တိုက်ပွဲ နှင့် ရခိုင်ရိုးမတောင်ခြေရင်းက ဒေသခံတို့ အကြောင်း တစေ့တစောင်း (ဒေသခံများနှင့် အင်တာဗျူး)

531

သုတကျော် (NP News) - အောက်တိုဘာလ ၂၃
လက်ရှိတွင် AA နှင့် ပူးပေါင်းအဖွဲ့တို့က ရခိုင်ရိုးမတွင် တိုက်ပွဲဖော်ဆောင်ခြင်းများရှိနေ သည်။ တစ်ဖန် မကွေးတိုင်းဒေသကြီးဘက်မှPDF များကလည်း AA ဘက် အားကိုးသယောင်ပြုကာ လှုပ်ရှားခြင်းများရှိနေ၏။ အဆိုပါအခြေအနေများနှင့်ပတ်သက်၍ NP News က ရခိုင်ပြည် နယ်နှင့် မကွေးတိုင်းဒေသကြီးအစပ်မှ ဒေသခံနှစ်ဦးနှင့် စကားပြော၊ မေးမြန်းခွင့်ရခဲ့ရာ ယင်းဘက်မှ အခြေအနေအချို့အကြောင်း တစေ့တစောင်းကို ကောက်နုတ်ဖော်ပြအပ်ပါသည်။
မေး - ပထမဆုံးမေးချင်တာက ဟိုတလောက အဲဒီ မှာ တောင်တန်းသာသနာပြုဆရာတော်တစ်ပါးနဲ့ လူပုဂ္ဂိုလ် (၇၀)ကျော်ကို AA နဲ့ မဟာမိတ်လို့ ဆိုတဲ့ PDF အဖွဲ့တွေက ဖမ်းသွားတယ်လို့ ကြားရတယ်။ အခု လွှတ်ပြီလား။
ဖြေ - မလွှတ်သေးဘူးဗျ။
မေး - ဘယ်လို ဖြစ်တာလဲ။
ဖြေ - ဂုတ်ကြီးရွာ ရဲကင်းစခန်းက ရဲ ဆယ့် လေး ငါး ယောက်ရှိတာကို သူတို့က လူနှစ်ရာလောက်နဲ့လာဝိုင်း ပြီး သိမ်းသွားတာပေါ့။ သိမ်းသွားတော့ နောက်နေ့မှာ တောင်တန်းသာသနာပြုဆရာတော်ကိုလည်းခေါ်သွား တယ်။ နောက်တစ်ခါ လူကလည်း ပြည်သူ (၇၀)ကျော်လောက် ခေါ်သွားတယ်။ ဓားစာခံလိုပေါ့။
မေး - တစ်ဆင့်တက်ပြီး လုပ်လာတယ် ပြောရမလား။ တပ်မတော်ဘက်ကလည်း နယ်မြေရှင်းနေလား။
ဖြေ - မနေ့ကတင် တပ်မတော် နယ်မြေရှင်းလင်းရေး အဖွဲ့တွေ ရှင်းတာတော့ စခန်းတချို့ရတယ်လို့ သိရ တယ်။
မေး - တလောက ရခိုင်ရိုးမကို သူတို့ တော်တော်လေး စီးမိထားသလို AA ဘက်က ဝါဒဖြန့်တာ တွေ့ရတယ်။ ဒါက ဘယ်လိုဖြစ်တာလဲ။ တကယ် ကော ဟုတ်သလား ခင်ဗျာ။
ဖြေ - ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်း အစပ်က မကွေး တိုင်းက ကြိုဆိုပါ၏ဆိုတဲ့နယ်ခြားမှာ ဆိုင်းဘုတ်ရှိ တယ်လေ။ အဲဒီ ဆိုင်းဘုတ်ရှေ့နားမှာ AA က ဓာတ် ပုံရိုက်တင်ထားတယ်။ နတ်ရေကန် နဲ့ ရခိုင်ပြည်နယ် မှ နှုတ်ခွန်းဆက်ပါ၏၊ မကွေးတိုင်းမှ ကြိုဆိုပါ၏ ဆိုတဲ့ ဆိုင်းဘုတ်နေရာနဲ့ ဟာ ဘာမှမဆိုင်ဘူး။
မေး - လက်ရှိမြေပြင်က ရခိုင်ရိုးမတောင်ခြေ မကွေးတိုင်းဘက်က ဒေသတွေမှာ ဘယ်လိုစိုးရိမ်မှု တွေ ရှိနေလဲ။
ဖြေ - စိုးရိမ်မှု ဆိုတာကတော့ နတ်ရေကန် ဒီဘက် ဆင်းလာရင် ဇင်ပြွန်းတို့၊ ဂုတ်ဝတို့ စသည်ဖြင့် ရွာတွေ ရှိတာပေါ့။ အဲဒီရွာတွေဘက်ကလူတွေကတော့ စိုးရိမ်ကြမယ်။ ကျွန်တော်တို့ဘက်တွေက ထူး မကြောက်ဘူးဆိုတာက ပဒါန်းဘက်မှာလည်း တပ် အင်အား ကောင်းတော့ ထူးမကြောက်ဘူး။
မေး-တိုက်ပွဲတွေ ဖြစ်လာပြီးတဲ့ နောက်ဆုတ်ယုတ် သွားတာက ဘာတွေဖြစ်မလဲ။
ဖြေ - ဆုတ်ယုတ်သွားတာကတော့ ဈေးဆိုင်တွေ၊ ထမင်းဆိုင်တွေ နောက် ကားနဲ့လုပ်စားတဲ့ လိုင်းကား တွေ။ အလုပ်သမားတွေ ဆုတ်ယုတ်တယ်။ ပြီးတော့ လယ်ယာတွေပေါ့။ ပြီးတော့ တောင်ပေါ် ချင်းတိုင်း ရင်းသားတွေရဲ့ တောင်ပေါ် ဆယ်အုပ်စုက ပိုဆိုးတာ ပေါ့။
မေး - ချင်းတိုင်းရင်းသားတွေက ဘယ်လို ဖြစ်နေကြ လဲ။
ဖြေ - ဟိုဘက်က ပိတ်ဆို့၊ ဒီဘက်က ပိတ်ဆို့ဆိုတော့ ကြားညပ်ပြီး ဟိုဘက် သွားမရ၊ ဒီဘက် သွားမရနဲ့ နီးရာဓား ကြောက်ရပုံပေါ်ပါတယ်။
မေး - သူတို့ကကော စစ်ဒဏ် ကို ဘယ်လောက်ခံရလဲ။
ဖြေ - ပြောမနေနဲ့ ခံရတာပေါ့။ သူတို့က တိုက်ပွဲနား ဖြစ်နေတော့ လက်နက်ကြီး ထိတာလည်း ရှိမယ်။ သူတို့ဘက်မှာလည်း အကြမ်းဖက်သမားတွေက နေရာယူတာလည်းရှိတာကိုး။ သူတို့က ရခိုင်ရိုးမ တောင်တန်းကြီးဆိုတော့ ဘာခေါ်မလဲ ဒရုန်းနဲ့ ကြည့် မယ်။ မြင်တဲ့ နေရာလည်း မြင်မယ်။ လျှိုတွေကလည်း နက် ဖြစ်နေတော့ ကံကောင်းနေတယ် ပြောရမယ်။
မေး - လျှိုတွေထဲတော့ ရှောင်လို့ ရတာပေါ့။
ဖြေ - ဟုတ်တယ်။
မေး-တိုက်ပွဲတွေ ဖြစ်တော့ အလုပ်ရပ်သွားတာတွေ လည်း ရှိတယ် ဆိုတဲ့အခါ သူတို့ကကော ဘယ်တွေ သွားကြလဲ။
ဖြေ - တချို့လည်း ရန်ကုန်၊ တချို့လည်း ထိုင်း၊ တချို့လည်း ဒီပြင်နယ်တွေ သွားကုန်တာပေါ့။ ပြည်ပ လည်း ရှိတယ်။ ဒီမှာက မလှုပ်သာ မရှားသာ လူ လောက်ပဲပေါ့။ တောင်ခြေနဲ့ ပိုနီးတဲ့နေရာတွေ၊ တိုက် ပွဲနဲ့ နီးတဲ့နေရာတွေမှာဆိုရင်တော့ လူတွေက အရင်နဲ့ ကို ဘာမှလုပ်ရကိုင်ရတာက မဆိုင်တော့ဘူး။
မေး - မကွေးနဲ့ ရခိုင် အစပ်က လူတွေက စိုးရိမ်တယ် ဆိုတော့ မကွေးဘက်မှာကော ဘယ်လိုအခြေအ နေရှိပါသလဲ။
ဖြေ - ပြည်၊ မကွေးဘက်ကတော့ လွတ်တယ်။
မေး - ပြည်ပရောက် မီဒီယာတွေမှာတော့ သူတို့ပဲ အမြဲ နိုင်နေသလိုရေးကြတယ်နော်။ ဒေသခံတစ် ယောက်အနေနဲ့ ဘာများတုံ့ပြန်ပြောကြားချင်လဲ။
ဖြေ - ဘယ်ကသာ။ AA တို့ သူတို့ အဖွဲ့တွေဘက်မှာ သေတာ အများကြီးပဲ။ ရှင်းရှင်းပြောရရင် တွေ့သမျှ အလောင်းကို လိုင်းပေါ်တင်ရမှာ မကောင်းလို့သာ။
မေး - တစ်ချက် ပြန်မေးပါရစေ။ ခုနက တောင်ပေါ်မှာ ပိတ်မိနေတယ် ဆိုတဲ့သူတွေ အခြေအနေကို နည်း နည်း အသေးစိတ် ပြန်ပြောပေးပါလား။
ဖြေ - သူတို့က အောက်မြေကိုဆင်းဖို့လည်း မလွယ် နောက်တစ်ခါ အမ်းဘက်တော့ ပိုဆိုးတာပေါ့။ ဒီဘက် ဆင်းလာတဲ့သူကျတော့လည်း ဒီဘက် ဂိတ်တွေက စစ်ဆေးရတာပေါ့။ ဒီဘက်ကလည်း ရိက္ခာကို ပိတ် ထားရတယ်လေ။ ဥပမာ-တောင်ပေါ်ကို ဆန်တင် သွားမယ်၊ ဓာတ်ဆီတင်သွားမယ်၊ စားဆီ တင်သွားမယ် ဆိုရင် သူတို့ စားရင် တော်တယ်လေ။ AA ဘက် ရောက်သွားရင် ဘယ်လိုလုပ်ကြမလဲ။ ရောက် သွားတာလည်း များတယ်။ မပေးလည်း ဟိုလူတွေက လုမှာပဲလေ။ အဲဒါကြောင့် ဒီဘက် ဂိတ်တွေက ဆန်၊ ဆီ၊ ဆား၊ ငါးပိ အထွက်မခံဘူး။ သူတို့ကတော့ ကြား ညှပ်နေတာပေါ့။ ဆင်းရင် ဒီဘက် သေချာစစ်တယ်။ သေချာမစစ်လို့လည်း မရဘူးလေ။
မေး - မြေပြန့်ဘက်တွေကျတော့ကော PDF လှုပ် ရှားမှု က ဘယ်လိုရှိပါသလဲ။
ဖြေ - ပေါ်ပေါ်ထင်ထင်တော့ မနေရဲဘူး။ ရခိုင်ရိုးမ အစပ်ဘက် ဒေသမှာပေါ့။ သူတို့နိုင်တာကတော့ ပြည်သူပဲ။ တပ်ကိုလည်း စစ်ကြောင်းထိုးပြီဆိုရင် ကြိုတင်ပြီးတော့ ချောင်းမြောင်းပြီး မိုင်းဆွဲမယ် ဒီလောက်ပဲ။ တကယ် တိုက်ပွဲ ဖြစ်တမ်းဆိုရင် သူတို့ပဲ ပြေးတာပဲ။
မေး - ဆက်ကြေးကျ ဘယ်လိုပေးရလဲ။
ဖြေ - ပေါ်ပေါ်ထင်ထင်တော့ မတောင်းရဲဘူး။ ပဒါန်း ဒီဘက်တော့ မတောင်းရဲဘူး။ ရွာတွေမှာတော့ တော ရွာဘက်တွေမှာ တောင်းတာ ကြားတယ်။ စေတုတ္တရာ နယ်ဘက်တွေပေါ့။ ငါးသောင်းတို့ ဘာတို့ပေါ့။
မေး - တစ်ရွာ ငါးသောင်းနှုန်းလား၊ တစ်အိမ် ငါး သောင်းနှုန်းလား။
ဖြေ - တစ်အိမ်ကို ငါးသောင်းနှုန်း တောင်းတာ။
မေး - ပေးနိုင်လား။
ဖြေ - ဘယ်ပေးနိုင်မလဲ။ မပေးနိုင်တော့ ဘာလုပ် သလဲဆိုတော့ ဓားပြလိုပေါ့။ ပြန်ပေးဆွဲ၊ ဓားပြပဲ။ သူတို့နဲ့တွေ့ရင် ဆွဲသွားတာပဲ။ တလောလေးက ပုသိမ် - မုံရွာလမ်းပေါ် မင်းလှမြို့နယ်ဘက်မှာ ကား က ပျက်လို့ ပဒါန်းက ကားဝပ်ရှော့ဆရာနှစ်ယောက် ရယ်၊ တခြားကလူတွေရယ် လူ (၇) ယောက်လား (၉)ယောက်လားမသိဘူး ကားပျက်နေတာကို ခေါ် သွားကော။ တစ်ယောက်ကို သိန်းတစ်ထောင် တောင်းတယ်တဲ့။ ပြန်ပေးဆွဲတာ။ အခု ပဒါန်းက နှစ်ယောက်တော့ ပြန်လာပြီ။ ကျန်တဲ့သူတွေတော့ မသိဘူး။
မေး - ရခိုင်ရိုးမ တောင်ခြေရင်းဒေသမှာ အဆိုး ဆုံးမြို့နယ်က ဘယ်မြို့နယ်လို့ ပြောနိုင်မလဲ။
ဖြေ - အဆိုးဆုံးတော့ မဟုတ်ဘူး။ မင်းဘူး၊ စကု မြို့နယ်ဆို အနောက်ဘက်ခြမ်း၊ စေတုတ္တရာမြို့ ဆိုရင် မြောက်ဘက်ခြမ်း၊ ငဖဲမြို့နယ် ဆိုရင် အနောက် ဘက်ခြမ်း တောင်ပေါ်ဆယ်အုပ်စု၊ ခုနကပြောတဲ့ ဆယ်အုပ်စုဆိုတာ ခုနက တောင်ပေါ်ဘက်ပါတဲ့ ရွာတွေ ရှိတဲ့ နေရာလေ။ မင်းလှမြို့နယ်ဆိုရင်လည်း အနောက်ဘက်ခြမ်း၊ ရခိုင်ရိုးမရဲ့အောက်ခြေ မြေပြန့် ပေါ့။ မင်းတုန်းကျတော့လည်း မင်းတုန်းမြို့ရဲ့ အ နောက်ဘက် ရိုးမပေါ်။ ကမ္မကျတော့လည်း ပုသိမ် - မုံရွာလမ်း အနောက်ဘက်ခြမ်း။ တစ်ခါ ဥသျှစ်ပင် ရောက်တော့လည်း တောင်ကုတ်လမ်း။ ပြည်ဘက် ကျတော့ သူတို့ မလာနိုင်ဘူး။
မေး - အဲဒီဘက်တွေတော့ ရှိနေတယ်ပေါ့။
ဖြေ - အင်း ရှိနေတယ် ပြောရမှာပေါ့။
မေး - PDF တွေ ဘက်က ဘာသံကြားရလဲ။အန် ကယ်တို့ ဒေသဘက်က PDF တွေနဲ့ ပတ်သက်လို့ သိသလောက် ပြောပြပေးပါလား။
ဖြေ - အစကတော့ သူတို့က သင်တန်းတက် ဘာညာ ပေါ့။ NUG ဆိုလား သူတို့ က ဆွဲဆောင်ပြီး မိုက်ရူးရဲ နဲ့သွားကြတာပေါ့။ တချို့ကျတော့လည်း ပြန်ချင် တယ်တဲ့။ ပြန်ရင် သတ်မယ်ပေါ့။ အဲဒီလို ခြိမ်းခြောက် ခံရတာလည်း ကြားတယ်။
မေး - အဲဒါကျတော့ကော ဘယ်လို ပြန်ကြားရလဲ။
ဖြေ -ကိုယ့်ဆီက PDF ဘက် လိုက်သွားတဲ့သူတွေမှာ ကြားရတာပေါ့။ ပြန်ချင်တယ် ပြန်ဖို့ကခက်တယ်တဲ့ ကြားရတယ်။ အလင်းမဝင်ချင်တဲ့ သူကတော့ ဓားပြ ဗိုလ်၊ သူပုန်ဗိုလ်၊ ပိုက်ဆံ အဝင်ကောင်းတဲ့သူကတော့ ဘယ်ပြန်ချင်မလဲကွယ်။
မေး - မေးစရာ ရှိလာတာက သိသလောက် အန် ကယ်တို့ ဒေသဘက်မှာ သူတို့ပိုက်ဆံတောင်းတဲ့ ပုံစံက ဘယ်လိုရှိပါသလဲ။
ဖြေ - လမ်းမှာ သူတို့နဲ့ တွေ့ရင် မသတ်ရင်၊ ဝန်ထမ်း မဟုတ်ရင်၊ အုပ်ချုပ်ရေးဘက် မဟုတ်ရင် ပိုက်ဆံ ရှိလောက်တယ် ဆိုရင် ဖမ်းပြီး တောင်းလိုက်တာပေါ့။
မေး - အဲဒီက PDF တွေကကော ပိုက်ဆံရရေး ဦးစားပေးလာတာပဲလား။
ဖြေ - ဒီဘက်တင်မဟုတ်ဘူး အကုန်လုံး အဲဒီလို ဖြစ်သွားတာပဲ။ ဟိုဘက်က တစ်ခါ ပေါက်တို့၊ မြိုင်တို့ ဘက်ကျတော့လည်း ရေနံထွက်တယ်လေ။ ရေနံတွင်း တွေတူး၊ ရေနံတစ်တွင်း ဘယ်လောက် အဲဒီလိုတွေ။
မေး - မကွေးတိုင်းက အရင်က နေလို့ကောင်းလား။
ဖြေ - အရင်ကဆို တစ်ညလုံးကို ဘယ်သွားသွား တစ်ယောက်တည်းသွားလည်း ကြောက်စရာ မလို ဘူး။ အခုကတော့ ပြောမနေနဲ့တော့ ရှစ်နာရီ ၊ ကိုးနာရီလောက်ဆို အကုန်ပိတ်ပြီး ငြိမ်ကုန်ပြီ။ ပဒါန်းဆို ဘုရားပွဲမလုပ်နိုင်တာကြာပြီ။ မကွေးမြသ လွန် ဘုရားပွဲတောင် ဒီနှစ်မှ စတော့တယ်။ အရင်က မလုပ်မှ မလုပ်ဘဲနဲ့။
မေး - ဆိုတော့ ဒါကတော့ တစ်ပိုင်းပေါ့နော်။ နောက် တစ်ခုက ရခိုင်ဘက်ကနေ တိုက်ပွဲဖြစ်လို့ အဲဒီဘက် ပြေးလာတဲ့သူတွေကကော အခြေအနေ ဘယ်လို ရှိလဲ။
ဖြေ - အခြေအနေကတော့ ရောက်လာတယ်။ သူတို့ လည်း အဆင်ပြေတဲ့ နေရာမှာ သင့်သလို နေကြတာ ပေါ့။ တချို့ကျတော့လည်း အခုထိ အဆက်အသွယ်ကို မရတာလည်း ရှိကြတယ် ပြောတယ်။ ဒီဘက်ကတော့ အမ်းဘက်နဲ့ နီးတဲ့သူတွေက အများဆုံးလာပြီး ခိုလှုံ ကြတယ်ပေါ့။ ပြန်သိရသလောက်ဆိုရင် ထွက်ပြေးပြီး ဘယ်ရောက်နေမှန်းမသိ၊ ဘာလုပ်နေမှန်းမသိ၊ သေ လား၊ ရှင်လား၊ အဆင်မပြေလား ဘာလုပ်နေလဲ မသိတဲ့သူတွေလည်း အများကြီးပဲ ရှိနေကြသေးတယ်။
မေး - ဒေသခံ တစ်ယေက်အနေနဲ့ ဘာပြောချင်လဲ။
ဖြေ - အမြန်ဆုံး ငြိမ်းချမ်းချင်တယ်။ စစ်ဆိုတာမျိုးက မကောင်းဘူးဆိုတာ သိလာကြပြီလေ။ ဒုက္ခတွေ ရောက်ကြတယ်။ အဆိုးဆုံးက စိတ်ပူရတာပဲ။ ဒါ ကြောင့် အမြန်ဆုံး အေးချမ်းချင်တယ်။ အဖြစ်ချင်ဆုံး ဆန္ဒက ဒါပါပဲ။
ကျေးဇူးတင်ပါတယ် ခင်ဗျာ။

Zawgyi Version:
တိုက္ပြဲ ႏွင့္ ရခိုင္႐ိုးမေတာင္ေျခရင္းက ေဒသခံတို႔ အေၾကာင္း တေစ့တေစာင္း
(ေဒသခံမ်ားႏွင့္ အင္တာဗ်ဴး)
သုတေက်ာ္ (NP News) - ေအာက္တိုဘာလ ၂၃
လက္ရွိတြင္ AA ႏွင့္ ပူးေပါင္းအဖြဲ႕တို႔က ရခိုင္႐ိုးမတြင္ တိုက္ပြဲေဖာ္ေဆာင္ျခင္းမ်ားရွိေန သည္။ တစ္ဖန္ မေကြးတိုင္းေဒသႀကီးဘက္မွPDF မ်ားကလည္း AA ဘက္ အားကိုးသေယာင္ျပဳကာ လႈပ္ရွားျခင္းမ်ားရွိေန၏။ အဆိုပါအေျခအေနမ်ားႏွင့္ပတ္သက္၍ NP News က ရခိုင္ျပည္ နယ္ႏွင့္ မေကြးတိုင္းေဒသႀကီးအစပ္မွ ေဒသခံႏွစ္ဦးႏွင့္ စကားေျပာ၊ ေမးျမန္းခြင့္ရခဲ့ရာ ယင္းဘက္မွ အေျခအေနအခ်ိဳ႕အေၾကာင္း တေစ့တေစာင္းကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။
ေမး - ပထမဆုံးေမးခ်င္တာက ဟိုတေလာက အဲဒီ မွာ ေတာင္တန္းသာသနာျပဳဆရာေတာ္တစ္ပါးနဲ႔ လူပုဂၢိဳလ္ (၇၀)ေက်ာ္ကို AA နဲ႔ မဟာမိတ္လို႔ ဆိုတဲ့ PDF အဖြဲ႕ေတြက ဖမ္းသြားတယ္လို႔ ၾကားရတယ္။ အခု လႊတ္ၿပီလား။
ေျဖ - မလႊတ္ေသးဘူးဗ်။
ေမး - ဘယ္လို ျဖစ္တာလဲ။
ေျဖ - ဂုတ္ႀကီး႐ြာ ရဲကင္းစခန္းက ရဲ ဆယ့္ ေလး ငါး ေယာက္ရွိတာကို သူတို႔က လူႏွစ္ရာေလာက္နဲ႔လာဝိုင္း ၿပီး သိမ္းသြားတာေပါ့။ သိမ္းသြားေတာ့ ေနာက္ေန႔မွာ ေတာင္တန္းသာသနာျပဳဆရာေတာ္ကိုလည္းေခၚသြား တယ္။ ေနာက္တစ္ခါ လူကလည္း ျပည္သူ (၇၀)ေက်ာ္ေလာက္ ေခၚသြားတယ္။ ဓားစာခံလိုေပါ့။
ေမး - တစ္ဆင့္တက္ၿပီး လုပ္လာတယ္ ေျပာရမလား။ တပ္မေတာ္ဘက္ကလည္း နယ္ေျမရွင္းေနလား။
ေျဖ - မေန႔ကတင္ တပ္မေတာ္ နယ္ေျမရွင္းလင္းေရး အဖြဲ႕ေတြ ရွင္းတာေတာ့ စခန္းတခ်ိဳ႕ရတယ္လို႔ သိရ တယ္။
ေမး - တေလာက ရခိုင္႐ိုးမကို သူတို႔ ေတာ္ေတာ္ေလး စီးမိထားသလို AA ဘက္က ဝါဒျဖန႔္တာ ေတြ႕ရတယ္။ ဒါက ဘယ္လိုျဖစ္တာလဲ။ တကယ္ ေကာ ဟုတ္သလား ခင္ဗ်ာ။
ေျဖ - ရခိုင္ျပည္နယ္နဲ႔ မေကြးတိုင္း အစပ္က မေကြး တိုင္းက ႀကိဳဆိုပါ၏ဆိုတဲ့နယ္ျခားမွာ ဆိုင္းဘုတ္ရွိ တယ္ေလ။ အဲဒီ ဆိုင္းဘုတ္ေရွ႕နားမွာ AA က ဓာတ္ ပုံ႐ိုက္တင္ထားတယ္။ နတ္ေရကန္ နဲ႔ ရခိုင္ျပည္နယ္ မွ ႏႈတ္ခြန္းဆက္ပါ၏၊ မေကြးတိုင္းမွ ႀကိဳဆိုပါ၏ ဆိုတဲ့ ဆိုင္းဘုတ္ေနရာနဲ႔ ဟာ ဘာမွမဆိုင္ဘူး။
ေမး - လက္ရွိေျမျပင္က ရခိုင္႐ိုးမေတာင္ေျခ မေကြးတိုင္းဘက္က ေဒသေတြမွာ ဘယ္လိုစိုးရိမ္မႈ ေတြ ရွိေနလဲ။
ေျဖ - စိုးရိမ္မႈ ဆိုတာကေတာ့ နတ္ေရကန္ ဒီဘက္ ဆင္းလာရင္ ဇင္ႁပြန္းတို႔၊ ဂုတ္ဝတို႔ စသည္ျဖင့္ ႐ြာေတြ ရွိတာေပါ့။ အဲဒီ႐ြာေတြဘက္ကလူေတြကေတာ့ စိုးရိမ္ၾကမယ္။ ကြၽန္ေတာ္တို႔ဘက္ေတြက ထူး မေၾကာက္ဘူးဆိုတာက ပဒါန္းဘက္မွာလည္း တပ္ အင္အား ေကာင္းေတာ့ ထူးမေၾကာက္ဘူး။
ေမး-တိုက္ပြဲေတြ ျဖစ္လာၿပီးတဲ့ ေနာက္ဆုတ္ယုတ္ သြားတာက ဘာေတြျဖစ္မလဲ။
ေျဖ - ဆုတ္ယုတ္သြားတာကေတာ့ ေဈးဆိုင္ေတြ၊ ထမင္းဆိုင္ေတြ ေနာက္ ကားနဲ႔လုပ္စားတဲ့ လိုင္းကား ေတြ။ အလုပ္သမားေတြ ဆုတ္ယုတ္တယ္။ ၿပီးေတာ့ လယ္ယာေတြေပါ့။ ၿပီးေတာ့ ေတာင္ေပၚ ခ်င္းတိုင္း ရင္းသားေတြရဲ႕ ေတာင္ေပၚ ဆယ္အုပ္စုက ပိုဆိုးတာ ေပါ့။
ေမး - ခ်င္းတိုင္းရင္းသားေတြက ဘယ္လို ျဖစ္ေနၾက လဲ။
ေျဖ - ဟိုဘက္က ပိတ္ဆို႔၊ ဒီဘက္က ပိတ္ဆို႔ဆိုေတာ့ ၾကားညပ္ၿပီး ဟိုဘက္ သြားမရ၊ ဒီဘက္ သြားမရနဲ႔ နီးရာဓား ေၾကာက္ရပုံေပၚပါတယ္။
ေမး - သူတို႔ကေကာ စစ္ဒဏ္ ကို ဘယ္ေလာက္ခံရလဲ။
ေျဖ - ေျပာမေနနဲ႔ ခံရတာေပါ့။ သူတို႔က တိုက္ပြဲနား ျဖစ္ေနေတာ့ လက္နက္ႀကီး ထိတာလည္း ရွိမယ္။ သူတို႔ဘက္မွာလည္း အၾကမ္းဖက္သမားေတြက ေနရာယူတာလည္းရွိတာကိုး။ သူတို႔က ရခိုင္႐ိုးမ ေတာင္တန္းႀကီးဆိုေတာ့ ဘာေခၚမလဲ ဒ႐ုန္းနဲ႔ ၾကည့္ မယ္။ ျမင္တဲ့ ေနရာလည္း ျမင္မယ္။ လွ်ိဳေတြကလည္း နက္ ျဖစ္ေနေတာ့ ကံေကာင္းေနတယ္ ေျပာရမယ္။
ေမး - လွ်ိဳေတြထဲေတာ့ ေရွာင္လို႔ ရတာေပါ့။
ေျဖ - ဟုတ္တယ္။
ေမး-တိုက္ပြဲေတြ ျဖစ္ေတာ့ အလုပ္ရပ္သြားတာေတြ လည္း ရွိတယ္ ဆိုတဲ့အခါ သူတို႔ကေကာ ဘယ္ေတြ သြားၾကလဲ။
ေျဖ - တခ်ိဳ႕လည္း ရန္ကုန္၊ တခ်ိဳ႕လည္း ထိုင္း၊ တခ်ိဳ႕လည္း ဒီျပင္နယ္ေတြ သြားကုန္တာေပါ့။ ျပည္ပ လည္း ရွိတယ္။ ဒီမွာက မလႈပ္သာ မရွားသာ လူ ေလာက္ပဲေပါ့။ ေတာင္ေျခနဲ႔ ပိုနီးတဲ့ေနရာေတြ၊ တိုက္ ပြဲနဲ႔ နီးတဲ့ေနရာေတြမွာဆိုရင္ေတာ့ လူေတြက အရင္နဲ႔ ကို ဘာမွလုပ္ရကိုင္ရတာက မဆိုင္ေတာ့ဘူး။
ေမး - မေကြးနဲ႔ ရခိုင္ အစပ္က လူေတြက စိုးရိမ္တယ္ ဆိုေတာ့ မေကြးဘက္မွာေကာ ဘယ္လိုအေျခအ ေနရွိပါသလဲ။
ေျဖ - ျပည္၊ မေကြးဘက္ကေတာ့ လြတ္တယ္။
ေမး - ျပည္ပေရာက္ မီဒီယာေတြမွာေတာ့ သူတို႔ပဲ အၿမဲ ႏိုင္ေနသလိုေရးၾကတယ္ေနာ္။ ေဒသခံတစ္ ေယာက္အေနနဲ႔ ဘာမ်ားတုံ႔ျပန္ေျပာၾကားခ်င္လဲ။
ေျဖ - ဘယ္ကသာ။ AA တို႔ သူတို႔ အဖြဲ႕ေတြဘက္မွာ ေသတာ အမ်ားႀကီးပဲ။ ရွင္းရွင္းေျပာရရင္ ေတြ႕သမွ် အေလာင္းကို လိုင္းေပၚတင္ရမွာ မေကာင္းလို႔သာ။
ေမး - တစ္ခ်က္ ျပန္ေမးပါရေစ။ ခုနက ေတာင္ေပၚမွာ ပိတ္မိေနတယ္ ဆိုတဲ့သူေတြ အေျခအေနကို နည္း နည္း အေသးစိတ္ ျပန္ေျပာေပးပါလား။
ေျဖ - သူတို႔က ေအာက္ေျမကိုဆင္းဖို႔လည္း မလြယ္ ေနာက္တစ္ခါ အမ္းဘက္ေတာ့ ပိုဆိုးတာေပါ့။ ဒီဘက္ ဆင္းလာတဲ့သူက်ေတာ့လည္း ဒီဘက္ ဂိတ္ေတြက စစ္ေဆးရတာေပါ့။ ဒီဘက္ကလည္း ရိကၡာကို ပိတ္ ထားရတယ္ေလ။ ဥပမာ-ေတာင္ေပၚကို ဆန္တင္ သြားမယ္၊ ဓာတ္ဆီတင္သြားမယ္၊ စားဆီ တင္သြားမယ္ ဆိုရင္ သူတို႔ စားရင္ ေတာ္တယ္ေလ။ AA ဘက္ ေရာက္သြားရင္ ဘယ္လိုလုပ္ၾကမလဲ။ ေရာက္ သြားတာလည္း မ်ားတယ္။ မေပးလည္း ဟိုလူေတြက လုမွာပဲေလ။ အဲဒါေၾကာင့္ ဒီဘက္ ဂိတ္ေတြက ဆန္၊ ဆီ၊ ဆား၊ ငါးပိ အထြက္မခံဘူး။ သူတို႔ကေတာ့ ၾကား ညႇပ္ေနတာေပါ့။ ဆင္းရင္ ဒီဘက္ ေသခ်ာစစ္တယ္။ ေသခ်ာမစစ္လို႔လည္း မရဘူးေလ။
ေမး - ေျမျပန႔္ဘက္ေတြက်ေတာ့ေကာ PDF လႈပ္ ရွားမႈ က ဘယ္လိုရွိပါသလဲ။
ေျဖ - ေပၚေပၚထင္ထင္ေတာ့ မေနရဲဘူး။ ရခိုင္႐ိုးမ အစပ္ဘက္ ေဒသမွာေပါ့။ သူတို႔ႏိုင္တာကေတာ့ ျပည္သူပဲ။ တပ္ကိုလည္း စစ္ေၾကာင္းထိုးၿပီဆိုရင္ ႀကိဳတင္ၿပီးေတာ့ ေခ်ာင္းေျမာင္းၿပီး မိုင္းဆြဲမယ္ ဒီေလာက္ပဲ။ တကယ္ တိုက္ပြဲ ျဖစ္တမ္းဆိုရင္ သူတို႔ပဲ ေျပးတာပဲ။
ေမး - ဆက္ေၾကးက် ဘယ္လိုေပးရလဲ။
ေျဖ - ေပၚေပၚထင္ထင္ေတာ့ မေတာင္းရဲဘူး။ ပဒါန္း ဒီဘက္ေတာ့ မေတာင္းရဲဘူး။ ႐ြာေတြမွာေတာ့ ေတာ ႐ြာဘက္ေတြမွာ ေတာင္းတာ ၾကားတယ္။ ေစတုတၱရာ နယ္ဘက္ေတြေပါ့။ ငါးေသာင္းတို႔ ဘာတို႔ေပါ့။
ေမး - တစ္႐ြာ ငါးေသာင္းႏႈန္းလား၊ တစ္အိမ္ ငါး ေသာင္းႏႈန္းလား။
ေျဖ - တစ္အိမ္ကို ငါးေသာင္းႏႈန္း ေတာင္းတာ။
ေမး - ေပးႏိုင္လား။
ေျဖ - ဘယ္ေပးႏိုင္မလဲ။ မေပးႏိုင္ေတာ့ ဘာလုပ္ သလဲဆိုေတာ့ ဓားျပလိုေပါ့။ ျပန္ေပးဆြဲ၊ ဓားျပပဲ။ သူတို႔နဲ႔ေတြ႕ရင္ ဆြဲသြားတာပဲ။ တေလာေလးက ပုသိမ္ - မုံ႐ြာလမ္းေပၚ မင္းလွၿမိဳ႕နယ္ဘက္မွာ ကား က ပ်က္လို႔ ပဒါန္းက ကားဝပ္ေရွာ့ဆရာႏွစ္ေယာက္ ရယ္၊ တျခားကလူေတြရယ္ လူ (၇) ေယာက္လား (၉)ေယာက္လားမသိဘူး ကားပ်က္ေနတာကို ေခၚ သြားေကာ။ တစ္ေယာက္ကို သိန္းတစ္ေထာင္ ေတာင္းတယ္တဲ့။ ျပန္ေပးဆြဲတာ။ အခု ပဒါန္းက ႏွစ္ေယာက္ေတာ့ ျပန္လာၿပီ။ က်န္တဲ့သူေတြေတာ့ မသိဘူး။
ေမး - ရခိုင္႐ိုးမ ေတာင္ေျခရင္းေဒသမွာ အဆိုး ဆုံးၿမိဳ႕နယ္က ဘယ္ၿမိဳ႕နယ္လို႔ ေျပာႏိုင္မလဲ။
ေျဖ - အဆိုးဆုံးေတာ့ မဟုတ္ဘူး။ မင္းဘူး၊ စကု ၿမိဳ႕နယ္ဆို အေနာက္ဘက္ျခမ္း၊ ေစတုတၱရာၿမိဳ႕ ဆိုရင္ ေျမာက္ဘက္ျခမ္း၊ ငဖဲၿမိဳ႕နယ္ ဆိုရင္ အေနာက္ ဘက္ျခမ္း ေတာင္ေပၚဆယ္အုပ္စု၊ ခုနကေျပာတဲ့ ဆယ္အုပ္စုဆိုတာ ခုနက ေတာင္ေပၚဘက္ပါတဲ့ ႐ြာေတြ ရွိတဲ့ ေနရာေလ။ မင္းလွၿမိဳ႕နယ္ဆိုရင္လည္း အေနာက္ဘက္ျခမ္း၊ ရခိုင္႐ိုးမရဲ႕ေအာက္ေျခ ေျမျပန႔္ ေပါ့။ မင္းတုန္းက်ေတာ့လည္း မင္းတုန္းၿမိဳ႕ရဲ႕ အ ေနာက္ဘက္ ႐ိုးမေပၚ။ ကမၼက်ေတာ့လည္း ပုသိမ္ - မုံ႐ြာလမ္း အေနာက္ဘက္ျခမ္း။ တစ္ခါ ဥသွ်စ္ပင္ ေရာက္ေတာ့လည္း ေတာင္ကုတ္လမ္း။ ျပည္ဘက္ က်ေတာ့ သူတို႔ မလာႏိုင္ဘူး။
ေမး - အဲဒီဘက္ေတြေတာ့ ရွိေနတယ္ေပါ့။
ေျဖ - အင္း ရွိေနတယ္ ေျပာရမွာေပါ့။
ေမး - PDF ေတြ ဘက္က ဘာသံၾကားရလဲ။အန္ ကယ္တို႔ ေဒသဘက္က PDF ေတြနဲ႔ ပတ္သက္လို႔ သိသေလာက္ ေျပာျပေပးပါလား။
ေျဖ - အစကေတာ့ သူတို႔က သင္တန္းတက္ ဘာညာ ေပါ့။ NUG ဆိုလား သူတို႔ က ဆြဲေဆာင္ၿပီး မိုက္႐ူးရဲ နဲ႔သြားၾကတာေပါ့။ တခ်ိဳ႕က်ေတာ့လည္း ျပန္ခ်င္ တယ္တဲ့။ ျပန္ရင္ သတ္မယ္ေပါ့။ အဲဒီလို ၿခိမ္းေျခာက္ ခံရတာလည္း ၾကားတယ္။
ေမး - အဲဒါက်ေတာ့ေကာ ဘယ္လို ျပန္ၾကားရလဲ။
ေျဖ -ကိုယ့္ဆီက PDF ဘက္ လိုက္သြားတဲ့သူေတြမွာ ၾကားရတာေပါ့။ ျပန္ခ်င္တယ္ ျပန္ဖို႔ကခက္တယ္တဲ့ ၾကားရတယ္။ အလင္းမဝင္ခ်င္တဲ့ သူကေတာ့ ဓားျပ ဗိုလ္၊ သူပုန္ဗိုလ္၊ ပိုက္ဆံ အဝင္ေကာင္းတဲ့သူကေတာ့ ဘယ္ျပန္ခ်င္မလဲကြယ္။
ေမး - ေမးစရာ ရွိလာတာက သိသေလာက္ အန္ ကယ္တို႔ ေဒသဘက္မွာ သူတို႔ပိုက္ဆံေတာင္းတဲ့ ပုံစံက ဘယ္လိုရွိပါသလဲ။
ေျဖ - လမ္းမွာ သူတို႔နဲ႔ ေတြ႕ရင္ မသတ္ရင္၊ ဝန္ထမ္း မဟုတ္ရင္၊ အုပ္ခ်ဳပ္ေရးဘက္ မဟုတ္ရင္ ပိုက္ဆံ ရွိေလာက္တယ္ ဆိုရင္ ဖမ္းၿပီး ေတာင္းလိုက္တာေပါ့။
ေမး - အဲဒီက PDF ေတြကေကာ ပိုက္ဆံရေရး ဦးစားေပးလာတာပဲလား။
ေျဖ - ဒီဘက္တင္မဟုတ္ဘူး အကုန္လုံး အဲဒီလို ျဖစ္သြားတာပဲ။ ဟိုဘက္က တစ္ခါ ေပါက္တို႔၊ ၿမိဳင္တို႔ ဘက္က်ေတာ့လည္း ေရနံထြက္တယ္ေလ။ ေရနံတြင္း ေတြတူး၊ ေရနံတစ္တြင္း ဘယ္ေလာက္ အဲဒီလိုေတြ။
ေမး - မေကြးတိုင္းက အရင္က ေနလို႔ေကာင္းလား။
ေျဖ - အရင္ကဆို တစ္ညလုံးကို ဘယ္သြားသြား တစ္ေယာက္တည္းသြားလည္း ေၾကာက္စရာ မလို ဘူး။ အခုကေတာ့ ေျပာမေနနဲ႔ေတာ့ ရွစ္နာရီ ၊ ကိုးနာရီေလာက္ဆို အကုန္ပိတ္ၿပီး ၿငိမ္ကုန္ၿပီ။ ပဒါန္းဆို ဘုရားပြဲမလုပ္ႏိုင္တာၾကာၿပီ။ မေကြးျမသ လြန္ ဘုရားပြဲေတာင္ ဒီႏွစ္မွ စေတာ့တယ္။ အရင္က မလုပ္မွ မလုပ္ဘဲနဲ႔။
ေမး - ဆိုေတာ့ ဒါကေတာ့ တစ္ပိုင္းေပါ့ေနာ္။ ေနာက္ တစ္ခုက ရခိုင္ဘက္ကေန တိုက္ပြဲျဖစ္လို႔ အဲဒီဘက္ ေျပးလာတဲ့သူေတြကေကာ အေျခအေန ဘယ္လို ရွိလဲ။
ေျဖ - အေျခအေနကေတာ့ ေရာက္လာတယ္။ သူတို႔ လည္း အဆင္ေျပတဲ့ ေနရာမွာ သင့္သလို ေနၾကတာ ေပါ့။ တခ်ိဳ႕က်ေတာ့လည္း အခုထိ အဆက္အသြယ္ကို မရတာလည္း ရွိၾကတယ္ ေျပာတယ္။ ဒီဘက္ကေတာ့ အမ္းဘက္နဲ႔ နီးတဲ့သူေတြက အမ်ားဆုံးလာၿပီး ခိုလႈံ ၾကတယ္ေပါ့။ ျပန္သိရသေလာက္ဆိုရင္ ထြက္ေျပးၿပီး ဘယ္ေရာက္ေနမွန္းမသိ၊ ဘာလုပ္ေနမွန္းမသိ၊ ေသ လား၊ ရွင္လား၊ အဆင္မေျပလား ဘာလုပ္ေနလဲ မသိတဲ့သူေတြလည္း အမ်ားႀကီးပဲ ရွိေနၾကေသးတယ္။
ေမး - ေဒသခံ တစ္ေယက္အေနနဲ႔ ဘာေျပာခ်င္လဲ။
ေျဖ - အျမန္ဆုံး ၿငိမ္းခ်မ္းခ်င္တယ္။ စစ္ဆိုတာမ်ိဳးက မေကာင္းဘူးဆိုတာ သိလာၾကၿပီေလ။ ဒုကၡေတြ ေရာက္ၾကတယ္။ အဆိုးဆုံးက စိတ္ပူရတာပဲ။ ဒါ ေၾကာင့္ အျမန္ဆုံး ေအးခ်မ္းခ်င္တယ္။ အျဖစ္ခ်င္ဆုံး ဆႏၵက ဒါပါပဲ။
ေက်းဇူးတင္ပါတယ္ ခင္ဗ်ာ။