မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းစားသုံးဆီလိုအပ်ချက်၏တစ်ဝက်ကျော်ကို ပြည်ပမှတင်သွင်းနေရ

 203

သက်ပိုင်(NP News) – အောက်တိုဘာ ၂၃
မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းစားသုံးဆီလိုအပ်ချက်၏ တစ်ဝက်ကျော်ကို ပြည်ပမှ မှာယူ တင်သွင်းနေရကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ထည့်သွင်းပြောကြားသည်။
နေပြည်တော် ဇေယျာသီရိမြို့နယ်ရေဆင်းရှိ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန နဝရတ်ခန်းမ၌ ယမန်နေ့ (အောက်တိုဘာလ (၂၂) ရက်) က ကျင်းပသည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ(၂ဝ၂၅)ဖြင့် ဆောင်ရွက်မည့် မြန်မာနိုင်ငံတွင် စားသုံးဆီနှင့်ပဲပုပ်ကြိတ်ဖတ်ဖူလုံရေးအတွက် ပဲပုပ်ကြိတ်ခွဲရန် သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း စီမံကိန်းစတင်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံတွင် စားသုံးဆီနှင့် ပဲပုပ်ကြိတ်ဖတ်ဖူလုံရေးအတွက် ပဲပုပ်ကြိတ်ခွဲရန် သုတေသနနှင့် ဖွံ့ဖြိုး ရေးလုပ်ငန်းများဆောင်ရွက်ခြင်း(Establishment of a Soybean Processing Plant through Research and Development for Cooking Oil and Soybean Meal Sufficiency in Myanmar) စီမံကိန်းကို စိုက်ပျိုးရေးသုတေသနဦးစီးဌာနက ယခင်စီမံကိန်း၏ အောင်မြင်မှုအတွေ့အကြုံများအပေါ် အတွေ့အကြုံရယူ၍ ပိုမိုတိုးတက်အောင်မြင်အောင် ဆက်လက် ဆောင်ရွက်သွားမည့် စီမံကိန်းအသစ်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ပြည်တွင်းစားသုံးဆီ လိုအပ်ချက်၏ (၅၈) ရာခိုင်နှုန်းနီးပါးကို နိုင်ငံခြားငွေအမြောက်အမြား အကုန်အကျခံကာ တင်သွင်းနေရလျက်ရှိပြီး မွေးမြူရေးကဏ္ဍအတွက် မရှိမဖြစ်လိုအပ်သော ပဲပုပ်ကြိတ်ဖတ်ကိုလည်း နှစ်စဉ်မက်ထရစ်တန်ချိန် သုညဒသမ (၆) သန်းခန့် ပြည်ပမှ ဝယ်ယူနေရကြောင်းနှင့် ဤလိုအပ်ချက်နှစ်ခုလုံးကို ပြည်တွင်းဖြစ် ထုတ်ကုန်များဖြင့် လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရန်အတွက် အရည်အသွေးပြည့်မီသည့် ပဲပုပ်စိုက်ပျိုးထုတ်လုပ် နိုင်ရေးအပါအဝင် ယခုစီမံကိန်းသည် ပြည်တွင်းစွမ်းအား၊ သုတေသနနှင့် နည်းပညာများဖြင့် ရင်ဆိုင်ဖြေရှင်းမည့် မဟာဗျူဟာမြောက် ချဉ်းကပ်မှုဖြစ်ကြောင်း၊ ဤစီမံကိန်း၏ အဓိကရည်မှန်းချက်မှာ ပဲပုပ်စိုက်ပျိုးရေးမှ တန်ဖိုးမြှင့်ထုတ်ကုန်ဖြစ်သည့် စားသုံးဆီနှင့် ပဲပုပ်ဖတ်အထိ တန်ဖိုးကွင်းဆက် တစ်ခုလုံးကို ခိုင်မာအောင်တည်ဆောက်ရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Zawgyi Version:
ျမန္မာႏိုင္ငံအေနျဖင့္ ျပည္တြင္းစားသုံးဆီလိုအပ္ခ်က္၏တစ္ဝက္ေက်ာ္ကို ျပည္ပမွတင္သြင္းေနရ
သက္ပိုင္(NP News) – ေအာက္တိုဘာ ၂၃
ျမန္မာႏိုင္ငံအေနျဖင့္ ျပည္တြင္းစားသုံးဆီလိုအပ္ခ်က္၏ တစ္ဝက္ေက်ာ္ကို ျပည္ပမွ မွာယူ တင္သြင္းေနရေၾကာင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးမင္းေနာင္က ထည့္သြင္းေျပာၾကားသည္။
ေနျပည္ေတာ္ ေဇယ်ာသီရိၿမိဳ႕နယ္ေရဆင္းရွိ စိုက္ပ်ိဳးေရးသုေတသန ဦးစီးဌာန နဝရတ္ခန္းမ၌ ယမန္ေန႔ (ေအာက္တိုဘာလ (၂၂) ရက္) က က်င္းပသည့္ မဲေခါင္-လန္ခ်န္း ပူးေပါင္းေဆာင္႐ြက္မႈအထူးရန္ပုံေငြ(၂ဝ၂၅)ျဖင့္ ေဆာင္႐ြက္မည့္ ျမန္မာႏိုင္ငံတြင္ စားသုံးဆီႏွင့္ပဲပုပ္ႀကိတ္ဖတ္ဖူလုံေရးအတြက္ ပဲပုပ္ႀကိတ္ခြဲရန္ သုေတသနႏွင့္ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ျခင္း စီမံကိန္းစတင္ေရး အလုပ္႐ုံေဆြးေႏြးပြဲတြင္ ေျပာၾကားခဲ့ျခင္း ျဖစ္သည္။
ႏိုင္ငံတကာပူးေပါင္းေဆာင္႐ြက္မႈအေနျဖင့္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံမွ မဲေခါင္-လန္ခ်န္းပူးေပါင္း ေဆာင္႐ြက္မႈ အထူးရန္ပုံေငြျဖင့္ ေက်းလက္ေနျပည္သူမ်ား၏ လူမႈစီးပြားဘဝမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရး စီမံကိန္းမ်ားကို ေအာင္ျမင္စြာ အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိရာ ျမန္မာႏိုင္ငံတြင္ စားသုံးဆီႏွင့္ ပဲပုပ္ႀကိတ္ဖတ္ဖူလုံေရးအတြက္ ပဲပုပ္ႀကိတ္ခြဲရန္ သုေတသနႏွင့္ ဖြံ႕ၿဖိဳး ေရးလုပ္ငန္းမ်ားေဆာင္႐ြက္ျခင္း(Establishment of a Soybean Processing Plant through Research and Development for Cooking Oil and Soybean Meal Sufficiency in Myanmar) စီမံကိန္းကို စိုက္ပ်ိဳးေရးသုေတသနဦးစီးဌာနက ယခင္စီမံကိန္း၏ ေအာင္ျမင္မႈအေတြ႕အႀကဳံမ်ားအေပၚ အေတြ႕အႀကဳံရယူ၍ ပိုမိုတိုးတက္ေအာင္ျမင္ေအာင္ ဆက္လက္ ေဆာင္႐ြက္သြားမည့္ စီမံကိန္းအသစ္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာသည္။
ျပည္တြင္းစားသုံးဆီ လိုအပ္ခ်က္၏ (၅၈) ရာခိုင္ႏႈန္းနီးပါးကို ႏိုင္ငံျခားေငြအေျမာက္အျမား အကုန္အက်ခံကာ တင္သြင္းေနရလ်က္ရွိၿပီး ေမြးျမဴေရးက႑အတြက္ မရွိမျဖစ္လိုအပ္ေသာ ပဲပုပ္ႀကိတ္ဖတ္ကိုလည္း ႏွစ္စဥ္မက္ထရစ္တန္ခ်ိန္ သုညဒသမ (၆) သန္းခန႔္ ျပည္ပမွ ဝယ္ယူေနရေၾကာင္းႏွင့္ ဤလိုအပ္ခ်က္ႏွစ္ခုလုံးကို ျပည္တြင္းျဖစ္ ထုတ္ကုန္မ်ားျဖင့္ လုံေလာက္စြာ ျဖည့္ဆည္းေပးႏိုင္ရန္အတြက္ အရည္အေသြးျပည့္မီသည့္ ပဲပုပ္စိုက္ပ်ိဳးထုတ္လုပ္ ႏိုင္ေရးအပါအဝင္ ယခုစီမံကိန္းသည္ ျပည္တြင္းစြမ္းအား၊ သုေတသနႏွင့္ နည္းပညာမ်ားျဖင့္ ရင္ဆိုင္ေျဖရွင္းမည့္ မဟာဗ်ဴဟာေျမာက္ ခ်ဥ္းကပ္မႈျဖစ္ေၾကာင္း၊ ဤစီမံကိန္း၏ အဓိကရည္မွန္းခ်က္မွာ ပဲပုပ္စိုက္ပ်ိဳးေရးမွ တန္ဖိုးျမႇင့္ထုတ္ကုန္ျဖစ္သည့္ စားသုံးဆီႏွင့္ ပဲပုပ္ဖတ္အထိ တန္ဖိုးကြင္းဆက္ တစ္ခုလုံးကို ခိုင္မာေအာင္တည္ေဆာက္ရန္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.