မီးရထားလက်မှတ်များကို Online မှရောင်းချပေးနိုင်ရန်စီစဉ်နေ

403

သက်ပိုင်(NP news)-အောက်တိုဘာ ၂၃
မြန်မာပြည်တွင်း ပြေးဆွဲနေသည့် မီးရထားခရီးစဉ်များအတွက် ရထား လက်မှတ်များကို Online မှတစ်ဆင့် ရောင်းချပေးနိုင်ရန်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့မီးရထားလုပ်ငန်း တာဝန်ရှိသူတစ်ဦးက NP News သို့ ပြောသည်။
မီးရထားလက်မှတ်များကို Online မှတစ်ဆင့်ရောင်းချပေးနိုင်ရန်အတွက် နေပြည်တော်ရှိ မြန်မာ့မီးရထား လုပ်ငန်းရုံးချုပ်တွင် တင်ဒါခေါ်ယူကာဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ တာဝန်ရှိသူကဆိုသည်။
“ဆိုရှယ် မီဒီယာတွေပေါ်မှာတော့ မီးရထားလက်မှတ်တွေကို Online ကနေ ဝယ်နိုင်ပြီဆိုပြီး ရေးနေကြတာတွေရှိပါတယ်။ ဒါတွေက အမှန်မဟုတ်ပါဘူး။ ကျွန်တော်တို့ မလုပ်ပေးသေးပါဘူး။ ဒီလိုလုပ်ဖို့အတွက် ရုံးချုပ်မှာ တင်ဒါခေါ်ပြီးတော့ လုပ်နေတုန်းပဲ ရှိပါသေးတယ်” ဟု မြန်မာ့မီးရထားလုပ်ငန်း တာဝန်ရှိသူက ရှင်းပြသည်။
လက်ရှိ ပြည်တွင်းခရီးစဉ်များသွားလာရန်အတွက် လက်မှတ်များဝယ်ယူရာတွင် လူကိုယ်တိုင် လာရောက်မှသာ ရောင်းချပေးနေသည့်အတွက် အချို့သော ပြည်သူများမှာ လက်မှတ်ဝယ်ယူရာတွင် အဆင်မပြေမှုများ ကြုံတွေ့နေရသည့်အတွက် ယခုကဲ့သို့ Online မှတစ်ဆင့် ဝယ်ယူနိုင်မည်ဆိုပါက များစွာအဆင်ပြေနိုင်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားအသုံးပြုသူ ပြည်သူတစ်ဦးက ဆိုသည်။
“ဆက်သွယ်ရေးထဲက ကားတွေဆိုရင်ဗျာ ဖုန်းဆက်ပြီး လက်မှတ်ရှိမရှိ မေးလို့ရတယ်။ ကြိုပြီး Booking တင်လို့ရတယ်။ ဒါပေမဲ့မီးရထားလက်မှတ်ကျတော့ လူကိုယ်တိုင်သွားရတယ်။ လူကိုယ်တိုင်သွားပြီး တန်းစီရင်တောင် လက်မှတ်ကုန်သွားလို့ဆိုပြီး ရချင်မှရတာမျိုးတွေလည်းရှိတယ်။ ဒီလိုဆိုရင် လက်မှတ်တန်းစီရတာက အလကားဖြစ်သွားပြီလေ။ဒါကြောင့် အခုလိုမျိုး Online ကနေ Booking လုပ်လို့ရတယ်ဆိုရင် ပြည်သူတွေအများကြီး အဆင်ပြေသွားတာပေါ့ ” ဟု ၎င်းကဆိုသည်။
လက်ရှိတွင် ရထားလက်မှတ်ကြိုတင်ဝယ်ယူလိုသူများအနေဖြင့် အထက်တန်း(ပထမတန်း) လက်မှတ်များကို ခရီးသွားမည့်နေ့မတိုင်မှီ သုံးရက်အလိုမှ စတင်ဝယ်ယူနိုင်ပြီး ရိုးရိုးတန်းလက်မှတ်များအတွက် ကြိုတင်ဝယ်ယူလိုပါက ခရီးသွားမည့်နေ့မတိုင်ခင် တရက်အလိုတွင် ကြိုတင်ဝယ်ယူနိုင်ကြောင်းသိရသည်။
ထို့အပြင် ကြိုတင်လက်မှတ်များကို နေ့စဉ် နံနက် (၇)နာရီမှ မွန်းလွဲ (၃) နာရီအထိ ရန်ကုန်ဘူတာကြီးနှင့် ကျောခြင်းကပ် ဗိုလ်ချုပ်လမ်းမကြီးပေါ် Sakura Tower နှင့် ဝဇီရာရုပ်ရှင်ရုံရှေ့ မျက်စောင်းထိုးတွင် ရှိသော မြန်မာ့မီးရထားကြိုတင်လက်မှတ် အရောင်းဌာနများတွင် ဖြစ်စေ၊ နယ်မြို့များအနေဖြင့် သက်ဆိုင်ရာ ဘူတာများ၌ဖြစ်စေ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

Zawgyi Version:
မီးရထားလက္မွတ္မ်ားကို Online မွေရာင္းခ်ေပးႏိုင္ရန္စီစဥ္ေန
သက္ပိုင္(NP news)-ေအာက္တိုဘာ ၂၃
ျမန္မာျပည္တြင္း ေျပးဆြဲေနသည့္ မီးရထားခရီးစဥ္မ်ားအတြက္ ရထား လက္မွတ္မ်ားကို Online မွတစ္ဆင့္ ေရာင္းခ်ေပးႏိုင္ရန္စီစဥ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ျမန္မာ့မီးရထားလုပ္ငန္း တာဝန္ရွိသူတစ္ဦးက The Statesman ဂ်ာနယ္သို႔ ေျပာသည္။
မီးရထားလက္မွတ္မ်ားကို Online မွတစ္ဆင့္ေရာင္းခ်ေပးႏိုင္ရန္အတြက္ ေနျပည္ေတာ္ရွိ ျမန္မာ့မီးရထား လုပ္ငန္း႐ုံးခ်ဳပ္တြင္ တင္ဒါေခၚယူကာေဆာင္႐ြက္လ်က္ရွိေၾကာင္း အဆိုပါ တာဝန္ရွိသူကဆိုသည္။
“ဆိုရွယ္ မီဒီယာေတြေပၚမွာေတာ့ မီးရထားလက္မွတ္ေတြကို Online ကေန ဝယ္ႏိုင္ၿပီဆိုၿပီး ေရးေနၾကတာေတြရွိပါတယ္။ ဒါေတြက အမွန္မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ မလုပ္ေပးေသးပါဘူး။ ဒီလိုလုပ္ဖို႔အတြက္ ႐ုံးခ်ဳပ္မွာ တင္ဒါေခၚၿပီးေတာ့ လုပ္ေနတုန္းပဲ ရွိပါေသးတယ္” ဟု ျမန္မာ့မီးရထားလုပ္ငန္း တာဝန္ရွိသူက ရွင္းျပသည္။
လက္ရွိ ျပည္တြင္းခရီးစဥ္မ်ားသြားလာရန္အတြက္ လက္မွတ္မ်ားဝယ္ယူရာတြင္ လူကိုယ္တိုင္ လာေရာက္မွသာ ေရာင္းခ်ေပးေနသည့္အတြက္ အခ်ိဳ႕ေသာ ျပည္သူမ်ားမွာ လက္မွတ္ဝယ္ယူရာတြင္ အဆင္မေျပမႈမ်ား ႀကဳံေတြ႕ေနရသည့္အတြက္ ယခုကဲ့သို႔ Online မွတစ္ဆင့္ ဝယ္ယူႏိုင္မည္ဆိုပါက မ်ားစြာအဆင္ေျပႏိုင္မည္ျဖစ္ေၾကာင္း ျမန္မာ့မီးရထားအသုံးျပဳသူ ျပည္သူတစ္ဦးက ဆိုသည္။
“ဆက္သြယ္ေရးထဲက ကားေတြဆိုရင္ဗ်ာ ဖုန္းဆက္ၿပီး လက္မွတ္ရွိမရွိ ေမးလို႔ရတယ္။ ႀကိဳၿပီး Booking တင္လို႔ရတယ္။ ဒါေပမဲ့မီးရထားလက္မွတ္က်ေတာ့ လူကိုယ္တိုင္သြားရတယ္။ လူကိုယ္တိုင္သြားၿပီး တန္းစီရင္ေတာင္ လက္မွတ္ကုန္သြားလို႔ဆိုၿပီး ရခ်င္မွရတာမ်ိဳးေတြလည္းရွိတယ္။ ဒီလိုဆိုရင္ လက္မွတ္တန္းစီရတာက အလကားျဖစ္သြားၿပီေလ။ဒါေၾကာင့္ အခုလိုမ်ိဳး Online ကေန Booking လုပ္လို႔ရတယ္ဆိုရင္ ျပည္သူေတြအမ်ားႀကီး အဆင္ေျပသြားတာေပါ့ ” ဟု ၎ကဆိုသည္။
လက္ရွိတြင္ ရထားလက္မွတ္ႀကိဳတင္ဝယ္ယူလိုသူမ်ားအေနျဖင့္ အထက္တန္း(ပထမတန္း) လက္မွတ္မ်ားကို ခရီးသြားမည့္ေန႔မတိုင္မွီ သုံးရက္အလိုမွ စတင္ဝယ္ယူႏိုင္ၿပီး ႐ိုး႐ိုးတန္းလက္မွတ္မ်ားအတြက္ ႀကိဳတင္ဝယ္ယူလိုပါက ခရီးသြားမည့္ေန႔မတိုင္ခင္ တရက္အလိုတြင္ ႀကိဳတင္ဝယ္ယူႏိုင္ေၾကာင္းသိရသည္။
ထို႔အျပင္ ႀကိဳတင္လက္မွတ္မ်ားကို ေန႔စဥ္ နံနက္ (၇)နာရီမွ မြန္းလြဲ (၃) နာရီအထိ ရန္ကုန္ဘူတာႀကီးႏွင့္ ေက်ာျခင္းကပ္ ဗိုလ္ခ်ဳပ္လမ္းမႀကီးေပၚ Sakura Tower ႏွင့္ ဝဇီရာ႐ုပ္ရွင္႐ုံေရွ႕ မ်က္ေစာင္းထိုးတြင္ ရွိေသာ ျမန္မာ့မီးရထားႀကိဳတင္လက္မွတ္ အေရာင္းဌာနမ်ားတြင္ ျဖစ္ေစ၊ နယ္ၿမိဳ႕မ်ားအေနျဖင့္ သက္ဆိုင္ရာ ဘူတာမ်ား၌ျဖစ္ေစ ေရာင္းခ်ေပးလ်က္ရွိေၾကာင္း သိရသည္။