Pilot Project အနေဖြင့် ရုရှားသို့ လွှတ်ရန် ခွင့်ပြုထားသော မြန်မာလုပ်သားများအနက် (၁၁)ဦးကို ယနေ့ညပိုင်းတွင် စေလွှတ်မည်

321

ပုံစာ - ပြီးခဲ့သည့် မတ်လက မြန်မာလုပ်သား(၂၄)ဦးအား ကနဦးအစီအစဥ်ဖြင့် ရုရှားသို့စေလွှတ်ခဲ့စဉ်
Pearl (NP News) - အောက်တိုဘာ ၂၃
Pilot Project အနေဖြင့် ရုရှားသို့ လွှတ်ရန် ခွင့်ပြုထားသော မြန်မာလုပ်သားများအနက် (၁၁)ဦးကို ယနေ့ညပိုင်းတွင် စေလွှတ်မည်ဖြစ်ကြောင်း ရုရှားအလုပ်အကိုင်ရှာဖွေ ရေးလုပ်ငန်းများနှင့် နီးစပ်သူတစ်ဦးက NP News သို့ပြောသည်။
ပြီးခဲ့သည့် မတ်လနှင့် ဧပြီလတွင် ရုရှားနိုင်ငံသို့ မြန်မာလုပ်သား (၅၄) ဦးကို Pilot Project အနေဖြင့် ပထမဆုံးအကြိမ်စေလွှတ်ခဲ့ပြီး လုပ်သား (၂၂၀) ဦးကို ထပ်မံစေလွှတ်ရန် ဗီဇာ ရရှိရေး စောင့်ဆိုင်းနေရာ လုပ်သား (၄၀)ကျော် အတွက် ဗီဇာရရှိပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ ဗီဇာရရှိသူ (၄၀)ကျော်အနက် ဗီဇာ Invitation တွင် ပါသည့်ရက်အတိုင်း အောက်တိုဘာလ (၁၆)ရက် ညပိုင်း၌ (၁၁)ဦးကို ကနဦးစေလွှတ်ရန် စီစဉ်ဆောင်ရွက်ခဲ့ရာ ပြည်ပသို့အလုပ်ဖြင့် ထွက်ခွာရန် အဓိကကျသည့် OWIC ကတ်များ မထုတ်ပေးသည့်အတွက် ခရီးစဉ်ကို ပယ်ဖျက်ခဲ့ရပြီး လက်ရှိတွင် OWIC ကတ်အပါအဝင် ထွက်ခွာခွင့်ရရှိပြီဖြစ်သည့်အတွက် ယနေ့ (အောက်တိုဘာ ၂၃ရက်)တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
"ဒီနေ့ မြန်မာလုပ်သား ၁၁ ယောက် ထွက်ဖြစ်ပါပြီနော်။ ယောင်္ကျားလေး - ၁၁ ယောက်ပါ။ရုရှားနိုင်ငံ၊ တာတာစတန်ပြည်နယ်၊ ကာဇန်မြို့၊ Alabuga Special Economic Zone မှာ ဆောက်လုပ်ရေးလုပ်သားအနေနဲ့ပါ။ လစာက ရူဘယ် ၂ သိန်းခွဲ (မြန်မာငွေ သိန်းတစ်ရာခန့်)၊ လုပ်သားလိုအပ်ချက်ကြောင့် အမြင့်ဆုံးလစာနဲ့ခေါ်ပေမဲ့ ပုံမှန်လစာကတော့ 800$ ကနေ 2000$ ဝန်းကျင်ဘဲ ရှိပါတယ်" ဟု ရုရှားအလုပ်အကိုင်ရှာဖွေ ရေးလုပ်ငန်းများနှင့် နီးစပ်သူတစ်ဦးက NP News သို့ပြောသည်။

Zawgyi Version:
Pilot Project အေနျဖင့္ ႐ုရွားသို႔ လႊတ္ရန္ ခြင့္ျပဳထားေသာ ျမန္မာလုပ္သားမ်ားအနက္ (၁၁)ဦးကို ယေန႔ညပိုင္းတြင္ ေစလႊတ္မည္
Pearl (NP News) - ေအာက္တိုဘာ ၂၃
Pilot Project အေနျဖင့္ ႐ုရွားသို႔ လႊတ္ရန္ ခြင့္ျပဳထားေသာ ျမန္မာလုပ္သားမ်ားအနက္ (၁၁)ဦးကို ယေန႔ညပိုင္းတြင္ ေစလႊတ္မည္ျဖစ္ေၾကာင္း ႐ုရွားအလုပ္အကိုင္ရွာေဖြ ေရးလုပ္ငန္းမ်ားႏွင့္ နီးစပ္သူတစ္ဦးက NP News သို႔ေျပာသည္။
ၿပီးခဲ့သည့္ မတ္လႏွင့္ ဧၿပီလတြင္ ႐ုရွားႏိုင္ငံသို႔ ျမန္မာလုပ္သား (၅၄) ဦးကို Pilot Project အေနျဖင့္ ပထမဆုံးအႀကိမ္ေစလႊတ္ခဲ့ၿပီး လုပ္သား (၂၂၀) ဦးကို ထပ္မံေစလႊတ္ရန္ ဗီဇာ ရရွိေရး ေစာင့္ဆိုင္းေနရာ လုပ္သား (၄၀)ေက်ာ္ အတြက္ ဗီဇာရရွိၿပီးျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ဗီဇာရရွိသူ (၄၀)ေက်ာ္အနက္ ဗီဇာ Invitation တြင္ ပါသည့္ရက္အတိုင္း ေအာက္တိုဘာလ (၁၆)ရက္ ညပိုင္း၌ (၁၁)ဦးကို ကနဦးေစလႊတ္ရန္ စီစဥ္ေဆာင္႐ြက္ခဲ့ရာ ျပည္ပသို႔အလုပ္ျဖင့္ ထြက္ခြာရန္ အဓိကက်သည့္ OWIC ကတ္မ်ား မထုတ္ေပးသည့္အတြက္ ခရီးစဥ္ကို ပယ္ဖ်က္ခဲ့ရၿပီး လက္ရွိတြင္ OWIC ကတ္အပါအဝင္ ထြက္ခြာခြင့္ရရွိၿပီျဖစ္သည့္အတြက္ ယေန႔ (ေအာက္တိုဘာ ၂၃ရက္)တြင္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္မွတဆင့္ ထြက္ခြာမည္ျဖစ္ေၾကာင္း သိရသည္။
"ဒီေန႔ ျမန္မာလုပ္သား ၁၁ ေယာက္ ထြက္ျဖစ္ပါၿပီေနာ္။ ေယာက်ၤားေလး - ၁၁ ေယာက္ပါ။႐ုရွားႏိုင္ငံ၊ တာတာစတန္ျပည္နယ္၊ ကာဇန္ၿမိဳ႕၊ Alabuga Special Economic Zone မွာ ေဆာက္လုပ္ေရးလုပ္သားအေနနဲ႔ပါ။ လစာက ႐ူဘယ္ ၂ သိန္းခြဲ (ျမန္မာေငြ သိန္းတစ္ရာခန္႔)၊ လုပ္သားလိုအပ္ခ်က္ေၾကာင့္ အျမင့္ဆုံးလစာနဲ႔ေခၚေပမဲ့ ပုံမွန္လစာကေတာ့ 800$ ကေန 2000$ ဝန္းက်င္ဘဲ ရွိပါတယ္" ဟု ႐ုရွားအလုပ္အကိုင္ရွာေဖြ ေရးလုပ္ငန္းမ်ားႏွင့္ နီးစပ္သူတစ္ဦးက NP News သို႔ေျပာသည္။