ဂျပန်မှာ ဝက်ဝံတိုက်ခိုက်မှုကြောင့် ယခုနှစ်အတွင်း လူ ၉ ဦး သေဆုံး

105

ရောင်နီ (NP News) - အောက်တိုဘာ ၂၄
ဂျပန်နိုင်ငံမှာ ဝက်ဝံတိုက်ခိုက်မှုတွေကြောင့် ယခုနှစ်အတွင်း လူကိုးဦး စံချိန်တင် သေဆုံးခဲ့ပါတယ်။ ဒါကြောင့် ပြင်းထန်တဲ့အရေးယူဆောင်ရွက်မှုတွေပြုလုပ်ဖို့ ဂျပန်နိုင်ငံ သဘာဝပတ်ဝန်းကျင်ဝန်ကြီးအသစ်က ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၂၂ ရက်)မှာ ကတိပြုခဲ့ပါတယ်။
တောရိုင်းဝက်ဝံတွေဟာ စားကျက်မြေတွေ ရှားပါးလာခြင်းကြောင့် လူနေထိုင်မှုရှိတဲ့နေရာတွေမှာပါ ရောက်ရှိကျက်စားနေပါတယ်။ သဘာဝပတ်ဝန်းကျင် ဝန်ကြီးအသစ် ဟီရိုတာကာအစ်ဟီဟာရာက အဆိုပါ ဝက်ဝံတိုက်ခိုက်ခံရမှုတွေကို "ကြီးမားတဲ့ ပြဿနာ၊ ပြင်းထန်တဲ့ပြဿနာ” အဖြစ် ခေါ်ဆိုထားပါတယ်။ ဒီပြဿနာ အတွက် အမျိုးမျိုးသောအစီအမံတွေကို ပိုမိုအားကောင်းအောင် လုပ်ဆောင်ဖို့ ကတိပြုပါတယ်လို့ ၄င်းက ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၂၂ ရက်) သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ယခုနှစ် ဝက်ဝံကြောင့် လူသေဆုံးမှု ကိန်းဂဏန်းဟာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်က မှတ်တမ်းတင်ထားတဲ့ ဝက်ဝံကြောင့် လူသေဆုံးမှု ၅ မှုထက် ကျော်လွန်သွားခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၉ ဦးနဲ့ စံချိန်သစ် တင်ခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၂၂ ရက်)ကလည်း ဖူကူရှီးမားစီရင်စုမှာ အသက် ၈ဝ အရွယ် စုံတွဲတစ်တွဲ ကို ဝက်ဝံတစ်ကောင်က တိုက်ခိုက်ခဲ့ခြင်းကြောင့် မျက်နှာနဲ့ လည်ပင်းဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version:
ဂ်ပန္မွာ ဝက္ဝံတိုက္ခိုက္မႈေၾကာင့္ ယခုႏွစ္အတြင္း လူ ၉ ဦး ေသဆုံး
ေရာင္နီ (NP News) - ေအာက္တိုဘာ ၂၄
ဂ်ပန္ႏိုင္ငံမွာ ဝက္ဝံတိုက္ခိုက္မႈေတြေၾကာင့္ ယခုႏွစ္အတြင္း လူကိုးဦး စံခ်ိန္တင္ ေသဆုံးခဲ့ပါတယ္။ ဒါေၾကာင့္ ျပင္းထန္တဲ့အေရးယူေဆာင္႐ြက္မႈေတြျပဳလုပ္ဖို႔ ဂ်ပန္ႏိုင္ငံ သဘာဝပတ္ဝန္းက်င္ဝန္ႀကီးအသစ္က ဗုဒၶဟူးေန႔ (ေအာက္တိုဘာ ၂၂ ရက္)မွာ ကတိျပဳခဲ့ပါတယ္။
ေတာ႐ိုင္းဝက္ဝံေတြဟာ စားက်က္ေျမေတြ ရွားပါးလာျခင္းေၾကာင့္ လူေနထိုင္မႈရွိတဲ့ေနရာေတြမွာပါ ေရာက္ရွိက်က္စားေနပါတယ္။ သဘာဝပတ္ဝန္းက်င္ ဝန္ႀကီးအသစ္ ဟီ႐ိုတာကာအစ္ဟီဟာရာက အဆိုပါ ဝက္ဝံတိုက္ခိုက္ခံရမႈေတြကို "ႀကီးမားတဲ့ ျပႆနာ၊ ျပင္းထန္တဲ့ျပႆနာ” အျဖစ္ ေခၚဆိုထားပါတယ္။ ဒီျပႆနာ အတြက္ အမ်ိဳးမ်ိဳးေသာအစီအမံေတြကို ပိုမိုအားေကာင္းေအာင္ လုပ္ေဆာင္ဖို႔ ကတိျပဳပါတယ္လို႔ ၄င္းက ဗုဒၶဟူးေန႔ (ေအာက္တိုဘာ ၂၂ ရက္) သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။
ယခုႏွစ္ ဝက္ဝံေၾကာင့္ လူေသဆုံးမႈ ကိန္းဂဏန္းဟာ ၂၀၂၃-၂၀၂၄ ဘ႑ာႏွစ္က မွတ္တမ္းတင္ထားတဲ့ ဝက္ဝံေၾကာင့္ လူေသဆုံးမႈ ၅ မႈထက္ ေက်ာ္လြန္သြားခဲ့ၿပီး စုစုေပါင္း ေသဆုံးသူ ၉ ဦးနဲ႔ စံခ်ိန္သစ္ တင္ခဲ့ပါတယ္။ ဗုဒၶဟူးေန႔ (ေအာက္တိုဘာ ၂၂ ရက္)ကလည္း ဖူကူရွီးမားစီရင္စုမွာ အသက္ ၈ဝ အ႐ြယ္ စုံတြဲတစ္တြဲ ကို ဝက္ဝံတစ္ေကာင္က တိုက္ခိုက္ခဲ့ျခင္းေၾကာင့္ မ်က္ႏွာနဲ႔ လည္ပင္းဒဏ္ရာ ရရွိခဲ့တယ္လို႔ သိရပါတယ္။