သံရုံးအသွင်ယူ၍ ကောင်စစ်ဆိုင်ရာ ဝန်ဆောင်မှုများ ဆောင်ရွက်နေသည်ကို တွေ့ရှိရသဖြင့် မြန်မာနိုင်ငံသားများ သတိပြုရှောင်ကြဉ်ကြရန် စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးအသိပေး

557

စော(NP News)-အောက်တိုဘာ ၂၃
သံရုံးအသွင်ယူ၍ ကောင်စစ်ဆိုင်ရာ ဝန်ဆောင်မှုများ ဆောင်ရွက်နေသည်ကို တွေ့ရှိရသဖြင့် သတိပြုရှောင်ကြဉ်ကြရန် စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ယနေ့ (အောက်တိုဘာ ၂၃ရက်)က အသိပေးထုတ်ပြန်ထားသည်။
နိုင်ငံကူးလက်မှတ်သက်တမ်း ၁၄ လအထိ လက်ကျန်ရှိသူများသည် နိုင်ငံကူးလက်မှတ် ပထမစာမျက်နှာ (Biodata page) နှင့် သက်တမ်းရှိ work permit၊ stay permit ကတ် ရှေ့၊နောက်မိတ္တူနှင့် PR ကတ်ကိုင်ဆောင်သူများအနေဖြင့် Re- entry form 7 အား သံရုံး၏ Whatsapp နံပါတ်များဖြစ်သည့် +6581748993 နှင့် +6582468581 သို့ သက်တမ်းတိုးရန် ပေးပို့၍ ရက်ချိန်းရယူနိုင် သည်ဟု ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။
အဆိုပါကြေညာချက်ကို မသိရှိသေးသော သူများအပေါ် မြန်မာနိုင်ငံသား အချင်းချင်း စာနာထောက်ထားမှုမရှိဘဲ ရက်ချိန်းယူပေးမည်ဟုဆိုကာ လိမ်လည်၍ အခကြေးငွေရယူခြင်းများရှိနေသည်ကိုလည်း သံရုံး အနေဖြင့် အသိပေးထားခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ယခုအခါ မြန်မာနိုင်ငံသားအချို့အနေဖြင့် အခကြေးငွေပေးပြီးသော်လည်း ရက်ချိန်း မရ၍ သံရုံးသို့လာရောက်တိုင်ကြား မှုများရှိသည့်အတွက် စိစစ်ခဲ့ရာ မြန်မာသံရုံးလိပ်စာဖြင့် သံရုံးအသွင်ယူ၍ ကောင်စစ်ဆိုင်ရာ ဝန်ဆောင်မှုများဆောင်ရွက်နေသည်ကို တွေ့ရှိရပါသဖြင့် မြန်မာနိုင်ငံသားများသတိပြုရှောင်ကြဉ်ကြရန် အသိပေးထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံသားများအနေဖြင့် မလိုလားအပ်သော အပိုကုန်ကျမှုများမရှိစေရန်အတွက် မြန်မာသံရုံးသည် မည်သည့်ပုဂ္ဂလိက တစ်ဦးတစ်ယောက်ကိုမျှ ကောင်စစ်ဆိုင်ရာ ဝန်ဆောင် မှုများဆောင်ရွက်ရန် ကိုယ်စားလှယ်ပေးထားခြင်းမရှိကြောင်းနှင့် နိုင်ငံတော်မှသတ်မှတ် ထားသောနှုန်းထားများထက်ပို၍ ကောက်ခံခြင်းမပြုကြောင်းလည်း မြန်မာသံရုံးကဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံသားများအနေဖြင့် အခက်အခဲများရှိကြပါကလည်း မြန်မာသံရုံးသို့ တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်ပေးကြရန်နှင့် မည်သည့်ပြင်ပ ပုဂ္ဂလိကဝန်ဆောင်မှုများ နှင့် ဆက်သွယ်ဆောင်ရွက်မှုများ မပြုလုပ်ကြရန် ထပ်မံအသိပေးဖော်ပြထားသည်။
အလားတူ နိုင်ငံကူးလက်မှတ်သက်တမ်းတိုး လာရောက်ရာတွင် သတ်မှတ်နှုန်းထားများထက်ပိုမိုကောက်ခံခြင်းများရှိပါက သံရုံးဝင်းအတွင်းမှထွက်ခွာခြင်း မပြုမီ သံရုံးကောင်စစ်အရာရှိ သို့မဟုတ် သံရုံးတာဝန်ခံအရာရှိများထံသို့ ချက်ချင်းတိုင်ကြားရန်နှင့် သက်သေအထောက်အထားခိုင်မာစွာပြသနိုင်ပါက ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားသည်။

Zawgyi Version:
သံ႐ုံးအသြင္ယူ၍ ေကာင္စစ္ဆိုင္ရာ ဝန္ေဆာင္မႈမ်ား ေဆာင္႐ြက္ေနသည္ကို ေတြ႕ရွိရသျဖင့္ ျမန္မာႏိုင္ငံသားမ်ား သတိျပဳေရွာင္ၾကဥ္ၾကရန္ စင္ကာပူႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးအသိေပး
ေစာ(NP News)-ေအာက္တိုဘာ ၂၃
သံ႐ုံးအသြင္ယူ၍ ေကာင္စစ္ဆိုင္ရာ ဝန္ေဆာင္မႈမ်ား ေဆာင္႐ြက္ေနသည္ကို ေတြ႕ရွိရသျဖင့္ သတိျပဳေရွာင္ၾကဥ္ၾကရန္ စင္ကာပူႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးက ယေန႔ (ေအာက္တိုဘာ ၂၃ရက္)က အသိေပးထုတ္ျပန္ထားသည္။
ႏိုင္ငံကူးလက္မွတ္သက္တမ္း ၁၄ လအထိ လက္က်န္ရွိသူမ်ားသည္ ႏိုင္ငံကူးလက္မွတ္ ပထမစာမ်က္ႏွာ (Biodata page) ႏွင့္ သက္တမ္းရွိ work permit၊ stay permit ကတ္ ေရွ႕၊ေနာက္မိတၱဴႏွင့္ PR ကတ္ကိုင္ေဆာင္သူမ်ားအေနျဖင့္ Re- entry form 7 အား သံ႐ုံး၏ Whatsapp နံပါတ္မ်ားျဖစ္သည့္ +6581748993 ႏွင့္ +6582468581 သို႔ သက္တမ္းတိုးရန္ ေပးပို႔၍ ရက္ခ်ိန္းရယူႏိုင္ သည္ဟု ထုတ္ျပန္ေၾကညာခဲ့ၿပီးျဖစ္သည္။
အဆိုပါေၾကညာခ်က္ကို မသိရွိေသးေသာ သူမ်ားအေပၚ ျမန္မာႏိုင္ငံသား အခ်င္းခ်င္း စာနာေထာက္ထားမႈမရွိဘဲ ရက္ခ်ိန္းယူေပးမည္ဟုဆိုကာ လိမ္လည္၍ အခေၾကးေငြရယူျခင္းမ်ားရွိေနသည္ကိုလည္း သံ႐ုံး အေနျဖင့္ အသိေပးထားခဲ့ၿပီးျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။
ယခုအခါ ျမန္မာႏိုင္ငံသားအခ်ိဳ႕အေနျဖင့္ အခေၾကးေငြေပးၿပီးေသာ္လည္း ရက္ခ်ိန္း မရ၍ သံ႐ုံးသို႔လာေရာက္တိုင္ၾကား မႈမ်ားရွိသည့္အတြက္ စိစစ္ခဲ့ရာ ျမန္မာသံ႐ုံးလိပ္စာျဖင့္ သံ႐ုံးအသြင္ယူ၍ ေကာင္စစ္ဆိုင္ရာ ဝန္ေဆာင္မႈမ်ားေဆာင္႐ြက္ေနသည္ကို ေတြ႕ရွိရပါသျဖင့္ ျမန္မာႏိုင္ငံသားမ်ားသတိျပဳေရွာင္ၾကဥ္ၾကရန္ အသိေပးထုတ္ျပန္ထားသည္။
ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ မလိုလားအပ္ေသာ အပိုကုန္က်မႈမ်ားမရွိေစရန္အတြက္ ျမန္မာသံ႐ုံးသည္ မည္သည့္ပုဂၢလိက တစ္ဦးတစ္ေယာက္ကိုမွ် ေကာင္စစ္ဆိုင္ရာ ဝန္ေဆာင္ မႈမ်ားေဆာင္႐ြက္ရန္ ကိုယ္စားလွယ္ေပးထားျခင္းမရွိေၾကာင္းႏွင့္ ႏိုင္ငံေတာ္မွသတ္မွတ္ ထားေသာႏႈန္းထားမ်ားထက္ပို၍ ေကာက္ခံျခင္းမျပဳေၾကာင္းလည္း ျမန္မာသံ႐ုံးကဆိုသည္။
ထို႔ျပင္ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ အခက္အခဲမ်ားရွိၾကပါကလည္း ျမန္မာသံ႐ုံးသို႔ တိုက္႐ိုက္ဆက္သြယ္ေဆာင္႐ြက္ေပးၾကရန္ႏွင့္ မည္သည့္ျပင္ပ ပုဂၢလိကဝန္ေဆာင္မႈမ်ား ႏွင့္ ဆက္သြယ္ေဆာင္႐ြက္မႈမ်ား မျပဳလုပ္ၾကရန္ ထပ္မံအသိေပးေဖာ္ျပထားသည္။
အလားတူ ႏိုင္ငံကူးလက္မွတ္သက္တမ္းတိုး လာေရာက္ရာတြင္ သတ္မွတ္ႏႈန္းထားမ်ားထက္ပိုမိုေကာက္ခံျခင္းမ်ားရွိပါက သံ႐ုံးဝင္းအတြင္းမွထြက္ခြာျခင္း မျပဳမီ သံ႐ုံးေကာင္စစ္အရာရွိ သို႔မဟုတ္ သံ႐ုံးတာဝန္ခံအရာရွိမ်ားထံသို႔ ခ်က္ခ်င္းတိုင္ၾကားရန္ႏွင့္ သက္ေသအေထာက္အထားခိုင္မာစြာျပသႏိုင္ပါက ထိေရာက္စြာအေရးယူ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း စင္ကာပူႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးက အသိေပးထုတ္ျပန္ထားသည္။