တက္ကစီ အုံနာခကြောင့်ကားခများအဆမတန်ဈေးမြင့်တက်

591

ပြည့်ဖြိုး(NP News)-အောက်တိုဘာ ၂၃
စက်သုံးဆီ စျေးနှုန်းများ မြင့်တက်ခြင်း၊ CNG ဂတ်စ် အချိန်ကြာမြင့်စွာ တန်းစီရခြင်းများ မရှိသော်လည်း အုံနာခများမြင့်တက်နေခြင်းကြောင့် ရန်ကုန်မြို့၌ အငှားယာဥ် စီးနင်းခများသည် ပြီးခဲ့သည့် ခြောက်လအတွင်း နှစ်ဆနီးပါးထပ်တက်လာခဲ့ကြောင်း မြို့ခံများထံမှ စုံစမ်း သိရှိရသည်။
" ဟိုနားဒီနား လက်တား ငှားရင် အနည်းဆုံး ငါးထောင်ပေးနေရပြီ၊ Grab ဆို ထောက်လိုက်လို့ စျေးနှုန်း မြင်လိုက်ရင်ကို တော်ရုံ မငှားချင်တော့ဘူး" ဟု အင်းစိန်မြို့နယ်၌ နေထိုင်သည့် အမျိုးသားတစ်ဦးက ပြောသည်။
အငှားယာဥ် အမျိုးအစားအလိုက် အုံနာခများလည်း မြင့်တက်နေပြီး တစ်ရက်အတွက် ဆီကားတစ်စီးလျှင် နှစ်သောင်းဝန်းကျင်၊ CNG ဂတ်စ် ကားတစ်စီးလျှင် လေးသောင်းမှခြောက်သောင်းဝန်းကျင် ၊ EV ကားတစ်စီး လျှင် ခြောက်သောင်းမှရှစ်သောင်းဝန်းကျင် အထိပေါက်ဈေးများဖြစ်ပေါ်နေသည်။
" ဂတ်စ်ကား(CNG Taxi) က အုံနာကြေး လေးသောင်းကျော်နေပြီ၊ တစ်ရက်ကို တစ်သိန်းလောက်မှ မရှာနိုင်ရင် ကိုယ့်အတွက် မကျန်ဘူး။ ထမင်းစားလောက်ရုံ မောင်းနေရသလို ဖြစ်နေရော" ဟု ပုဇွန်တောင်မြို့နယ်မှ အငှားယာဥ်မောင်း တစ်ဦးက ပြောသည်။
ငါးနှစ် အတွင်း စက်သုံးဆီ စျေးနှုန်း သုံးထောင်ကျပ် အထက်သို့ အကြိမ်ကြိမ် ရောက်ရှိခဲ့ပြီး စျေးနှုန်း အဆမတန်မြင့်တက်နေခဲ့သည့် ကာလများတွင်ပင် ယခုကာလကဲ့သို့ အငှားယာဥ်စီးနင်းခများ များပြားခြင်း မရှိခဲ့ပေ။
"မြို့ထဲကနေ အောင်မင်္ဂလာ အဝေးပြေးကို သုံးသောင်းခွဲ၊ လေးသောင်းလောက် ပေးနေရတယ်။ ကျတော်တို့ မန္တလေးကို သွားရင်တောင် ကားလက်မှတ်က အဲ့လောက် မကျဘူး" ဟု အသက် ၃၅ နှစ်အရွယ် ရန်ကုန်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
Grab Taxi သည် ရန်ကုန်မြို့၌ လူသုံးအများဆုံး အငှားယာဥ် ဝန်ဆောင်မှု လုပ်ငန်းတစ်ခု ဖြစ်ပြီး Grab က သတ်မှတ်သည့် စီးနင်းခ စျေးနှုန်းများကို အခြေခံပြီး အငှားယာဥ်မောင်းသူများကပါ နှိုင်းယှဥ် တွက်ဆကာ ယာဉ်စီးခများကို လိုသလို တောင်းခံမှုများပြုလုပ်နေခြင်းဖြစ်သည်။
Grab Taxi အငှားယာဥ် စီးနင်းခများသည် သီတင်းကျွတ် ရုံးပိတ်ရက်မတိုင်မီက စ၍ သိသိသာသာ မြင့်တက်လာခဲ့ပြီး အလားတူ လက်တား ငှားရသည့် အငှားယာဥ်များ၏ စီးနင်းခများလည်း လိုက်ပါ မြင့်တက်ခဲ့ကြောင်း မြို့ခံများ ဆိုသည်။
အလားတူ ငှားရမ်း စီးနင်းသည့် ကီလို အလိုက် ကျသင့်ငွေကို ကောက်ခံသည် ကီလို တက္ကစီ ဝန်ဆောင်မှုများလည်း အခြား အငှားယာဥ် စီးနင်းခများ နည်းတူ မြင့်တက်လာသည်ဟု သိရသည်။
အငှားယာဥ်မောင်းများက ကုန်စျေးနှုန်းနှင့်၊ ယာဉ်ပိုင်ရှင်ကိုပေးရသည့် ကားငှားရမ်းခ(အုံနာခ) စျေးကြီးမြင့်ရခြင်းကြောင့် ယခုကဲ့သို့ စျေးပိုကောက်ခံရသည်ဟု အကြောင်း ပြကြသည်။

Zawgyi Version:
တကၠစီ အုံနာခေၾကာင့္ကားခမ်ားအဆမတန္ေဈးျမင့္တက္
ျပည့္ၿဖိဳး(NP News)-ေအာက္တိုဘာ ၂၃
စက္သုံးဆီ ေစ်းႏႈန္းမ်ား ျမင့္တက္ျခင္း၊ CNG ဂတ္စ္ အခ်ိန္ၾကာျမင့္စြာ တန္းစီရျခင္းမ်ား မရွိေသာ္လည္း အုံနာခမ်ားျမင့္တက္ေနျခင္းေၾကာင့္ ရန္ကုန္ၿမိဳ႕၌ အငွားယာဥ္ စီးနင္းခမ်ားသည္ ၿပီးခဲ့သည့္ ေျခာက္လအတြင္း ႏွစ္ဆနီးပါးထပ္တက္လာခဲ့ေၾကာင္း ၿမိဳ႕ခံမ်ားထံမွ စုံစမ္း သိရွိရသည္။
" ဟိုနားဒီနား လက္တား ငွားရင္ အနည္းဆုံး ငါးေထာင္ေပးေနရၿပီ၊ Grab ဆို ေထာက္လိုက္လို႔ ေစ်းႏႈန္း ျမင္လိုက္ရင္ကို ေတာ္႐ုံ မငွားခ်င္ေတာ့ဘူး" ဟု အင္းစိန္ၿမိဳ႕နယ္၌ ေနထိုင္သည့္ အမ်ိဳးသားတစ္ဦးက ေျပာသည္။
အငွားယာဥ္ အမ်ိဳးအစားအလိုက္ အုံနာခမ်ားလည္း ျမင့္တက္ေနၿပီး တစ္ရက္အတြက္ ဆီကားတစ္စီးလွ်င္ ႏွစ္ေသာင္းဝန္းက်င္၊ CNG ဂတ္စ္ ကားတစ္စီးလွ်င္ ေလးေသာင္းမွေျခာက္ေသာင္းဝန္းက်င္ ၊ EV ကားတစ္စီး လွ်င္ ေျခာက္ေသာင္းမွရွစ္ေသာင္းဝန္းက်င္ အထိေပါက္ေဈးမ်ားျဖစ္ေပၚေနသည္။
" ဂတ္စ္ကား(CNG Taxi) က အုံနာေၾကး ေလးေသာင္းေက်ာ္ေနၿပီ၊ တစ္ရက္ကို တစ္သိန္းေလာက္မွ မရွာႏိုင္ရင္ ကိုယ့္အတြက္ မက်န္ဘူး။ ထမင္းစားေလာက္႐ုံ ေမာင္းေနရသလို ျဖစ္ေနေရာ" ဟု ပုဇြန္ေတာင္ၿမိဳ႕နယ္မွ အငွားယာဥ္ေမာင္း တစ္ဦးက ေျပာသည္။
ငါးႏွစ္ အတြင္း စက္သုံးဆီ ေစ်းႏႈန္း သုံးေထာင္က်ပ္ အထက္သို႔ အႀကိမ္ႀကိမ္ ေရာက္ရွိခဲ့ၿပီး ေစ်းႏႈန္း အဆမတန္ျမင့္တက္ေနခဲ့သည့္ ကာလမ်ားတြင္ပင္ ယခုကာလကဲ့သို႔ အငွားယာဥ္စီးနင္းခမ်ား မ်ားျပားျခင္း မရွိခဲ့ေပ။
"ၿမိဳ႕ထဲကေန ေအာင္မဂၤလာ အေဝးေျပးကို သုံးေသာင္းခြဲ၊ ေလးေသာင္းေလာက္ ေပးေနရတယ္။ က်ေတာ္တို႔ မႏၲေလးကို သြားရင္ေတာင္ ကားလက္မွတ္က အဲ့ေလာက္ မက်ဘူး" ဟု အသက္ ၃၅ ႏွစ္အ႐ြယ္ ရန္ကုန္ၿမိဳ႕ခံ အမ်ိဳးသားတစ္ဦးက ေျပာသည္။
Grab Taxi သည္ ရန္ကုန္ၿမိဳ႕၌ လူသုံးအမ်ားဆုံး အငွားယာဥ္ ဝန္ေဆာင္မႈ လုပ္ငန္းတစ္ခု ျဖစ္ၿပီး Grab က သတ္မွတ္သည့္ စီးနင္းခ ေစ်းႏႈန္းမ်ားကို အေျခခံၿပီး အငွားယာဥ္ေမာင္းသူမ်ားကပါ ႏႈိင္းယွဥ္ တြက္ဆကာ ယာဥ္စီးခမ်ားကို လိုသလို ေတာင္းခံမႈမ်ားျပဳလုပ္ေနျခင္းျဖစ္သည္။
Grab Taxi အငွားယာဥ္ စီးနင္းခမ်ားသည္ သီတင္းကြၽတ္ ႐ုံးပိတ္ရက္မတိုင္မီက စ၍ သိသိသာသာ ျမင့္တက္လာခဲ့ၿပီး အလားတူ လက္တား ငွားရသည့္ အငွားယာဥ္မ်ား၏ စီးနင္းခမ်ားလည္း လိုက္ပါ ျမင့္တက္ခဲ့ေၾကာင္း ၿမိဳ႕ခံမ်ား ဆိုသည္။
အလားတူ ငွားရမ္း စီးနင္းသည့္ ကီလို အလိုက္ က်သင့္ေငြကို ေကာက္ခံသည္ ကီလို တကၠစီ ဝန္ေဆာင္မႈမ်ားလည္း အျခား အငွားယာဥ္ စီးနင္းခမ်ား နည္းတူ ျမင့္တက္လာသည္ဟု သိရသည္။
အငွားယာဥ္ေမာင္းမ်ားက ကုန္ေစ်းႏႈန္းႏွင့္၊ ယာဥ္ပိုင္ရွင္ကိုေပးရသည့္ ကားငွားရမ္းခ(အုံနာခ) ေစ်းႀကီးျမင့္ရျခင္းေၾကာင့္ ယခုကဲ့သို႔ ေစ်းပိုေကာက္ခံရသည္ဟု အေၾကာင္း ျပၾကသည္။