ပဲကြီးဟင်း စားသော PDF နှင့် ညောင်ဦး - ကျောက်ပန်းတောင်းလမ်းက ပြည်သူများဘဝ (ဒေသအခြေအနေ သတင်းဆောင်းပါး)

 883

သုတကျော် (NP News) - အောက်တိုဘာလ ၂၃
ယခု အောက်တိုဘာလအစောပိုင်းက ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟု မိမိ တို့ဘာသာအမည်ပေးထားသောအဖွဲ့တစ်ဖွဲ့က ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်းပိုင်း အသုံး ပြုရာတွင် ည(၁၁)နာရီနှင့် မနက်(၅)နာရီအတွင်း ယာဉ်များ မှန်တံခါးချမောင်းနှင်ရန်နှင့် အရှိန်ပြင်း မောင်းနှင်ခြင်းမပြုရန် ထုတ်ပြန်ချက်တစ်စောင်ထုတ် ပြန်ခဲ့သည်။
၎င်းတို့စာအတွင်း စစ်ရေး၊ လုံခြုံရေးအခြေ အနေများအရဟုအကြောင်းပြထား၏။ သို့သော် ယင်း ထုတ်ပြန်ချက်ကား " ဖင်မနိုင်ဘဲ ပဲကြီးဟင်းစား " ခြင်း သက်သက်သာဖြစ်သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။
" သူတို့အဲဒီလိုထုတ်လိုက်တာက ဖင်မနိုင် ဘဲ ပဲကြီးဟင်းစားတာသက်သက်ပဲ။ အခု ပြည်သူတွေ က အသွားအလာအတွက် စိုးရိမ်မှုတွေဖြစ်သွားတယ်။ လူတွေကြောက်အောင်လုပ်တာလားတော့ မပြော တတ်ဘူး။ ပြည်သူတွေမှာ ကြောက်ပါတယ်ဆိုမှ ပိုပြီး စိုးရိမ်စရာဖြစ်ကုန်တယ်"ဟု ၎င်းကဆိုသည်။
ညောင်ဦး-ကျောက်ပန်းတောင်းလမ်း သည် အမှန်စင်စစ်အားဖြင့် (၂၈)မိုင်သာသာခန့်သာ ရှိသော လမ်းတိုတစ်ခုဖြစ်ကာ ကားဖြင့်သွားလျှင် မိနစ်(၅၀)ကျော်ခန့်မောင်းနှင်ရမည့်ခရီးတစ်ခုဖြစ် သည်။ ယင်းလမ်းသည် တိုသော်လည်း ဖြတ်လမ်း တစ်ခုသဖွယ်ဖြစ်ပြီး ဒေသခံများသာမက ဘုရားဖူးသူ များအတွက်လည်း အကျိုးများသောလမ်းတစ်ခုဖြစ် သည်။
" ကျောက်ပန်းတောင်းကနေ စီးပွားရေး လမ်းအဖြစ်သုံးတာကတော့ ကျောက်ပန်းတောင်း-မိတ္ထီလာလမ်းပေါ့။ ရန်ကုန်ဘက်ထွက်တာ၊ မကွေး ဘက်ထွက်တာကိုး။ ညောင်ဦး-ကျောက်ပန်းတောင်း လမ်းကတော့ ဘုရားဖူးလမ်းရယ်၊ ပခုက္ကူဘက်က ဒေသထွက်ကုန်တွေအတွက် သုံးတဲ့လမ်းပေါ့"ဟု ကျောက်ပန်းတောင်း မြို့ခံတစ်ဦးကဆိုသည်။ ညောင် ဦး-ကျောက်ပန်းတောင်းလမ်းသည် သာယာပြီး အေး ချမ်းစဉ်အချိန်က သွားလာရေးအလွန်ကောင်းမွန် သော လမ်းတစ်လမ်းဖြစ်ကြောင်း ယင်းလမ်းပိုင်းကို အသုံးပြုခဲ့ဖူးသူတစ်ဦးကဆိုသည်။
" လမ်းကကောင်းတယ်။ ပတ်ဝန်းကျင်က သာယာတယ်။ လမ်းပိုင်းအရကြည့်မယ်ဆို မြန်မာ ပြည်က ထင်ရှားတဲ့နေရာနှစ်ခုကိုဆက်ထားတဲ့ လမ်း တစ်လမ်းလို့ပြောလို့ရတယ်။ ပုပ္ပားတောင်ကလပ်နဲ့ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ဆက်ပေးထားတာ ပေါ့။ မဟုတ်ရင် ပတ်သွားရမယ်လေ " ဟု ယင်းလမ်း ကို သွားလာဖူးသူတစ်ဦးကဆိုသည်။ အဆိုပါလမ်းပိုင်း က ချိတ်ဆက်ထားရာ မြို့နှစ်မြို့စလုံးသည်လည်း မြန် မာနိုင်ငံအလယ်ပိုင်းမှ အရေးပါသောမြို့နှစ်မြို့ဖြစ်သည်။
ကျောက်ပန်းတောင်းသည် ညောင်ဦး၊ မြင်းခြံ၊ မိတ္ထီ လာ၊ မကွေး၊ ဆင်ဖြူကျွန်း၊ မင်းဘူး စသည်မြို့များသို့ ကားလမ်းဆက်သွယ်နေသည့်အပြင် မြို့ကိုယ်တိုင်က ပင် ပုဂံသမိုင်းနှင့်ဆက်စပ်နေသော မြို့တစ်မြို့ဖြစ် သည်။ မြေပုံတွင်ကြည့်ပါက ကျောက်ပန်းတောင်းကို လမ်းကွန်ရက်များအလယ်က အချက်အချာကျသော မြို့တစ်မြို့အဖြစ်မြင်ရပေလိမ့်မည်။ ထို့ပြင် အခြား သော သမိုင်းဝင်နေရာများစွာလည်းရှိပြီး အထင်ရှား ဆုံးနေရာကား ပုပ္ပားမီးငြိမ်းတောင်နှင့် တောင်ကလပ် ဖြစ်သည်။
ညောင်ဦးမြို့ကား အများပြည်သူသိရှိပြီး ဖြစ်သည့်အတိုင်း ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ရှိသည့်အပြင် မြန်မာ့သမိုင်းများကို တစ်ပွေ့တစ်ပိုက် ထွေးပွေ့ထားသော မြို့တစ်မြို့အဖြစ် တင်စားနိုင်မည် ဖြစ်သည့်အပြင် ခရီးသွားအသွားအလာများရာမြို့ လည်းဖြစ်သည်။ ယင်းနှစ်မြို့ကြားခရီးသည် မူလက ခက်ခဲခဲ့သော်လည်း တိုးတက်လာသောခေတ်နှင့်အတူ လမ်းပိုင်းများကို ပြန်လည်မွမ်းမံပြင်ဆင်ခြင်း၊ အသစ် ဖောက်လုပ်ခြင်းများဖြင့် ဆောင်းပါးအစတွင် တင်ပြခဲ့ သကဲ့သို့ တစ်ခဏအတွင်းရောက်နိုင်သော၊ လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်သည့် ခရီးတစ်ခုအဖြစ် အသွင်ပြောင်းလာခဲ့သည်။
သို့သော် ယင်းနယ်မြေတွင် PDF တို့ ရောက်လာပြီး တိုက်ပွဲများဖော်သည့်အခါ ဒေသခံတို့ အကြား စိုးရိမ်ထိတ်လန့်မှုများ စတင်ဖြစ်ပေါ်လာခဲ့ သည်။ ထို့နောက်တွင်ကား ယင်း PDF တို့သည် ဒေသခံတို့၏ ယခင်က ကောင်းမွန်ခဲ့သည့် လမ်းပန်း ဆက်သွယ်ရေးကို ခြိမ်းခြောက်မှုများပြုလုပ်လာကြ သည်။
" ကျောက်ပန်းတောင်းကတော့ မြို့နယ် ပိုင်းလောက် PDF ရှိတာ။ ညောင်ဦးကျတော့ မြို့ ပေါ်အထိ သူတို့က အဖျက်အမှောင့်တွေလုပ်လာတာ ပေါ့။ အခုတော့ ဒီလမ်းကို သူတို့ကရန်ရှာလာတယ်။ ပြောရရင် နယ်မြေစိုးမိုးတယ်ဆိုတဲ့သဘောမျိုး သူတို့ ဘက်ကပြချင်တာပေါ့။ တကယ်က ဘယ်ရမလဲ" ဟု ညောင်ဦးမြို့ခံတစ်ဦးကဆိုသည်။
ယင်းသို့စာမထုတ်မီကလည်း ဖြတ်လမ်းသ ဖွယ်ဖြစ်နေသော ဗြတ္တပန်းဆက်လမ်းတွင် င်္ဏီ တို့ က အဖျက်အမှောက်လုပ်ငန်းများလုပ်ဆောင်ခဲ့ရာ ယင်းလမ်းသည် ညောင်ဦး-ကျောက်ပန်းတောင်းလမ်း ထက် ဦးစွာ စစ်ဘေးအရိပ်ထိုးသောလမ်းအဖြစ် ခေါ် ဆိုနိုင်သောအခြေအနေရှိသည်။
" ညောင်ဦးကနေ ကျောက်ပန်းတောင်း ကိုလာတဲ့လမ်းမှာ မကျည်းဇောက်ရွာလမ်းခွဲကနေ ပုပ္ပားတောင်မကြီးဘက်သွားတဲ့လမ်းက ဗြတ္တပန်း ဆက်လမ်းပဲ။ ဖြတ်လမ်းဖောက်ထားတာပေါ့။ အဲဒီ လမ်းကပိုဆိုးတယ်။ ဟိုတစ်နေ့က တာဝန်ရှိတဲ့သူတွေ ပြောတာက PDF က လမ်းပေါ်မိုင်းလာထောင်ရင်း တပ်ကအဖွဲ့နဲ့ တိုက်ပွဲဖြစ်တယ်လို့ပြောတယ်"ဟု ကျောက်ပန်းတောင်းဒေသခံတစ်ဦးကဆိုသည်။
ယင်းလမ်းပိုင်းကို အနှောင့်အယှက်ပြုရန် အတွက် PDF တို့က ငါးသရောက်မြို့ဘက်မှလာ ရောက်ခြင်းဖြစ်ပြီး တပ်မတော်ကထိုးစစ်ဆင်လျှင် ယင်းဒေသဘက်သို့ ပြန်ပြေးသောသဘောရှိသည်။ အဆိုပါလမ်းအပြီးတွင် ညောင်ဦး- ကျောက်ပန်း တောင်းလမ်းကို PDF တို့က ထပ်မံရန်ရှာလာခြင်း ဖြစ်သည်။ PDF တို့ က အထက်တွင်ဖော်ပြခဲ့သည့် အတိုင်း နယ်မြေစိုးမိုးလိုကြောင်းပြလိုသည့်သဘော ဖြင့် စာထုတ်ခြင်းဖြစ်သော်လည်း မြေပြင်တွင် အထိုင် ချနေနိုင်ခြင်းမျိုးမဟုတ်ကြောင်း ၎င်းကပြောသည်။
" ဂိတ်လည်းမဖွင့်နိုင်ပါဘူး။ ထိုင်နိုင်တဲ့အ နေအထားမဟုတ်ဘူး။ တပ်က မရှိဘူးထင်တဲ့အချိန်ဆို ရင်တော့ သူတို့တက်လာတတ်တယ်။ ဥပမာ ညပိုင်း ဆိုရင် တက်လိုက်၊ စစ်လိုက်၊ သူတို့မထင်တဲ့သူဆိုရင် တော့ခေါ်သွားလိုက် အဲဒီလိုရှိတယ်"ဟု ယခင်ကအ ခြေအနေကို ゞင်းကဆိုသည်။ လက်ရှိအနေအထား တွင် ယင်းလမ်းပိုင်း PDF တို့ကို တပ်မတော်က ချေမှုန်းနေကြောင်းလည်း သိရှိသူ သတင်းရင်းမြစ်တစ် ဦးကဆိုသည်။
" အခု စစ်ကြောင်းတော်တော်ဖိနေတယ်။ စစ်ကြောင်း တောက်လျှောက်လိုက်ထိုးတယ်။ လက်ရှိ လုံခြုံရေးယူထားတယ်။ တပ်ကဖိထားတယ်"ဟု ၎င်း ကဆိုသည်။ PDF တို့က ယင်းသို့စာထုတ်လိုက်ခြင်း အတွက် ပြည်သူများအကြားတွင် စိုးရိမ်မှုများရှိခဲ့ရာ အဆိုပါလမ်းပိုင်းကိုအသုံးပြုရန်အတွက် စိုးရိမ်စိတ် များဖြစ်ကြရသော်လည်း ယာဉ်အသွားအလာရှိနေ သေးကြောင်းသိရသည်။ " စာထုတ်ထားတဲ့အရှိန်နဲ့ နည်းနည်းအမ်းတာပေါ့။ အဲဒီလိုအမ်းတာတော့ မကြိုက်ဘူး။ ပုဒ်မ (၁၄၄)ထုတ်တုန်းကအချိန်တွေကို တွေ့ကြုံခဲ့ပြီ။ ည(၁၀)နာရီမထွက်ရတို့ ပြောပြီဆိုရင် အဖျက်အမှောင့်လုပ်ချင်တဲ့သူက အဲဒီနောက်ပိုင်းလုပ် တော့တာ။ လမ်းပေါ်မှာ မိုင်းမြှုပ်ချင်တယ်ဆိုရင် ကား တစ်စီးလာရင် တပ်ကကားလား၊ ရဲကားလားဆိုပြီး လိပ်ပြာမလုံတဲ့သူကမလုပ်ရဲဘူး။ လုပ်ချင်တဲ့သူက ကားအသွားအလာပြတ်တဲ့အချိန်မှလုပ်တော့တာ။ အခု ညောင်ဦး-ကျောက်ပန်းတောင်းလမ်းကိုလည်း လူမသွားမှာအရမ်းကြောက်တယ်"ဟု ဒေသခံတစ်ဦး ကပြောသည်။
PDF တို့၏ ယင်းစာထုတ်ရခြင်းရည်ရွယ် ချက်ကိုမသိရသော်လည်း လက်ရှိအနေအထားအရ ပြည်သူများအကြားတွင် စိုးရိမ်စိတ်များဖြစ်သွားကြ ရသည်မှာတော့ အမှန်ပင်ဖြစ်သည်။
" အဓိကတော့ သွားရင်ဘာဖြစ်မလဲဆိုတာ ကို စိုးရိမ်သွားတာပါ။ ဘုရားဖူးတွေနည်းသွားပြီမို့လို့ စာထုတ်တာလို့ သူတို့ PDF တွေဘက်က စာထုတ် ထားတာတော့ရှိတယ်။ ဒါပေမဲ့ သွားနေရင်း လက်နက် ကိုင်နဲ့တွေ့ရင် ဘယ်လိုလုပ်မလဲဆိုတာပဲစိုးရိမ်ရ တယ်။ နောက်ပြီးတော့ တိုက်ပွဲကြား ပိတ်မိသွားမလား ပေါ့။ အဓိကတော့ ခြောက်လှန့်လိုက်တာတစ်မျိုးလို့ ထင်ပေမယ့် သာမန်ပြည်သူပဲလေ။ လက်နက်ကိုင်မ ထားတော့စိုးရိမ်တယ်"ဟု ညောင်ဦးဒေသခံတစ်ဦး ကပြောသည်။
သို့သော် မြေပြင်တွင် ယင်း PDF တို့အနေ ဖြင့် စာထုတ်ပြီးနောက် ညောင်ဦး-ကျောက်ပန်း တောင်း လမ်းပေါ်တက်သည်ဟု မကြားရသေးကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ စာထုတ်ပြီး ယင်း လမ်းကို မတက်ရဲသော်လည်း ပြည်သူတို့မှာ လက် ချည်းသက်သက်များသာဖြစ်ရာ စောင့်ကြည့်ရုံသာ တတ်နိုင်ကြသည်။ ယင်းလမ်းကိုမသုံးလျှင် ခဏခရီး ကို အဝေးမှပတ်သွားကြရမည့်အခြေအနေလည်း ရှိသည်။
" ဒီလမ်းကိုမသုံးလို့အဆင်မပြေရင် တ ခြားဘက်က ပတ်သွားလို့တော့ရတာပေါ့။ ဒါပေမဲ့ လမ်းကကြာသွားတယ်လေ။ အကုန် ခရီးဖင့်ကုန်တာ ပေါ့။ ကျွန်တော်ကတော့ ဒီစာကို ခြိမ်းခြောက်စာ သက်သက်ပဲလို့မြင်တယ်။ စစ်ရေးအရလည်း အသာ စီးရမနေတော့ ပြည်သူကို လှမ်းခြောက်လိုက်တာ။ ဒီသဘောပဲ"ဟု ညောင်ဦးမြို့ခံတစ်ဦးက မှတ်ချက်ပြု သည်။
မည်သို့ပင်ဆိုစေကာမူ အဘက်ဘက်မှ ခံရသည်မှာ ပြည်သူသာဖြစ်သည်။ တစ်ဖက်က လိပ် ပြာတောင်ပံခတ်လိုက်ခြင်းဖြစ်သော်လည်း အခြား တစ်ဖက်က ပြည်သူများမှာမူ မုန်တိုင်းကြုံကြရသည်။ တစ်ချိန်က သာမန်ဘဝမှ လက်နက်ရှိလာပြီး အာဏာ ပိုင်များသဖွယ်၊ နယ်ရှင်၊ ပယ်ရှင်များသဖွယ် သူပုန်တို့ စိတ်ဝယ်ထင်နေချိန် အောက်ခြေပြည်သူတို့ အဖို့မှာ မျက်စိသူငယ်၊ နားသူငယ်ဖြင့် အခြေအနေကြည့်နေ ရရုံမှတစ်ပါး အခြားမရှိပါ။
" သူတို့က စာထုတ်တာ ဘာကြာတာမှတ် လို့အစ်ကိုရ။ စာပဲထုတ်တာပဲဟာ"ဟု ကျောက်ပန်း တောင်း ဒေသခံတစ်ဦးက ရယ်မောရင်းဆိုသည်။ သို့သော် ၎င်း၏ရယ်သံမှာမူ ခြောက်ကပ်ကပ်နိုင်လှ၏။

Zawgyi Version:
ပဲႀကီးဟင္း စားေသာ PDF ႏွင့္ ေညာင္ဦး - ေက်ာက္ပန္းေတာင္းလမ္းက ျပည္သူမ်ားဘဝ
(ေဒသအေျခအေန သတင္းေဆာင္းပါး)
သုတေက်ာ္ (NP News) - ေအာက္တိုဘာလ ၂၃
ယခု ေအာက္တိုဘာလအေစာပိုင္းက ေညာင္ဦးၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ဟု မိမိ တို႔ဘာသာအမည္ေပးထားေသာအဖြဲ႕တစ္ဖြဲ႕က ေညာင္ဦး-ေက်ာက္ပန္းေတာင္းကားလမ္းပိုင္း အသုံး ျပဳရာတြင္ ည(၁၁)နာရီႏွင့္ မနက္(၅)နာရီအတြင္း ယာဥ္မ်ား မွန္တံခါးခ်ေမာင္းႏွင္ရန္ႏွင့္ အရွိန္ျပင္း ေမာင္းႏွင္ျခင္းမျပဳရန္ ထုတ္ျပန္ခ်က္တစ္ေစာင္ထုတ္ ျပန္ခဲ့သည္။
၎တို႔စာအတြင္း စစ္ေရး၊ လုံၿခဳံေရးအေျခ အေနမ်ားအရဟုအေၾကာင္းျပထား၏။ သို႔ေသာ္ ယင္း ထုတ္ျပန္ခ်က္ကား " ဖင္မႏိုင္ဘဲ ပဲႀကီးဟင္းစား " ျခင္း သက္သက္သာျဖစ္သည္ဟု ေဒသခံတစ္ဦးက ဆိုသည္။
" သူတို႔အဲဒီလိုထုတ္လိုက္တာက ဖင္မႏိုင္ ဘဲ ပဲႀကီးဟင္းစားတာသက္သက္ပဲ။ အခု ျပည္သူေတြ က အသြားအလာအတြက္ စိုးရိမ္မႈေတြျဖစ္သြားတယ္။ လူေတြေၾကာက္ေအာင္လုပ္တာလားေတာ့ မေျပာ တတ္ဘူး။ ျပည္သူေတြမွာ ေၾကာက္ပါတယ္ဆိုမွ ပိုၿပီး စိုးရိမ္စရာျဖစ္ကုန္တယ္"ဟု ၎ကဆိုသည္။
ေညာင္ဦး-ေက်ာက္ပန္းေတာင္းလမ္း သည္ အမွန္စင္စစ္အားျဖင့္ (၂၈)မိုင္သာသာခန႔္သာ ရွိေသာ လမ္းတိုတစ္ခုျဖစ္ကာ ကားျဖင့္သြားလွ်င္ မိနစ္(၅၀)ေက်ာ္ခန႔္ေမာင္းႏွင္ရမည့္ခရီးတစ္ခုျဖစ္ သည္။ ယင္းလမ္းသည္ တိုေသာ္လည္း ျဖတ္လမ္း တစ္ခုသဖြယ္ျဖစ္ၿပီး ေဒသခံမ်ားသာမက ဘုရားဖူးသူ မ်ားအတြက္လည္း အက်ိဳးမ်ားေသာလမ္းတစ္ခုျဖစ္ သည္။
" ေက်ာက္ပန္းေတာင္းကေန စီးပြားေရး လမ္းအျဖစ္သုံးတာကေတာ့ ေက်ာက္ပန္းေတာင္း-မိတၳီလာလမ္းေပါ့။ ရန္ကုန္ဘက္ထြက္တာ၊ မေကြး ဘက္ထြက္တာကိုး။ ေညာင္ဦး-ေက်ာက္ပန္းေတာင္း လမ္းကေတာ့ ဘုရားဖူးလမ္းရယ္၊ ပခုကၠဴဘက္က ေဒသထြက္ကုန္ေတြအတြက္ သုံးတဲ့လမ္းေပါ့"ဟု ေက်ာက္ပန္းေတာင္း ၿမိဳ႕ခံတစ္ဦးကဆိုသည္။ ေညာင္ ဦး-ေက်ာက္ပန္းေတာင္းလမ္းသည္ သာယာၿပီး ေအး ခ်မ္းစဥ္အခ်ိန္က သြားလာေရးအလြန္ေကာင္းမြန္ ေသာ လမ္းတစ္လမ္းျဖစ္ေၾကာင္း ယင္းလမ္းပိုင္းကို အသုံးျပဳခဲ့ဖူးသူတစ္ဦးကဆိုသည္။
" လမ္းကေကာင္းတယ္။ ပတ္ဝန္းက်င္က သာယာတယ္။ လမ္းပိုင္းအရၾကည့္မယ္ဆို ျမန္မာ ျပည္က ထင္ရွားတဲ့ေနရာႏွစ္ခုကိုဆက္ထားတဲ့ လမ္း တစ္လမ္းလို႔ေျပာလို႔ရတယ္။ ပုပၸားေတာင္ကလပ္နဲ႔ပုဂံ ေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမကို ဆက္ေပးထားတာ ေပါ့။ မဟုတ္ရင္ ပတ္သြားရမယ္ေလ " ဟု ယင္းလမ္း ကို သြားလာဖူးသူတစ္ဦးကဆိုသည္။ အဆိုပါလမ္းပိုင္း က ခ်ိတ္ဆက္ထားရာ ၿမိဳ႕ႏွစ္ၿမိဳ႕စလုံးသည္လည္း ျမန္ မာႏိုင္ငံအလယ္ပိုင္းမွ အေရးပါေသာၿမိဳ႕ႏွစ္ၿမိဳ႕ျဖစ္သည္။
ေက်ာက္ပန္းေတာင္းသည္ ေညာင္ဦး၊ ျမင္းၿခံ၊ မိတၳီ လာ၊ မေကြး၊ ဆင္ျဖဴကြၽန္း၊ မင္းဘူး စသည္ၿမိဳ႕မ်ားသို႔ ကားလမ္းဆက္သြယ္ေနသည့္အျပင္ ၿမိဳ႕ကိုယ္တိုင္က ပင္ ပုဂံသမိုင္းႏွင့္ဆက္စပ္ေနေသာ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ သည္။ ေျမပုံတြင္ၾကည့္ပါက ေက်ာက္ပန္းေတာင္းကို လမ္းကြန္ရက္မ်ားအလယ္က အခ်က္အခ်ာက်ေသာ ၿမိဳ႕တစ္ၿမိဳ႕အျဖစ္ျမင္ရေပလိမ့္မည္။ ထို႔ျပင္ အျခား ေသာ သမိုင္းဝင္ေနရာမ်ားစြာလည္းရွိၿပီး အထင္ရွား ဆုံးေနရာကား ပုပၸားမီးၿငိမ္းေတာင္ႏွင့္ ေတာင္ကလပ္ ျဖစ္သည္။
ေညာင္ဦးၿမိဳ႕ကား အမ်ားျပည္သူသိရွိၿပီး ျဖစ္သည့္အတိုင္း ပုဂံေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမ ရွိသည့္အျပင္ ျမန္မာ့သမိုင္းမ်ားကို တစ္ေပြ႕တစ္ပိုက္ ေထြးေပြ႕ထားေသာ ၿမိဳ႕တစ္ၿမိဳ႕အျဖစ္ တင္စားႏိုင္မည္ ျဖစ္သည့္အျပင္ ခရီးသြားအသြားအလာမ်ားရာၿမိဳ႕ လည္းျဖစ္သည္။ ယင္းႏွစ္ၿမိဳ႕ၾကားခရီးသည္ မူလက ခက္ခဲခဲ့ေသာ္လည္း တိုးတက္လာေသာေခတ္ႏွင့္အတူ လမ္းပိုင္းမ်ားကို ျပန္လည္မြမ္းမံျပင္ဆင္ျခင္း၊ အသစ္ ေဖာက္လုပ္ျခင္းမ်ားျဖင့္ ေဆာင္းပါးအစတြင္ တင္ျပခဲ့ သကဲ့သို႔ တစ္ခဏအတြင္းေရာက္ႏိုင္ေသာ၊ လမ္းပန္း ဆက္သြယ္ေရးေကာင္းမြန္သည့္ ခရီးတစ္ခုအျဖစ္ အသြင္ေျပာင္းလာခဲ့သည္။
သို႔ေသာ္ ယင္းနယ္ေျမတြင္ PDF တို႔ ေရာက္လာၿပီး တိုက္ပြဲမ်ားေဖာ္သည့္အခါ ေဒသခံတို႔ အၾကား စိုးရိမ္ထိတ္လန႔္မႈမ်ား စတင္ျဖစ္ေပၚလာခဲ့ သည္။ ထို႔ေနာက္တြင္ကား ယင္း PDF တို႔သည္ ေဒသခံတို႔၏ ယခင္က ေကာင္းမြန္ခဲ့သည့္ လမ္းပန္း ဆက္သြယ္ေရးကို ၿခိမ္းေျခာက္မႈမ်ားျပဳလုပ္လာၾက သည္။
" ေက်ာက္ပန္းေတာင္းကေတာ့ ၿမိဳ႕နယ္ ပိုင္းေလာက္ PDF ရွိတာ။ ေညာင္ဦးက်ေတာ့ ၿမိဳ႕ ေပၚအထိ သူတို႔က အဖ်က္အေမွာင့္ေတြလုပ္လာတာ ေပါ့။ အခုေတာ့ ဒီလမ္းကို သူတို႔ကရန္ရွာလာတယ္။ ေျပာရရင္ နယ္ေျမစိုးမိုးတယ္ဆိုတဲ့သေဘာမ်ိဳး သူတို႔ ဘက္ကျပခ်င္တာေပါ့။ တကယ္က ဘယ္ရမလဲ" ဟု ေညာင္ဦးၿမိဳ႕ခံတစ္ဦးကဆိုသည္။
ယင္းသို႔စာမထုတ္မီကလည္း ျဖတ္လမ္းသ ဖြယ္ျဖစ္ေနေသာ ျဗတၱပန္းဆက္လမ္းတြင္ ဏႌ တို႔ က အဖ်က္အေမွာက္လုပ္ငန္းမ်ားလုပ္ေဆာင္ခဲ့ရာ ယင္းလမ္းသည္ ေညာင္ဦး-ေက်ာက္ပန္းေတာင္းလမ္း ထက္ ဦးစြာ စစ္ေဘးအရိပ္ထိုးေသာလမ္းအျဖစ္ ေခၚ ဆိုႏိုင္ေသာအေျခအေနရွိသည္။
" ေညာင္ဦးကေန ေက်ာက္ပန္းေတာင္း ကိုလာတဲ့လမ္းမွာ မက်ည္းေဇာက္႐ြာလမ္းခြဲကေန ပုပၸားေတာင္မႀကီးဘက္သြားတဲ့လမ္းက ျဗတၱပန္း ဆက္လမ္းပဲ။ ျဖတ္လမ္းေဖာက္ထားတာေပါ့။ အဲဒီ လမ္းကပိုဆိုးတယ္။ ဟိုတစ္ေန႔က တာဝန္ရွိတဲ့သူေတြ ေျပာတာက PDF က လမ္းေပၚမိုင္းလာေထာင္ရင္း တပ္ကအဖြဲ႕နဲ႔ တိုက္ပြဲျဖစ္တယ္လို႔ေျပာတယ္"ဟု ေက်ာက္ပန္းေတာင္းေဒသခံတစ္ဦးကဆိုသည္။
ယင္းလမ္းပိုင္းကို အေႏွာင့္အယွက္ျပဳရန္ အတြက္ PDF တို႔က ငါးသေရာက္ၿမိဳ႕ဘက္မွလာ ေရာက္ျခင္းျဖစ္ၿပီး တပ္မေတာ္ကထိုးစစ္ဆင္လွ်င္ ယင္းေဒသဘက္သို႔ ျပန္ေျပးေသာသေဘာရွိသည္။ အဆိုပါလမ္းအၿပီးတြင္ ေညာင္ဦး- ေက်ာက္ပန္း ေတာင္းလမ္းကို PDF တို႔က ထပ္မံရန္ရွာလာျခင္း ျဖစ္သည္။ PDF တို႔ က အထက္တြင္ေဖာ္ျပခဲ့သည့္ အတိုင္း နယ္ေျမစိုးမိုးလိုေၾကာင္းျပလိုသည့္သေဘာ ျဖင့္ စာထုတ္ျခင္းျဖစ္ေသာ္လည္း ေျမျပင္တြင္ အထိုင္ ခ်ေနႏိုင္ျခင္းမ်ိဳးမဟုတ္ေၾကာင္း ၎ကေျပာသည္။
" ဂိတ္လည္းမဖြင့္ႏိုင္ပါဘူး။ ထိုင္ႏိုင္တဲ့အ ေနအထားမဟုတ္ဘူး။ တပ္က မရွိဘူးထင္တဲ့အခ်ိန္ဆို ရင္ေတာ့ သူတို႔တက္လာတတ္တယ္။ ဥပမာ ညပိုင္း ဆိုရင္ တက္လိုက္၊ စစ္လိုက္၊ သူတို႔မထင္တဲ့သူဆိုရင္ ေတာ့ေခၚသြားလိုက္ အဲဒီလိုရွိတယ္"ဟု ယခင္ကအ ေျခအေနကို ゞင္းကဆိုသည္။ လက္ရွိအေနအထား တြင္ ယင္းလမ္းပိုင္း PDF တို႔ကို တပ္မေတာ္က ေခ်မႈန္းေနေၾကာင္းလည္း သိရွိသူ သတင္းရင္းျမစ္တစ္ ဦးကဆိုသည္။
" အခု စစ္ေၾကာင္းေတာ္ေတာ္ဖိေနတယ္။ စစ္ေၾကာင္း ေတာက္ေလွ်ာက္လိုက္ထိုးတယ္။ လက္ရွိ လုံၿခဳံေရးယူထားတယ္။ တပ္ကဖိထားတယ္"ဟု ၎ ကဆိုသည္။ PDF တို႔က ယင္းသို႔စာထုတ္လိုက္ျခင္း အတြက္ ျပည္သူမ်ားအၾကားတြင္ စိုးရိမ္မႈမ်ားရွိခဲ့ရာ အဆိုပါလမ္းပိုင္းကိုအသုံးျပဳရန္အတြက္ စိုးရိမ္စိတ္ မ်ားျဖစ္ၾကရေသာ္လည္း ယာဥ္အသြားအလာရွိေန ေသးေၾကာင္းသိရသည္။ " စာထုတ္ထားတဲ့အရွိန္နဲ႔ နည္းနည္းအမ္းတာေပါ့။ အဲဒီလိုအမ္းတာေတာ့ မႀကိဳက္ဘူး။ ပုဒ္မ (၁၄၄)ထုတ္တုန္းကအခ်ိန္ေတြကို ေတြ႕ႀကဳံခဲ့ၿပီ။ ည(၁၀)နာရီမထြက္ရတို႔ ေျပာၿပီဆိုရင္ အဖ်က္အေမွာင့္လုပ္ခ်င္တဲ့သူက အဲဒီေနာက္ပိုင္းလုပ္ ေတာ့တာ။ လမ္းေပၚမွာ မိုင္းျမႇဳပ္ခ်င္တယ္ဆိုရင္ ကား တစ္စီးလာရင္ တပ္ကကားလား၊ ရဲကားလားဆိုၿပီး လိပ္ျပာမလုံတဲ့သူကမလုပ္ရဲဘူး။ လုပ္ခ်င္တဲ့သူက ကားအသြားအလာျပတ္တဲ့အခ်ိန္မွလုပ္ေတာ့တာ။ အခု ေညာင္ဦး-ေက်ာက္ပန္းေတာင္းလမ္းကိုလည္း လူမသြားမွာအရမ္းေၾကာက္တယ္"ဟု ေဒသခံတစ္ဦး ကေျပာသည္။
PDF တို႔၏ ယင္းစာထုတ္ရျခင္းရည္႐ြယ္ ခ်က္ကိုမသိရေသာ္လည္း လက္ရွိအေနအထားအရ ျပည္သူမ်ားအၾကားတြင္ စိုးရိမ္စိတ္မ်ားျဖစ္သြားၾက ရသည္မွာေတာ့ အမွန္ပင္ျဖစ္သည္။
" အဓိကေတာ့ သြားရင္ဘာျဖစ္မလဲဆိုတာ ကို စိုးရိမ္သြားတာပါ။ ဘုရားဖူးေတြနည္းသြားၿပီမို႔လို႔ စာထုတ္တာလို႔ သူတို႔ PDF ေတြဘက္က စာထုတ္ ထားတာေတာ့ရွိတယ္။ ဒါေပမဲ့ သြားေနရင္း လက္နက္ ကိုင္နဲ႔ေတြ႕ရင္ ဘယ္လိုလုပ္မလဲဆိုတာပဲစိုးရိမ္ရ တယ္။ ေနာက္ၿပီးေတာ့ တိုက္ပြဲၾကား ပိတ္မိသြားမလား ေပါ့။ အဓိကေတာ့ ေျခာက္လွန႔္လိုက္တာတစ္မ်ိဳးလို႔ ထင္ေပမယ့္ သာမန္ျပည္သူပဲေလ။ လက္နက္ကိုင္မ ထားေတာ့စိုးရိမ္တယ္"ဟု ေညာင္ဦးေဒသခံတစ္ဦး ကေျပာသည္။
သို႔ေသာ္ ေျမျပင္တြင္ ယင္း PDF တို႔အေန ျဖင့္ စာထုတ္ၿပီးေနာက္ ေညာင္ဦး-ေက်ာက္ပန္း ေတာင္း လမ္းေပၚတက္သည္ဟု မၾကားရေသးေၾကာင္း ေဒသခံမ်ားထံမွ စုံစမ္းသိရွိရသည္။ စာထုတ္ၿပီး ယင္း လမ္းကို မတက္ရဲေသာ္လည္း ျပည္သူတို႔မွာ လက္ ခ်ည္းသက္သက္မ်ားသာျဖစ္ရာ ေစာင့္ၾကည့္႐ုံသာ တတ္ႏိုင္ၾကသည္။ ယင္းလမ္းကိုမသုံးလွ်င္ ခဏခရီး ကို အေဝးမွပတ္သြားၾကရမည့္အေျခအေနလည္း ရွိသည္။
" ဒီလမ္းကိုမသုံးလို႔အဆင္မေျပရင္ တ ျခားဘက္က ပတ္သြားလို႔ေတာ့ရတာေပါ့။ ဒါေပမဲ့ လမ္းကၾကာသြားတယ္ေလ။ အကုန္ ခရီးဖင့္ကုန္တာ ေပါ့။ ကြၽန္ေတာ္ကေတာ့ ဒီစာကို ၿခိမ္းေျခာက္စာ သက္သက္ပဲလို႔ျမင္တယ္။ စစ္ေရးအရလည္း အသာ စီးရမေနေတာ့ ျပည္သူကို လွမ္းေျခာက္လိုက္တာ။ ဒီသေဘာပဲ"ဟု ေညာင္ဦးၿမိဳ႕ခံတစ္ဦးက မွတ္ခ်က္ျပဳ သည္။
မည္သို႔ပင္ဆိုေစကာမူ အဘက္ဘက္မွ ခံရသည္မွာ ျပည္သူသာျဖစ္သည္။ တစ္ဖက္က လိပ္ ျပာေတာင္ပံခတ္လိုက္ျခင္းျဖစ္ေသာ္လည္း အျခား တစ္ဖက္က ျပည္သူမ်ားမွာမူ မုန္တိုင္းႀကဳံၾကရသည္။ တစ္ခ်ိန္က သာမန္ဘဝမွ လက္နက္ရွိလာၿပီး အာဏာ ပိုင္မ်ားသဖြယ္၊ နယ္ရွင္၊ ပယ္ရွင္မ်ားသဖြယ္ သူပုန္တို႔ စိတ္ဝယ္ထင္ေနခ်ိန္ ေအာက္ေျချပည္သူတို႔ အဖို႔မွာ မ်က္စိသူငယ္၊ နားသူငယ္ျဖင့္ အေျခအေနၾကည့္ေန ရ႐ုံမွတစ္ပါး အျခားမရွိပါ။
" သူတို႔က စာထုတ္တာ ဘာၾကာတာမွတ္ လို႔အစ္ကိုရ။ စာပဲထုတ္တာပဲဟာ"ဟု ေက်ာက္ပန္း ေတာင္း ေဒသခံတစ္ဦးက ရယ္ေမာရင္းဆိုသည္။ သို႔ေသာ္ ၎၏ရယ္သံမွာမူ ေျခာက္ကပ္ကပ္ႏိုင္လွ၏။

Related news

© 2021. All rights reserved.