Online လောင်းကစားလုပ်ငန်း လုပ်ကိုင်နေသူ (၂၇)ဦး ဖမ်းဆီးရမိ

 284

Pearl (NP News)- အောက်တိုဘာလ ၂၃ ရက်

Online လောင်းကစားလုပ်ငန်း လုပ်ကိုင်နေသူ (၂၇)ဦး ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ φ (3) Secret Villa Private Resort § Ibet 789 Online ဘောလုံးလောင်းကစား Website လုပ်ငန်းလုပ်ကိုင်နေသူများရောက်ရှိနေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ရှာဖွေရာ Super Senior Agent ဖြစ်သူ ယဉ်မင်းလှိုင်နှင့် မာရီယာ(ခ)မီးလေး၊ Senior Agent ဖြစ်သူ ဝင်းပပအောင် တို့အပါအဝင်တရားခံ ၁၄ ဦးနှင့် လက်ကိုင်ဖုန်း ၂၃ လုံး၊ မော်တော်ယာဉ် ၃ စီး တို့အားလည်းကောင်း၊အောက်တိုဘာလ ၁၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ ကျောက်ကုန်းရပ်ကွက်၊ ရတနာလမ်း၊ အမှတ်(၉၉)ရှိ The Lord စားသောက်ဆိုင်အနီး၌ Super Senior Agent ဖြစ်သူ ဖြိုးမင်းသူ(ခ)ရောင်နီ အပါအဝင် တရားခံ ၃ ဦးနှင့်အတူ လက်ကိုင်ဖုန်း ၅ လုံး၊ မော်တော်ယာဉ် ၃ စီးတို့အားလည်းကောင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများ၏ထွက်ဆိုချက်အရ အောက်တိုဘာလ ၁၆ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၁)၊ ခေမာလမ်း၊ အမှတ်(၆၇၆)ရှိနေအိမ်၌ Ibet 789 Online လောင်းကစား လုပ်ငန်းလုပ်ကိုင်ရန်စည်းရုံးသိမ်းသွင်းခဲ့သည့် Super Senior Agent ဖြစ်သူ ဇင်မင်းအောင်(ခ) ဇင်ကြီးအပါအဝင် တရားခံ ၃ ဦးနှင့်အတူ လက်ကိုင်ဖုန်း ၇ လုံး၊ လက်တော့ပ် ၁ လုံး၊ မော်တော်ယာဉ် ၁ စီးတို့အားလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၄ဝ လမ်း၊ ၅၃ လမ်းနှင့် ၅၄ လမ်းကြားရှိ Focus ဟိုတယ်၌ Super Senior Agent ဖြစ်သူ ပြည့်ဖြိုးအောင် (ခ)မင်းထက်၊ Agent ဖြစ်သူ မေမြတ်နိုးတို့နှင့်အတူ လက်ကိုင်ဖုန်း ၅ လုံး၊ လက်တော့ပ် ၁ လုံး၊ မော်တော်ယာဉ် ၁ စီးတို့အားလည်းကောင်း၊ အောက်တိုဘာလ ၂၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၁၂)ရပ်ကွက်၊ Eleven Minimart ရှေ့၌ ခင်မောင်ဖြိုး(ခ)ဇော်ဝင်း အပါအဝင်တရားခံ ၅ ဦးနှင့်အတူ လက်ကိုင်ဖုန်း ၉ လုံး၊ Tablet ၂ လုံးတို့အားလည်းကောင်း ထပ်မံ ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။

စိစစ်ဖော်ထုတ်ချက်များအရ ၎င်းတို့သည် Ibet 789 Online ဘောလုံးလောင်းကစား Website ၊ 555 Mix ဘောလုံးလောင်းကစား Website ၊ Moung 556 ဘောလုံးလောင်းကစား Website Batman 688 Slot :: Website | Shan 234 :: Website 2D/3D လောင်းကစား Website စသည့် လောင်းကစားလုပ်ငန်းတို့တွင် ကော်မရှင်စား Agent များအဖြစ် အလုပ်လုပ်ကိုင်ခွင့်ရရှိရန် လျှောက်ထားရကြောင်း၊ Agent အဖြစ် လုပ်ကိုင်ခွင့်ရရှိပါက User များရရှိရန်အတွက် ၎င်းတို့၏ သက်ဆိုင်ရာလောင်းကစား Website များ၏ Facebook Group နှင့် Telegram Group တို့တွင် Viber ဖုန်းနံပါတ်များပါရှိသည့် သက်ဆိုင်ရာလောင်းကစား ကြော်ငြာပုံ များအား ကြော်ငြာပေးရကြောင်း၊ ၎င်းနောက် User များမှ Viber သို့ဆက်သွယ်လာသည့် အချိန်တွင် Agent များမှ လောင်းကစား Website များတွင် ဝင်ရောက်ဆော့ကစားနိုင်ရန် အကောင့်ဖွင့်လှစ် ပေးကြောင်း၊ Agent လုပ်ကိုင်နေစဉ် User များပိုမိုရှာဖွေနိုင်ပါက Senior Agent အဖြစ်သို့ ပြောင်းလဲ လုပ်ကိုင်နိုင်ကြောင်း၊ Senior Agent လုပ်ကိုင်နေစဉ် ကော်မရှင်စား Agent များနှင့် User များပိုမိုရှာဖွေ နိုင်ပါက Super Senior Agent အဖြစ်သို့ ပြောင်းလဲလုပ်ကိုင်နိုင်ကြောင်း စိစစ်သိရှိရသည်။

ဖမ်းဆီးရမိသူများ၏ထွက်ဆိုချက်များအရ Super Senior Agent များဖြစ်သူ ဇင်မင်းအောင် (ခ)ဇင်ကြီး၊ ဖြိုးမင်းသူ(ခ)ရောင်နီ၊ ပြည့်ဖြိုးအောင်(ခ)မင်းထက်၊ ယဉ်မင်းလှိုင်၊ မာရီယာနှင့် ခင်မောင်ဖြိုး (ခ)ဇော်ဝင်းတို့ ၆ ဦးမှ ချိတ်ဆက်ထားသည့် လောင်းကစား Website ရှိ Distributor Agent များထံမှ လောင်းကစားမှုပြုလုပ် နိုင်သည့်ယူနစ်များအားဝယ်ယူပြီး Senior Agent များဖြစ်သူ ဝင်းပပအောင် နှင့် သက်ဖြိုးနိုင်တို့ ၂ ဦးအပါအဝင် Senior Agent များအား ညှိနှိုင်းဈေးနှုန်းဖြင့် ပြန်လည်ရောင်း ချကြောင်း၊ ထို့နောက် Senior Agent များမှ Master Agent များ၊ Agent များဖြစ်သူ သူရအောင်၊ သိန်းထိုက်အေး၊ မေမြတ်နိုး၊ အောင်မင်းခန့်၊ သိန်းထိုက်စံ၊ ကောင်းမြတ်သူ၊ ထက်ထက်နိုင်၊ ချမ်းမို့မို့ဖြိုး၊ ရတနာတိုးဝေနှင့် သဉ္ဇာငြိမ်းတို့ ၁၀ ဦးအပါအဝင် Agent များနှင့် လောင်းကစားမှုပြုလုပ်သည့် User များထံသို့ အဆင့်ဆင့်ငွေကြေးအမြတ်ယူ၍ ပြန်လည်ရောင်းချကြောင်း၊ ငွေလွှဲ/ငွေထုတ်ပြုလုပ်ခြင်း များအား မိုးဟိဏ်းထွန်း၊ ဇော်ထိုက်အောင်၊ ဟိန်းဇော်ဦး၊ စုပုံချစ်နှင့် မေသဇင်ထွန်း၊ အေးချမ်းအောင်၊ လျှံဖုန်းပိုင်၊ ဟိန်းသီဟ (ခ)ဂျိုကာနှင့် အောင်ချမ်းမင်းတို့ ၉ ဦးအပါအဝင် ငွေလွဲ/ငွေထုတ်ပြုလုပ်သူ KBZ Special Account KBZ Bank Account: AYA Bank Account | YOMA Bank Account 1 CB Bank Account UAB Bank Account A Bank Account AYA Pay Account | Kpay Account နှင့် Wavepay Account များ အသုံးပြု၍ ဆောင်ရွက်ခဲ့ကြောင်း စိစစ်သိရှိရသည်။

ဖြစ်စဉ်တွင် Online လောင်းကစားလုပ်ငန်းလုပ်ကိုင်သူ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၀ ဦးစုစုပေါင်း ၂၇ ဦးအား ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့နှင့်အတူ လက်ကိုင်ဖုန်း ၄၉ လုံး၊ လက်တော့ပ် ၂ လုံး၊ Tablet ၂ လုံး၊ မော်တော်ယာဉ် ၈ စီးတို့အား သိမ်းဆည်းရမိခဲ့သဖြင့် ထိရောက်စွာ အမှုဖွင့်လှစ်အရေးယူ နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းနှင့် မိဘပြည်သူများအနေဖြင့် ထိုကဲ့သို့ Online လောင်းကစား လုပ်ငန်းပြုလုပ်နေသူများအားသိရှိပါက သက်ဆိုင်ရာလုံခြုံရေး အဖွဲ့အစည်း များထံသို့ လျှို့ဝှက်စွာ သတင်းပေးပို့ပါရန် အသိပေးထုတ်ပြန်ထားသည်။

zawgyi version

Online ေလာင္းကစားလုပ္ငန္း လုပ္ကိုင္ေနသူ (၂၇)ဦး ဖမ္းဆီးရမိ

Pearl (NP News)- ေအာက္တိုဘာလ ၂၃ ရက္

Online ေလာင္းကစားလုပ္ငန္း လုပ္ကိုင္ေနသူ (၂၇)ဦး ဖမ္းဆီးရမိခဲ့ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားသည္။

ၿပီးခဲ့သည့္ ေအာက္တိုဘာလ ၁၄ ရက္တြင္ ရန္ကုန္တိုင္းေဒသႀကီး၊ φ (3) Secret Villa Private Resort § Ibet 789 Online ေဘာလုံးေလာင္းကစား Website လုပ္ငန္းလုပ္ကိုင္ေနသူမ်ားေရာက္ရွိေနေၾကာင္း သတင္းအရ ဝင္ေရာက္ရွာေဖြခဲ့ေၾကာင္း သိရသည္။

ထိုသို႔ရွာေဖြရာ Super Senior Agent ျဖစ္သူ ယဥ္မင္းလႈိင္ႏွင့္ မာရီယာ(ခ)မီးေလး၊ Senior Agent ျဖစ္သူ ဝင္းပပေအာင္ တို႔အပါအဝင္တရားခံ ၁၄ ဦးႏွင့္ လက္ကိုင္ဖုန္း ၂၃ လုံး၊ ေမာ္ေတာ္ယာဥ္ ၃ စီး တို႔အားလည္းေကာင္း၊ေအာက္တိုဘာလ ၁၅ ရက္တြင္ ရန္ကုန္တိုင္းေဒသႀကီး၊ ရန္ကင္းၿမိဳ႕နယ္၊ ေက်ာက္ကုန္းရပ္ကြက္၊ ရတနာလမ္း၊ အမွတ္(၉၉)ရွိ The Lord စားေသာက္ဆိုင္အနီး၌ Super Senior Agent ျဖစ္သူ ၿဖိဳးမင္းသူ(ခ)ေရာင္နီ အပါအဝင္ တရားခံ ၃ ဦးႏွင့္အတူ လက္ကိုင္ဖုန္း ၅ လုံး၊ ေမာ္ေတာ္ယာဥ္ ၃ စီးတို႔အားလည္းေကာင္း ေဖာ္ထုတ္ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ဖမ္းဆီးရမိသူမ်ား၏ထြက္ဆိုခ်က္အရ ေအာက္တိုဘာလ ၁၆ ရက္တြင္ မႏၲေလးတိုင္းေဒသႀကီး၊ ျပင္ဦးလြင္ၿမိဳ႕၊ ရပ္ကြက္ႀကီး(၁၁)၊ ေခမာလမ္း၊ အမွတ္(၆၇၆)ရွိေနအိမ္၌ Ibet 789 Online ေလာင္းကစား လုပ္ငန္းလုပ္ကိုင္ရန္စည္း႐ုံးသိမ္းသြင္းခဲ့သည့္ Super Senior Agent ျဖစ္သူ ဇင္မင္းေအာင္(ခ) ဇင္ႀကီးအပါအဝင္ တရားခံ ၃ ဦးႏွင့္အတူ လက္ကိုင္ဖုန္း ၇ လုံး၊ လက္ေတာ့ပ္ ၁ လုံး၊ ေမာ္ေတာ္ယာဥ္ ၁ စီးတို႔အားလည္းေကာင္း၊ မႏၲေလးတိုင္းေဒသႀကီး၊ မဟာေအာင္ေျမၿမိဳ႕နယ္၊ ရဲမြန္ေတာင္ရပ္ကြက္၊ ၄ဝ လမ္း၊ ၅၃ လမ္းႏွင့္ ၅၄ လမ္းၾကားရွိ Focus ဟိုတယ္၌ Super Senior Agent ျဖစ္သူ ျပည့္ၿဖိဳးေအာင္ (ခ)မင္းထက္၊ Agent ျဖစ္သူ ေမျမတ္ႏိုးတို႔ႏွင့္အတူ လက္ကိုင္ဖုန္း ၅ လုံး၊ လက္ေတာ့ပ္ ၁ လုံး၊ ေမာ္ေတာ္ယာဥ္ ၁ စီးတို႔အားလည္းေကာင္း၊ ေအာက္တိုဘာလ ၂၀ ရက္တြင္ ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳ႕သစ္(အေရွ႕ပိုင္း)ၿမိဳ႕နယ္၊ (၁၂)ရပ္ကြက္၊ Eleven Minimart ေရွ႕၌ ခင္ေမာင္ၿဖိဳး(ခ)ေဇာ္ဝင္း အပါအဝင္တရားခံ ၅ ဦးႏွင့္အတူ လက္ကိုင္ဖုန္း ၉ လုံး၊ Tablet ၂ လုံးတို႔အားလည္းေကာင္း ထပ္မံ ေဖာ္ထုတ္ဖမ္းဆီးရမိခဲ့သည္။

စိစစ္ေဖာ္ထုတ္ခ်က္မ်ားအရ ၎တို႔သည္ Ibet 789 Online ေဘာလုံးေလာင္းကစား Website ၊ 555 Mix ေဘာလုံးေလာင္းကစား Website ၊ Moung 556 ေဘာလုံးေလာင္းကစား Website Batman 688 Slot :: Website | Shan 234 :: Website 2D/3D ေလာင္းကစား Website စသည့္ ေလာင္းကစားလုပ္ငန္းတို႔တြင္ ေကာ္မရွင္စား Agent မ်ားအျဖစ္ အလုပ္လုပ္ကိုင္ခြင့္ရရွိရန္ ေလွ်ာက္ထားရေၾကာင္း၊ Agent အျဖစ္ လုပ္ကိုင္ခြင့္ရရွိပါက User မ်ားရရွိရန္အတြက္ ၎တို႔၏ သက္ဆိုင္ရာေလာင္းကစား Website မ်ား၏ Facebook Group ႏွင့္ Telegram Group တို႔တြင္ Viber ဖုန္းနံပါတ္မ်ားပါရွိသည့္ သက္ဆိုင္ရာေလာင္းကစား ေၾကာ္ျငာပုံ မ်ားအား ေၾကာ္ျငာေပးရေၾကာင္း၊ ၎ေနာက္ User မ်ားမွ Viber သို႔ဆက္သြယ္လာသည့္ အခ်ိန္တြင္ Agent မ်ားမွ ေလာင္းကစား Website မ်ားတြင္ ဝင္ေရာက္ေဆာ့ကစားႏိုင္ရန္ အေကာင့္ဖြင့္လွစ္ ေပးေၾကာင္း၊ Agent လုပ္ကိုင္ေနစဥ္ User မ်ားပိုမိုရွာေဖြႏိုင္ပါက Senior Agent အျဖစ္သို႔ ေျပာင္းလဲ လုပ္ကိုင္ႏိုင္ေၾကာင္း၊ Senior Agent လုပ္ကိုင္ေနစဥ္ ေကာ္မရွင္စား Agent မ်ားႏွင့္ User မ်ားပိုမိုရွာေဖြ ႏိုင္ပါက Super Senior Agent အျဖစ္သို႔ ေျပာင္းလဲလုပ္ကိုင္ႏိုင္ေၾကာင္း စိစစ္သိရွိရသည္။

ဖမ္းဆီးရမိသူမ်ား၏ထြက္ဆိုခ်က္မ်ားအရ Super Senior Agent မ်ားျဖစ္သူ ဇင္မင္းေအာင္ (ခ)ဇင္ႀကီး၊ ၿဖိဳးမင္းသူ(ခ)ေရာင္နီ၊ ျပည့္ၿဖိဳးေအာင္(ခ)မင္းထက္၊ ယဥ္မင္းလႈိင္၊ မာရီယာႏွင့္ ခင္ေမာင္ၿဖိဳး (ခ)ေဇာ္ဝင္းတို႔ ၆ ဦးမွ ခ်ိတ္ဆက္ထားသည့္ ေလာင္းကစား Website ရွိ Distributor Agent မ်ားထံမွ ေလာင္းကစားမႈျပဳလုပ္ ႏိုင္သည့္ယူနစ္မ်ားအားဝယ္ယူၿပီး Senior Agent မ်ားျဖစ္သူ ဝင္းပပေအာင္ ႏွင့္ သက္ၿဖိဳးႏိုင္တို႔ ၂ ဦးအပါအဝင္ Senior Agent မ်ားအား ညႇိႏႈိင္းေဈးႏႈန္းျဖင့္ ျပန္လည္ေရာင္း ခ်ေၾကာင္း၊ ထို႔ေနာက္ Senior Agent မ်ားမွ Master Agent မ်ား၊ Agent မ်ားျဖစ္သူ သူရေအာင္၊ သိန္းထိုက္ေအး၊ ေမျမတ္ႏိုး၊ ေအာင္မင္းခန႔္၊ သိန္းထိုက္စံ၊ ေကာင္းျမတ္သူ၊ ထက္ထက္ႏိုင္၊ ခ်မ္းမို႔မို႔ၿဖိဳး၊ ရတနာတိုးေဝႏွင့္ သၪၨာၿငိမ္းတို႔ ၁၀ ဦးအပါအဝင္ Agent မ်ားႏွင့္ ေလာင္းကစားမႈျပဳလုပ္သည့္ User မ်ားထံသို႔ အဆင့္ဆင့္ေငြေၾကးအျမတ္ယူ၍ ျပန္လည္ေရာင္းခ်ေၾကာင္း၊ ေငြလႊဲ/ေငြထုတ္ျပဳလုပ္ျခင္း မ်ားအား မိုးဟိဏ္းထြန္း၊ ေဇာ္ထိုက္ေအာင္၊ ဟိန္းေဇာ္ဦး၊ စုပုံခ်စ္ႏွင့္ ေမသဇင္ထြန္း၊ ေအးခ်မ္းေအာင္၊ လွ်ံဖုန္းပိုင္၊ ဟိန္းသီဟ (ခ)ဂ်ိဳကာႏွင့္ ေအာင္ခ်မ္းမင္းတို႔ ၉ ဦးအပါအဝင္ ေငြလြဲ/ေငြထုတ္ျပဳလုပ္သူ KBZ Special Account KBZ Bank Account: AYA Bank Account | YOMA Bank Account 1 CB Bank Account UAB Bank Account A Bank Account AYA Pay Account | Kpay Account ႏွင့္ Wavepay Account မ်ား အသုံးျပဳ၍ ေဆာင္႐ြက္ခဲ့ေၾကာင္း စိစစ္သိရွိရသည္။

ျဖစ္စဥ္တြင္ Online ေလာင္းကစားလုပ္ငန္းလုပ္ကိုင္သူ အမ်ိဳးသား ၁၇ ဦး၊ အမ်ိဳးသမီး ၁၀ ဦးစုစုေပါင္း ၂၇ ဦးအား ဖမ္းဆီးရမိခဲ့ၿပီး ၎တို႔ႏွင့္အတူ လက္ကိုင္ဖုန္း ၄၉ လုံး၊ လက္ေတာ့ပ္ ၂ လုံး၊ Tablet ၂ လုံး၊ ေမာ္ေတာ္ယာဥ္ ၈ စီးတို႔အား သိမ္းဆည္းရမိခဲ့သျဖင့္ ထိေရာက္စြာ အမႈဖြင့္လွစ္အေရးယူ ႏိုင္ေရးေဆာင္႐ြက္လ်က္ရွိေၾကာင္းႏွင့္ မိဘျပည္သူမ်ားအေနျဖင့္ ထိုကဲ့သို႔ Online ေလာင္းကစား လုပ္ငန္းျပဳလုပ္ေနသူမ်ားအားသိရွိပါက သက္ဆိုင္ရာလုံၿခဳံေရး အဖြဲ႕အစည္း မ်ားထံသို႔ လွ်ိဳ႕ဝွက္စြာ သတင္းေပးပို႔ပါရန္ အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.