောင့် အတ္ထရံတံတားအသစ်ကြီး ပြီးစီးသွားပါက ယာဉ်တစ်စီးချင်းခွင့်ပြုတန် ၆၀ ဖြစ်ပြီး အချိန်မရွေး ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ အရှေ့- အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးသည် မြန်မာ၊ ထိုင်း၊ လာအိုနှင့် ဗီယက်နမ်စသည့် အာဆီယံနိုင်ငံများအကြား အဓိကဆက်သွယ်သော လမ်းမကြီးဖြစ်သဖြင့် အတ္တရံတံတားသစ်ကို တန် ၆၀ ယာဉ်များ ဖြတ်သန်းသွားလာနိုင်စေရန် အဓိကရည်ရွယ်၍ အဆင့်မြှင့်တင်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် နိုင်ငံတကာအဆင့်မီတံတားတည်ဆောက်ရေး နည်းပညာများ (Extra dosed / Cable Stayed) နှင့် တည်ဆောက်ခြင်းကြောင့် မြန်မာအင်ဂျင်နီယာများအဆင့်မြင့် တံတားဒီဇိုင်းပညာရပ်၊ အဆင့်မြင့် တည်ဆောက်ခြင်း နည်းပညာရပ်များ လေ့လာသင်ယူနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version:
မြန္ျပည္နယ္ရွိ အတၳရံတံတားအသစ္ႀကီး ၿပီးစီးသြားပါက တန္ (၆၀)ယာဥ္မ်ား ျဖတ္သန္းသြားလာႏိုင္မည္
ေစာ(NP News)-ေအာက္တိုဘာ ၂၃
မြန္ျပည္နယ္ရွိ အတၳရံတံတားအသစ္ႀကီး ၿပီးစီးသြားပါက တန္ (၆၀)ယာဥ္မ်ား ျဖတ္သန္းသြားလာႏိုင္မည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္၏ အခ်က္အလက္မ်ားအရ သိရသည္။
ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ဦးမ်ိဳးျမင့္သည္ မြန္ျပည္နယ္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးတင္စန္းႏိုင္ႏွင့္အတူ ယခုရက္ပိုင္းအတြင္း မြန္ျပည္နယ္အတြင္း တည္ေဆာက္လ်က္ရွိသည့္ တံတားလုပ္ငန္းမ်ား ၾကည့္ရႈစစ္ေဆးခဲ့ရာ အေရွ႕ - အေနာက္ စီးပြားေရးစႀကႍလမ္းမႀကီးအပိုင္းတြင္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိေသာ အတၳရံတံတားသစ္တည္ေဆာက္ေရးလုပ္ငန္းခြင္သို႔ ေရာက္ရွိခဲ့ေၾကာင္း သိရသည္။
ဒုတိယဝန္ႀကီး ဦးမ်ိဳးျမင့္က လုပ္ငန္းစီမံခ်က္အတိုင္း တံတားလုပ္ငန္းႏွင့္ ဆက္စပ္လုပ္ငန္းမ်ား တစ္ၿပိဳင္တည္းၿပီးစီးေအာင္ ေဆာင္႐ြက္သြားရန္၊ တည္ေဆာက္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေနစဥ္ သဘာဝပတ္ဝန္းက်င္ထိခိုက္မႈ မရွိေစေရး အထူးဂ႐ုျပဳေဆာင္႐ြက္ရန္တို႔ကိုမွာၾကားၿပီး သံမဏိႀကိဳးတပ္ဆင္ ေဆာင္႐ြက္ထားရွိမႈႏွင့္ ဆက္စပ္လုပ္ငန္းမ်ား ေဆာင္႐ြက္ေနမႈတို႔ကို အေသးစိတ္ ၾကည့္ရႈစစ္ေဆးခဲ့ေၾကာင္း သိရသည္။
လက္ရွိ အတၳရံတံတားေဟာင္းသည္ ၁၉၉၈ ခုႏွစ္တြင္ တည္ေဆာက္ၿပီးစီးခဲ့ၿပီး ခံႏိုင္ဝန္အားအရ အိမ္စီးယာဥ္ငယ္မ်ားႏွင့္ ကုန္တင္ယာဥ္ငယ္မ်ားသာ ျဖတ္သန္းခြင့္ျပဳထားသည့္အတြက္ ေမာ္လၿမိဳင္ တစ္ဖက္ကမ္းရွိစက္မႈဇုန္မ်ားသို႔ ကုန္တင္ယာဥ္ႀကီးမ်ား ျဖတ္သန္းသြားလာရန္ ခက္ခဲေၾကာင္း သိရသည္။
ထို႔ေၾကာင့္ အတၳရံတံတားအသစ္ႀကီး ၿပီးစီးသြားပါက ယာဥ္တစ္စီးခ်င္းခြင့္ျပဳတန္ ၆၀ ျဖစ္ၿပီး အခ်ိန္မေ႐ြး ျဖတ္သန္းသြားလာႏိုင္မည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။
အဆိုပါ အေရွ႕- အေနာက္ စီးပြားေရးစႀကႍလမ္းမႀကီးသည္ ျမန္မာ၊ ထိုင္း၊ လာအိုႏွင့္ ဗီယက္နမ္စသည့္ အာဆီယံႏိုင္ငံမ်ားအၾကား အဓိကဆက္သြယ္ေသာ လမ္းမႀကီးျဖစ္သျဖင့္ အတၱရံတံတားသစ္ကို တန္ ၆၀ ယာဥ္မ်ား ျဖတ္သန္းသြားလာႏိုင္ေစရန္ အဓိကရည္႐ြယ္၍ အဆင့္ျမႇင့္တင္ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ႏိုင္ငံတကာအဆင့္မီတံတားတည္ေဆာက္ေရး နည္းပညာမ်ား (Extra dosed / Cable Stayed) ႏွင့္ တည္ေဆာက္ျခင္းေၾကာင့္ ျမန္မာအင္ဂ်င္နီယာမ်ားအဆင့္ျမင့္ တံတားဒီဇိုင္းပညာရပ္၊ အဆင့္ျမင့္ တည္ေဆာက္ျခင္း နည္းပညာရပ္မ်ား ေလ့လာသင္ယူႏိုင္ျခင္းစသည့္ အက်ိဳးေက်းဇူးမ်ား ရရွိႏိုင္မည္ျဖစ္ေၾကာင္းလည္း သိရသည္။